Thursday, September 28, 2006

အနှိုင်းမဲ့အမေသို့

နှစ်ပေါင်းများစွာ အကျဉ်းစံအိမ်တစ်နေရာမှာ အခုချိန်ဆို အမေနေရထိုင်ရအဆင်ပြေရဲ့လား.. အပြာရောင် ကောင်းကင်ကြီးအောက်မှာ အများအတွက် မိမိဘ၀ကိုစွန့်လွှတ်ထားတဲ့ အမေအတွက် အမှန်တရားဆိုတာ ရှိသေးရဲ့လားအမေ… မိန်းမသားဆိုပေမယ့် ပြိုင်စံရှားတဲ့စိတ်ဓါတ်နဲ့ အရာအားလုံးကို ကြံ့ကြံ့ခံရင်ဆိုင်နိုင်တဲ့ အမေနေရောကောင်းရဲ့လား.. အမေအကျဉ်းချခံထားရတဲ့နေရာက လူဘီလူးတွေထက်ဆိုးတဲ့ မကောင်းဆိုးဝါး လူယုတ်မာတွေအများကြီးစုနေတဲ့ ကဝေနန်းတော်ကြီးပဲအမေ… ကဝေတွေစုစည်းတဲ့နေရာမှာ အမေဘယ်လိုများ စိတ်ပင်ပန်းနေမှာလည်း.. အမေတတ်ထားတဲ့ ပညာရပ်တွေအားလုံးက အကျဉ်းစံမှာပဲ ချုပ်ငြိမ်းရတော့မှာလား.. မိသားစုတကွဲတပြားနဲ့ ဘ၀မှာ ငြိမ်းချမ်းရေးနဲ့သာ တိုက်ပွဲဝင်နေတဲ့ အမေ့စိတ်ဓါတ်ကို ကမ္ဘာက ပြည်သူအပေါင်းက လေးစားဂုဏ်ယူနေပါတယ်အမေ…. မိမိအသက်ကို ပဓာနမထား ၊ အမှန်တရားနဲ့ ဖြစ်သင့်တာကို ယုံယုံကြည်ကြည်လမ်းလျှောက်နေတဲ့ အမေ့အတွက် အေးချမ်းတဲ့အဆောင်တစ်ခု ဘယ်တော့မှ ရလာမှာလည်း…. ကိုယ့်ဘာသာကိုယ် ဖန်တီးကြိုးစားယူရမယ့် ဒီတိုက်ပွဲမှာ အမေဆုံးမထားခဲ့တဲ့စကားတွေအတိုငး ဘယ်နှစ်ယောက်ကများ လိုက်နာကျင့်သုံးမှာလည်း.. နောက်ကျောဓါးထိုးမှုနဲ့ သစ္စာမဲ့ လူလိမ်များတဲ့ခေတ်ရောက်နေချိန်မှာ ပြည်သူတွေအားလုံးအတွက် အေးချမ်းသော ဘ၀တစ်ခုရောက်ဖို့ သမီးတို့ခေတ်မှာ ပြောင်းနိုင်ပါ့မလား.. ရဲရင့်တည်ကြည်ယုံကြည်တဲ့ စိတ်ဓါတ်တွေ အပြည့်ရှင်သန်နေပေမယ့် ရံဖန်ရံခါတွေးမိတယ်အမေ…. အပြင်က လူတွေအကြောင်း အပြင်ကလူတွေပိုသိသလို အထဲကလူတွေအကြောင်း အထဲကလူတွေခံစားနေရတာ ပိုသိပါတယ်အမေ… ယုံကြည်ချက်နဲ့ အများအတွက် ပြင်းပြင်းထန်ထန်တိုက်ပွဲဝင်နေချိန်မှာ သာပေါင်းညာစားတွေလည်း ဒုနဲ့ဒေးပဲအမေ… မိမိဘ၀တစ်ခုအတွက် အခြားသောသူများအားလုံး ဘ၀ကိုစတေးထားတာကို စားဝင်အိပ်ပျော်တဲ့ လူတန်းစားတွေကြားမှာ သမီးတို့အမှန်တရားရဲရဲ ထွန်းလင်းနိုင်အောင် အသက်ရှင်နေသမျှ ကြိုးစားသွားမှာတော့ သစ္စာပြုရဲပါတယ်အမေ…. ပျော်ပျော်နေ ဘ၀ကိုရေစုန်မျှောနေတဲ့ လူတွေကြား ဖြစ်ပျက်ခဲ့တဲ့ သမိုင်းကြောင်းကိုတော့ ဘယ်တော့မှမဖျောက်ပေးနိုင်ဘူးအမေ. သမိုင်းကို ပြောင်းလဲဖို့ကြိုးစားနေကြပေမယ့် ခံယူချက်နဲ့ယုံကြည်ချက်ပြင်းသူတွေကတော့ အသက်ရှင်နေသမျှ လက်ဆင့်ကမ်းအမွေပေးသွားနေမှာပဲ…. နှစ်တွေလည်းကြာခဲ့ပြီ… အချိန်တွေလည်း ပြောင်းလာပြီ.. အရေးတော်ပုံလည်း နီးကပ်လာခဲ့ပြီ.. စိတ်ဓါတ်အင်အားတွေ အမေပင်ပန်းနေမှာ ကိုယ်ချင်းစာ မြင်ယောင်မိပါတယ်.. ဒါပေမယ့်အမေ သူရဲကောင်းဆိုတာ လဲကျချိန်မှာပြန်ထနိုင်မှ ခေါ်ပိုင်ခွင့်ရှိတယ်.. အရှုံးတွေထဲက အမြတ်ကို တရားမျှမျှတတပြန်ယူနိုင်ရမယ်… အမေလုပ်ခဲ့တဲ့အရာတွေ ၊ အမေအတွေးအခေါ်တွေနောက်မှာ လိုက်နာမယ့် အစွမ်းကုန်ဖြည့်ဆည်းကြိုးစားမယ့် မြန်မာလူမျိုးအရေအတွက်က မလိုက်နာမယ့်အရေအတွက်လောက်မရှိခဲ့ရင်တောင် နောက်ဆုံးအချိန်ထိ ရသောနေရာက ဆက်လက်တိုက်ပွဲဝင်ပေးသွားမယ်အမေ… ပင်ပန်းနေပြီဖြစ်တဲ့အမေအတွက် အေးချမ်းသောတစ်နေရာ ပေးစွမ်းချင်ပါတယ်အမေ… ဘာသာတရားကို ရိုသေကိုင်းရှိုင်းတဲ့အမေအတွက် နတ်ကောင်းနတ်မြတ်တွေနဲ့ မြတ်စွာဘုရားရှင်စောင့်ရှောက်မှာပါ.. တစ်နေကုန်လို့ တစ်နေ့ပြောင်းပြန်ပြီအမေ.. အမေကို နောက်တစ်ခါပြန်မြင်ရဖို့ စောင့်ဆိုင်းနေတဲ့ ပြည်သူလူထုသားသမီးတွေလည်း သွေးမျက်ရည်တွေ မြေပေါ်ခနေခဲ့ပြီ…. အမေကျန်းမာရွှင်လန်းပါစေ..။။။

Read More...

Wednesday, September 27, 2006

ရင်ဘတ်ထဲကစကားများ (၂)

™ Cuteberries.com - Cartoon Dolls, Cute Disney Graphics, Saniro Graphics, Myspace Pictures, Myspace Codes, Myspace Layouts, Myspace goodies, Myspace stuff and more ! ™

