Saturday, December 29, 2007

စင်္ကာပူတွင်ဖျော်ဖြေမည့် သီးလေးသီးအငြိမ့်ပွဲ


၂၀၀၈ခုနှစ် ၊ ဇန်န၀ါရီလ ၁၉ရက်နေ့ (စနေနေ့) ည ၇နာရီမှ ၁၀.၃၀ထိ စင်္ကာပူနိုင်ငံမှာ ဖျော်ဖြေမည့် သီးလေးသီးအငြိမ့်ပွဲအတွက် လက်မှတ်များကို လမ်းပြကြယ်စာကြည့်တိုက်နှင့် မြနန္ဒာဆိုင်တို့မှာ ၀ယ်ယူရရှိနိုင်ပါပြီရှင်။ လမ်းပြကြယ်စာကြည့်တိုက်ဖွင့်ချိန်တွေကတော့ စနေနေ့ နေ့လည် ၂နာရီမှ ည ၉ နာရီထိ ၊ တနင်္ဂနွေနေ့ နေ့လည် ၁၂ နာရီမှ ည ၉ နာရီထိ ၊ ဗုဒ္ဓဟူးနေ့ ညနေ ၄ နာရီမှ ည ၉ နာရီထိ ဖြစ်ပါတယ်။ လက်မှတ်တစ်စောင်ကို $15, $20, $25 အသီးသီးဖြင့် ၀ယ်ယူနိုင်ပါတယ်ရှင်။ ကျင်းပမည့်နေရာကတော့ Lavender MRT အနီး ၊ Foo Chow Building ဖြစ်ပါတယ်။

သီးလေးသီးအငြိမ့်အဖွဲ့တွင် လူရွှင်တော် စိန်သီး၊ ပန်းသီး၊ ဇီးသီး၊ ကြယ်သီးနှင့် ဂေါ်ဇီလာ၊ မင်းသမီး ချောစုမျိုး နှင့် မြင့်သန္တာစိုး (စပယ်ငုံ) တို့ ပါဝင်ကပြဖျော်ဖြေပါမည်။ ပြည်သူ့အတွက် အနုပညာရှင်အစစ်ဖြစ်သော သီးလေးသီးအငြိမ့်အဖွဲ့ကို အားလုံးတက်ရောက်ကြည့်ရှုကြဖို့ ဖိတ်ခေါ်ပါတယ်ရှင်။

Read More...

မျိုးမစစ်တို့ဖျော်ဖြေပွဲ





စည်းလုံးကြပါ

2008 Jan 2 ရက်နေ့တွင် စင်္ကာပူနိုင်ငံ မြန်မာသံရုံးမှ Mandarin Hotel, Orchard တွင်ပြုလုပ်မည့် လွတ်လပ် ရေးနေ့ အထိမ်းအမှတ် ကပွဲ၌ Poly ကျောင်းသားဟောင်း/သစ်များ အပါအ၀င် န အ ဖ ကပ်ဖား ယပ်ဖား အောက်ဆွဲများ၊ မျိုးချစ်စိတ် ကင်းမဲ့သူများ ဖျော်ဖြေကပြ အသုံးတော်ခံရန် ရှိပါသည်။

န အ ဖ များကို ကပြဖျော်ဖြေမည့် အက၀ါသနာရှင်များ စက်တင်ဘာအရေးအခင်း အပါအ၀င် အရေးအခင်း တိုင်း မှာ ကျဆုံးသွားခဲ့သော ရဟန်း၊ ရှင်လူ ပြည်သူတွေရဲ့ စွန့်လွှတ်အနစ်နာခံမှု၊ု န အ ဖ စစ်အာဏာရှင်တွေ ရဲ့ ရက်စက်ယုတ်မာမှုကို ဘယ်တော့မှမမေ့ပါနဲ့။

လူတွေအကုန်လုံး ကြေကွဲစွာ ခံစားနေရချိန်မှာ န အ ဖ လို ကျက်သရေ တစ်စက်မှ မရှိတဲ့ လူ့မိစ္ဆာတွေရဲ့ဖျော် ဖြေခိုင်းမှုကို လက်ခံခြင်းမှာ န အ ဖ ၏လုပ်ရပ်တွေကို ထောက်ခံနေတာနဲ့ အတူတူပါပဲ။

ဒီတော့ မိမိတို့ဟာ ဘာလဲ။ န အ ဖ အောက်ဆွဲတွေလား။ ဒါဆိုရင်လည်း ရှင်းပါတယ်။ ဒါမှ မဟုတ်ဘူးဆိုရင် တော့ မိမိတို့ ဘာလုပ်သင့်တယ်ဆိုတာ အချိန်မနှောင်းခင် သေသေချာချာစဉ်းစားဆုံးဖြတ်ပါ။ လူ့အသိုင်းအ၀ိုင်း က စက်ဆုတ်ရွံရှာရတဲ့သူ မဖြစ်ပါစေနဲ့။

န အ ဖ စစ်အာဏာရှင်အုပ်စုတွေရဲ့ ဒီပွဲကို မပျက်ပျက်အောင် ဖျက်ဖို့ ၊နအဖစစ်အာဏာရှင်အုပ်စုကိုမထောက် ခံကြောင်း ပြသဖို့အတွက် လွတ်လပ်ရေးနေ့ တိုက်ပွဲအနေနဲ့ မျိုးချစ်စိတ်ရှိသူတိုင်း မိမိတတ်နိုင်ရာနေရာကနေ ပါဝင်ဆောင်ရွက်ကြပါ။ မိမိဝန်း ကျင်မှာ ရှိသောလူများ ထိုဖျော်ဖြေပွဲကို တက်ရောက်ဖို့အစီစဉ်ရှိပါက မတက်ရောက်ဖို့ ၊ ပါဝင် ဆောင်ရွက်ခြင်း မပြုကြဖို့ အချင်းချင်း လက်ဆင့်ကမ်း တိုက်တွန်းပေးကြပါ။

ဖိတ်ကြားထားခံရသော စီးပွားရေးလုပ်ငန်းရှင်များ ၊ ကျောင်းသူကျောင်းသားများ မျိုးချစ်စိတ်ဓါတ် ရှိတယ်ဆိုရင် မထောက်ခံကြောင်းဆန္ဒပြသောအနေနဲ့ မတက်ရောက်ကြပါနဲ့။ အားလုံးဟာ တစ်သွေးတစ်သားတည်း ၊ စည်းလုံးမှုရှိကြောင်း ပြကြဖို့ တိုက်တွန်းနှိုးဆော်လိုက်ပါတယ်။

စစ်အာဏာရှင်ကိုဆန့်ကျင်သူများ

Read More...

