Wednesday, April 22, 2009

ဒီမိုကရေစီသင်ခန်းစာများ

Lessons in Democracy ( Burmese Translation ) Lessons in Democracy ( Burmese Translation ) linletkyalsin

Read More...

Friday, April 10, 2009

ရွှေတိဂုံအသင်းတော် (စင်္ကာပူ) ဓာတ်တော်တိုက်၏ မွန်မြတ်သော နှစ်သစ်မင်္ဂလာ မေတ္တာသင်္ကြန်ရေပွဲတော် ဖိတ်ကြားလွှာ



Read More...

Wednesday, April 08, 2009

စင်္ကာပူနိုင်ငံ၏ အကြီးမားဆုံး မြန်မာသင်္ကြန် ၂၀၀၉


၂၀၀၉ခုနှစ် မြန်မာသင်္ကြန်ပွဲတော်ကို စင်္ကာပူနိုင်ငံတွင် ဧပရယ်လ် (၁၂)ရက်နေ့ ၊ နေ့လည် ၁၂နာရီမှ ညနေ ၆နာရီထိ အကြီးမားဆုံး ကျင်းပမှာဖြစ်ပါတယ်။ မြန်မာနိုင်ငံရှိ နာမည်ကြီးအဆိုတော်များဖြစ်သော ဇော်ဝမ်း ၊ ဆောင်းဦးလှိုင် ၊ မျိုးကျော့မြိုင် ၊ စည်သူလွင် ၊ ရဲလေး ၊ ရှင်ဖုန်း ၊ ဖြူဖြူကျော်သိန်း ၊ ဥက္ကာဦးသာ၏ Plus Three Music Brand ၊ DJ ဖြိုးနှင့်အတူ ပျော်ရွှင်စွာ ရေပက်ကစားရင်း မြန်မာလှပျိုဖြူများ၏ အကအလှများကို လက်မှတ်တစ်စောင် $ 15 ဖြင့် ခံစားကြည့်ရှုရမှာဖြစ်ပါတယ်။ MAI လေယာဉ်လက်မှတ်များနှင့် အခြားသော ကံစမ်းမဲများကိုလည်း ထည့်သွင်းထားပါတယ်။



မြန်မာသင်္ကြန်ပွဲတော်ကို အခြားနိုင်ငံသားများအားလုံးအလယ်မှာ ပိုမိုသိသာ တင့်တယ်ထင်ရှားစေရန်အတွက် မြို့လယ်ဖြစ်သော Pandang Field ( Peninsula Plaza, Esplanade Theatre ရှေ့) မှာ ကျင်းပရန် သေသေချာချာ စီစဉ်ထားခြင်းဖြစ်ပါတယ်။ ဒီပွဲကြီးဖြစ်မြောက်ရေးအတွက် စီစဉ်ကျင်းပသူတွေအားလုံး စင်္ကာပူနိုင်ငံ၏ တင်းကျပ်သော ဥပဒေစည်းများများအလယ်မှာ အချိန်တွေအများကြီးပေး ၊ အထပ်ထပ်သော တွေ့ဆုံမှုတွေဖြင့် သက်ဆိုင်ရာရုံးတွေမှာ အာမခံဆွေးနွေးထားရပါတယ်။

ဒီပွဲကို စီစဉ်ကျင်းပသူတွေက မြန်မာသင်္ကြန်ပွဲကျင်းပရန် Pandang Field မှာ နေရာရဖို့အတွက် စင်္ကာပူရုံးတွေမှာ အထပ်ထပ်သော တွေ့ဆုံဆွေးနွေးအာမခံမှုတွေဖြင့် ငွေကုန်ကျမှုတွေ အများကြီးရှိထားတာကြောင့် အောင်မြင်ဖြစ်မြောက်စေဖို့ ကျွန်မဆန္ဒရှိမိပါတယ်။ ကျွန်မတို့ ရွှေမြန်မာတွေအားလုံးကို သတင်းလက်ဆင့်ကမ်းဖြန့်ဝေပေးကြဖို့ တောင်းဆိုပါတယ်ရှင်။

လက်မှတ်များကို ပန်နီဆူးလားပလာဇာ ၊ တတိယထပ် “အောင်ချမ်းသာ”ဆိုင်မှာ ၀ယ်ယူရရှိနိုင်ပါတယ်ရှင်။



Read More...