လွန်ခဲ့တဲ့နှစ်ပေါင်းများစွာ ကျွန်မတို့အဖေလက်ထက်တုန်းက အချိန်လေးတစ်ခုကို စာတွေဖတ် သူတို့ပြောတာ နားထောင်ရင်း ပြန်လည်တွေးမိပါတယ်.. ကျွန်မတို့မြန်မာနိုင်ငံက အလွန်ကို သယံဇာတပေါကြွယ်ဝပြီး ရိုးရာယဉ်ကျေးမှုကို ထိန်းသိမ်းတဲ့နိုင်ငံတစ်နိုင်ငံဖြစ်ခဲ့ပါတယ်… အလှူအတန်းတွေ ခြိမ့်ခြိမ့်သဲအောင်ကျင်းပပြီး အစာရေစာပေါကြွယ်ဝတဲ့ စိတ်ချမ်းသာကိုယ်ချမ်းသာ လူတိုင်းနေနိုင်တဲ့နိုင်ငံတစ်နိုင်ငံပါ.. အခုအခြေအနေနဲ့ နှိုင်းယှဉ်ကြည့်မယ်ဆိုရင်တော့ တကယ့်ကို မိုးနဲ့မြေပါပဲရှင်… လွတ်လပ်ရေးကို တိုက်ပွဲဝင်ခဲ့တုန်းက မြန်မာ ဗမာလူမျိုးတွေက သိပ်ကိုသွေးစည်းညီညွတ်ခဲ့ကြတယ်… သွေးမျက်ရည်နဲ့ အသက်သွေးတွေသာ မြေပေါ် ကျခဲ့တယ်.. ဒူးမထောက်ခဲ့တဲ့ သတ္တိရှင်တွေပါ… အခုအခြေအနေနဲ့ နှိုင်းမယ်ဆိုရင် နအဖက ဖျက်ဆီးခဲ့လို့ အကျင့်စာရိတ္တတွေလည်း ချို့ယွင်း ၊ လူတွေလည်း အကုန်အလဲလဲဖြစ်ခဲ့ရတယ်… ဂုတ်သွေးအချင်းချင်း ပြန်စုပ်နေကြတာတွေကို မြင်ယောင်နေရတိုင်း စိတ်မချမ်းမသာဖြစ်ခဲ့၇တယ်… ဘာသာတရား ကိုင်းရှိုင်းတဲ့ မန္တလေးမြို့တော်က အခုဆိုရင် မတရားသောနည်းလမ်းများနှင့် အသက်မွေးဝမ်းကြောင်းပြုနေတဲ့ တိုင်းတပါးသားများက လက်ဝါးကြီးအုပ်ထားပြီး မြန်မာလူမျိုးနဲ့ ဘုန်းကြီးအများစုက ဘေးရောက်နေကြပါတယ်.. မြန်မာနိုင်ငံက ပွဲလမ်းသဘင်များပြီး ချစ်ဖို့ကောင်းသော ဓလေ့များပိုင်ဆိုင်ထားသော နိုင်ငံတစ်နိုင်ငံပါ… ရှေ့ဆောင်နွားလားဖြောင့်ဖြောင့်သွားမှ နောက်ကနွားလားဖြောင့်ဖြောင့်လိုက်မယ်ဆိုတဲ့အတိုင်း အရှေ့က လူကြီးတွေက လူမဆန်အောင်ကျင့်သုံးနေတော့ ပြည်သူတွေစိတ်တွေလည်း ညစ်နွမ်းခဲ့ရပါတယ်… အရင်က ပွဲလမ်းသဘင်တွေဆိုရင် စည်ကားသိုက်မြိုက်စွာကျင်းပလေ့ရှိကြပါတယ်.. အခုတော့ ဘယ်ပွဲတော်မှ စည်ကားခြင်းမရှိသလို အားလုံးကလည်း ကျင်းပနိုင်ခြင်းမရှိတော့ဘူး.. သင်္ကြန်ဆိုရင် ရေလောင်းဖို့နေနေသာသာ ကိုယ့်အိမ်ထဲက ရေစည်မှာ ရေပြည့်ဖို့ပဲကြိုးစားနေရတယ်.. သီတင်းကျွတ်မှာ သူ့အိမ်ငါ့အိမ်အပြိုင်အဆိုင် မိဘတွေကို မကန်တော့နိုင်တော့ပါဘူး.. စပါးပေါ်လို့ ရွှေငွေသီးအောင် ကျေးလက်တောသားတွေ မ၀တ်ဆင်နိုင်တော့ပါဘူး… စီးပွားရေးက သုညထိ ဆိုးရွားလာတော့ ဘာသာရေးဘက်မှာလည်း အားနည်းလာကြတယ်.. စီးပွားကိုပဲ ကုန်းရုန်းရှာနေရတော့ ကျန်တဲ့ဘက်တွေ အားနည်းလာတယ်.. စစ်အာဏာရှင်က ထမင်းဝအောင်မကျွေးထားဘဲ ပြည်သူတွေကို ခွေးဖြစ်အောင် အာဏာမဖီဆန်နိုင်အောင် ဖန်တီးခဲ့ခြင်းပါပဲ… ပြည်တွင်းမှာ မနေနိုင်လို့ ပြည်ပထွက် ၀မ်းရေးအတွက် အလုပ်လုပ် ပညာသင်ကြားတော့ ပြန်လည်ခေါင်းပုံဖြတ်ပါတယ်.. နဖူးကချွေး မြေကြီးပေါ်ကျပြီး သူများ မျက်နှာကြည့် အလုပ်လုပ်နေရတဲ့ ပြည်ပက မြန်မာလူမျိုးတွေဘ၀ကိုမစာမနာ ၊ အမြတ်တော်ပုံထုတ်လိုက်ရင်လည်း တနင့်တပိုးကြီးပါပဲ.. မြန်မာအမျိုးသမီးတွေဘ၀ကို ပြည့်တန်ဆာဖြစ်အောင် ဖန်တီးနေကြတဲ့အပြင် ခေတ်လူငယ်တွေစိတ်ဓါတ်ကိုလည်း ဖျက်ဆီးနေကြတာတော့ ဘ၀ဆက်တိုင်း ဘယ်ဘုရားကမှ ခွင့်လွှတ်မှာမဟုတ်ပါဘူး… ကိုရီးယား မြန်မာချစ်ကြည်ရေး ဈေးရောင်းပွဲတော်လေးကို ကြည့်လိုက်ရပါတယ်.. ကစားနည်းတွေနဲ့ ရန်ပုံငွေရှာတယ်ဆိုလို့ ဘာများလည်း ကြည့်လိုက်မိပါတယ်.. ယောက်ျားကြီးတစ်ယောက်က ပူဖောင်းတွေကို သူ့ပေါင်ပေါ်တင်ထားပြီး အသက်၁၈နှစ် ၂၀နှစ်ခန့်ရှိတဲ့ မိန်းကလေးတွေကို အဲဒိပူဖောင်းပေါက်အောင် သူ့ပေါင်ပေါ်ကိုဖင်နဲ့တက်ဖိခိုင်းပါတယ်.. ကြည့်ရတဲ့ မြင်ကွင်းက အတော်ရုပ်ဆိုးတဲ့အပြင် ပြိုင်ပွဲဝင်နေတဲ့ မိန်းကလေးတွေကတော့ ဒါကိုမတွေးဘဲ ရီမောနေတာကိုကြည့်ရင်း သက်ပြင်းချမိပါတယ်.. ကစားစရာရှားလို့ ယောက်ျားပေါင်ပေါ် မိန်းကလေးကနောက်ပြန်တက်ရလား… ကျွန်မ အထက်တန်းတက်တုန်းက ခေတ်ဆန်ဆန်တော့ဝတ်ပါတယ်.. ဒါပေမယ့် ယောက်ျားသားတွေနဲ့ လမ်းတောင် ၂ယောက်တည်းယှဉ်မသွားဘူး.. ကိုယ်ကလိပ်ပြာသန့်ရင်တောင်သူများက တမျိုးထင်မှာပဲ.. အခုလည်း ပြည်ပရောက်လည်း ဒီအတိုင်းပဲ… အခုတော့ မြန်မာပြည်ရဲ့မြင်ကွင်းတွေကိုကြည့်ရင်း ပါးစပ်ပါ ပိတ်မရအောင်အံ့သြမိပါတယ်… ကာရာအိုကေခန်းမတွေမှာ အလုပ်လုပ်တဲ့ မိန်းကလေးဦးရေ များလာတယ်ဆိုတာ နိုင်ငံရဲ့ အခြေအနေကို မီးမောင်းထိုးပြနေသလိုပါပဲ… နောက် ကလေးတွေကို ငယ်စဉ်ကတည်းက ကိုယ်ပိုင်အတွေးအခေါ်တွေ ပျောက်ဆုံးအောင်၊ တီထွင်ကြံဆစိတ်တွေ မရှိအောင် ရိုက်ချိုးခဲ့တဲ့ ပညာရေးစနစ်ကလည်း သိပ်ကိုစိတ်ပျက်ဖွယ်ကောင်းပါတယ်.. ခေတ်ဆိုတာ ရေစီးကြောင်းအတိုင်း သွားတယ်ဆိုတာ မှန်ပါတယ်.. ဒါပေမယ့် ခေတ်မှီတာမဟုတ်ဘဲ ခေတ်ပျက်နေတဲ့ ကျွန်မတို့ သိပ်ချစ်ရသော မြန်မာပြည်ကို ပြန်လည်သုံးသပ်ဝေဖန်ကြိုးစားဖို့ ဒီတစ်ခေတ်မှာမှ မလုပ်နိုင်ရင် ဘယ်သူက ထမ်းဆောင်မှာလည်း.. ကျွန်မတို့ခေတ်မှာ ပြောင်းကိုပြောင်းရမယ်ဆိုတာ လူငယ်အားလုံး ဆုံးဖြတ်ချက် ချထားသင့်ပါတယ်..

Read More...

Tuesday, September 26, 2006

ကျေးဇူးတင်လွှာ

™ Cuteberries.com - Cartoon Dolls, Cute Disney Graphics, Saniro Graphics, Myspace Pictures, Myspace Codes, Myspace Layouts, Myspace goodies, Myspace stuff and more ! ™

ကျွန်မ စာတွေပဲစွတ်ရေးနေခဲ့တာ ကျေးဇူးတင်ထိုက်သူတွေကို စာတစ်လုံးမှ မရေးရသေးဘူး.. ပထမဦးဆုံး ကျေးဇူးတင်ချင်တာက ကျွန်မကို ဒီလောကထဲမှာ အမှန်တရားကိုချစ်မြတ်နိုးပြီး သူများလက်အောက်မှာ အညံ့မခံတတ်တဲ့ မိန်းကလေးတစ်ယောက်ဖြစ်အောင် စည်းကမ်းတွေမြောက်များစွာနဲ့ တင်းတင်းကျပ်ကျပ် လေ့ကျင့်ပေးခဲ့တဲ့ ဖေဖေနဲ့မေမေကို ကျေးဇူးဂါဝရတင်ပါရစေ.. ဒုတိယ ကျေးဇူးတင်ချင်တာက ကျွန်မနာမည်ကို ဘယ်သူမှသတိမထားမိခင်ကတည်းက ပထမဦးဆုံးအားပေးခဲ့ကြတဲ့ ပင်လုံဂျီတီစီမှ ကိုကြီးဟန် ၊ မမနတ်သမီးငယ် ၊ ကိုအောင်သူမိုး ၊ ကိုမင်းလွင်တို့ပါ.. တောင်ကိုရီးယားမှ ကိုနေမင်း ( ksm ) ။ ဟန်နီချို ၊ ကိုချစ်ဦးကို ၊ Zero Boyz ၊ ဆုလှိုင် ၊ မမပစ်ဂီ ၊ သြဇီမှ အချစ်ဆုံးသူငယ်ချင်းဆွိတို့အားလုံးကိုလည်း ကျေးဇူးအထူးတင်ရှိပါတယ်.. ကျွန်မစာတွေကို ဖတ်ပြီး အမြဲတမ်းဝေဖန်မှတ်ချက်မေးလ်ပို့ပေးလေ့ရှိတဲ့ မေးလ်နဲ့ခင်သော သူငယ်ချင်းများအားလုံးကိုလည်းကျေးဇူးတင်ရှိပါတယ်.. မြန်မာချတ်နှင့် ပလန်းနက် တီးရှော့မှ အားပေးကြသော မောင်နှမမိတ်ဆွေအားလုံးကိုလည်း ကျေးဇူးအထူးတင်ရှိပါတယ်.. ဘလော့ခ်ကိုပုံမှန်ဝင်ဖတ်သေးသော သူများအားလုံးနှင့် ကိုချို ၊ ကိုသက်နိုင် ၊ 7monkeys group ၊ ကိုချမ်းမြစိုးတို့အားလုံးအပါအ၀င် မြန်မာဘလော့ခ်ဂါများအားလုံး ၊ လမ်းကြုံဝင်ဖတ်ပေးကြသော ၊ ကျွန်မကို လမ်းမမှားအောင် အမြဲတမ်းထိန်းသိမ်းဆုံးမသော မွေးစားမောင်နှမများအားလုံးကိုလည်း ကျေးဇူးတင်ရှိပါတယ်.. သတင်းဌာနမှ ကျွန်မနှင့်သိသော မိတ်ဆွေများအားလုံးကိုလည်း ကျေးဇူးတင်ရှိပါတယ်.. ရေးခဲ့သောစာများ ဖော်ပြပေးခြင်းပြုခဲ့သော ချယ်ရီသစ္စာနှင့် သံလွင်အိပ်မက် ၊ မြန်မာပြည်သားတို့မှ အယ်ဒီတာများကိုလည်း ကျေးဇူးအထူးတင်ရှိပါတယ်…. စင်ကာပူနိုင်ငံရှိ ပေါ်လီကျောင်းမှ အားပေးသော မိတ်ဆွေများအားလုံးကိုလည်း ကျေးဇူးအထူးတင်ရှိပါတယ်…. မဆက်သွယ်ပေမယ့် ရေးခဲ့သမျှစာအားလုံးကို ဖတ်ပေးသောသူများအားလုံးကိုလည်း ဒီစာမျက်နှာပေါ်ကနေ ကျေးဇူးအထူးတင်ရှိကြောင်း………

Read More...

