Saturday, December 29, 2007

မျိုးမစစ်တို့ဖျော်ဖြေပွဲ





စည်းလုံးကြပါ

2008 Jan 2 ရက်နေ့တွင် စင်္ကာပူနိုင်ငံ မြန်မာသံရုံးမှ Mandarin Hotel, Orchard တွင်ပြုလုပ်မည့် လွတ်လပ် ရေးနေ့ အထိမ်းအမှတ် ကပွဲ၌ Poly ကျောင်းသားဟောင်း/သစ်များ အပါအ၀င် န အ ဖ ကပ်ဖား ယပ်ဖား အောက်ဆွဲများ၊ မျိုးချစ်စိတ် ကင်းမဲ့သူများ ဖျော်ဖြေကပြ အသုံးတော်ခံရန် ရှိပါသည်။

န အ ဖ များကို ကပြဖျော်ဖြေမည့် အက၀ါသနာရှင်များ စက်တင်ဘာအရေးအခင်း အပါအ၀င် အရေးအခင်း တိုင်း မှာ ကျဆုံးသွားခဲ့သော ရဟန်း၊ ရှင်လူ ပြည်သူတွေရဲ့ စွန့်လွှတ်အနစ်နာခံမှု၊ု န အ ဖ စစ်အာဏာရှင်တွေ ရဲ့ ရက်စက်ယုတ်မာမှုကို ဘယ်တော့မှမမေ့ပါနဲ့။

လူတွေအကုန်လုံး ကြေကွဲစွာ ခံစားနေရချိန်မှာ န အ ဖ လို ကျက်သရေ တစ်စက်မှ မရှိတဲ့ လူ့မိစ္ဆာတွေရဲ့ဖျော် ဖြေခိုင်းမှုကို လက်ခံခြင်းမှာ န အ ဖ ၏လုပ်ရပ်တွေကို ထောက်ခံနေတာနဲ့ အတူတူပါပဲ။

ဒီတော့ မိမိတို့ဟာ ဘာလဲ။ န အ ဖ အောက်ဆွဲတွေလား။ ဒါဆိုရင်လည်း ရှင်းပါတယ်။ ဒါမှ မဟုတ်ဘူးဆိုရင် တော့ မိမိတို့ ဘာလုပ်သင့်တယ်ဆိုတာ အချိန်မနှောင်းခင် သေသေချာချာစဉ်းစားဆုံးဖြတ်ပါ။ လူ့အသိုင်းအ၀ိုင်း က စက်ဆုတ်ရွံရှာရတဲ့သူ မဖြစ်ပါစေနဲ့။

န အ ဖ စစ်အာဏာရှင်အုပ်စုတွေရဲ့ ဒီပွဲကို မပျက်ပျက်အောင် ဖျက်ဖို့ ၊နအဖစစ်အာဏာရှင်အုပ်စုကိုမထောက် ခံကြောင်း ပြသဖို့အတွက် လွတ်လပ်ရေးနေ့ တိုက်ပွဲအနေနဲ့ မျိုးချစ်စိတ်ရှိသူတိုင်း မိမိတတ်နိုင်ရာနေရာကနေ ပါဝင်ဆောင်ရွက်ကြပါ။ မိမိဝန်း ကျင်မှာ ရှိသောလူများ ထိုဖျော်ဖြေပွဲကို တက်ရောက်ဖို့အစီစဉ်ရှိပါက မတက်ရောက်ဖို့ ၊ ပါဝင် ဆောင်ရွက်ခြင်း မပြုကြဖို့ အချင်းချင်း လက်ဆင့်ကမ်း တိုက်တွန်းပေးကြပါ။

ဖိတ်ကြားထားခံရသော စီးပွားရေးလုပ်ငန်းရှင်များ ၊ ကျောင်းသူကျောင်းသားများ မျိုးချစ်စိတ်ဓါတ် ရှိတယ်ဆိုရင် မထောက်ခံကြောင်းဆန္ဒပြသောအနေနဲ့ မတက်ရောက်ကြပါနဲ့။ အားလုံးဟာ တစ်သွေးတစ်သားတည်း ၊ စည်းလုံးမှုရှိကြောင်း ပြကြဖို့ တိုက်တွန်းနှိုးဆော်လိုက်ပါတယ်။

စစ်အာဏာရှင်ကိုဆန့်ကျင်သူများ

1 comments:

မောင်တင်ယု said...

