Saturday, December 29, 2007

သတ္တိရှိသူများ (ခ) သီးလေးသီးအငြိမ့်အဖွဲ့


အငြိမ့်တွေကို ကြည့်ရတာဝါသနာမပါတဲ့ကျွန်မ လွန်ခဲ့တဲ့ရက်ပိုင်းကမှ ဆေးရောင်စုံအငြိမ့်ကို ကြည့် ဖြစ်လိုက်တယ်။ အစအဆုံး သေချာကြည့်ပြီးချိန်မှာ စိတ်ထဲမှာ သီးလေးသီးအဖွဲ့ကို အရမ်း လေးစား သဘောကျမိသလို စိတ်ထဲမှာလည်း မကောင်းဖြစ်မိတယ် ..။ ရင်ထဲရှိတာပြောခွင့်လေးတောင်မရတဲ့ မြန်မာ ပြည်ကြီးမှာ ရှိတဲ့ ကျွန်မအပါအ၀င် မြန်မာလူမျိုးအားလုံးအတွက် ရင်နာမိလို့ပါ။ သီးလေးသီးအဖွဲ့ရဲ့ပြောင် မြောက် တဲ့ အနုပညာအရည်အချင်းကို မှတ်တမ်းတင်ထားတဲ့အနေနဲ့ ကျွန်မဘလော့ခ်မှာ ဖော်ပြဂုဏ်ပြု ပေး လိုက်ပါတယ်။



သီးလေးသီးအဖွဲ့က မလေးရှား ၊ ထိုင်း နဲ့ စင်္ကာပူနိုင်ငံတို့မှာ မကြာခင် ဖျော်ဖြေမှာ ဖြစ်ပါတယ်။ ဒီဇင်ဘာ (၃၀) ရက်နေ့မှာ မလေးရှားတွင် ဖျော်ဖြေမည့် အငြိမ့်ပွဲကို ကွာလာလမ်ပူမြို့ရှိ ကိုတာရာယာ ကုန်တိုက်၌ နေ့လည် (၁၂) နာရီမှ ညနေ (၄) နာရီထိ ပြုလုပ်မည် ဖြစ်ပြီး တဦးလျှင် ၀င်ကြေး မလေးရှားငွေ (၂၅) ရင်းဂစ် သတ်မှတ်ထားပါတယ်။ ဇန်န၀ါရီ ၆ ရက်နေ့ပီနန်မြို့မှာ ဖျော်ဖြေမယ်လို့ ကြားသိရပါတယ်။ မလေးရှားက မြန်မာများ ရွှေမြန်မာများရပ်ဝန်းမှာ စုံစမ်းမေးမြန်းနိုင်ပါတယ်ရှင်။ စင်ကာပူအငြိမ့်ပွဲကို ဇန်န၀ါရီလ ၁၉ ရက်နေ့ ၊ Lavendar MRT အနီးရှိ Foo Chow အဆောက်အဦ၌ ကပြမည်ဖြစ်ပြီး တဦးလျှင် ၀င်ကြေး စင်ကာပူ ဒေါ်လာ (၂၀) ခန့် ကောက်ခံရန်ယာထားပါတယ်။ အသေးစိပ် အချက်အလက်တွေကို သေချာသိပြီးသွားရင် ကျွန်မ update လုပ်ပေးပါ့မယ်။

' ပြည်သူ့အတွက်အနုပညာရှင်များ´စာရင်းထဲမှာ ပါဝင်တဲ့ သီးလေးသီးအငြိမ့်အဖွဲ့ကိုအားလုံး တက်ညီလက်ညီ အားပေးကြရအောင် လားရှင်။

3 comments:

Anonymous said...

ဘာမှမရေးတတ်တော့ဘူးထင်တယ် သူများအငြိမ့်တွေတင်နေတယ် ရီရတယ်ဟေ့

Anonymous said...

ကိုကလိုစေးထူးနာမည်ကို အလွဲသုံးစားလုပ်တဲ့ အတု ...... ရှင် သတ္တိရှိမယ် ၊ လူဟုတ်တယ်ဆိုရင် ကိုယ့်နာမည်နဲ့ကိုယ်ပြောပါ ။ သူများဘလော့ခ်ကို link လုပ်ထားပြီး အတုယောင်ဆောင် ပြောရုံနဲ့ ကျွန်မတို့က မသိဘူးများထင်နေလား။ blogger မဟုတ်ဘဲ ဘယ်က အုတ်ကြားမြက်ပေါက်လဲမသိဘူး ။ သူတစ်ပါးနာမည်ကို အလွဲသုံးစားမလုပ်ပါနဲ့ ။ ရှက်တတ်ရင်ပေါ့။

Anonymous said...

လင်းရေ အရမ်းရီရတယ်။ ကျေးဇူး၊ ညလေး မကြည့်ရသေးဘူး။ :)

Post a Comment

အကြံပြု comment ၀င်ရေးပေးတဲ့အတွက် လှိုက်လှဲစွာ ကျေးဇူးတင်ရှိပါတယ်ရှင် ။ မဖွယ်မရာ စကားများ ၊ ဆဲဆိုခြင်းများ ၊ ပေါကြောင်ကြောင်စကားများ ၊ တစ်စုံတစ်ဦး၏ ကိုယ်ကျင့်တရားသိက္ခာကို ထိခိုက်စေသော စကားများ ဖြစ်ပါက ထို comment များကို လက်ခံမည်မဟုတ်ကြောင်း လေးစားစွာ အသိပေးအပ်ပါတယ်ရှင် ။ အလည်လာရောက် အကြံပြုရေးသားခြင်းများအတွက် ကျေးဇူးတင်ပါတယ် ။ စာများ ရှင်းလင်းစွာ မြင်ရဖို့အတွက် Space များ ထည့်ရိုက်ပေးကြပါရှင်။