Friday, December 14, 2012

တောင်းဆု ကျိန်စာ

”ပျော်ရွှင်မှု”
စကားလုံးလေးက တစ်ခွန်းတည်း
တန်ဖိုးအနှစ်သာရက ကြီးလွန်းလှတယ် .. ။

“နာကျင်မှု”
စကားလုံးလေးက တစ်ခွန်းတည်း
ရင်ထဲပြည့်သိပ်မှုက ခါးသီးလွန်းလှတယ် .. ။

“ခွင့်လွှတ်မှု”
စကားလုံးလေးက ခပ်အေးအေး
လိုက်နာကျင့်သုံးဖို့က ခက်ခဲလွန်းလှတယ်။

“မေ့ဖျောက်မှု”
အကောင်းဆုံးပဲလို့ လူတိုင်းပြောတယ်
ဒါပေမယ့်
အားတင်းထားတဲ့ နှလုံးသား
မွန်းကျပ်မှုပေါင်းများစွာ
အတိုင်းအဆမဲ့စွာ ပိုအမှတ်ရနေမိတယ်။

အကောင်းဆုံးကိုကြိုးစား
ကိုယ့်တာဝန်ကိုယ်ကျေပွန်
အဆိုးဆုံးတွေ မေ့ဖျောက်
ဒဏ်ရာတွေကွယ်ဝှက်
ကိုယ့်ရင်ဘတ်ကိုယ်ထုနှက်
ဆုံးမနေပေမယ့်လည်း ..
အသိဥာဏ်မဲ့ အရိုင်းစိုင်းဝန်းကျင်
တစ်ကြိမ်တစ်ခါ တွေးမိ
အကြိမ်ကြိမ် နာကျင်လေတိုင်း
ဆုတောင်းတိုင်းသာ ပြည့်ရမယ်ဆို
အို အသင်လောက
ဖြစ်လေရာ ဘ၀ဆက်တိုင်း
“ထိုအရိုင်းစိုင်းနှစ်ယောက်”ဖြစ်တည်ရာကို
အကြိမ်ကြိမ်သတ်ခွင့်ရနိုင်သော ”ကျွန်မ”
ဖြစ်ရပါလို၏ ……… ။

လင်းလက်ကြယ်စင်
ခေတ္တ အမုန်းမြို့တော်

Read More...