Monday, December 17, 2007

အမှတ်တရဒီဇင်ဘာ




`ဒီဇင်ဘာဆိုတာ
ငါ့အတွက်တော့
အမှတ်တရပေါင်းများစွာနဲ့
အမြဲရှင်သန်နေတဲ့ ရာသီစက်ဝန်းတစ်ခုပါပဲ´

မွေးနေ့မနက်ခင်းမှာကျွန်မ Clementi ဘုန်းကြီးကျောင်းကို ရောက်သွားပါတယ် .. ။ တိုပါးရိုးကျောင်းကို ကျွန်မ သပိတ်မှောက်ထားတဲ့အတွက် Clementi ဘုန်းကြီးကျောင်းမှာပဲ သင်္ကန်းသွားလှူဖြစ်ပါတယ်။ ဘုန်းကြီးကျောင်းမှာ ဘုန်းဘုန်းကို သင်္ကန်းကပ်လှူ ၊ တရားနာယူပါတယ်။ ဘုန်းဘုန်းထံက သြ၀ါဒစကားတစ်ချို့ကို နာကြားပြီးချိန်မှာ ထမင်းစားသွားဖို့အတွက် ကျောင်းက ကပ်ပိယလား ဒကာတစ်ယောက်လားမသိ ခေါ်ပါတယ် ။ အားနာတာကြောင့် ငြင်းခဲ့ပေမယ့် စိတ်ထဲမှာတော့ ယဉ်ကျေးတဲ့ မြန်မာ့ဓလေ့ကိုလည်း ကြည်နူးမိရပြန်တယ်။ စလုံးလူမျိုးတွေတော့ ထမင်းစားသွားပါ ခေါ်တာ တစ်ခါမှ ကျွန်မ မကြားဖူးပါဘူး ။ မြန်မာလူမျိုးတွေရဲ့ ဧည့်သည်လာရင် ရေနွေးလေးချတိုက်တာ ၊ ရှိတာချကျွေးတာ ၊ ထမင်းသေချာကျွေးချင်တာ အစရှိတဲ့ သဒ္ဓါတရားတွေကို အရမ်းကို မြတ်နိုးမိပါတယ် .. ။




မွေးနေ့မှာ အားလုံးကို ဘာမှ မကျွေးလိုက်ရဘူး ။ ထမင်းသုပ်လေးပဲ အားလုံးစားလိုက်ကြပါနော်။ ဆီချက်မွှေးမွှေးလေးရယ် ၊ အာလူးပြုတ်တွေကို သေချာနွှာထားတာရယ် ၊ အကြော်လေးတွေနဲ့ ပုဇွန်ခြောက်နိုင်နိုင်တဲ့ သုပ်ထားတာပါ .. ။ အဲဒါမကြိုက်ရင်တော့ ကတ်ကြေးကိုက်စားချင်တဲ့လူက ကတ်ကြေးကိုက်ပဲ စားလိုက်တော့နော်။

မွေးနေ့ကိတ်ကို ပျော်ရွှင်စွာ ခွဲတာရယ် ၊ ရုက္ခဗေဒဥယျာဉ်ကို အလည်ပတ်သွားပြီး စိတ်ကြိုက်ဓါတ်ပုံရိုက် အမှတ်တရတစ်ချို့လုပ်ဖြစ်ခဲ့ပါတယ် .. ။ ဂျပန်ကလေးတွေနဲ့တိုးပြီး ဂျပန်ကလေးတွေက လိုက်လိုက်စနေတာနဲ့ သူတို့နဲ့ လမ်းတစ်လျှောက်လုံးခင်မင်သွားပြီး အမှတ်တရပုံလေးရိုက်ခဲ့တာပါ .. ။

၁၉နှစ်ပြည့်မွေးနေ့က ကျွန်မအတွက် အမှတ်တရတွေနဲ့ချည်း ပြည့်နှက်နေခဲ့ပါတယ် ။ ကျွန်မ မွေးနေ့မှာ ကျွန်မ မထင်မှတ်ထားတဲ့ အံ့သြမှု စိတ်ချမ်းသာမှု ပျော်ရွှင်မှုများစွာကို ပေးခဲ့တဲ့ ချစ်သူကိုကို ၊ ကျွန်မစိတ်ဆန္ဒအားလုံးကို ဖြည့်ဆည်းအလိုလိုက်ပေးပြီး လိုချင်တာပေးခဲ့တဲ့ ကျေးဇူးရှင် ဖေဖေနဲ့မေမေ ၊ ကျွန်မသိပ်ချစ်တဲ့မောင်နှမများ ၊ ကျွန်မအတွက် မွေးနေ့ဆုတောင်းပေးကြတဲ့ မိတ်ဆွေများ ၊ အွန်လိုင်းပေါ်က သူငယ်ချင်းမိတ်ဆွေများ ၊ ဘလော့ခ်ကိုအားပေးသူများကို ကျေးဇူးအထူးတင်ရှိပါတယ် ။