သတ္တိရှိသူများ (ခ) သီးလေးသီးအငြိမ့်အဖွဲ့


အငြိမ့်တွေကို ကြည့်ရတာဝါသနာမပါတဲ့ကျွန်မ လွန်ခဲ့တဲ့ရက်ပိုင်းကမှ ဆေးရောင်စုံအငြိမ့်ကို ကြည့် ဖြစ်လိုက်တယ်။ အစအဆုံး သေချာကြည့်ပြီးချိန်မှာ စိတ်ထဲမှာ သီးလေးသီးအဖွဲ့ကို အရမ်း လေးစား သဘောကျမိသလို စိတ်ထဲမှာလည်း မကောင်းဖြစ်မိတယ် ..။ ရင်ထဲရှိတာပြောခွင့်လေးတောင်မရတဲ့ မြန်မာ ပြည်ကြီးမှာ ရှိတဲ့ ကျွန်မအပါအ၀င် မြန်မာလူမျိုးအားလုံးအတွက် ရင်နာမိလို့ပါ။ သီးလေးသီးအဖွဲ့ရဲ့ပြောင် မြောက် တဲ့ အနုပညာအရည်အချင်းကို မှတ်တမ်းတင်ထားတဲ့အနေနဲ့ ကျွန်မဘလော့ခ်မှာ ဖော်ပြဂုဏ်ပြု ပေး လိုက်ပါတယ်။



သီးလေးသီးအဖွဲ့က မလေးရှား ၊ ထိုင်း နဲ့ စင်္ကာပူနိုင်ငံတို့မှာ မကြာခင် ဖျော်ဖြေမှာ ဖြစ်ပါတယ်။ ဒီဇင်ဘာ (၃၀) ရက်နေ့မှာ မလေးရှားတွင် ဖျော်ဖြေမည့် အငြိမ့်ပွဲကို ကွာလာလမ်ပူမြို့ရှိ ကိုတာရာယာ ကုန်တိုက်၌ နေ့လည် (၁၂) နာရီမှ ညနေ (၄) နာရီထိ ပြုလုပ်မည် ဖြစ်ပြီး တဦးလျှင် ၀င်ကြေး မလေးရှားငွေ (၂၅) ရင်းဂစ် သတ်မှတ်ထားပါတယ်။ ဇန်န၀ါရီ ၆ ရက်နေ့ပီနန်မြို့မှာ ဖျော်ဖြေမယ်လို့ ကြားသိရပါတယ်။ မလေးရှားက မြန်မာများ ရွှေမြန်မာများရပ်ဝန်းမှာ စုံစမ်းမေးမြန်းနိုင်ပါတယ်ရှင်။ စင်ကာပူအငြိမ့်ပွဲကို ဇန်န၀ါရီလ ၁၉ ရက်နေ့ ၊ Lavendar MRT အနီးရှိ Foo Chow အဆောက်အဦ၌ ကပြမည်ဖြစ်ပြီး တဦးလျှင် ၀င်ကြေး စင်ကာပူ ဒေါ်လာ (၂၀) ခန့် ကောက်ခံရန်ယာထားပါတယ်။ အသေးစိပ် အချက်အလက်တွေကို သေချာသိပြီးသွားရင် ကျွန်မ update လုပ်ပေးပါ့မယ်။

' ပြည်သူ့အတွက်အနုပညာရှင်များ´စာရင်းထဲမှာ ပါဝင်တဲ့ သီးလေးသီးအငြိမ့်အဖွဲ့ကိုအားလုံး တက်ညီလက်ညီ အားပေးကြရအောင် လားရှင်။

Read More...

Friday, December 28, 2007

နှစ်ဟောင်းတစ်ခု .. နှုတ်ဆက်ချိန်



ပြက္ခဒိန်အသစ်လေးတွေက တန်းစီပြီး ကြိုတင်ရောက်နေပြီ .. ။ နာရီမြည်သံလေးတွေကလဲ နှစ်သစ်ရောက်ဖို့ ရက်ကို တဖြေးဖြေး ချဉ်းကပ်လာနေပါပြီ .. ။ ဆောင်းရာသီဟု မ ပီပြင်စွာ ခေါ်ဆိုရမည့် ပူလွန်းလှသော နေရာမှာပဲ နှစ်သစ်ဆိုတာ ရောက်လာပါတော့မယ် ..။ နှစ်သစ်အတွက် ကျွန်မ အပါအ၀င် အားလုံး ဘာတွေ များပြင် ဆင်ပြီးပြီလဲ။ နှစ်ဟောင်းရဲ့အညစ်အကြေးတွေအားလုံး နှစ်သစ်ကိုတော့ မယူဆောင်သွားသင့်တော့ဘူး။ နှစ်သစ်မှာ စိတ်ကူးစိတ်သန်းအသစ်တွေနဲ့ မိမိကိုယ်ကို ပိုမိုကောင်းမွန်လာအောင် ပြုမူကျင့်ကြံ နေထိုင်ရပါမယ်။ တစ်နှစ်ကုန်သွားပြီးချိန်မှာ `ဒီနှစ် အတွက် ငါဘာတွေများလုပ်ခဲ့လဲ´ဆိုပြီး မိမိကိုယ်မိမိ ပြန်လည်သုံးသပ်ဝေဖန်မိတယ်ဆိုရင်တော့ အကောင်းဆုံးပါ ..။ နှစ်သစ် အတွက် ဘာတွေ လုပ်ရမလဲ ဆိုတဲ့ စိတ်ကူးစိတ်သန်းလေးတွေကိုလည်း ကြိုတင်စဉ်းစားထားဖို့လဲ အကြံပေးချင်ပါတယ်ရှင်။ တစ်နှစ်ကုန်လို့ နောက်တစ်နှစ်ကူးပြောင်းသွားချိန်မှာ အားလုံးက အသက်တစ်နှစ်ပိုကြီးသွားပါတယ်။ အသက်က တစ်နှစ်ပိုကြီးသွားတာနှင့်အမျှ လုပ်ရပ်တွေကရော တိုးတက်လာသလား ၊ ဆုတ်ယုတ်သွားသလား အသေအချာဝေဖန်ပိုင်းခြားရပါ့မယ်။ လူတိုင်းက အချိန်နှင့်အမျှ အမြဲတမ်းအလုပ်ရှုပ်နေတာများပါတယ်။ နှစ်သစ်ရောက်ခါနီးမှာ အားလုံး အနည်းနဲ့အများ အားလပ်ရက်လေးတွေ ရကြမှာပါ။ ဒီရက်ပိုင်း တွေမှာ မိမိစိတ်ကို အစာကျွေးပြီး ၊ လူကိုလည်း ပင်ပန်းနွမ်းနယ်မှုတွေကနေ အားအင်အသစ်တွေ ပြန်ရအောင် ကြိုးစားရမှာပါ။

`အောင်မြင်ခြင်းနဲ့ရှုံးနိမ့်ခြင်း´ဆိုတာ လူတိုင်းအတွက် အမြဲတမ်းကပ်လျက်တွဲနေတဲ့ မရှိမဖြစ်အရာတစ်ခုပါ .. ။ အချို့ကလဲ ၂၀၀၇ခုနှစ်မှာ အောင်မြင်ခြင်းအသီးအပွင့်တွေကို စားသုံးခွင့်ရချင်ရလိမ့်မယ်။ အချို့ကတော့ မအောင်မြင်သေးခင် ကြားကာလနဲ့ ရှုံးနိမ့်နေခြင်းဆိုတဲ့ကာလမှာ ရှိကောင်းရှိနိုင်ပါတယ် ။ စိတ်ညစ်နေတာတွေပဲဖြစ်ဖြစ် ၊ စိတ်ပျက်နေတာတွေပဲဖြစ်ဖြစ် ၊ စိတ်ဓါတ်ကျနေတာတွေပဲဖြစ်ဖြစ် အစရှိတဲ့ ခံစားမှုတွေအားလုံးကို နှစ်ဟောင်းမှာပဲ ကျွန်မတို့အားလုံး စွန့်ပစ်ထားခဲ့ကြရမယ်ဆိုရင် ပိုမို သင့်လျော်ပါလိမ့်မယ် .. ။ နှစ်သစ်တစ်ခုကို ကြိုဆိုရမှာ စိတ်ရော ၊ လူရော ၊ မိမိနေထိုင်ရာ ပတ်ဝန်းကျင်ရော မလိုတာတွေမရှိဘဲ ရှင်းသန့်နေဖို့လိုပါတယ်။ နှစ်တစ်နှစ်ကုန်ဆုံးခါနီးမှာ ကျွန်မကတော့ တစ်အိမ်လုံးကို ချောင်ချိုချောင်ကြားပါမကျန် ပစ္စည်းတွေအကုန်ဆွဲထုတ်ပြီး မလိုအပ်တာတွေ စွန့်ပစ်ပါတယ် .. ။ လိုအပ်တာ တွေ ထပ်ဖြည့်ထားပါတယ် .. ။ အိမ်မှာ ပစ္စည်းအထားအသိုတွေကို မြင်ကွင်းအသစ်ဖြစ်အောင် အနေအထား အချို့ကို ရွှေ့လိုက်ပါတယ်။ စာကြည့်စားပွဲနဲ့စာအုပ်တွေ ၊ ပစ္စည်းတွေအားလုံးကို ခါတိုင်းထားနေကျလို မထားဘဲ ပုံစံအသစ်တစ်မျိုးနဲ့ ပြောင်းထားကြည့်လိုက်ပါတယ် . .။ စိတ်ကိုလည်း လန်းလန်း ဆန်းဆန်း ဖြစ်နေ အောင် မိမိလုပ်ချင်တာလေးတွေကိုလုပ် ၊ အိမ်မှာ နားနားနေနေ နေပြီး အပန်းဖြေလိုက်ပါတယ်။