ပြတ်ပြတ်သားသား စည်းခြားသင့်ပြီ။

န၀တနဲ့ စစ်အာဏာရှင်စံနစ်ကိုထောက်ခံသောသူတွေနဲ့ 
ဒီမိုကရေစီဘက်တော်သားတွေဆိုတာ၊
ပြတ်ပြတ်သားသား စည်းခြားသင့်ပြီး၊
ဝိုင်းဝန်းပြီးတော့ လုပ်ဆောင်ပေးကြပါလို့တောင်းပြင်းပြင်းထန်ထန်တောင်းဆိုပါတယ်၊ ပြည်တွင်းမှာသော်၎င်း၊ ပြည်ပမှာသော်၎င်း
န၀တကျင်းပသော လွတ်လပ်ရေးပွဲကို တက်ရောက်ကျသော အလွှာအသီးသီးကလူတွေကို ဓါတ်ပုံရိုက်ပြီးတော့စာရင်းစုကာကြေငြာသင့်ပါတယ်၊
(နံမည်၊နေရပ်၊ဓါတ်ပုံ၊မိဘ)

ဒီထက်ပိုပြီးတော.
့ရဟန်းရှင်လူအပေါင်း၊ ပြည်သူအပေါင်း၊အလုပ်သမား၊လယ်သမား၊အတတ်
ပညာရှင်၊အသိပညာရှင်၊
ကျောင်းသားတွေနဲ့ တိုင်းပြည်ကိုချစ်သော တပ်မတော်သားအားလုံး ပြတ်ပြတ်သားသား ပြည်တွင်းတွင်ခေါ်ဆောင်နေသော January 4,2008 ဒီမိုကရေစီတိုက်ပွဲဖေါ်ဆောင်မှူ့ အောက်တွင် ရပ်ကြရန်နှင့် စစ်အာဏာရှင်စံနစ်နှင့် အာဏာရှင်အားအပြီးသက်ကြပါစို့ ။

ဒီမိုကရေစီနဲ့ လွတ်လပ်သော၊တရားမျှတသော၊ညီမျှသော၊ တန်းတူသော၊အခွင့်ရေးများရှိပြီးတော့၊ပြည်သူကတင်မြောက်သောအစိုးရတစ်ရပ်ပေါ်ပေါက်ရန်အပြည့် အ၀တာဝန်ရှိသောသူမှာဗမာနိုင်ငံတွင်နေထိုင်ကြသော ဗမာနိုင်ငံသားအားလုံးတာဝန်ပါလို့ ထပ် လောင်းတိုက်တိုက်တွန်းတွန်းပြောပါရစေ၊

Post a Comment

အကြံပြု comment ၀င်ရေးပေးတဲ့အတွက် လှိုက်လှဲစွာ ကျေးဇူးတင်ရှိပါတယ်ရှင် ။ မဖွယ်မရာ စကားများ ၊ ဆဲဆိုခြင်းများ ၊ ပေါကြောင်ကြောင်စကားများ ၊ တစ်စုံတစ်ဦး၏ ကိုယ်ကျင့်တရားသိက္ခာကို ထိခိုက်စေသော စကားများ ဖြစ်ပါက ထို comment များကို လက်ခံမည်မဟုတ်ကြောင်း လေးစားစွာ အသိပေးအပ်ပါတယ်ရှင် ။ အလည်လာရောက် အကြံပြုရေးသားခြင်းများအတွက် ကျေးဇူးတင်ပါတယ် ။ စာများ ရှင်းလင်းစွာ မြင်ရဖို့အတွက် Space များ ထည့်ရိုက်ပေးကြပါရှင်။