လက်ဆောင်အားလုံးကို ကြိုက်ပေမယ့် ထူးထူးခြားခြား လက်ဆောင်လေးတစ်ခုကိုတော့ တစ်သက်လုံး မမေ့နိုင်ပါဘူး ။ ပြည်သူ့ဘက်မှာ ရပ်တည်သော ဘွားဘွားလူထုဒေါ်အမာရဲ့ အမေ့ရှေးစကားဆိုတဲ့ လက်ဆောင်စာအုပ်လေးပါ ။ ဘွားဘွားကို အမြဲအားပေးနေတဲ့ ပရိတ်သတ်တစ်ဦးအနေနဲ့ အရမ်းဝမ်းမြောက်ဝမ်းသာဖြစ်မိပါတယ် ။ ဘွားဘွားကို ဆုတောင်းလက်ဆင့်စကားပါးလိုက်ချိန်မှာ မမေ့မလျော့ပြောပေးခဲ့ပြီး အမှတ်တရလက်ဆောင်လေး ယူလာပေးတဲ့ မမမိုနေးကို ကျေးဇူးအများကြီးတင်ရှိမိပါတယ်။ မှတ်မှတ်ရရ ဒီစာအုပ်လေးကိုလက်ခံရရှိတော့ ကျွန်မ မွေးနေ့လည်းဖြစ်နေတာနဲ့ အားလုံးက တိုက်ဆိုင်သွားပြီး အမှတ်တရပိုဖြစ်သွားပါတယ်။ အမေ့ရှေးစကားစာအုပ်တွဲကို ကျွန်မကသိပ်ကြိုက်တော့ အချိုပေါ်သကာထပ်လောင်းလိုက်သလိုပါပဲ။

အားလုံးရွှင်လန်းချမ်းမြေ့သော ဒီဇင်ဘာဖြစ်ပါစေရှင် .. ။

5 comments:

Rose Swe said...

Happy Birthday Linlet..
But I would like to advise you is not to wear like this infront of Buddha and the monks. This is not our relegious behaviour . Because you should be the "SAN PYA " of our younger generation who live in foreign countries. Whising you for the more and more brighter future ..More and more "Lin Let"

Anonymous said...

ကျေးဇူးတင်ပါတယ် rose swe ရေ ။ ကျွန်မ အဲဒီနေ့က ၀တ်ထားတာက ရုပ်ပျက်ဆင်းပျက်ကြီး မဟုတ်ပါဘူး ။ လက်ကလေးပြတ်တာပဲရှိတာပါ။ ဟိုက်ဟိုက်တွေ ခါးထွက်နေတာတွေ ရင်ဘတ်အရှေ့ဘက်ပိုင်းကတော့ လုံးဝလုံလုံခြုံခြုံ အပြည့်ါပပဲ ။ ဘာရယ်မဟုတ်ပါဘူး ။ အ၀ါဝတ်ချင်စိတ်ပေါက်တာနဲ့ အ၀ါဝတ်လိုက်တာပါ Thanks :)

Alvin S. C. Lee said...
This comment has been removed by the author.
Alvin S. C. Lee said...

Simple birthday wishes for you:
1. Health
2. Happiness
3. Wisdom

... and also lots of "kalyāna-mittatā"

:)

ထွန်း said...

ညီမလေး မွေးနေ့ မှ အစပြုရ်ျ အခက်ခဲများ ကျော်လွှားပြီး အောင်မြင်မှုပန်းတိုင် ကို မတောင့်မတ မကြောင့်မကျရပါစေ

Post a Comment

အကြံပြု comment ၀င်ရေးပေးတဲ့အတွက် လှိုက်လှဲစွာ ကျေးဇူးတင်ရှိပါတယ်ရှင် ။ မဖွယ်မရာ စကားများ ၊ ဆဲဆိုခြင်းများ ၊ ပေါကြောင်ကြောင်စကားများ ၊ တစ်စုံတစ်ဦး၏ ကိုယ်ကျင့်တရားသိက္ခာကို ထိခိုက်စေသော စကားများ ဖြစ်ပါက ထို comment များကို လက်ခံမည်မဟုတ်ကြောင်း လေးစားစွာ အသိပေးအပ်ပါတယ်ရှင် ။ အလည်လာရောက် အကြံပြုရေးသားခြင်းများအတွက် ကျေးဇူးတင်ပါတယ် ။ စာများ ရှင်းလင်းစွာ မြင်ရဖို့အတွက် Space များ ထည့်ရိုက်ပေးကြပါရှင်။