ပိုတိုးတက်တဲ့နိုင်ငံမှာနေတဲ့လူတွေက ပိုပြီး stress များပါတယ်။ ရာထူးကြီးလေလေ ၊ လုပ်ကိုင်ရတဲ့အလုပ်က များပြားလေလေ လူတစ်ယောက်ရဲ့တာဝန်တွေက ပိုများလာပါတယ်။ အဲဒီအခါမှာ လူတွေက စိတ်ပင်ပန်းနွမ်းနယ်မှုတွေအပြင် တစ်ခါတစ်ရံ လိုချင်သလောက်မရတဲ့အခါ ၊ ဖြစ်ချင်တာတွေ မဖြစ်လာတဲ့အခါ စိတ်ဓါတ်တွေလည်းကျလာကြပါတယ် .. ။ နှစ်သစ်ကိုပျော်ရွှင်စွာကြိုဆိုနိုင်ဖို့အတွက် မိမိမပျော်ရွှင်မှုရဲ့ အဖြေ ကို ရှာကြည့်လိုက်ပါ။ ရှင်းလို့မရတဲ့ ပြဿနာဆိုတာ မရှိပါဘူး။ မိမိကိုဒုက္ခပေးနေတာ တကယ်တော့ မိမိ ရဲ့စိတ်ပဲဖြစ်တဲ့အတွက် အဲဒီစိတ်မှ စိတ်ချမ်းသာမှုကိုရအောင် ကြိုးစားကျင့်ကြံပါ။ နှစ်သစ်မရောက်ခင် အနည်းဆုံးတစ်ရက်လောက် ဘယ်မှမသွားဘဲ အိမ်မှာ နားနားနေနေ နေကြည့်လိုက်ပါ။ အခုခေတ်က Shopping Mall ခေတ်ဖြစ်နေပါတယ်။ လူတွေအားလုံးက အိမ်မှာသိပ်မနေဘဲ အပြင်မှာချည်း လှိမ့်နေတာ များပါတယ်။ လူတစ်ယောက်ရဲ့စိတ်ရော ကိုယ်ရော လန်းဆန်းတက်ကြွဖို့အတွက် သက်သက်သာသာ အနား ယူခြင်း ဆိုတာ မရှိမဖြစ် လိုအပ်သောအရာတစ်ခုဖြစ်တဲ့အတွက် အပြင်မသွားဘဲ အိမ်မှာ သက်သက်သာသာ နားကြည့်လိုက်ပါ။

ရှေ့ဆက်ရမယ့် အနာဂတ်ခရီးလမ်းအတွက် ကြိုတင်ပြင်ဆင်စရာတွေကို အားလပ်ရက်မှာ စိတ်အေးအေးဖြင့် စဉ်းစားပုံဖော်ရင်း မိမိချစ်တဲ့မိသားစု (သို့မဟုတ်) ချစ်ရသူတွေအတွက် ပုံမှန်အချိန်ပေးတာထက် အနည်းငယ် ပိုပေးလိုက်ပါ။ အားလုံး စိတ်သစ် ၊ လူသစ် ၊ အကြံဥာဏ်သစ်တွေဖြင့် လန်းဆန်းတက်ကြွစွာ နှစ်သစ်ကိုကြိုဆိုနိုင်ပါစေရှင် .. ။

Read More...

Thursday, December 27, 2007

Pakistan's Bhutto assassinated at rally


Pakistan's Bhutto assassinated at rally
Benazir Bhutto assassinated


ပါကစ္စတန်မှ ဒီမိုကရေစီခေါင်းဆောင် Benazir Bhuttoနှင့် အဖွဲ့ဝင် အနည်းဆုံး ၁၄ဦးခန့် အသေခံဗုံးခွဲတိုက်ခိုက်ခံရမှုကြောင့် သေဆုံးသွားခဲ့ပါပြီ .. ။ ဒီသတင်းကိုကြားကြားခြင်း ကျွန်မ တအားထိတ်လန့်ခြင်းနှင့်အတူ စိတ်မကောင်းခြင်းများစွာ ဖြစ်ပေါ်ရပါတယ်။ မယုံကြည်နိုင်စရာသတင်းတစ်ခုပါပဲ။ ဒါပေမယ့် မယုံလို့လဲမရတော့ဘူး။ သူမဟာ တကယ်ကိုသေဆုံးသွားခဲ့ပါပြီ။ သူမယုံကြည်တဲ့ လမ်းကြောင်းမှန်တစ်ခုနဲ့ ခံယူချက်အတွက် အသက်ကိုပေးပြီး ပေးဆပ်ခဲ့ပါပြီ။ အန္တရာယ်တွေ အမြောက်အမြားရှိနေတယ်ဆိုတာ သိလျက်နဲ့ သူမက ပါကစ္စတန်နိုင်ငံအတွက် လမ်းမှန်ကိုဆက်လက်လျှောက်ခဲ့ပါတယ်။ ဒီပုံစံအတိုင်းဆို ကျွန်မတို့ရဲ့ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ လုံခြုံရေးအတွက်လဲ ပိုမိုအထူးပြုဂရုစိုက်ရပါတော့မယ်။

Read More...

ဟာသအချို့




လွန်ခဲ့တဲ့လလောက်က ကျွန်မ email ထဲမှာ လက်ခံရရှိလိုက်တဲ့ သဘောကျမိသော ဟာသလေးအချို့ပါ ။ အမှန်တရားနဲ့ဟာသကို ပေါင်းစပ်ထားတဲ့ ဒီဟာသလေးအချို့ကို နှစ်သစ်ကိုကူးပြောင်းတော့မယ့် ဒီရက်ပိုင်းမှာ အားလုံးကို ဝေမျှပေးလိုက်ပါတယ်။ ဆီလျော်အောင် အနည်းငယ်စာလုံးအချို့ကို ကျွန်မပြန်စိစစ်ပြီး စာပြန် ရိုက်ပေးထားတာပါ။ အားလုံးနှစ်သစ်မှာ ကံကောင်းပျော်ရွှင်ကြပါစေရှင်။


၁)

တစ်နေ့တွင် ကျူပ်တို့၏ဇတ်လိုက်ကျော် ဂါးဖီးအား ရာမမင်းက ငရဲပြည်သို့ အလည်ခေါ်လေသည်။

`မောင်ဂါးဖီး ငရဲပြည်မှာလည်း လူ့ပြည်မှာလိုပဲ နိုင်ငံပိုင်နက်တွေခွဲပြီး ပြစ်မှုစီရင်တယ်။ ပြစ်မှုစီရင်ပုံ တွေကတော့ အတူတူပဲ။ မင်းကိုငါကခင်လေတော့ မင်းဘယ်နိုင်ငံသွားလေ့လာချင်လဲပြော'