Monday, September 25, 2006

အစာငတ်ခံဆန္ဒပြနေကြသောအဖွဲ့များ

သတင်းတစ်ခုပါ.. အမေရိကန်ပြည်ထောင်စုမှာရှိတဲ့ မြန်မာရဲဘော်များက စက်တင်ဘာ (၄)ရက်နေ့မှစပြီး ၀ါရှင်တန်ဒီစီမြို့ရှိ တရုပ်သံရုံး မြန်မာသံရုံး အိန္ဒိယသံရုံးရှေ့နှင့် နယူးယောက်မြို့ရှိ ကမ္ဘာ့ကုလသမဂ္ဂ
ဌာနချုပ်တို့ရှေ့မှာ ၁၈နှစ်တာ ကာလအတွင်း ပြည်သူများငတ်မွတ်ခေါင်းပါးခြင်း ၊ သတ်ဖြတ်နှိပ်စက်ခံရခြင်း ၊ ရောဂါဆိုးများခံစားရခြင်းကို ရည်စူးပြီး ၁၈ရက်ခန့် အစာငတ်ခံဆန္ဒပြခဲ့ကြတာ ၂၂ရက်နေ့မှာ ၁၈ရက်တင်းတင်း ပြည့်သွားပြီဖြစ်ပါတယ်.. သူတို့ အစာငတ်ခံနေတဲ့ ၁၈ရက်အတွင်းမှာ တရုပ်သံရုံး ၊ မြန်မာသံရုံး ၊ အိန္ဒိယသံရုံးတို့အား မေတ္တာရပ်ခံစာတွေပေးပို့ခြင်း ၊ ကောင်စစ်ဝန် သံရုံးတာဝန်ခံများနှင့် တွေ့ဆုံပြီး မြန်မာပြည် လူ့အခွင့်အရေးအဖြစ်မှန်တွေကို ရှင်းပြခွင့်ရခြင်း ၊ ကုလသမဂ္ဂအထွေထွေအတွေးရေးမှုးထံသို့ စာများပို့နိုင်ခြင်းတို့ ပြုလုပ်နိုင်ခဲ့ကြောင်းကြားသိရပါတယ်…

သူတို့အားလုံးတောင်းဆိုချက်များကတော့

၁)ကမ္ဘာ့ကုလသမဂ္ဂလုံခြုံရေးကောင်စီမှ မြန်မာနိုင်ငံအရေးကို တရားဝင်အကြောင်းအရာဖြစ်ဆွေးနွေးရန်

၂)ကုလသမဂ္ဂအထူးသံတမန်အဖွဲ့ကို မြန်မာပြည်သို့စေလွှတ်ပြီး ထိုကိုယ်စားလှယ်အဖွဲ့မှ ဒေါ်အောင်ဆန်းစုကြည်အပါအ၀င် နိုင်ငံရေးအကျဉ်းသားများအားလုံးကို စေလွှတ်ပေးရန် ထိရောက်စွာ ဆွေးနွေးရန်။

၃)နအဖမှ NLD နှင့်တွေ့ဆုံဆွေးနွေးရန် ထိရောက်စွာဆောင်ရွက်ပေးရန်

၎)နအဖမှ ကျူးလွန်ခဲ့သော ဒီပဲယင်းအရေးအခင်းနှင့်တကွ တခြားမတရားသတ်ဖြတ်မှုများကို တရားဥပဒေစိုးမိုးရေးအတွက် ထိရောက်စွာစုံစမ်းအရေးယူပေးပါရန်။

၅)တိုင်းရင်းသားနယ်မြေများတွင် နအဖထိုးစစ်များနှင့် အခြားသောလူ့အခွင့်အရေးချိုးဖောက်မှုများ ရပ်စဲအောင် ဆောင်ရွက်ပေးရန်ဖြစ်ပါတယ်။

ကမ္ဘာအရပ်ရပ်မှ လူ့အခွင့်အရေးကိုလိုလားသော မြန်မာလူမျိုးများနှင့် NLD ကြိုးပမ်းမှုများကြောင့် လုံခြုံရေးကောင်စီမှ မြန်မာပြည်အရေး ဆွေးနွေးရန်ဆုံးဖြတ်ချက်ကို မြန်မာလူမျိုးများနှင့် NLD အဖွဲ့ဝင်များအားလုံးက လှိုက်လှဲစွာကြိုဆိုထောက်ခံအားပေးခဲ့ပါတယ်။

ကျန်တဲ့အချက်များကို လုံခြုံရေးကောင်စီမှ ဆက်လက်ဆောင်ရွက်ရန်အတွက် အမေရိကမှ မြန်မာရဲဘော်အဖွဲ့ဝင်များက နောက်ထပ် (၉)ရက် အစာငတ်ခံ ဆန္ဒပြဖို့ အောက်တိုဘာ ၁ရက်နေ့ထိ ထပ်မံတိုးမြှင့်လိုက်ပါပြီ။ သူတို့အားလုံးရဲ့ မလျှော့သောလုံ့လတို့ဖြင့် ကြိုးစားမှုများကို ဖတ်နေတဲ့ ကျွန်မ လက်ချောင်းလေးတောင် တုန်ချင်လာတယ်.. တကယ်ကို မဖော်ပြနိုင်တဲ့ လေးစားမှုနဲ့ ကျေးဇူးတင်ရှိသလို ဂုဏ်ယူမိပါတယ်… ကြားသိရသူအားလုံးကလည်း ကျွန်မလိုခံစားရမယ်လို့မျှော်လင့်ပါတယ်..

သူတို့တွေရဲ့ကြိုးပမ်းမှုကို ABSDF မှအဖွဲ့ဝင်အားလုံးက ဂုဏ်ပြုသ၀ဏ်လွှာပေးပို့ခဲ့ပြီး အားပေးစကားများနှင့်အတူ ရဲဝံ့တက်ကြွသောစကားများဖြင့် စိတ်ဓါတ်ခွန်အားကို ဖြည့်ဆည်းပေးခဲ့ပါတယ်.. သ၀ဏ်လွှာကိုဖတ်ပြီးချိန်မှာလည်း ရင်ထဲလေးနက်တဲ့ခံစားချက်တစ်ချို့ ၀င်ရောက်လာခဲ့ပါတယ်.. ဒီလိုကြိုးပမ်းမှုများနှင့် ကူညီအားပေးမှုတွေသာ မရှိရင် စိတ်ဓါတ်အနည်းငယ် ကျဆင်းမိကြမှာပါ.. အခုလို စည်းလုံးစွာ အရေးတော်ပုံအတွက် လက်တွဲနေကြတာ တကယ်ကိုအားရ၀မ်းသာဖြစ်မိပါတယ်.. ဒီလိုမျိုး မြင်ကွင်းတွေကို နအဖဘက်ကနေ နာနေတဲ့ ကန်းနေတဲ့လူတွေကို မြင်စေချင်စမ်းပါဘိ…..

Read More...

သိုးမည်းအဖြစ်ကဲ့ရဲ့သဂြိုလ်မခံလိုလျင်

ဒီဆောင်းပါးက ခေတ်ပြိုင်ဂျာနယ်ကပါ… ရေးသားသူဆိုလိုရင်းကို တိုက်ရိုက်ထိသလို စာဖတ်သူအတွက်လည်း အတွေးကောင်းများ ရရှိနိုင်ပါတယ်… ခေတ်ပြိုင်ဆိုဒ်ကို ဘန်းထားလို့ဝင်မရသူများအတွက် အောက်ပါဖိုင်ကို ဒေါင်းလော့ခ်ဆွဲဖတ်ယူနိုင်ပါတယ်… ပြည်ပမှ မဖတ်ရသေးသူများကတော တိုက်ရိုက်လင့်ခ်ကိုသွားရောက်နိုင်ပါတယ်… ဗိုလ်ချုပ်ကြီးတို့အနေနှင့် လုံခြုံရေးကောင်စီကို ဆန့်ကျင်မည်ဆိုပါက ပြည်တွင်းစစ်ကို ဖန်တီးမှုနှင့်သူ တူနေပါလိမ့်မယ်ဆိုတာကို ဒီဆောင်းပါးမှာ ရေးသားထားတာ အကြိုက်ဆုံးပါ..

Direct Link From Khit Pyaing

Click here For PDF File

Read More...

Saturday, September 23, 2006

အကယ်၍





ဒီပို့စ်ကတော့ သက်နိုင်ဘလော့ခ်ကနေ ယူထားတာပါ.. ယောက်ျားတွေဖြစ်ပြီး ယောက်ျားသတ္တိလည်းမရှိ ၊ သူများအလုပ်ကိုလည်း လိုက်နှောင့်ယှက်လွန်းသော ယောက်ျားမဆန်သောသူများနှင့် မိမိကိုယ်မိမိ ဝေဖန်သုံးသပ်သင့်သူများ ဖတ်သင့်ပါတယ်.. အသွေးထဲကို အားမာန်ပေးတဲ့ အမေစုစကားတွေကိုတင်ပေးတဲ့ သက်နိုင်ကိုလည်းကျေးဇူးတင်ပါတယ်……….
“အကယ်၍
မင်းအသိုင်းဝိုင်းက တုန်လှုပ် ခြောက်ခြားပြီး ဒါတွေဟာ မင်းကြောင့်လို့ ၀ိုင်းဝန်း အပြစ်တင်ကြတဲ့ အခါမင်းဟာ ခေါင်းအေးအေးနဲ့ ရင်ဆိုင်မယ်ဆိုရင်။

အကယ်၍
အားလုံးက မင်းကို မယုံသင်္ကာဖြစ်လာတဲ့အခါ သူတို့ကို နားလည် ခွင့်လွှတ်ရင်းနဲ့ မင်းကိုမင်း ယုံကြည်မယ်ဆိုရင်။

အကယ်၍
စောင့်သင့်တဲ့ အချိန်ကိုစောင့်ပြီး အဲဒီအတွက်လည်း မမောပန်းဘဲ နေနှိုင်မယ်ဆိုရင်။

ဒါမှမဟုတ်
မင်းရဲ့အကြောင်း မတရားမုသားစကား ကြားတဲ့အခါ မင်းကလည်း အလိမ်အညာ တွေနဲ့ ပြန်မတုန့်ပြန်ဘူးဆိုရင်။

ဒါမှမဟုတ်
မင်းကိုလူတကာက ၀ိုင်းမုန်းတီတဲ့အခါ မင်းဟာအမုန်းတွေ ပြန်မပွားဘူးဆိုရင်။

ပြီးတော့
မင်းကိုယ်မင်း လူတော်တယောက်ရယ်လို့ မမြင်ပဲ ပညာရှိစကားတွေကိုလည်း မလွန်ဆန်ဘူးဆိုရင်။

အကယ်၍
စိတ်ကူးယဉ် အိမ်မက်တွေဟာ မင်းအပေါ် မလွှမ်းမိုးစေပဲ တွေးခေါ်နိုင်မယ်ဆိုရင်။

အကယ်၍
အောင်မြင်မှုသုခနဲ့ ဆုံးရှုံးမှုဒုက္ခတွေကို ကြုံတွေရတဲ့အခါ တူညီသော လောကခံတရားပါးလားရယ်လို့ ခံယူထားနှိုင်မယ်ဆိုရင်။

အကယ်၍
မင်းရဲ့ အမှန်စကားတွေကို လူလိမ်လူညစ်တွေက လှည့်စားပြောင်းလဲပြီး မုသားအဖြစ် ထောင်ချောက်ဆင် ညစ်တဲ့အခါ မင်းဟာတည်ငြမ်စွာနဲ့ နာကြားနိုင်မယ်ဆိုရင်။

ဒါမှမဟုတ်
မင်းဘ၀တစ်ခုလုံးကိုပေးပြီး အရိပ်တကြည့်ကြည့် ဖြည့်ဆည်းခဲ့ရတဲ့ အရာရာကို ဖျက်ဆီးခံလိုက်ရပြီးတဲ့နောက်မှာ အင်မတန်မှ သေးငယ်လှတဲ့ တန်ဆာပလာအရာရာနဲ့ ပြန်လည်တည်ဆောက်နိုင်မယ်ဆိုရင်။

