Sunday, December 23, 2007

ကန္တာရ .. အလွမ်းဒီဇင်ဘာ



ကန္တာရ .. အလွမ်းဒီဇင်ဘာ



ပြင်းရှရှအလွမ်းတစ်ချို့

ဖွင့်ဟမပြောခဲ့ပေမယ့်

မသိစိတ်ရဲ့နှလုံးသားမှာ

မြင်နိုင်စွမ်းရှိရင်

ဒီဇင်ဘာမနက်ခင်းတွေနဲ့အတူ

မလွမ်းတတ်သူတစ်ယောက်

ခပ်တိုးတိုးလွမ်းနေတာပါ .. ။


အပြင်မှာလေနုအေးတွေတိုက်ခတ်နေချိန်

ရင်ထဲမှာတိတ်တိတ်လေးကျိတ်ငိုနေခဲ့တာ

နှစ်သိမ့်မဲ့စကားလုံးတွေနဲ့

အချမ်းတွေကြား အလွမ်းမပြေဘဲ

မျက်ဝန်းလေးတွေမှေးမှိန်ခဲ့ရပြီပေါ့ ဒီဇင်ဘာ ...။


ရင်ထဲမအေးမြနိုင်တဲ့မနက်ခင်းတွေမှာ

လောင်ကျွမ်းနေတဲ့အလွမ်းတွေက

ရောက်ရှိတော့မယ့်ခရစ်စမတ်အတွက်

ဟန်ဆောင်ပြုံးလေးတစ်ပွင့်တောင်

ကြိုးစားမပန်ဆင်ပေးနိုင်တာ

(ငါ)အားတော့နာပါရဲ့ ဒီဇင်ဘာ .. ။


ခပ်တိုးတိုးခေါ်သံတစ်ခု

အပြုံးတွေပွင့်လန်းသွားတဲ့နှုတ်ခမ်းတစ်စုံ

ကြည်လင်သောနှင်းတစ်ပွင့်လို

ပျော်ရွှင်မြူးတူးစွာမျက်ဝန်းတွေဖွင့်လိုက်မှ

အို .. ဒါအိပ်မက်တစ်ခုပါလား .. ။


နောက်ဆုံးတော့လည်းကွယ်

မိုးစက်တွေရွာသွန်းနေတဲ့

ရေကန်လေးဘေးနားမှာ

အလွမ်းတွေနဲ့ထိုင်နေခဲ့ရင်း

ခရစ်စမတ်ဒီဇင်ဘာဆိုတာ

ငါ့အတွက်တော့ ကန္တာရရက်စွဲတွေပါ .. ။


လင်းလက်ကြယ်စင်

4 comments:

Anonymous said...

နာတိတယ်ဟေ့--

ဆောင်းယွန်းလ said...

ရင်ထဲမအေးမြနိုင်တဲ့မနက်ခင်းတွေမှာ
လောင်ကျွမ်းနေတဲ့အလွမ်းတွေက
ရောက်ရှိတော့မယ့်ခရစ်စမတ်အတွက်
ဟန်ဆောင်ပြုံးလေးတစ်ပွင့်တောင်
ကြိုးစားမပန်ဆင်ပေးနိုင်တာ
(ငါ)အားတော့နာပါရဲ့ ဒီဇင်ဘာ .. ။
ဟုတ်တယ်ညီမလေးရေ။ပြုံးရင်လည်းအားရပါးရဘဲပြုံး
ချင်ပါရဲ့.အကိုလည်းညီမလေးကဗျာလေးထဲကလိုဘဲခံစားနေရသူပါ

Anonymous said...

လင်းလက်ရေ ကန္တာရ .. အလွမ်းဒီဇင်ဘာ ကဗျာလေးသဘောကျတယ် နှင်းမဝေမြူမစိုင်း အပူလှိုင်းကိုအန်တု နွေကိုရန်ပြုရင်းနဲ. စင်ကာပူက ဒီဇင်ဘာဆောင်း အိမ်မက်တွေတောင် မမက်သေးခင် ဟောင်းဟောင်းသွားတယ် ပူလွန်းလို.ပါညီမရယ်

YeKyawAungMDY said...

ကဗျာက ခံစားချက်ပါတယ်။ အသက်ဝင်တယ်။ ဘာကို ဆိုလိုချင်တယ်ဆိုတာ ခံစားချက်ပါပါနဲ့ စပ်ပြထားတယ်။ တစ်ကယ်ကောင်းတယ်။ မြှောက်တာမဟုတ်ဘူး၊ ညီမရေ။ တစ်ကယ်ပြောတာ။

Post a Comment

အကြံပြု comment ၀င်ရေးပေးတဲ့အတွက် လှိုက်လှဲစွာ ကျေးဇူးတင်ရှိပါတယ်ရှင် ။ မဖွယ်မရာ စကားများ ၊ ဆဲဆိုခြင်းများ ၊ ပေါကြောင်ကြောင်စကားများ ၊ တစ်စုံတစ်ဦး၏ ကိုယ်ကျင့်တရားသိက္ခာကို ထိခိုက်စေသော စကားများ ဖြစ်ပါက ထို comment များကို လက်ခံမည်မဟုတ်ကြောင်း လေးစားစွာ အသိပေးအပ်ပါတယ်ရှင် ။ အလည်လာရောက် အကြံပြုရေးသားခြင်းများအတွက် ကျေးဇူးတင်ပါတယ် ။ စာများ ရှင်းလင်းစွာ မြင်ရဖို့အတွက် Space များ ထည့်ရိုက်ပေးကြပါရှင်။