`ကျွန်တော်က အတိုးတက်ဆုံး အမေရိကန်ငရဲ ၊ ဂျပန်မလှလှလေးတွေရှိမယ့် ဂျပန်ငရဲနဲ့ နောက်ဆုံး မြန်မာ နိုင်ငံ ငရဲတွေကို ကြည့်ချင်ပါတယ် ယာမမင်း´

အမေရိကန်ငရဲကိုသွားလေ့လာတဲ့အခါမှာ ငရဲသားများကို ပုံစံသုံးမျိုးနဲ့ ပြစ်မှုစီရင်နေတာကို တွေ့ရပါတယ်။ မနက်(၉)နာရီရောက်တာနဲ့ ငရဲခံရမယ့်လူတွေက စည်းကမ်းတကျ တန်းစီရပါတယ်။ ငရဲသားတွေက သူတို့ကို အလှည့်ကျ ဆူးကြာပွတ်တွေနဲ့ ရိုက်ပါတယ်။ အဲဒီနောက် လျှပ်စစ်ခုံပေါ်ထိုင်ခိုင်းပြီး လျှပ်စစ်နဲ့ အကြာကြီး ရိုက်ပါတယ်။ ညနေ(၄)နာရီလည်း ရောက်ရော ငရဲခံရမယ့်လူတွေကို ဆူးချွန်တွေ ထောင်ထွက်နေတဲ့ ဆူးမွှေ့ရာပေါ်မှာ အိပ်ခိုင်းပြီး တနေ့တာ နှိပ်စက်မှုကို အဆုံးသတ်ပါတော့တယ်။

ဂျပန်ငရဲနိုင်ငံကိုရောက်တော့လည်း အမေရိကန်ငရဲခန်းလိုပဲ သိပ်မကွာခြားပါဘူး။ ဒီလိုနဲ့ နောက်ဆုံး မြန်မာနိုင်ငံ ငရဲကို ရောက်လာပါတယ်။ မြန်မာငရဲနိုင်ငံမှာ ပါ့စ်ပို့အနီကိုင်ဆောင်ထားတဲ့ ငရဲခံရမယ့်လူတွေ အများအပြား အလုအယက် တိုးပြီးတန်းစီနေကြပါတယ် .. ။

`ယမမင်းကြီး မြန်မာငရဲမှာ ဘာဖြစ်လို့ လူတွေအရမ်းများနေရတာလဲ ၊ ဘာများထူးခြားလို့လဲ´

`မင်းဟိုရောက်တော့ အကြောင်းစုံသိပါလိမ့်မယ် မောင်ဂါးဖီးရယ်´

မြန်မာငရဲနိုင်ငံကိုရောက်သွားတဲ့အခါမှာ ငရဲသားတွေက မနက်(၉)နာရီလည်း မရောက် ၊ (၁၀)နာရီလည်း မရောက်နဲ့ (၁၁)နာရီထိုးခါနီးမှ ရောက် လာကြတာကို တွေ့ရပါတယ်။ ဆူးကြာပွတ်တွေနဲ့ ရိုက်မယ့် အချိန်လည်းရောက်ရော ငရဲသား ထမင်းစားချိန်ဖြစ်နေလို့ ရိုက်တောင်မရိုက်ဖြစ်တော့ပါဘူး။

နေ့လည်ရောက်တော့ လျှပ်စစ်ခုံပေါ် ထိုင်ခိုင်း ထားပြီး လျှော့ရိုက်မလို့ လုပ်ပါတယ်။ ခက်တာက မီးမလာပါဘူး။ ညနေ (၄) နာရီလည်း ရောက်ရော ငရဲခံရမယ့် လူတွေကို ဆူးမွှေ့ရာပေါ်မှာ အိပ်ခိုင်းပါတယ်။ အဲ.. ဆူးတွေက တော့ လုံးဝမတွေ့ပါဘူး ။ ငရဲသားတွေ လစာမလောက်လို့ ဖြုတ်ရောင်းပြီး အောက်ဆိုဒ် ရှာလိုက်လို့ပါတဲ့ဗျာ..။

၂)

တခါက အမေရိကန်သမ္မတရယ် ၊ တရုတ်သမ္မတရယ် ၊ ကျွန်တော်တို့ရဲ့ ဘဘကြီးသန်းရွှေရယ် ထာဝရဘုရား သခင်ကို သွားတွေ့ကြသတဲ့။

ထာဝရဘုရားသခင်က သင်တို့သိလိုရာကို မေးကြပါဆိုတော့ တယောက်ပြီးတယောက် မေးကြတော့တာပေါ့။ ပထမဆုံး အမေရိကန်သမ္မတက မေးတယ်။

`ဘယ်တော့များမှ အမေရိကန်နိုင်ငံဟာ ကမ္ဘာကြီးတစ်ခုလုံးကို နိုင်ငံရေး ၊ စစ်ရေးအရ ပြိုင်ဘက်မရှိ လွှမ်းမိုး နိုင်မှာလဲ´တဲ့။ ထာဝရဘုရားသခင်က ခေတ္တခန့်စဉ်းစားပြီး ပြန်ဖြေလိုက်တယ်။

`ဖြစ်တော့ဖြစ်မယ်။ ဒါပေမယ့် မင်းမမှီတော့ဘူး´တဲ့ ။ အမေရိကန်သမ္မတလည်း ထာဝရဘုရားသခင် အဖြေ ကိုကြားပြီးနောက် ငိုပါလေရော။

တရုပ်သမ္မတကလဲ ထာဝရဘုရားသခင်ကို `ဘယ်တော့များမှ တရုပ်ပြည်ဟာ ကမ္ဘာ့စီးပွားရေးတစ်ခုလုံးကို လွှမ်းမိုးနိုင်မှာလဲ´တဲ့။

ထာဝရဘုရားသခင်က ခုနလိုပဲ ခနစဉ်းစားပြီး ပြန်ဖြေလိုက်တယ်။ `ဖြစ်တော့ဖြစ်မယ်။ ဒါပေမယ့် မင်းမမှီ တော့ဘူး´တဲ့ ။ တရုပ်သမ္မတလဲ ငိုပြန်ပါလေရော။

နောက်ဆုံး ကျူပ်တို့ရဲ့ ဘဘကြီးသန်းရွှေက အားကျမခံ ထာဝရဘုရားသခင်ကို မေးလိုက်တယ်။ သူ့မေးခွန်း လဲကြားပြီးရော ထာဝရဘုရားသခင်က ငိုပါလေရော။ သူမေးတာက `ဘယ်တော့များမှ မြန်မာပြည်မှ မီးတွေ ရေတွေ မှန်မှာလဲ´တဲ့။ မျက်ရည်လည်ရွှဲကြားက ထာဝရဘုရားသခင်က ပြန်ဖြေလိုက်တယ်။

`ဖြစ်တော့ဖြစ်လာလိမ့်မယ်။ ဒါပေမယ့် ငါမမှီတော့ဘူးတဲ့´ .... ။

၃)

တမလွန်ဘ၀မှာ ဂျော့ဘုခ်ျရယ် ၊ ဘဘသန်းရွှေရယ် ၊ ဗလာဒီမင်ပူတင်ရယ် အတူတူတွေ့ပြီး လမ်းလျှောက်ထွက်ခဲ့ပါတယ်။ သူတို့တစ်နေရာအရောက် လက်ဝါးကပ်တိုင်မှာ ကားစင်အတင်ခံထားရတဲ့ ယေရှုခရစ်တော်နဲ့ တွေ့ပါလေရော။ အဲဒီမှာတော့ ဂျော့ဘုခ်ျက ယေရှုနားကို တိုးသွားပြီးတော့

