Thursday, December 27, 2007

Pakistan's Bhutto assassinated at rally


Pakistan's Bhutto assassinated at rally
Benazir Bhutto assassinated


ပါကစ္စတန်မှ ဒီမိုကရေစီခေါင်းဆောင် Benazir Bhuttoနှင့် အဖွဲ့ဝင် အနည်းဆုံး ၁၄ဦးခန့် အသေခံဗုံးခွဲတိုက်ခိုက်ခံရမှုကြောင့် သေဆုံးသွားခဲ့ပါပြီ .. ။ ဒီသတင်းကိုကြားကြားခြင်း ကျွန်မ တအားထိတ်လန့်ခြင်းနှင့်အတူ စိတ်မကောင်းခြင်းများစွာ ဖြစ်ပေါ်ရပါတယ်။ မယုံကြည်နိုင်စရာသတင်းတစ်ခုပါပဲ။ ဒါပေမယ့် မယုံလို့လဲမရတော့ဘူး။ သူမဟာ တကယ်ကိုသေဆုံးသွားခဲ့ပါပြီ။ သူမယုံကြည်တဲ့ လမ်းကြောင်းမှန်တစ်ခုနဲ့ ခံယူချက်အတွက် အသက်ကိုပေးပြီး ပေးဆပ်ခဲ့ပါပြီ။ အန္တရာယ်တွေ အမြောက်အမြားရှိနေတယ်ဆိုတာ သိလျက်နဲ့ သူမက ပါကစ္စတန်နိုင်ငံအတွက် လမ်းမှန်ကိုဆက်လက်လျှောက်ခဲ့ပါတယ်။ ဒီပုံစံအတိုင်းဆို ကျွန်မတို့ရဲ့ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ လုံခြုံရေးအတွက်လဲ ပိုမိုအထူးပြုဂရုစိုက်ရပါတော့မယ်။

1 comments:

Yan said...

ဟုတ်တယ် မလင်းလက်ရေ..
ကျွန်တော်လည်း အလုပ်က ပြန်ရောက်ရောက်ချင်း ဖတ်လိုက်ရတာ စိတ်မကောင်းဖြစ်သွားမိတယ်.

ပို့စ်တစ်ခုတောင် တင်ထားသေးတယ်. သူ့အကြောင်းပေါ့

http://yanaung.blogspot.com/2007/12/benazir-bhutto.html
ရန်အောင်

Post a Comment

အကြံပြု comment ၀င်ရေးပေးတဲ့အတွက် လှိုက်လှဲစွာ ကျေးဇူးတင်ရှိပါတယ်ရှင် ။ မဖွယ်မရာ စကားများ ၊ ဆဲဆိုခြင်းများ ၊ ပေါကြောင်ကြောင်စကားများ ၊ တစ်စုံတစ်ဦး၏ ကိုယ်ကျင့်တရားသိက္ခာကို ထိခိုက်စေသော စကားများ ဖြစ်ပါက ထို comment များကို လက်ခံမည်မဟုတ်ကြောင်း လေးစားစွာ အသိပေးအပ်ပါတယ်ရှင် ။ အလည်လာရောက် အကြံပြုရေးသားခြင်းများအတွက် ကျေးဇူးတင်ပါတယ် ။ စာများ ရှင်းလင်းစွာ မြင်ရဖို့အတွက် Space များ ထည့်ရိုက်ပေးကြပါရှင်။