အကယ်၍
မင်းနိုင်ခဲ့သမျှတွေအားလုံးဟာ ကြွေတလက် ကြယ်တခုန်ပမာ တလည့်တခါတည်နဲ့ ဆုံးရှုံးသွားခဲ့ရင်။

ပြီးတော့
အစကနေ ပြန်စနိုင်မယ်ဆိုရင်။

ပြီးတော့တစ်ခါ
ဆိုးလှတဲ့ ကံကြမ္မာရယ်လို့ ဘယ်သောအခါမှ ညည်းညူမနေဘူးဆိုရင်။

အကယ်၍
သူများတကာလုပ်ပြီးသွားလို့ အချိန်အတော်ကြာမှ မင်းအလှည့်ရောက်လာတဲ့အခါ မင်းတယောက်တည်းနဲ့ပဲ အားနဲ့မာန်နဲ့ ဇွဲသတ္တိရှိရှိ ဆက်ကြိုးစားမယ်ဆိုရင်။

အဲဒီလိုပဲ
မင်းမှာစိတ်အားကလွဲလို့ ဘာဆိုဘာမှ မရှိတော့တဲ့အခါ အဲဒီစိတ်အားကို ခိုင်မာစွာနဲ့ပဲ ဆက်လက်ဆုပ်ကိုင်ထားနိုင်မယ်ဆိုရင်။

အကယ်၍
လူတွေနဲ့ထိတွေ့ ပြောဆိုဆက်ဆံတဲ့အခါ ကိုယ်ကျင့်သိက္ခာကို စောင့်ထိန်း နိုင်မယ်ဆိုရင်။

ဒါမှမဟုတ်
မင်းဧကရာဇ်တွေနဲ့ အတူလမ်းလျှောက်နေရပေမဲ့ မာန်မာနသွေမကြွဘူးဆိုရင်။

အကယ်၍
ရန်သူကဖြစ်စေ မိတ်ဆွေကဖြစ်စေ မင်းကိုသပ်ပြီးနာကျည်းအောင် မလုပ်နိုင်ရင်။

အကယ်၍
လူတိုင်းကိုတန်ဖိုးထားလေးစားရပေမယ့် စွဲလမ်းမှုသံယောဇဉ်တွေ ထားမနေဘူးဆိုရင်။

အကယ်၍
တိုတောင်းလှတဲ့ မပစ်ပယ်နိုင်တဲ့ တမိနစ်အတွင်းမှာ အဓိပ္ပါယ်ရှိလှတဲ့ စက္ကန့်ခြောက်ဆယ်အဖြစ် အသုံးချနိုင်မယ်ဆိုရင်။

ငါ့သားရေ…
မင်းဟာအရာရာရှိတဲ့ အရာရာဖြစ်တဲ့ ကမ္ဘာကြီးကို ဆုပ်ကိုင်လို့ အရာရာဘာမဆို မင်းစွမ်းဆောင်နိုင်ပြီပေါ့။ အဲဒီတော့ မင်းဟာလည်း ယောကျာင်္းကောင်းတစ်ယောက်ပေါ့။”

Read More...

NLDmembrsnSupportersofCRPPnNLDnDASSK




ကျွန်မက အစက yahoo groups တွေသိပ်စိတ်မ၀င်စားဘူး.. ကျွန်မစိတ်ဝင်စားတာ အပေါင်းအသင်းမိတ်ဆွေတွေရယ် ၊ ကျွန်မကဗျာတွေရယ် ၊ ၀တ္တု ၊ သတင်း ၊ ဒီမိုကရေစီလှုပ်ရှားမှုတွေပဲ.. အခုနောက်ပိုင်းတော့ အချစ်ဆုံးသူငယ်ချင်း group ဖြစ်တဲ့ ပန်းကလေးများကို အရင်ဆုံးမန်ဘာ လုပ်ဖြစ်တယ်.. နောက်ပိုင်း yahoo groups လေးတွေစိတ်ဝင်စားလာတာနဲ့ လိုက်ရှာပြီး မန်ဘာဝင်ဖြစ်တယ်.. NLD နဲ့ပတ်သတ်တာ ရှိမလားလို့လိုက်ရှာကြည့်တော့ တွေ့လိုက်ရတယ်… ပိုင်ရှင် ကိုမျိုးသန့်ရဲ့ စိတ်ထားနဲ့ သူရေးထားတာတွေကို ကြည့်ပြီး သိပ်လေးစားမိပါတယ်… ကျွန်မတို့ထက် အဆပေါင်းမြောက်များစွာ ပိုစွမ်းဆောင်နိုငတဲ့ သူ့စိတ်ဓါတ်နဲ့လုပ်ရပ်တွေကို ဂုဏ်ယူမိပါတယ်… သတင်းနဲ့ ခံယူချက်တွေက သိပ်ပြင်းထန်နေတော့ ကျွန်မနဲ့စိတ်ကြိုက်အံဝင်ခွင်ကျလို့ ပြောရမှာပေါ့… မိတ်ဆွေတို့နည်းနည်းပါးပါး အရင်သိရအောင်လည်း homepage မှစာတွေကို ဒီမှာဖတ်ကြည့်နိုင်ပါတယ်…

There are only “two sides” if you fight for the democracy, which are “democratic side” and “dictatorial side” but there is “no neutral side”. *Therefore this forum is against “the dictatorial side” and stands up for “the democratic side”; *then, “not” going to stand up for “the neutral side”.

This forum is a political forum for communicating with each other by knowing situations of Burma who are in exile or out of Burma. Subsequently this forum is “a globe network for supporting Burma’s democratic movement.”

So, if you are a NLD member or a supporter of the CRPP/ Committee Representing People's Parliament /or NLD/National League for Democracy / or DASSK/ Daw Aung San Suu Kyi ’s movements and also interested in being a member on this forum, you are welcome to join us.

Each one can take the chances to post, update, and share information on the situations of Burma, views of the democratization, desires of the multi-ethnic affairs, statements / activities of the communities / organizations / individuals, and knowledge of the literatures in this forum.

In fact that we can understand and believe in each other, and then we can work together; moreover, we will be able to be united in Democracy Revolution.

In the future Burma:
To establish a democratically Civilian government
To get a Genuine Federal Union
To get fully Human Rights
To live in Peace and Security

To release immediately
U Tin Oo,
Daw Aung San Suu Kyi,
U Win Tin,
And U Khun Tun Oo-SNLD/CRPP,
Including all political prisoners in Burma.

To reopen all NLD’ s offices in the nationwide without delay,
To have the political rights without restraint, and
To have the political freedom without stinting in Burma.


http://www.geocities.com/myothant8/Free_DASSK_Campaign.html

If you would like to join these group, click here

Read More...

Friday, September 22, 2006

အာဏာရှင်ရဲ့အခွန်


တကယ်ပဲရှင်..ပြောရမယ်ဆိုရင်လည်း ဒီညတောင်အိပ်ရပါ့မလားမသိဘူး. ဒါပေမယ့် အတိုချုန်းပြောမယ်… ကျွန်မတို့ မြန်မာလူမျိုးတွေဟာ ပြည်ပရောက်ရင် မြန်မာသံရုံးနဲ့ကင်းကွာလို့မရပါဘူး.. ဘဘကြီးတွေကို သိပ်ချစ်လွန်းတော့ နှစ်စဉ်အခွန်ဆက်သရပါတယ်.. ပထမဦးဆုံးပြောချင်တာက အခွန်သွင်းရတဲ့စာရွက်ပါ.. သူတို့က ကောက်ခံသလိုမျိုးမဟုတ်ဘဲ မြန်မာလူမျိုးတွေကသူတို့ကိုချစ်လွန်းလို့ လာရောက်ဆက်သရတဲ့ပုံစံမျိုး `ကျေးဇူးပြုပြီးအခွန်လျှောက်ထားခွင့်ပြုပါရန်´ဆိုတဲ့စာကြောင်းလေးကို မြင်လိုက်ရတော့ ခေါင်းတစ်ချက်ညိတ်မိပါတယ်.. သံဝေဂရလို့ပါ.. လက်တစ်လုံးချားလိမ်တာတော့ တကယ်ကို ချီးကျူးထိုက်ပါတယ်.. အခွန်ဆိုတာ မိမိတိုင်းပြည်အတွက် ကောင်းရာမှာအသုံးပြုနေတယ် ၊နိုင်ငံတော်အတွက် ၊ နောက် ပြည်ပကမြန်မာတွေကိုလည်း လူလိုဆက်ဆံမယ်ဆိုရင်တောင် ပေးရတာ လက်မတွန့်ပါဘူး.. အခုတော့ အခွန်လည်းပေးရသေး.. တောင်းတောင်းပန်ပန်နဲ့ ကြောက်ရလွန်းလို့ ထိုင်ရှိခိုးမတတ် ပြောရသေးတယ်.. အရင်တုန်းကများ ဆက်ဆံရေးက အခုထက်ထိပိုဆိုးသေးရှင့်… `ခင်ဗျားတို့အခွန်အလုပ်တင်မဟုတ်ဘူး တခြားအလုပ်တွေကျူပ်တို့မှာရှိသေးတယ်.. ဟိုဘက်မှာသွားထိုင်နေ.. မခေါ်မချင်းထမလာနဲ့´ဆိုပြီးအော်တာလည်း ခံခဲ့ရဖူးပါတယ်.. သူတို့ကိုအခွန်ဆက်သဖို့ အလုပ်ကနေ နေ့တစ်ဝက်ခွင့်ယူလာရတော့ အမြန်လုပ်ပေးပါသွားတောင်းပန်မိတာ အဟောက်ပဲခံလိုက်ရတယ်လို့ ကြားသိရပါတယ်.. ပေးလည်းပေးရ ဟောက်လည်းခံရဆိုတာ ဒါမျိုးထင်ပါရဲ့ … အခွန်တန်ဖိုးကို ပြောမယ်နော်.. တစ်လကို ၁၂၀ကနေ ၁၅၀ထိ လစဉ်ကြေးပေးရပါတယ်.. လင်းလက်အဖေကတော့ တစ်လကို ၁၅၀ သွင်းရပါတယ်.. ဒီနေရာမှာ တစ်ချို့သောမြန်မာကျောင်းသားတွေကလည်း လူလည်ကျပါတယ်.. ကျောင်းပြီးချိန်မှာ အလုပ်ထဲဝင်တော့ လစာကိုလိမ်တင်ကြတယ်.. နောက် ၁၀%ကိုပဲ သွင်းရတော့ သက်သာတာပေါ့.. အဲဒါမျိုးဆို နအဖကိုအမြင်ကတ်လို့အားပေးပါတယ်… လင်းတို့သွင်းလိုက်တဲ့အခွန်က လက်နက်နဲ့ သူတို့သက်ဆိုးရှည်ဖို့သက်သက် ပေးရတာဆိုတော့ တစ်စက်မှမသတီပါဘူး..