`အရှင် ၊ သားတော်အသက်ရှင်ခဲ့တဲ့ဘ၀မှာ သားတော်က ကံကောင်းခဲ့ပါသလား´ လို့မေးလိုက်တယ်။

ယေရှုက `အေး သားတော်ကံကောင်းပါတယ်။ မင်းက အကြမ်းဖက်သမားတွေကို နှိမ်နင်းနိုင်ခဲ့လို့ပဲ´ဆိုပြီး ပြန်ဖြေလိုက်တယ်။

ပူတင်လဲ ယေရှုနားတိုးကပ်သွားပြီး `ကျွန်တော်မျိုးကော အသက်ရှင်စဉ်က ဘယ်လိုကံကောင်းခဲ့ပါသလဲ´လို့ မေးလိုက်ပြန်တယ်။ ယေရှုက `မင်းလဲ ကံကောင်းခဲ့တာပဲ ။ ဘာလို့လဲဆိုတော့ မင်းက တိုင်းပြည်ကို စိတ်တိုင်းကျ ပုံဖော်နိုင်ခဲ့လို့ပဲ´ဆိုပြီး ဖြေလိုက်ပါတယ်။

နောက်ဆုံး ဘဘသန်းရွှေကလဲ အားကျမခံဘဲ ယေရှုနားသွားပြီး `ကျွန်တော်ရော ဘယ်လို ကံကောင်း ခဲ့ပါလဲ´လို့မေးလိုက်တယ်။ အဲဒီလို မေးလိုက်တဲ့ခဏမှာ ယေရှုရဲ့လက်နှစ်ဖက်လုံး လှုပ်သွားတယ်။ ဒါပေမယ့် ကားစင်တင်ခံထားရတာဆိုတော့ ယေရှုက လှုပ်လို့မရဖြစ်နေတယ်။ ပြီးတော့ ဘဘသန်းရွှေကို အံကျိတ်ပြီးပြောလိုက်တယ်။

`အေး .. ငါ့လက်နှစ်ဖက်လုံး လှုပ်မရတာ မင်းကံကောင်းတယ်မှတ်´

Read More...

Tuesday, December 25, 2007

Merry Christmas


ချမ်းအေးလှတဲ့ ဆောင်းရာသီရဲ့ နှင်းစက်လေးများကြားမှာ ခရစ်စမတ်ဆိုတာ ရောက်ရှိလာပါပြီ .. ။ နှင်းမရှိတဲ့နိုင်ငံမှာ ပူလွန်းစွာနေရတာ ချမ်းအေးလှတဲ့ ဇာတိမြေကို ပိုလွမ်းမိပါတယ် .. ။ မနက်မိုးလင်းရင် သစ်ရွက်ခြောက်တွေနဲ့ အိမ်ဘေးမှာ မီးဖိုလုပ်ရင်း အနွေးထည် ခပ်ထူထူလေးဝတ်ပြီး ဆီထမင်းနဲ့ ရေနွေးကြမ်း စားခဲ့တဲ့အချိန်လေးတွေကို လွမ်းပါ့ရှင် .. ။ နှင်းမရှိတဲ့နိုင်ငံက နှင်းအတုတွေနဲ့တော့ စည်ကားနေပါရဲ့ ။ စပရေး တွေဖြန်းရင် ထွက်လာတဲ့ ဖြူဖြူအငွေ့တွေက နှင်းစက်တဲ့လေ .. ။ ခရစ်စမတ်ဆိုတာ ကျွန်မဘာသာနဲ့ မဆိုင်ပေမယ့် ကျွန်မကတော့ နှစ်သက်ပါတယ် ။ ခရစ်စမတ် အချိန်ရောက်ရင် သီချင်းလိုက်ဆိုတဲ့ ခရစ်ယာန် သူငယ်ချင်းတွေနဲ့အတူ အနောက်ကနေ အတူတူလိုက်ရင်း သီချင်းအတူတူ လျှောက်အော်ဆိုခဲ့တာတွေ ၊ ညောင်ပွင့်လေးတွေကို ချစ်လို့ လိုက်ကောက်ခဲ့တာတွေကို ပိုမိုသတိရမိပါတယ် .။ စင်္ကာပူ အော့ချပ်လမ်းမကြီး ပေါ်က ဒီနှစ်ထွန်းထားတဲ့ ကြယ်ပုံစံ ခရမ်းရောင်မီးအလှတွေကိုတော့ ကျွန်မ တော်တော်လေး ကြိုက်မိပါတယ်။ ခရမ်းရောင်က တော်ဝင်ဆန်တဲ့အလှဆိုပြီး ကျွန်မသိပ်နှစ်သက်တဲ့အတွက် သူများတွေအတွက်တော့ မသိပေမယ့် ကျွန်မအတွက်တော့ကဗျာဆန်သလိုပါပဲ ..။ ကဗျာမဆန်တာကတော့ အရမ်းကျပ်နေတဲ့ လူတွေ ကြားမှာ တိုးပြီး လမ်းလျှောက်ရတာ တစ်ခုပါ .. ။ ကားပေါ်ကနေ ရသလောက်ရိုက်ထားတဲ့ စင်္ကာပူ ခရစ်စမတ် မီးအလှပုံတွေကို အခြားနိုင်ငံကသူငယ်ချင်းတွေလဲ ကြည့်နိုင်အောင် ဖော်ပြပေးလိုက်ပါတယ် ။ ကင်မရာ မေ့ကျန်ခဲ့တာနဲ့ ဖုန်းနဲ့ပဲ ရိုက်လိုက်ရတာမို့ ကင်မရာလောက် ကာလာမကောင်းတာ ဆောရီးပါရှင်။

`အော့ချပ်လမ်းမကြီးကတော့
ရှုပ်ထွေးပြည့်ကျပ်နေတဲ့
လူတွေမြောက်မြားစွာနဲ့
ထိန်လင်းနေတဲ့မီးအလှတွေကြား
အလွန်စည်ကားနေပါရဲ့ .. ။

မင်းကရော
မီးရောင်အလှတွေကြား
စည်ကားနေမှာလား
ကြောက်ရွံ့မှုတွေများစွာ
ဒုက္ခတွေများစွာနဲ့
တိတ်ဆိတ်ငြိမ်သက်နေမှာလား
ငါသိချင်စမ်းပါရဲ့ ... ´



















Read More...

Sunday, December 23, 2007

ကန္တာရ .. အလွမ်းဒီဇင်ဘာ



ကန္တာရ .. အလွမ်းဒီဇင်ဘာ



ပြင်းရှရှအလွမ်းတစ်ချို့

ဖွင့်ဟမပြောခဲ့ပေမယ့်

မသိစိတ်ရဲ့နှလုံးသားမှာ

မြင်နိုင်စွမ်းရှိရင်

ဒီဇင်ဘာမနက်ခင်းတွေနဲ့အတူ

မလွမ်းတတ်သူတစ်ယောက်

ခပ်တိုးတိုးလွမ်းနေတာပါ .. ။


အပြင်မှာလေနုအေးတွေတိုက်ခတ်နေချိန်

ရင်ထဲမှာတိတ်တိတ်လေးကျိတ်ငိုနေခဲ့တာ

နှစ်သိမ့်မဲ့စကားလုံးတွေနဲ့

အချမ်းတွေကြား အလွမ်းမပြေဘဲ

မျက်ဝန်းလေးတွေမှေးမှိန်ခဲ့ရပြီပေါ့ ဒီဇင်ဘာ ...။


ရင်ထဲမအေးမြနိုင်တဲ့မနက်ခင်းတွေမှာ

လောင်ကျွမ်းနေတဲ့အလွမ်းတွေက

ရောက်ရှိတော့မယ့်ခရစ်စမတ်အတွက်

ဟန်ဆောင်ပြုံးလေးတစ်ပွင့်တောင်

ကြိုးစားမပန်ဆင်ပေးနိုင်တာ

(ငါ)အားတော့နာပါရဲ့ ဒီဇင်ဘာ .. ။


ခပ်တိုးတိုးခေါ်သံတစ်ခု

အပြုံးတွေပွင့်လန်းသွားတဲ့နှုတ်ခမ်းတစ်စုံ

ကြည်လင်သောနှင်းတစ်ပွင့်လို

ပျော်ရွှင်မြူးတူးစွာမျက်ဝန်းတွေဖွင့်လိုက်မှ

အို .. ဒါအိပ်မက်တစ်ခုပါလား .. ။


နောက်ဆုံးတော့လည်းကွယ်

မိုးစက်တွေရွာသွန်းနေတဲ့

ရေကန်လေးဘေးနားမှာ

အလွမ်းတွေနဲ့ထိုင်နေခဲ့ရင်း

ခရစ်စမတ်ဒီဇင်ဘာဆိုတာ

ငါ့အတွက်တော့ ကန္တာရရက်စွဲတွေပါ .. ။


လင်းလက်ကြယ်စင်

Read More...

