Wednesday, December 05, 2007

နိုင်ငံတကာလူ့အခွင့်အရေးနေ့ အထိမ်းအမှတ် စာပေအနုပညာပြပွဲ အခမ်းအနား


တနင်္ဂနွေနေ့မှာ ကျင်းပမယ့် နိုင်ငံတကာလူ့အခွင့်အရေးနေ့ အထိမ်းအမှတ် စာပေအနုပညာပြပွဲကို စင်္ကာပူရောက် မြန်မာအားလုံး အချင်းချင်းလည်း အသိပေး ၊ ကိုယ်တိုင်လည်း လာရောက်ချီးမြှင့်ကြဖို့ ကျွန်မ ဖိတ်ခေါ်ပါတယ်ရှင်။ မိတ်ဆွေများကိုယ်တိုင်ရေးထားသော စာမူများကိုလည်း obp@overseasburmesepatriots.org ကို အချိန်မှီပေးပို့နိုင်ကြပါတယ်ရှင်။ စာမူများကို ကျွန်မကိုယ်တိုင်လည်း ၀ိုင်းဝန်းရှာပေးအလုပ်များနေတာမို့ အခုရက်ပိုင်းအတွင်း ဘလော့ခ်အတွက် စာမရေးပေးနိုင်သေးတာ နားလည်ခွင့်လွှတ်ပေးကြဖို့ တောင်းဆိုပါတယ်ရှင်။












နိုင်ငံတကာ လူ့အခွင့်အရေးနေ့ အထိမ်းအမှတ်

ရှင်သန်ခြင်းသစ်ပင် စိုက်ထူထားမည့်

မျှော်လင့်ခြင်းခန်းမ၌

စာပေ အနုပညာ ပြပွဲ

အခမ်းအနား

၂၀၀၇ ဒီဇင်ဘာ ၁၀ရက်တွင် ကျရောက်သော နိုင်ငံတကာ လူ့အခွင့်အရေးနေ့ အထိမ်းအမှတ်အဖြစ် ၂၀၀၇ ဒီဇင်ဘာ ၉ရက် (တနင်္ဂနွေနေ့) တွင် ရှင်သန်ခြင်းသစ်ပင် စိုက်ထူထားမည့် မျှော်လင့်ခြင်းခန်းမ၌ စာပေ အနုပညာ ပြပွဲ နှင့် ပြိုင်ပွဲ အခမ်းအနား ကျင်းပမည်ဖြစ်ပါသည်။

ထိုရှင်သန်ခြင်းသစ်ပင်၌် မည်သူမဆို မိမိတို့၏ ရင်တွင်း ခံစားမှုများ၊ ဆုတောင်းမှုများ နှင့် တောင်းဆိုချက်များ ရေးသားထားသော စာတို၊ ပေစများ လွတ်လပ်စွာ လာရောက် ချိတ်ဆွဲနိုင်ပါသည်။

ထို့ပြင် စင်္ကာပူနိုင်ငံရှိ စာပေပညာရှင်၊ စာပေ၀ါသနာရှင်များ ကိုယ်တိုင် ရေးသား၊ ခြယ်မှုန်းထားသော မျိုးချစ်စိတ်ဓါတ် ထက်သန်စေသော၊ လူ့အခွင့်အရေးနှင့် သက်ဆိုင်သော ကဗျာ၊ ဆောင်းပါး၊ ကာတွန်း၊ ပန်းချီ နှင့် ဓါတ်ပုံများ၊ စာပေချစ်မြတ်နိုးသူများမှ ပေးပို့ထားသော မိမိတို့ ဖတ်ရှု့ မှတ်သားဖူးသည်များမှ အလားတူ ကောင်းနိုးရာရာ စာပေ အနုပညာများကို ဤမျှော်လင့်ခြင်းခန်းမ ပတ်ပတ်လည်တွင် ပြသထားမည် ဖြစ်ပါသဖြင့် စင်္ကာပူနိုင်ငံရှိ စာပေပညာရှင်၊ စာပေ၀ါသနာရှင် နှင့် စာပေချစ်မြတ်နိုးသူ ရွှေမြန်မာအပေါင်းတို့အား ကြွရောက်အားပေး ဖတ်ရှု့ကြပါရန် ခင်မင်လေးစားစွာ ဖိတ်ကြားအပ်ပါသည်။


စာပေ အနုပညာ ပြပွဲ တည်နေရာ

YMCA, International House,On OrcharRd 3 Min Walk From Exit A, Dhoby GhautMRT


စာပေ အနုပညာ ပြပွဲ နေ့ရက်

၉ ဒီဇင်ဘာလ ၂၀၀၇၊ တနင်္ဂနွေနေ့


စာပေ အနုပညာ ပြပွဲ အချိန်

မနက် ၁၁း၀၀ နာရီ မှ ညနေ ၇း၀၀ နာရီ


မှတ်ချက်။ အကြောင်းအမျိုးမျိုးကြောင့် မူလ ပထမ ရည်ရွယ်ထားသော အချိန်တို ၃ရက် ပြသမည့်အစား တနင်္ဂနွေနေ့ တစ်ရက်တည်း အချိန်ရှည် ပြသရန် ပြောင်းလဲ စီစဉ်လိုက်ရသည်ကို နားလည် ခွင့်လွှတ်ပေးကြပါရန် လေးစားစွာ အသိပေး အကြောင်းကြားအပ်ပါသည်။


ပြည်ပရောက် မျိုးချစ်မြန်မာများ
စင်္ကာပူနိုင်ငံ

1 comments:

Thway Ni said...

Hi Linlet,

pls go ahead to use the "letter from the heart of a burmese national" post. The original version in burmese can be found at this link - http://niknayman.blogspot.com/2007/10/blog-post_744.html

Post a Comment

အကြံပြု comment ၀င်ရေးပေးတဲ့အတွက် လှိုက်လှဲစွာ ကျေးဇူးတင်ရှိပါတယ်ရှင် ။ မဖွယ်မရာ စကားများ ၊ ဆဲဆိုခြင်းများ ၊ ပေါကြောင်ကြောင်စကားများ ၊ တစ်စုံတစ်ဦး၏ ကိုယ်ကျင့်တရားသိက္ခာကို ထိခိုက်စေသော စကားများ ဖြစ်ပါက ထို comment များကို လက်ခံမည်မဟုတ်ကြောင်း လေးစားစွာ အသိပေးအပ်ပါတယ်ရှင် ။ အလည်လာရောက် အကြံပြုရေးသားခြင်းများအတွက် ကျေးဇူးတင်ပါတယ် ။ စာများ ရှင်းလင်းစွာ မြင်ရဖို့အတွက် Space များ ထည့်ရိုက်ပေးကြပါရှင်။