ဒီနေ့ မြန်မာသံရုံးကိုမသွားချင်ပေမယ့် ကျွန်မ စိတ်ချဉ်ချဉ်နဲ့ရောက်သွားရတယ်.. ဒီတစ်ခေါက်က အချစ်ဆုံးသူငယ်ချင်းမိသားအတွက် အဖော်လိုက်ပေးရတာဆိုတော့လည်း အားတင်းသွားလိုက်မိပါတယ်.. မြန်မာလူမျိုးဆိုတဲ့သွေးနဲ့ မြန်မာပြည်အတွက် သဲတစ်ပွင့်ကနေ ကူညီရတာက ပိုအရေးကြီးပါတယ်.. မိမိလက်ထဲ မည်သို့သော citizen ကိုကိုင်ထားသည်ဖြစ်စေ မြန်မာဆိုတာ မြန်မာပါပဲ.. လူ့ဘ၀ဆိုတာ အခြေအနေ အမျိုးမျိုးရှိပါတယ်.. အဲ အခုချိန် ဘဘတို့ပြုတ်ရင်တော့ ပြန်တိုးဝင်မှာပေါ့… သူငယ်ချင်းမိသားစုကတော့ အဓိကကတော့ myanmar passport ကိုပြန်အပ်ဖို့ပါ.. အစက သူတို့မိသားစုက ကျန်ရှိသော ၂နှစ်စာအတွက် အခွန်ကို ၃၆၀၀ သွင်းလိုက်ရပါတယ်.. ဒီနေရာမှာကြားဖြတ်ပြောလိုတာက စင်ကာပူနိုင်ငံ ဥပဒေက အမေရိကတို့လို မဟုတ်ပါဘူး.. ဘယ်နိုင်ငံသားဖြစ်ပါစေ singaporean ခံယူမယ်ဆိုရင် မိမိနှင့် သက်ဆိုင်သော သံရုံးမှာ passport ပြန်အပ်ရသလို လိုအပ်သော ထောက်ခံချက်စာရွက်စာတမ်းအားလုံးကို တောင်းပါတယ်.. အဲဒီမှာ အမြဲတမ်းစားဖို့ချောင်းနေတဲ့ နအဖကလည်း တခါတည်း ဖန်ပြီပေါ့ရှင်.. ကျွန်မ သူငယ်ချင်းတွေကလည်း ကျန်ရှီနေသော အခွန်ကိုဆောင်ပြီးပါပြီ… နောက် မြန်မာပြည်ပါ့စ်ပိုကို cancel လုပ်တော့မယ်ဆိုရင် နှုတ်ဆက်တဲ့အနေနဲ့ အရင်ကတော့ တစ်ယောက်ကို စင်ကာပူဒေါ်လာ ၂၀၀၀ တောင်းပါတယ်.. အခုတော့ လျော့သွားတယ်လို့သိရပါတယ်.. သူတို့မိသားစုဝင်ကအားလုံးပေါင်း၎ယောက်…….. သူတို့၁ယောက်ကို ၅၀၀ လောက်ပေးလိုက်ရတယ်…. အဲဒီမှာ နောက်ထပ် ၂၀၀၀ လျှောတာပဲ…… စာဖတ်သူ ယုံချင်မှယုံမယ်.. ဒါပေမယ့် ဒါက တကယ့်အဖြစ်မှန်တွေပါ.. ခြင်္သေ့ကျွန်းပေါ်က မြန်မာအစိုးရကြောင့် ခံစားရတဲ့ဒုက္ခတွေပါ.. အခုန ၃၆၀၀နဲ့ ၂၀၀၀ ပေးပြီးပြီ… ဇတ်လမ်းကရှင်းသွားပြီလို့ထင်ပါတယ်.. ဟိုဘက်မှာလည်း စင်ကာပူအိုင်စီထုတ်ရတော့မယ်ဆိုတော့ မြန်မာပြည်နဲ့ပတ်သတ်တာမှန်သမျှ ပြန်လည်းအပ်မယ်လုပ်ရော ကျေးဇူးကြီးလှ မိနဲ့ဖ အဲ ဟုတ်ဘူး ကျေးဇူးကြီးလှမြန်မာသံရုံးက ဘာပြောတယ်ထင်သလည်း.. `နိုင်ငံသား ခံယူမယ့်မိသားစုဝင်ထဲမှာ ကလေးတွေက အသက်၁၈နှစ်ကျော်နေခဲ့ရင် ၂၁၆၀ပေးရမယ်တဲ့´ .. ကျွန်မလည်း မျက်လုံးပါ ပြူးသွားတာပဲ.. ဘယ်တုန်းကဥပဒေလည်း အရင်ကမကြားဖူးပါဘူးဆိုတော့ ဒါဥပဒေအသစ်တဲ့.. သြော် အရင်လက တစ်မျိုး အခုကတစ်မျိုး.. တယ်ကောင်းတဲ့ဥပဒေပဲ..ပြောင်းလိုက်တာလည်း ဒုံးပျံထက်တောင် ပိုမြန်သေး.. သိတောင်မသိလိုက်ဘူး.. အစက လာပြီးအ၇င်ပိုက်ဆံတွေလာပေးတုန်းက သူတို့ရှင်းပြတုန်းက ဒါတွေမပါခဲ့ပါဘူး.. အခုမှ ကျွန်မသူငယ်ချင်းက ၁၈နှစ်ကျော်ရုံလေးဆိုတော့ တစ်လကို ဒေါ်လာ၉၀နှုန်းနဲ့ ၂နှစ်စာ တောင်းတာပါတဲ့… ဘာအတွက်တောင်းတာလည်းဆိုတော့ အသက်၁၈ဆို အလုပ်လုပ်ခွင့်ရတဲ့အတွက်တဲ့.. သြော် ငါတို့အသက်၁၈နှစ်ကျော်ရင် အလုပ်လုပ်ခွင့်ရပြီဆိုပြီး သူတို့သတ်မှတ် ၊ အလုပ်မလုပ်ရင်တောင် အခွန်ကအလိုလိုတက်နေပါလားနော်.. သူငယ်ချင်းမိသားစုလည်း အတော်အံ့သြသွားသလို ဘာလုပ်ရမှန်းမသိတာနဲ့ အိမ်ပြန်လာခဲ့တယ်.. သူတို့လည်း အခွန်ကို မတတ်နိုင်တော့လို့ မြန်မာနို်င်ငံသားကို cancel လုပ်မိပါတယ်.. နောက်ဆုံးအကြိမ်ဆိုပြီး သွင်းလိုက်ရတာ အကြွေးနဲ့တင် လည်ပင်းတစ်နေပါပြီ.. တစ်လတစ်လ အလုပ်လုပ်ပြီးရသမျှအားလုံး အခွန်ဆက်သ ၊ နောက် ဘာမှလည်းအကျိုးရှိတာအတွက်သုံးတာမဟုတ်တော့ ဘယ်သူကပေးပျော်မှာလည်းရှင်…. အဲဒါ ကျွန်မဒီနေ့စိတ်ပျက်ခဲ့ရတဲ့ အကြောင်းပါပဲ..

ခြင်္သေ့ကျွန်းအစိုးရရဲ့ တင်းကျပ်တဲ့ဥပဒေနဲ့ အရင်းရှင်စနစ် ၊ မြန်မာပြည်ရဲ့ အာဏာရှင်စနစ် ၊ အဲဒီ ၂ခုကြားမှာ ကန့်လန့်ခံပြီး ဒုက္ခရောက်ကြတာပါ. များပြားလွန်းတဲ့အခွန်တွေအတွက် အားလုံးက အကြွေးနဲ့မကင်းသလို နှစ်ကုန်ရင် အကုန်တက်တက်ပြောင်တာပါပဲ… မိမိနိုင်ငံအတွက် အခွန်ဆိုတာ ရှိသင့်ပါတယ်.. ဒါပေမယ့် မတရားများလွန်းတဲ့အပြင် ထုတ်ချင်တိုင်းထုတ်နေတဲ့ ဥပဒေတွေကြား အခွန်ဆောင်နေရတဲ့ ပြည်ပကမြန်မာအားလုံး ဒီတစ်သက်နှာခေါင်းဖော်ပြီး အသက်ရှုခွင့်တောင် ရပါ့အုန်းမလား စစ်အာဏာရှင်ရယ်..

Read More...

Wednesday, September 20, 2006

သာကူးမလုပ်ကြပါနှင့်


မြန်မာပြည်အရေးကို လုံခြုံရေးကောင်စီက ဆွေးနွေးတော့မယ့်ပွဲမှာ တရုပ်နှင့် ရုရှားကတော့ ထုံးစံအတိုင်း ပြင်းပြင်းထန်ထန်ကန့်ကွက်နေကြမှာပဲ.. မြန်မာပြည်အခြေအနေကို အ၀ီဇိ ငရဲပြည်ထိရောက်အောင် ကူညီပံ့ပိုးနေတဲ့ ဒီ၂နိုင်ငံလည်း အတော်ပြသနာပါပဲ…. အမေရိကန်ကန်အစိုးရကို ကြေးမုံသတင်းစာပေါ်ကနေ ပြန်တုံ့ပြန်နေလို့ ဟိုကလည်း သိပ်ဂရုစိုက်လှမယ်ထင်မနေပါနဲ့…. ပြည်တွင်းကလူတွေကိုအမှောင်ချနေပေမယ့် သတင်းဆိုတာ ထွက်နေတာပါပဲ.. တရုပ်ကြီးတွေက ဘေးကနေ ကန့်ကွက်ပေးတာကို ကျေးဇူးတင်ရှိကြောင်း ပြောနေတဲ့နအဖလည်း မာလနဲ့ဈာန်ကြွကိန်းနီးနေပါပြီ…. ဒေါ်အောင်ဆန်းစုကြည်နဲ့ သုံးပွင့်ဆိုင် ဆွေးနွေးဖို့ နအဖကို သွားမတောင်းဆိုပါနှင့်… မိန်းမတစ်ယောက်ကို လက်နက်တွေအများကြီးနှင့် ဘာအပြစ်မှ ထောက်ပြနိုင်ခြင်းမရှိဘဲ ဖမ်းထားတယ်ဆိုကတည်းက သူတို့အဆင့်ဘာလည်း တန်းခနဲသိလိုက်ရပြီပဲ….