ဒုစရိုက်မှုများ


“တံခါးကိုသေချာလုံအောင်ပိတ်နော် ၊ အပြင်တံခါးရော အတွင်းတံခါးရော သေချာပိတ်ထား ၊ တံခါးလာခေါက်ရင် ဘယ်သူလည်းဆိုတာ တံခါးပေါက်ကနေ ချောင်းကြည့်ပြီးမှ ကိုယ်နဲ့သိတဲ့လူဆိုမှ ဖွင့်ပေး”

ထိုစကားများကို ကျွန်မ ၂၀၀၄ခုနှစ် မြန်မာပြည်ရှိ ရန်ကုန်မြို့တော်ကြီးမှ နေထိုင်ခဲ့စဉ်က မိဘဆွေမျိုးများ အထပ်ထပ်မှာလေ့ရှိသော စကားဖြစ်သည်။ ၂၀၀၄ခုနှစ်နှင့် ၂၀၀၇ခုနှစ်က အခြေအနေများ လွန်စွာ ကွာခြားနေပါပြီ။ ၂၀၀၄ခုနှစ်က မုန့်ဟင်းခါးတစ်ပွဲကို မြို့ကြီးထဲမှစားမှ၁၁၀လောက်ပေးရသောအချိန် .. ။ ထိုကုန်ဈေးနှုန်းလောက်နှင့်ပင် မရပ်တည်နိုင်မှုတွေ များစွာဖြစ်ထွန်းနေတာကြောင့် ရန်ကုန်မြို့လယ်ခေါင်ကြီးမှာ `ဒုစရိုက်မှု´တွေ အများကြီးဖြစ်ထွန်းခဲ့ပါတယ်။ ဈေးမှပြန်လာသော သက်ကြီးရွယ်အိုတစ်ယောက် အိမ်တံခါးကိုဖွင့်နေချိန် အနောက်မှ ဓါးဖြင့်ထောက်ပြီး အိမ်ထဲသို့လိုက်လာကာ ရှိသမျှယူသွားသော အမှုများ ၊ လမ်းမှာ ပိုက်ဆံအိတ်ကိုလုပြေးမှုများ ၊ ရိုက်မှုများအစရှိတာတွေက မကြာခဏကြားရလေ့ရှိသော သိပ်မဆန်းသောအမှုများသာ .. ။

ဒုစရိုက်မှုတွေဘာကြောင့်ဖြစ်လာတာလဲ စဉ်းစားကြည့်ရင် အချက်အလက်အချို့သာရှိသည်။
၁) စားဝတ်နေရေးအဆင်မပြေမှုများ
၂) လုံလောက်သော အလုပ်မရှိခြင်းများ ၊
၃) စီးပွားရေးပိုမိုကျပ်တည်းမှုများ

လူတိုင်းက သာမန်အခြေအနေလောက် အနည်းဆုံးရပ်တည်နိုင်မယ်ဆိုရင် ဒုစရိုက်မှုတွေက အများကြီးပပျောက်သွားမှာပါ။ စီးပွားရေးအရမ်းကျပ်တည်းမှုကြောင့် ဖြစ်လာတဲ့ ဆိုးကျိုးတွေက အများကြီးပါ။ လူတွေရဲ့ အကျင့်စာရိတ္တတွေကအစ အများကြီးပျက်စီးဆုံးရှုံးရပါတယ် .. ။ ယဉ်ကျေးမှုနဲ့ ကိုယ်ကျင့်တရားထက် ၀မ်းရေးဆိုတာက ပိုအရေးကြီးနေတော့ ဒုစရိုက်မှုတွေအတွက် လက်ရဲလာကြပါတယ် .. ။ ရန်ကုန်မြို့ကြီးမှာ ဘယ်အရာမှ လုံခြုံစိတ်ချချင်း မရှိတော့တာ ဒီပြဿနာတွေအားလုံးရဲ့ဇစ်မြစ်က အုပ်ချုပ်ပုံစနစ်ကြောင့်ပါပဲ .. ။

မြန်မာလူမျိုးတွေကို အခြားနိုင်ငံတွေက ၀င်ခွင့်တွေပေးကြတယ် ၊ အချို့နိုင်ငံတွေမှာဆို တတိယနိုင်ငံကို လျှောက်ခွင့် refugee လုပ်ခွင့်တွေနဲ့ ကူညီထားကြပါတယ်။ ဒါက ကူညီခြင်းတစ်မျိုးမို့ ကျေးဇူးတင်ထိုက်ပါတယ်။ ဒါပေမယ့် ပြဿနတစ်ခုဆိုတာ အစကနေ ရှာပြီးမရှင်းသရွေ့ မပြီးဆုံးနိုင်ပါဘူး .. ။ မြန်မာတစ်နိုင်ငံလုံးကို အပြင်ကနေ refugee အဖြစ်ပေးတာရယ် ၊ တတ်နိုင်သလောက် လှူတာလေးရယ်နဲ့ အားလုံးကို မကူညီနိုင်ပါဘူး .. ။ လက်လှမ်းမှီရာလောက်ပဲ နိုင်သလောက် ကူညီနိုင်ကြမှာပါ .. ။ အားလုံးကိုကူညီနိုင်ဖို့ဆိုတာ အာဏာရှင်စနစ်ပပျောက်သွားမှပဲ ဖြစ်နိုင်မှာပါ။

ကျွန်မကပဲ ဥာဏ်မမှီတာလား ၊ စဉ်းစားပုံနည်းနေတာလား မပြောတတ်ဘူး .. ။ အထူးသဖြင့် အာဆီယံနဲ့ပတ်သတ်ပြီးပေါ့ .. ။ မြန်မာပြည်အာဏာရှင်ကို မလှိမ့်တပတ်နဲ့ သူတို့ထောက်ခံနေတာ ဘာအတွက်လဲ ။ ကျွန်မတို့နိုင်ငံမှာ သူတို့လုပ်နေတဲ့ စီးပွားရေးအချို့ကြောင့်လား ၊ သက်သက်သာသာ ရနေတဲ့ သယံဇာတတွေကြောင့်လား .. ။ တကယ်လို့ စီးပွားရေးအရဆိုရင် မြန်မာပြည်တိုးတက်သွားရင် သူတို့အတွက် လမ်းပေါက်တွေ ပိုရလာမှာပေါ့ .. ။ အချင်းချင်း ပိုမိုတိုးတက်သွားရင် ရင်းနှီးမြုပ်နှံမှုတွေပိုမိုအားကောင်းလာမှာပါ .. ။ ဒါမှမဟုတ် လူ့အခွင့်အရေးနဲ့လွတ်လပ်မှုကို အပြည့်အ၀မပေးနိုင်သေးတဲ့ အာဆီယံနိုင်ငံတွေရဲ့ ပညာတတ်အာဏာရှင်တွေက မြန်မာပြည် လမ်းမှန်ပေါ်ရောက်သွားရင် သူတို့သိက္ခာကျမှာစိုးရိမ်လို့လား ... ။ ဒါတွေက ကျွန်မတွေးမိတာလေးတာပါ .. ။

