Friday, January 30, 2009

ဘလော့ခ်အလွမ်း

ကျောင်း ၊ အိမ် ၊ မိသားစုအသိုင်းဝိုင်းများနဲ့ နေ့စဉ်လည်ပတ်နေရင်း ဖုန်တက်နေတဲ့ ဘလော့ခ်လေးကို “မဖြစ်သေးပါဘူး”ဆိုတဲ့ အတွေးလေးဝင်ပြီး ကျွန်မပြန်ဦးလှည့်လာခဲ့တယ်။ ဖြစ်ချင်တာတွေလည်း ပျော်ရွှင်စွာ ဖြစ်မြောက်ခဲ့ရင်း ဘ၀ဆိုတဲ့လမ်းမပေါ် သူလိုကိုယ်လိုပဲ လျှောက်ရင်း မတူညီတဲ့ လမ်းမတစ်ခုပေါ်မှာ မျှော်လင့်ချက်အဟောင်းတွေ ဖြစ်မြောက်ရှင်သန်ရင်း ပြောင်းသင့်တာတွေလည်းပြောင်း ၊ သင်ယူသင့်တာတွေလည်း ကြိုးစားသင်ယူ ၊ အကောင်းဆုံးကြိုးစားရင်း ကိုယ်လျှောက်ချင်တဲ့ လမ်းမသစ်တစ်ခုပေါ်တော့ အရာအားလုံး အခြေကျသွားခဲ့ပြီ။

စိတ်ထဲမှာ တွေးမိတာတွေ ၊ ဖတ်ရှုလေ့လာမိတာတွေတော့ ဒီလအတွင်း အတော်များပြားရှုပ်ထွေးခဲ့ပါရဲ့။ ဆိုးရွားနေတဲ့ ကမ္ဘာ့စီးပွားရေးအခြေအနေမှာ ကြားနေရတဲ့ မကောင်းသတင်းတွေကလည်း နေ့စဉ်ထုတ်သတင်းစာတွေမှာ ပျံ့နှံ့လို့။ မအေးချမ်းတဲ့ ကာလကြားမှာ ခက်ထန်တဲ့ဒီလမ်းခရီးအလယ် အဓိကဖြတ်ကျော်ကူးနေရသူ ကိုယ်မဖြစ်သေးလို့ အနည်းငယ်စိတ်သက်သာရာ ရမိပေမယ့် မခံစားနိုင်ဘဲ အရှုံးပေးသွားတဲ့ လူတွေအတွက်တော့ အတော်လေးစိတ်မကောင်း ဖြစ်ခဲ့မိတယ်။ ဖြစ်ပျက်သမျှဟာ ကောင်းဖို့ဖြစ်လာတယ်လို့ သတ်မှတ်ရင်း နှစ်ပေါင်း(၆၀)အတွင်း အကျပ်တည်းဆုံး ၊ အပြင်းထန်ဆုံး ဒီအခက်အခဲဟာ လူတွေအားလုံးကို အဖိုးတန်သော သင်ခန်းစာပေါင်းများစွာ ပေးနိုင်မယ်လို့ပဲ သုံးသပ်မိတယ်။

အေးချမ်းသာယာသော “အိမ်”များနှင့်အတူ မိသားစုများအားလုံး ပျော်ရွှင်ချမ်းမြေ့မှုအလင်းရောင်များ ထွန်းညှိနိုင်ဖို့ မျှော်လင့်ယုံကြည်လျက် …။

Read More...