မြန်မာပြည်အဓိက ရှေ့မဆက်နိုင်တာ သာကူးတွေများနေလို့ပါ.. သာတဲ့ဘက်ကို ကူးနေတဲ့ ကိုသာကူးနဲ့ မသာကူးတို့ကြောင့် တိုင်းပြည်က တော်တော်လေးနဲ့ ခေါင်းမထောင်နိုင်ဖြစ်နေရပါတယ်… ကျွန်မ အရှေ့ဘက်စာမျက်နှာတွေမှာပြောခဲ့သလိုပဲ ထမင်းနို့ဆီဘူး ၃လုံးထက်လည်း ပိုမစားနိုင် ၊ အ၀တ်၁ထည်ထက်လည်း ပိုချမ်းသာလွန်းလို့ ၀တ်မရတဲ့ လူဖြစ်လာရာ သက်တမ်းတစ်လျှောက်မှာ ကျေးဇူးပြုပြီး မိမိတစ်ဘို့တည်းသာ မကြည့်ကြပါနှင့်.. အချို့သောသူများက မိမိဘ၀ပေးအခြေအနေကြောင့် တပ်မတော်မှာ အမှုထမ်းနေရပေမယ့် သူများလို မလိုအပ်ဘဲ တအားမဖား ၊ မရက်စက်ဘဲ ခွပ်ဒေါင်းဘက်ကို စိတ်ကဦးခိုက်ပြီး လူက နအဖဘက်မှာနေနေရတာတွေ ရှိပါတယ်.. တစ်ချို့ကလည်း ဒီမိုကရေစီ အရေခွံကိုခြုံပြီး သာကူးလုပ်နေသူများလည်းရှိပါတယ်.. ကျေးဇူးပြုပြီး ဒေါင်းယောင်ဆောင်သော ကျီးဘ၀ကို မခံယူပါနဲ့.. မိတ်ဆွေရဲ့ဘ၀အခြေအနေက ငတ်ပြတ်ခွက်မဆွဲရသေးဘူးဆိုရင် အင်းယားလမ်းမှာတိုက်တစ်လုံးပိုင်ပြီး နောက်ဆုံးပေါ်ကားတစ်စီးစီးရဖို့အတွက် မလိုအပ်တဲ့ ယုတ်မာမှု ၊ သတ်ဖြတ်မှု ၊ တော်လှန်ေ၇း နိုင်ငံေ၇းသမားစစ်စစ်တွေကို ဒုက္ခရောက်အောင်မလုပ်သင့်ဘူး…. တစ်ယောက်အားနှင့်ယူသော်မရ ၊ အမေစုကိုယ်တိုင် ဘာမှလုပ်ခွင့်မရတဲ့အချိန်မှာ ပြည်တွင်း ပြည်ပက မြန်မာတွေ လက်တွဲရမယ့် အခြေအနေပါ.. အရေးကြုံ၇င် သွေးစည်းပါ.. အခု မြန်မာပြည်မှာကသွေးစည်းပေမယ့် လှုပ်မရတဲ့အခြေအနေဖြစ်နေတဲ့အပြင် အားလုံးက ပြိုလဲတော့မယ့် အိမ်တစ်ဆောင်နဲ့တူနေပါတယ်.. နယ်စပ်မှာ အနာဂတ်မဲ့နေတဲ့ကလေးတွေ ၊ တောတောင်ထဲမှာ အိမ်ယာမဲ့စွာ တစ်ဝမ်းစာအတွက် မနည်းရုန်းကန်နေရ ၊ လမ်းဘေးမှာ ၀မ်းရေးအတွက် ဘ၀ကိုရောင်းစားနေရတဲ့ မြန်မာမိန်းမပျိုလေးတွေအားလုံး အားလုံးအရေးကို ကြည့်ကြပါ… နအဖက ယုတ်မာဖို့သင်ပေးလိုက်ပေမယ့် မိမိဦးနှောက်ကိုအသုံးပြုပြီး လုပ်သင့် မလုပ်သင့် ဆုံးဖြတ်ကြပါ..

မြန်မာတွေ ဘာအတွက်လူလုပ်မှာလည်းဆိုတဲ့ ဆောင်းပါးတစ်ခုက အတော်လေးမှန်သလို ထိချက်ပြင်းတဲ့အတွက် မြန်မာတွေဘာအတွက်လူလုပ်မှာလည်းဆိုတာသိဖို့ဝေမျှလိုက်ပါတယ်.

မြန်မာတွေဘာအတွက်လူလုပ်မှာလည်း

Read More...

Saturday, September 16, 2006

စစ်တပ်ဆိုတာ……


လေတပ်စစ်သည်ဟောင်း ကိုအောင်ဘုန်းမြင့်ပြောခဲ့သော အကြောင်းရင်းက လိုရင်းကိုထိသလို သိပ်ကိုတိကျ မှန်ကန်လွန်းပါတယ်.. တပ်မတော်ဆိုတာ တိုင်းပြည်ကိုထိပါးသူကို ကာကွယ်ဖို့သက်သက်ပါပဲ… တိုင်းပြည်ရဲ့ နေရာတကာ အုပ်ချုပ်ရေးတွေကို ခြယ်လှယ်ဖို့မဟုတ်ပါဘူး… ပြည်သူတစ်မျိုးလုံးကို အငတ်ထားပြီး သူတို့သာ အကောင်းဆုံးသောဇိမ်ခံဘ၀ကို စံစားနေသော ဦးနှောက်မဲ့စစ်အာဏာ၇ှင်များအနေဖြင့် ဘာတွေဖြစ်ပျက်နေလည်း ဘယ်လိုကောင်းအောင် ပြန်ပြုပြင်ယူမလည်း မစဉ်းစားမတွေးတောဘဲ ပိုဆိုးအောင်သာ လုပ်နေတာ ရင်နင့်ဖွယ်ကောင်းပါတယ်… တကယ်တော့ပြုပြင်လို့လည်း မရတော့တာ.. တစ်ခုခုကို အစဆွဲလိုက်မိပြီဆိုရင် တစ်ဆင့်တစ်ဆင့်တက်သွားတာ နောက်ဆုံးတော့ သူတို့မရှိမှပဲ တိုင်းပြည်က ကောင်းမယ့်အခြေအနေဆိုက်နေခဲ့ပြီ….

Read More...

Thursday, September 14, 2006

ထိချက်မှန်သောကာတွန်းများ




Read More...

My Favourite Music

သီချင်းကောင်းလေးတွေပါ. အခွေမထွက်တဲ့သီချင်းတစ်ပုဒ်နဲ့ နှုတ်မဆက်နဲ့သီချင်းကတော့ ဘယ်သူဆိုမှန်းမသိပါဘူး…. Second heart သီချင်းကိုတော့ ကိုထိန်ဝင်းနဲ့ ကိုကျော်ဇင်ဝင်းတို့ သီဆိုတယ်လို့သိလိုက်ရပါတယ်.. အခွေမထွက်သေးပေမယ့် အများသိဖို့အတွက် လင်းမှ ဝေမျှပေးလိုက်ပါတယ်ရှင်….

နှုတ်မဆက်နဲ့

second heart

Read More...

Tuesday, September 12, 2006

မကူညီချင်ခဲ့ရင်မဖျက်ဆီးပါနှင့်

တစ်ချို့သောသူများက နိုင်ငံရေးသမားတွေက……………ဆိုပြီး စကားကိုအစချီ စတင်အုပ်ကြပါတော့တယ်… ဒီနေရာမှာ လင်းလက်အထူးရှင်းပြချင်တာလေးတွေရှိပါတယ်… တစ်ချို့သောနိုင်ငံရေးအဖွဲ့အစည်းမှ ၀န်ထမ်းတစ်ချို့ ကာရိုက်တာလေးတွေ မကောင်းတာနဲ့ အားလုံးကိုသိမ်းကြုံးမပြောဖို့ပါ.. အထူးသဖြင့် တော်လှန်ရေးသမားတွေကို မစော်ကားမိပါစေနဲ့…. နိုင်ငံရေးသမားဆိုပြီး အချို့သောသူများက ဘ၀အခြေအနေအရ ခံယူထားပေမယ့် ရင်ထဲမှာသိပ်ပြင်းပြင်းပျပျမရှိပါဘူး.. ဒါကလည်း သူများကို အပြစ်သိပ်မတင်ပါနဲ့.. နအဖကိုဒူးမထောက်ဘဲ ရိုးရိုးသားသား လုပ်ကိုင်စားတဲ့လူဆို၇င် လင်းလက်က စစ်သားတစ်ယောက်ထက်စာရင် ပိုပြီးလေးစားပါတယ်.. လင်းလက်ကိုမြင်ရင် တစ်ချို့သောသူများက နိုင်ငံရေးခိုလှုံခွင့်ခံယူပြီး သူများနိုင်ငံမှာမှီတွယ်နေသော လူတွေဘ၀ကို လာခနဲ့ကြပါတယ်.. ကျွန်မ ရှင်တို့ကို တစ်ခုပြန်မေးမယ်နော်.. ရှင့်နိုင်ငံက အနည်းဆုံး စင်ကာပူ ၊ သြစတြေးလျလောက် တိုးတက်ချမ်းသာနေမယ်ဆို၇င် ရှင်က အောက်ကျနောက်ကျ သူများနိုင်ငံမှာ ခိုလှုံခွင့်တောင်းမှာလား.. ဒါရှင်းနေတာပဲ…. အဲ တစ်ချို့ကပြောသေးတယ်.. မင်းတို့နိုင်ငံကိုချစ်ရင် ဘာလို့သူများနိုင်ငံသွား ကျွန်ခံနေလည်းတဲ့. အဲဒီအခါမှာ ကျွန်မကလည်း ရှင်တို့ကို တစ်ခွန်းပဲပြန်ပြောလိုက်မယ်.. `လူ့အခွင့်အရေးကိုလိုချင်တယ်ဟေ့´လို့အော်ပြီး ရေသောက်ဗိုက်မှောက်ပြီး အသေခံရတော့မှာလား.. ကျူပ်တို့မြန်မာပြည်ကြိးမှာ ထမင်းတစ်နပ်စားရဖို့ အဲဒီလောက်မခက်ပါဘူး လာမပြောနဲ့နော်.. အဲဒါ ၁၉၉၆ခုနှစ်မှာ ကျန်ခဲ့ပြီ.. အခုက နအဖတွေ အနှစ်တွေထုတ်ထားလို့ တိုင်းပြည်ကအခွန်ပဲကျန်တော့တဲ့ ၂၀၀၆ရဲ့ ငမွဲလေးဖြစ်နေပြီ…. သူများတွေ လကမ္ဘာပေါ်တက် နယ်မြေသစ်ရှာ ၊ အင်တာနက်နဲ့ အင်ဖော်မေးရှင်းတွေ ဆက်သွယ် ၊ ကွန်ပြူတာနဲ့အလုပ်လုပ်နေချိန်မှာ မြန်မာပြည်မှာ ကွန်ပြူတာဆိုတာ အလုံးလား အပြားလား မသိသူ အရေအတွက်ပိုများနေပါတယ်.. ဒါဟာ ပြည်ပကိုပြည်သူတွေထွက်လာရတဲ့ အကြောင်း၇င်းပါပဲ.. နောက်တစ်ချို့လူများက ကျွန်မကိုလာပြောသေးတယ်.. `မင်းတို့လိုလူတွေကြောင့် ပြည်ပကချမ်းသာနေတာတဲ့.. ပြည်တွင်းပြန်လာခဲ့စမ်းပါ´တဲ့.. အိုကေ ကျွန်မပြောပြမယ်.. ကျွန်မတို့ပြည်ပမှာနေတာ ပိုက်ဆံသိပ်မက်လွန်းနေလို့မဟုတ်ဘူး.. မြန်မာပြည်က မချမ်းသာဘဲ သူ့ဥပဒေနဲ့သူ ၊ လူတစ်ယောက်၇ဲ့ အခွင့်အရေးသာ ရှိနေမယ်ဆို၇င် မနက်ဖြန် လေယဉ်လတ်မှတ်ဝယ်ပြီး ပြန်လာခဲ့မယ်… အခုက စီးပွားရေးလုပ်မယ်ဆိုလည်း ဟိုလူကြီးကိုဖားရ ၊ ဒီလူကိုကြောက်ရ ကိုယ်အရည်အချင်းရှိရင်တောင် အပေါ်ကလူခြေထောက်ဖက် အသက်ရှင်ရမယ့်အလုပ်ကိုတော့ ဆောရီးပါပဲ… မြန်မာတွေက ပြည်ပမှာ အခြေချ တစ်သက်လုံးနေဖို့စိတ်ကူးသူဆိုတာ ရာခိုင်နှုန်းနည်းပါတယ်.. ဘယ်အချိန် အထုပ်ပိုက်ပြန်ပြေးမလည်းပဲ စဉ်းစားနေတာပါ… ဒါကို နအဖတွေမသိပါဘူး.. တိုင်းပြည်ကိုချစ်လွန်းလို့ ချွေးနည်းစာနဲ့ သူများနီုင်ငံမှာ အလုပ်လုပ်ရှာထားရတဲ့ပိုက်ဆံတွေထဲက အခွန်တွေကိုလည်း လစဉ်လတိုင်း ဆက်သနေရတာပေါ့..