အခုအချိန်လောက်ဆိုရင် ရန်ကုန်မြို့တော်ကြီးမှာ ဘယ်လိုဒုစရိုက်မှုတွေ များပြားပေါ်ပေါက်နေပြီလဲ ကျွန်မသေချာမသိပါဘူး .. ။ ဒါပေမယ့် ဒုစရိုက်မှုနည်းနေလိမ့်မယ်လို့လည်း သိပ်တော့ မထင်မိပါဘူး .. ။ စီးပွားရေးတွေ အဆင်မပြေမှုကနေ ပိုမိုအဆင်မပြေမှုတွေဖြစ်လာရင် မြန်မာပြည်လမ်းမှန်ပေါ်မရောက်ခင် ကြားကာလမှာ မြန်မာပြည်သူလူထု ၊ နအဖစစ်သားတွေနဲ့ အာဏာရှင်ဗိုလ်ချုပ်တွေ ဘယ်လိုတွေ ဖြစ်လာမှာလဲ ကျွန်မရင်လေးနေမိပါတယ်။

Read More...

Monday, December 17, 2007

Boycott Communist Olympics 2008

























Read More...

Paradise of Fighting Peacocks


http://www.pofpeacocks.blogspot.com/



Read More...

အမှတ်တရဒီဇင်ဘာ




`ဒီဇင်ဘာဆိုတာ
ငါ့အတွက်တော့
အမှတ်တရပေါင်းများစွာနဲ့
အမြဲရှင်သန်နေတဲ့ ရာသီစက်ဝန်းတစ်ခုပါပဲ´

မွေးနေ့မနက်ခင်းမှာကျွန်မ Clementi ဘုန်းကြီးကျောင်းကို ရောက်သွားပါတယ် .. ။ တိုပါးရိုးကျောင်းကို ကျွန်မ သပိတ်မှောက်ထားတဲ့အတွက် Clementi ဘုန်းကြီးကျောင်းမှာပဲ သင်္ကန်းသွားလှူဖြစ်ပါတယ်။ ဘုန်းကြီးကျောင်းမှာ ဘုန်းဘုန်းကို သင်္ကန်းကပ်လှူ ၊ တရားနာယူပါတယ်။ ဘုန်းဘုန်းထံက သြ၀ါဒစကားတစ်ချို့ကို နာကြားပြီးချိန်မှာ ထမင်းစားသွားဖို့အတွက် ကျောင်းက ကပ်ပိယလား ဒကာတစ်ယောက်လားမသိ ခေါ်ပါတယ် ။ အားနာတာကြောင့် ငြင်းခဲ့ပေမယ့် စိတ်ထဲမှာတော့ ယဉ်ကျေးတဲ့ မြန်မာ့ဓလေ့ကိုလည်း ကြည်နူးမိရပြန်တယ်။ စလုံးလူမျိုးတွေတော့ ထမင်းစားသွားပါ ခေါ်တာ တစ်ခါမှ ကျွန်မ မကြားဖူးပါဘူး ။ မြန်မာလူမျိုးတွေရဲ့ ဧည့်သည်လာရင် ရေနွေးလေးချတိုက်တာ ၊ ရှိတာချကျွေးတာ ၊ ထမင်းသေချာကျွေးချင်တာ အစရှိတဲ့ သဒ္ဓါတရားတွေကို အရမ်းကို မြတ်နိုးမိပါတယ် .. ။




မွေးနေ့မှာ အားလုံးကို ဘာမှ မကျွေးလိုက်ရဘူး ။ ထမင်းသုပ်လေးပဲ အားလုံးစားလိုက်ကြပါနော်။ ဆီချက်မွှေးမွှေးလေးရယ် ၊ အာလူးပြုတ်တွေကို သေချာနွှာထားတာရယ် ၊ အကြော်လေးတွေနဲ့ ပုဇွန်ခြောက်နိုင်နိုင်တဲ့ သုပ်ထားတာပါ .. ။ အဲဒါမကြိုက်ရင်တော့ ကတ်ကြေးကိုက်စားချင်တဲ့လူက ကတ်ကြေးကိုက်ပဲ စားလိုက်တော့နော်။

မွေးနေ့ကိတ်ကို ပျော်ရွှင်စွာ ခွဲတာရယ် ၊ ရုက္ခဗေဒဥယျာဉ်ကို အလည်ပတ်သွားပြီး စိတ်ကြိုက်ဓါတ်ပုံရိုက် အမှတ်တရတစ်ချို့လုပ်ဖြစ်ခဲ့ပါတယ် .. ။ ဂျပန်ကလေးတွေနဲ့တိုးပြီး ဂျပန်ကလေးတွေက လိုက်လိုက်စနေတာနဲ့ သူတို့နဲ့ လမ်းတစ်လျှောက်လုံးခင်မင်သွားပြီး အမှတ်တရပုံလေးရိုက်ခဲ့တာပါ .. ။

၁၉နှစ်ပြည့်မွေးနေ့က ကျွန်မအတွက် အမှတ်တရတွေနဲ့ချည်း ပြည့်နှက်နေခဲ့ပါတယ် ။ ကျွန်မ မွေးနေ့မှာ ကျွန်မ မထင်မှတ်ထားတဲ့ အံ့သြမှု စိတ်ချမ်းသာမှု ပျော်ရွှင်မှုများစွာကို ပေးခဲ့တဲ့ ချစ်သူကိုကို ၊ ကျွန်မစိတ်ဆန္ဒအားလုံးကို ဖြည့်ဆည်းအလိုလိုက်ပေးပြီး လိုချင်တာပေးခဲ့တဲ့ ကျေးဇူးရှင် ဖေဖေနဲ့မေမေ ၊ ကျွန်မသိပ်ချစ်တဲ့မောင်နှမများ ၊ ကျွန်မအတွက် မွေးနေ့ဆုတောင်းပေးကြတဲ့ မိတ်ဆွေများ ၊ အွန်လိုင်းပေါ်က သူငယ်ချင်းမိတ်ဆွေများ ၊ ဘလော့ခ်ကိုအားပေးသူများကို ကျေးဇူးအထူးတင်ရှိပါတယ် ။

လက်ဆောင်အားလုံးကို ကြိုက်ပေမယ့် ထူးထူးခြားခြား လက်ဆောင်လေးတစ်ခုကိုတော့ တစ်သက်လုံး မမေ့နိုင်ပါဘူး ။ ပြည်သူ့ဘက်မှာ ရပ်တည်သော ဘွားဘွားလူထုဒေါ်အမာရဲ့ အမေ့ရှေးစကားဆိုတဲ့ လက်ဆောင်စာအုပ်လေးပါ ။ ဘွားဘွားကို အမြဲအားပေးနေတဲ့ ပရိတ်သတ်တစ်ဦးအနေနဲ့ အရမ်းဝမ်းမြောက်ဝမ်းသာဖြစ်မိပါတယ် ။ ဘွားဘွားကို ဆုတောင်းလက်ဆင့်စကားပါးလိုက်ချိန်မှာ မမေ့မလျော့ပြောပေးခဲ့ပြီး အမှတ်တရလက်ဆောင်လေး ယူလာပေးတဲ့ မမမိုနေးကို ကျေးဇူးအများကြီးတင်ရှိမိပါတယ်။ မှတ်မှတ်ရရ ဒီစာအုပ်လေးကိုလက်ခံရရှိတော့ ကျွန်မ မွေးနေ့လည်းဖြစ်နေတာနဲ့ အားလုံးက တိုက်ဆိုင်သွားပြီး အမှတ်တရပိုဖြစ်သွားပါတယ်။ အမေ့ရှေးစကားစာအုပ်တွဲကို ကျွန်မကသိပ်ကြိုက်တော့ အချိုပေါ်သကာထပ်လောင်းလိုက်သလိုပါပဲ။

အားလုံးရွှင်လန်းချမ်းမြေ့သော ဒီဇင်ဘာဖြစ်ပါစေရှင် .. ။

Read More...

Thursday, December 13, 2007

၁၉နှစ်ပြည့်မွေးနေ့







တစ်နှစ်ကုန်ခါနီးလို့ မွေးနေ့ကို တစ်ဖန်ပြန်ရောက်လာပြန်ပြီ .. ။ ချမ်းအေးလှတဲ့ နှင်းတွေကြားက ဒီဇင်ဘာ ၁၃ရက်နေ့ မနက်မှာ ကျေးဇူးကြီးမားတဲ့ အမေရဲ့ မွေးဖွားသန့်စင်မှုကြောင့် လူ့လောကထဲကို ရောက်ရှိလာတဲ့အတွက် မေမေကို ကျေးဇူးတင်စွာ ရှိခိုးကန်တော့ပါတယ် .. ။ ဘာလိုလိုနဲ့ ကျွန်မအသက် ၁၉နှစ်တောင် ပြည့်သွားပြီ ... ။ ကျွန်မ မွေးနေ့အတွက် မွေးနေ့မရောက်ခင်ကတည်းက ကြိုတင်သတိရနေပြီး ဆုတောင်းပေးနေကြတဲ့ သူငယ်ချင်းများ ၊ ည၁၂နာရီအကျော်မှာ အွန်လိုင်းနှင့်ဖုန်းမှတဆင့် ဆုတောင်းပေးကြသူများအားလုံးကို ကျေးဇူးတင်ပါတယ်ရှင် ... ။ ကျွန်မ အများကြီးဝမ်းသာပါတယ် .. ။ အခုလို ဆုတောင်းစာတွေ ဘလော့ခ်မှာရော အပြင်မှာပါရတာ ကျွန်မ မျက်ရည်တောင်ဝဲမိပါတယ် .. ။

ဒီနေ့ မနက်အစောကြီး ကျွန်မထပြီး အိမ်မှာပဲ ဘုရားပန်းကပ် ၊ ဆွမ်းတော်ကပ် ၊ ရေချမ်းကပ် ၊ နောက် သစ်သီးအချို့ ဘုရားကိုတင်ပြီး အခု Clementi ဘုန်းကြီးကျောင်းကို ကျွန်မသွားပါတော့မယ် .. ။ ဒီနေ့ တစ်နေကုန် ကျွန်မ မွေးနေ့အတွက် စီစဉ်ထားတာတွေနဲ့ အပြင်မှာပဲ ရှိနေမှာမို့ ညပြန်ရောက်မှ အားလုံးစာပြန်ရေးပေးပါ့မယ် ... ။ ကျွန်မမွေးနေ့မှာ ကျွန်မ ဘလော့ခ်ကိုအလည်လာရောက်ကြသူများအားလုံး ကျန်းမာပျော်ရွှင်ကြပါစေရှင် ... ။ အဝေးက သတိရနေသူများအားလုံးလည်း ပျော်ရွှင်ချမ်းမြေ့ကြပါစေ ... ။




Read More...

Monday, December 10, 2007

စာပေအနုပညာပြပွဲမှ ကဗျာများနှင့်ဆောင်းပါးများ


၉ရက်နေ့ စာပေအနုပညာပြပွဲမှာ ခင်းကျင်းပြသခဲ့တဲ့ စာမူတွေကို ဖတ်ချင်သူများအတွက် ကျွန်မ တစုတစည်းဖော်ပြပေးလိုက်ပါတယ် .. ။ အစက တစ်ပုဒ်ချင်းစီကို လင့်ခ်လုပ်ပေးမလို့ပါ .. ။ လုပ်ရင်းနဲ့ စာမူတွေက တအားများတော့ ကျွန်မ ခေါင်းတွေတအားမူးလာပြီး ဘာမှတောင် မမြင်တော့ဘူး .. ။ ကဗျာနဲ့ဆောင်းပါး သက်သက်စီ ကျွန်မ ခွဲပေးထားပါတယ် .. ။



Poems In English

Poems In Burmese

All Articles

Read More...

အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့ အထိမ်းအမှတ် စာပေအနုပညာပြပွဲ - စင်္ကာပူ


ဒီနေ့က အပြည်ပြည်ဆိုင်ရာ လူ့အခွင့်ရေးနေ့ .. ။

လူ့အခွင့်အရေးနေ့ဟု ဆိုလိုက်တာနှင့် ရပိုင်ခွင့်များ ဆုံးရှုံးနေသော ကျွန်မတို့လူမျိုးနှင့် နိုင်ငံအကြောင်းက စိတ်ထဲတိုးဝင်လာသည် .. ။ ရတဲ့အတိုင်းအတာထဲကနေ အားလုံး အိပ်ရေးပျက် ၊ အလုပ်တွေပျက်ပြီး ရသလောက်လေး စီစဉ်ခဲ့တဲ့ စာပေအနုပညာပြပွဲကို တနင်္ဂနွေနေ့ ညနေ ၄နာရီလောက်မှာ ကျွန်မ အားပေးမှုနဲ့အတူ ရောက်ရှိသွားပါတယ် .. ။

မျှော်လင့်ခြင်းခန်းမအလယ်မှာ ရှင်သန်ခြင်းသစ်ပင်ကို စိုက်ထူထားပြီး အဲဒီသစ်ပင်မှာ ပြည်သူလူထုရဲ့ ဆန္ဒတွေကို ကဒ်ကလေးတွေနဲ့ ကိုယ်စီရေးသားချိတ်ဆွဲထားပါတယ် .. ။










Dr Chee Soon Juan From SDP


Boguslaw Mcrun Maferwslei,Ambassader ,
Embassy of the Republic of Polan




Paul Brom,Director of Political Affairs,
British High Commisioning


Paul Brom,Director of Political Affairs,British High Commisioning
and Singapore MP Ms Irene Ng




ဒီအခမ်းအနားအတွက် အချိန် ၊ ငွေ နှင့် လူအင်အားများဖြင့် ဖြစ်မြောက်အောင် လုပ်ဆောင်ပေးခဲ့သော OBP အဖွဲ့သားအားလုံးကို လှိုက်လှဲစွာ ကျေးဇူးတင်ရှိမိပါတယ် .. ။

Read More...

Friday, December 07, 2007

ညီရဲ့လားဟေ့(ကိုမျိုးချစ်မြန်မာ)



အကိုမျိုးချစ်မြန်မာရဲ့ သေသေချာချာလေးရေးစပ်သီဆိုထားတဲ့ သီချင်းလေးတစ်ပုဒ်ပါ။ ဒီသီချင်းက အရင်သီချင်းနဲ့မတူဘဲ တစ်မူထူးခြားကောင်းမွန်တဲ့ သီချင်းလေးတစ်ပုဒ်ပါပဲ။ ဒီသီချင်းတစ်ပုဒ်ဖြစ်လာဖို့အတွက် အချိန်ကုန်ခံ ၊ ခေါင်းစားခံ ၊ ပင်ပန်းခံပြီး ရေးစပ်သီဆိုခဲ့တဲ့ ကိုမျိုးချစ်ကို ကျေးဇူးအများကြီးတင်ရှိပါတယ်။ အားလုံးနားဆင်ကြည့်ကြပါ .. ။

Download Song



Read More...