ဒေါ်အောင်ဆန်းစုကြည် ဘယ်လောက်တော်တော် သူမက အခုလက်ရှိ အချုပ်ထဲမှာဖြစ်နေတဲ့အတွက် အပြင်ဘက်မှ လူများအားလုံးစိတ်ဓါတ်ထဲမှာ မိမိတို့အားလုံးလက်တွဲပြီး ပူးပေါင်းပါဝင်ရမယ်ဆိုတာ မှတ်ထားသင့်ပါတယ်.. မြန်မာတစ်ချို့မှာရှိတဲ့အကျင့်က အတော်အောက်တန်းကျပါတယ်.. ကိုယ်မလုပ်နိုင်တဲ့အရာ သူများလုပ်နိုင်ပြီဆို၇င် လိုက်အဖျက်သမားလုပ်လေ့ရှိတယ်.. တစ်ချို့ကျပြနတော့ ဇတ်တူသားကိုပြန်စားကြပြန်ရော.. အဲဒီလိုလူတွေရှိနေလို့ နအဖက သက်ဆိုးရှည်နေတာပါ… အင်းယားလမ်းက တိုက်တစ်လုံးနဲ့ ကားတစ်စီးရ ၊ လက်ကိုင်ဖုန်းတစ်လုံးရတာနဲ့ တစ်တိုင်းပြည်လုံး သူတောင်းစားဖြစ်တော့မယ် အရေးကယ်တင်ရမယ့်အချက် ၊ ဘယ်ဟာကို မင်းရွေးချယ်မှာလည်း.. မိမိက တိုင်းပြည်အတွက် မကူညီနိုင်ရင်နေပါ.. မဖျက်ဆီးပါနဲ့.. မနှောင့်ယှက်ပါနဲ့.. သူတပါး အရည်အချင်းကို အထင်မသေးပါနဲ့.. ဥပမာတစ်ခု ကျွန်မပေးချင်ပါတယ်.. ကျွန်မကို ဟိုတစ်ရက်က မိန်းမကြီးတစ်ယောက် စကားလာပြောတယ်.. အစပိုင်းက သူက စာရေးဆရာမဆိုတော့ ကျွန်မလည်း သူ့နာမည်ကို တစ်ခါမှမကြားဖူးပေမယ့် `အားပေးပါ့မယ် ကြိုးစားပါ´ လျှောက်ရွှီးလိုက်တာပဲ… နောက်တော့သူက နားကြားပြင်းကပ်လောက်အောင် ကြွားလာတော့ ကျွန်မကလည်းသိပ်အလုပ်အားတာ မဟုတ်ဘူး.. အတော်ကို စိတ်ရှည်ခံပြီးနားထောင်နေရတယ်.. သူ့စာတွေကို ဘယ်မှာရေးတာလည်းဆိုတော့ ဆိုဒ်တစ်ခုထုတ်ပြတယ်… ကျွန်မလည်း အတော်ရီချင်သွားတယ်.. သြော် အွန်လိုင်းဆိုဒ်တစ်ခုမှာ ရေးချင်တာလျှောက်ခြစ်နေတာ စာရေးဆရာမလား.. ကျွန်မကို တစ်ခြားသူတွေက စာရေးဆရာမလို့ခေါ်တိုင်းငြင်းလေ့ရှီတယ်..ကျွန်မက အမှန်ကိုရေးရဲသူလင်းလက်ကြယ်စင်လို့ပဲ နာမည်တပ်တ်ယ.. ကိုယ့်ကိုယ်ကိုယ် တစ်ခါမှ အဲဒီလိုမခေါ်ဖူးဘူး.. အဲဒါသိပ်ပြသနာမရှိသေးဘူး.. သူက သူစာရေးဆရာမဖြစ်ကြောင်း ကိုယ်ရေသွေးပြီးတော့ ကျွန်မကိုမေးခွန်းတစ်ခုမေးတယ်.. `ဘယ်လောက်သိလို့ နိုင်ငံရေးရေးနေတာလည်းတဲ့.. မင်းအသက်သိပ်ငယ်သေးတယ်… မဆိုင်ရင်ဝင်မပါစမ်းပါနဲ့တဲ့`.. ကျွန်မလည်း မိန်းမချင်းဆိုတော့ `ကျေးဇူးတင်ပါတယ်အန်တီ..သမီးကို စေတနာရှိတဲ့အတွက်ပေါ့..ဒါပေမယ့် စိတ်ချပါ. သမီး သွားမယ့်လမ်း ဘုရားတားတောင် မရဘူးလို့´ပြောလိုက်တာ.. အဲဒီမှာပွဲစတာပဲ… မိန်းမချင်းဆိုတော့ ထပြီး သုံးနေကျနဲ့ကိုင်ပေါက်လို့ကလည်းမဖြစ်.. အတတ်နိုင်ဆုံး အယဉ်ကျေးဆုံး ပြောလိုက်ပေမယ့် အသက်ကြီးပြီး ယောက်ျားမရသေးသော မိန်းမကြီးဆိုတော့လည်း အတော်ပြောရတာ လက်ပေါက်ကပ်တယ်ရှင်.. အင်း ဘ၀င်လေဟပ်ပြီး သူများသွားမယ့်လမ်း နှောင့်ယှက်တယ်ဆိုတာလည်း ဒါမျိုးပေါ့နော်..

ကျွန်မအဓိကပြောချင်တာကတော့ ကောင်းသောရွေးချယ်ခြင်းလမ်းအတွက် လျှောက်နေတဲ့ တော်လှန်ရေး ၊ နိုင်ငံရေးသမားတွေကို လိုက်မနှောင့်ယှက်ပါနဲ့.. ကမ္ဘာအရပ်ရပ်က အဖွဲ့အစည်းတွေအားလုံး စည်းလုံးစွာ ကြိုးပမ်းမှု ၊ ပြည်သူများထောက်ခံအားပေးမှု စုစည်းဖို့ ကြိုးစားနေချိန်မှာ ကျေးဇူးပြုပြီး အသက်ငယ်တဲ့ ခံယူချက်ပြင်းပျသူတွေကို လိုက်မ၇ိပါနဲ့.. အသက်ကြီးပြီးသုံးစားမရတဲ့လူတွေ အများကြီးပါ.. ငါ့ထက်ငယ်တာပဲ.. သောက်ရေးစိုက်စရာလားလို့ မပြောပါနဲ့.. ရှင်မလုပ်နိုင်သောအရာကို တစ်ခြားသူက လုပ်ချင်လုပ်မယ်..ဒါကိုအားပေးပါ.. ကူညီပါ.. လမ်းပြပါ… နေရာတိုင်း မရိုင်းချင်လို့ယဉ်ကျေးနေချိန်မှာ သိပ်မလွန်စေနဲ့… နောက် တစ်ချို့ကလာသေးတယ်.. စာရေးဆရာမရယ် နာမည်ကြီးချင်ရင်ဒီလမ်း မရွေးပါနဲ့တဲ့.. ဟိုက် အဲဒါမှ တက်တက်စင်အောင်လွဲရော.. ငါ့နှယ် နာမည်ကြီးချင်ရင် သေလမ်းပေါ် ကြိုးတန်းလျှောက်မလားဟ… ကျွန်မဘလော့ခ်ကို တစ်နေ့ ဘယ်နှစ်ယောက်က ဘယ်နှစ်ကြိမ် ၀င်ဖတ်လည်း ကျွန်မမသိပါဘူး.. တမင်တကာ ကောင်တာတောင် မတပ်ထားပါဘူးဆို အဲဒီလိုမေးခွန်းနဲ့ လာ၇ိတဲ့သူကရှိသေး. ကျွန်မက ကျွန်မကိုချစ်ဖို့ထက် စိတ်ဓါတ်မြှင့်တင်ပြီး တိုင်းပြည်ကို ပြန်ချစ်လှည့်ကြည့်နိုင်ဖို့ကို လိုလားပါတယ်.. လင်းလက်ကိုမချစ်လို့လင်းလက်က အရေးမစိုက်ပါဘူး.. လင်းလက်ကိုမုန်းနေလို့ လင်းလက်က အပြုံးမပျက်ပါဘူး… တိုင်းပြည်ကိုမချစ်၇င်တော့ သင်လည်း တိုင်းတပါးမှာပဲ အရိုးဆွေးမယ်ဆိုတာတော့ သတိထားပါ… မြန်မာပြည်က အဖိုးတန်ကျောက်မျက်ရတနာကြီးတစ်ခုကို အညစ်အကြေးများ ဖုံးလွှမ်းနေတာနဲ့ တူပါတယ်.. အပေါ်လွှာက မကောင်းသောအ၇ာများကို တက်ညီလက်ညီ ဖယ်ရှားနိုင်မယ်ဆို၇င် အဖိုးတန်ကျောက်မျက်ရဲ့ အရည်အသွေးကို အားလုံးခံစားရမှာပါ.. ကြိုးစားတော့ သူတို့ ၊ စံစားတော့ ငါတို့မဖြစ်စေနဲ့ပေါ့….

ကျွန်မဒီပို့စ်က ကျွန်မပြောချင်သော အကြောင်းရာတော်တော်များကို ခြုံငုံရေးသားလိုက်ခြင်းပါ.. တကူးတက ဖတ်ပေးသော မိတ်ဆွေသူငယ်ချင်းများအားလုံးကိုကျေးဇူးတင်ရှိပါသည်.. ရွှင်လန်းချမ်းမြေ့ကြပါစေ..


မှတ်ချက် ။ ကျွန်မ အွန်လိုင်းပေါ်မရောက်ရှိခဲ့ပေမယ့် ပြောဆိုနေကြတဲ့ သတင်းတစ်ခုကြောင့် ဒီမှတ်ချက်ကိုတင်ပေးလိုက်ရခြင်းပါ.. အခုပို့စ်မှာ ကျွန်မတင်ထားတဲ့ ကျွန်မနဲ့ ကွိုင်မိတဲ့ နိုင်ငံကျော်စာရေးဆရာမကြီးဆိုတာကို အမည်မဖော်ပြခဲ့မိတာ အတော်များများက ကျွန်မ အမ မဟနစံလို့ထင်နေကြပြီး စွပ်စွဲနေကြပါတယ်.. ကျွန်မ လေးစားရတဲ့ မဟနစံ ၊ နိုင်းနိုင်းစနေနဲ့ ကိုညီလင်းဆက်တို့ ၃ယောက်ကို ကျွန်မက အဲလိုပြောမှာလားရှင်.. ကျွန်မကလည်း မပြောသလို ၃ယောက်လုံးကလည်း ကျွန်မရဲ့ မောင်နှမမိတ်ဆွေကောင်းတွေပါ…. မဟနစံကို အထင်လွဲနေတဲ့လူတွေအတွက် ဖြေရှင်းပေးလိုက်တာပါ… ကျွန်မဒီပို့စ်မှာရေးထားတဲ့ နိုင်ငံကျော်စာရေးဆရာမကြီးအဖြစ် ဘ၀င်မြင့်နေသူတစ်ဦးကတော့ ဘယ်သူမှမသိတဲ့ ချောင်ကလောင်မှ ပေါက်တိပေါက်ချာတစ်ဦးပါဆိုတာကို အသိပေးတာပါ…


Read More...

Wednesday, September 06, 2006

ကြွေလွင့်နေသောပန်းကလေးများ

ဒီကနေတော့ အတော်ကို လေးစားဖို့ကောင်းသော အကိုကြီးတစ်ဦးနဲ့စကားပြောလိုက်ရတယ်.. လင်းလက် စာစရေးခဲ့တဲ့အချိန်ကစ ကိုယ့်ထက် အများကြီးပိုသိနားလည်သော လေးစားဖို့ကောင်းတဲ့ လူတွေအများကြီးနဲ့ တွေ့ခဲ့ရပါတယ်.. လင်းလက်မှာ မရှိသေးတဲ့ ဗဟုသုတ ၊ နောက် အကျိုးအကြောင်းတော်တော်များများကို အများကြီး လမ်းညွန်ပြသပေးနေကြတဲ့ နိုင်ငံအသီးသီးမှ လေးစားခင်မင်ရသော အကိုကြီးများ ၊ အမကြီးများ အားလုံးကို ဒီနေရာကနေ ပထမဦးဆုံး ရိုသေစွာ ကျေးဇူးတင်ရှိပါကြောင်း ပြောချင်ပါတယ်… လင်းကို ညီမငယ်တစ်ယောက်ကဲ့သို့ခင်မင်ကြသော ၊ လင်းကို အားပေးကြသော ၊ လင်းမသိသော အကြောင်းအရာများ ၊ အတွေ့အကြုံများအားလုံးကို ဂရုတစိုက် အရေးတယူ ရှင်းပြကြသော နိုင်ငံရေးအဖွဲ့အစည်းမှ မိတ်ဆွေများအားလုံးကို ကျေးဇူးလှိုက်လှိုက်လှဲလှဲတင်ရှိပါတယ်..

အခုတော့ စဉ်းစားမိတာလေးတစ်ခုက မုဒိန်းမှုပါ … မြန်မာပြည်ရဲ့ ကျေးဇူးကြီးမားလှသော ကျေးဇူးသခင် စစ်အာဏာရှင်အဖွဲ့အစည်းမှ ထမင်းစား ရေသောက်လို ကျူးလွန်နေသော မုဒိန်းမှုတွေပါ.. နိုင်ငံရေးအဖွဲ့အစည်းဘက်မှ မိန်းကလေးများကို ဖမ်းဆီးရရှိလျင် နှမချင်းမစာနာ ၊ အဖွဲ့လိုက် မုဒိန်းကျင့်ကြသော စစ်အာဏာရှင်အဖွဲ့အသားများကိုတော့ တကယ်ကိုစက်ဆုပ်မိပါတယ်… ကျေးလက် တောရွာတွေကို တပ်သားတွေ ဆင်းပြီဆိုရင် မိန်းမမြင်ရင် နှာထကြပြီး ဖျက်ဆီးကြတဲ့အမှုကတော့ မြန်မာပြည်မှာ ရေတွက်မရအောင် များပြားလွန်းလှပါပြီ… တိုင်းရင်းသား ကျေးရွာတွေက တိုင်းရင်းသူတွေကို ဖျက်ဆီး ယောက်ျားကိုသတ်တယ်ဆိုတာကလည်း ရေးရင် တစ်သက်လုံးတောင် နားရမှာမဟုတ်ပါဘူး.. စစ်သားတစ်ယောက်က မိန်းမတစ်ယောက်ကို မုဒိန်းကျင့်လိုက်ပြီဆိုရင် ဘာအမှုမှတက်ဆွဲလို့မရပါဘူး.. ဥပဒေသာ မသတ်မှတ်ထားပေမယ့် ဒါက လူတိုင်းသိတဲ့ မတရားသော ဥပဒေလို ဖြစ်နေခဲ့ပါပြီ.. နိုင်ငံခေါင်းဆောင်က အသုံးမကျချိန်မှာ အောက်ကလူတွေအားလုံးကလည်း ရရှိသော အခွင့်အရေးကို အသုံးချ ၊ မိမိလူမျိုးခြင်း မစာနာ ဖျက်ဆီးနေကြတဲ့လူတွေအားလုံးအတွက် ငရဲခန်းကို ဘယ်လောက်ဆောက်ပေးရမလည်း တောင် မသိ… မြန်မာပြည်ရဲ့ ယဉ်ကျေးမှုက အနောက်တိုင်းလို မဟုတ်ပါဘူး.. မိန်းကလေးတွေက မိမိအရှက်ကို ထိန်းသိမ်းကာကွယ်ပြီး အမျိုးသမီးကောင်းဖြစ်အောင် နေထိုင်ရသော ယဉ်ကျေးမှုပါ.. မိန်းမတွေအတွက် ပဓာနကျသော အရှက်သိက္ခာကို ဖျက်ဆီးနေကြသော မုဒိန်းတပ်သားများအားလုံးကို တစ်နေ့ လက်တစ်ချောင်းဖြတ် ၊ နောက်တစ်နေ့ ခြေတစ်ဖက်ဖြတ် အဲလိုသတ်ရင်တောင် ကျေအေးမှာ မဟုတ်နိုင်ဘူး.. လူမိုက်ဆိုတာ သေခါနီးရင် ဒူးတုန်အောင် ကြောက်ကြတယ်.. သူများသားသမီးကို ဖျက်ဆီးတုန်းက အဆီတ၀င်းဝင်းဖြစ်နေတဲ့ အခွက်တွေက သေခါနီးကျတော့ ဒူးထောက်တောင်းပန်လိုက်ကြတာ အတော်တရားကျဖို့ကောင်းပါတယ်.. တစ်နိုင်ငံလုံး အမျိုးသမီးတွေကို ဘယ်အတန်းရောက်အောင် လုပ်နေတာလည်း စစ်အာဏာရှင်ရယ်…

Read More...

Sunday, September 03, 2006

မသိတော့လည်း တစ်ဒုက္ခ

ဘလော့ခ်ကို ဟိုတစ်ယောက် ၀င်ဖျက်သွားတုန်းကတောင် အခုရက်လောက် စိတ်ဓါတ်မကျဘူး… အခုရက်ပိုင်းတော့ ဒီဘလော့ခ်ကို နောက်ခံပြောင်းလိုက် ၊ စာလုံးအရောင်တွေညှိလိုက် ၊ လင်းက ဘာမှမသိတော့ သောက်တလွဲဖြစ်လိုက် ၊ နောက် IE & firefox မှာ ဒီဇိုင်းမတူဘဲ ဘလော့ခ်တစ်ခုကို ဒီဇိုင်း ၂ခုထွက်လာလို့ ခြေမကိုင်မိ လက်မကိုင်မိဖြစ်နေရတယ်.. နဂိုကတည်းက စာပဲရေးတတ်တယ်လို့ ပြောထားတာ အခုရက်ပိုင်းတော့ ရူးပါရူးချင်သွားတယ်… ကြားထဲ ဘတ်ဂရောင်းကို ဖျော့ဖျော့လေး ဖြစ်အောင် ပြောင်းလိုက်တာ စာလုံးအရောင်တွေအားလုံး ကုလားရောင်ဖြစ်ကုန်ပြီး ဘာတစ်လုံးမှဖတ်မရတော့ဘူး……. အပြာပေါ်အ၀ါထပ်သလို ဖြစ်ကုန်တယ်… လူလည်း ပူထူပြီး သူများမေးရတယ်.. လင်း ဘလော့ခ်အသစ်အတွက် အစစအရာရာကူညီပေးခဲ့သော သူငယ်ချင်းကောင်းတစ်ဦးနှင့် အကြံပြုခဲ့သော သူငယ်ချင်းတစ်ဦးကို ကျေးဇူးအထူးတင်ရှိပါကြောင်း ပြောချင်ပါတယ်.. ဘာမှမသိဘဲ လျှောက်လုပ်မိကာ အမှားများဖြစ်တိုင်း စိတ်ရှည်လက်ရှည် ပြန်လည်ပြင်ဆင်ပေးခဲ့သော သူငယ်ချင်းလည်း အတော်စိတ်ညစ်နေပြီထင်ပါတယ်.. သြော်မသိတော့လည်း တစ်ဒုက္ခပါပဲနော်………..

Read More...

Friday, September 01, 2006

Tribute to the Angel of Peace, Myanmar Future Generation

ဒီသီချင်းကိုနားထောင်ပြီးကတည်းက ကြက်သီးမွေးညှင်းတွေ တအားထလာတယ်.. ရင်ထဲကနေ ကောင်းကင်တစ်ခွင်လုံး အမေ ဆိုပြီးအော်သံတွေ ဟိန်းနေတယ်…. သမီးအပါအ၀င် တတိုင်းပြည်လုံး တကမ္ဘာလုံးက လေးစားရသော မေမေဒေါ်ဆန်းစုကြည် အမြန်ဆုံးလွတ်မြောက်မှုရရှိပါစေ။။

Read More...

Black Eyed Peas dedication to Aung San Suu Kyi

Read More...

ဗိုလ်ချုပ်အောင်ဆန်း၏ မိန့်ခွန်းများ



ဗိုလ်ချုပ်အောင်ဆန်း၏ ရှားပါးမိန့်ခွန်းများနှင့် စာအုပ်အချို့ကို ဒီလင့်ခ်မှာ ရှာဖွေကြည့်ရှုနိုင်ပါတယ်။

http://www.mediafire.com/?5zfprt5okws2d

Read More...

လှောင်ချိုင့်ထဲကလွှတ်ပါ

သမိုင်းကြောင်းမကောင်းတော့ဘူး

ကမ္ဘာကိုဂရုမစိုက်ဘူး

လောကသစ္စာတရားမသိတော့ဘူးလား။

သူရဲကောင်းဝိဥာဉ်အား

ဖမ်းဆီးချုပ်နှောင်ထား

လူ့ရဲ့အသိဥာဏ်များမရှိတော့ဘူးလား။

CHO: ဒီမိုကရေစီလမ်းပြသူကို

လှောင်ချိုင့်ထဲကလွှတ်ပါ

လွတ်မြောက်ခွင့်ပေးပါ

ငါတို့တောင်းဆိုနေ

ပြည်သူတွေကိုလမ်းပြသူကို

လှောင်ချိုင့်ထဲကလွှတ်ကာ

လွတ်မြောက်ခွင့်ပေးပါ

ငါတို့တောင်းဆိုနေ)

(ဒီမိုကရေစီ)၃ -- ဒို့အရေး

(ဒီမိုကရေစီ)၃ -- အားလုံးအတွက်

(ဒီမိုကရေစီ)၃ -- ဒီမိုကရေစီ

အကြမ်းဖက်စစ်သည်များ

ပြည်သူကိုသတ်မတဲ့လား

ကျေးဇူးသစ္စာတရားမသိကြတော့ဘူးလား။

နအဖ မိစ္ဆာများ

ပြည်သူကိုနှိပ်စက်ကြ

ဘုရားဟော မေတ္တာတရားမရှိတော့ဘူးလား။

CHO:

Click Here

Read More...