Saturday, December 29, 2007

စင်္ကာပူတွင်ဖျော်ဖြေမည့် သီးလေးသီးအငြိမ့်ပွဲ


၂၀၀၈ခုနှစ် ၊ ဇန်န၀ါရီလ ၁၉ရက်နေ့ (စနေနေ့) ည ၇နာရီမှ ၁၀.၃၀ထိ စင်္ကာပူနိုင်ငံမှာ ဖျော်ဖြေမည့် သီးလေးသီးအငြိမ့်ပွဲအတွက် လက်မှတ်များကို လမ်းပြကြယ်စာကြည့်တိုက်နှင့် မြနန္ဒာဆိုင်တို့မှာ ၀ယ်ယူရရှိနိုင်ပါပြီရှင်။ လမ်းပြကြယ်စာကြည့်တိုက်ဖွင့်ချိန်တွေကတော့ စနေနေ့ နေ့လည် ၂နာရီမှ ည ၉ နာရီထိ ၊ တနင်္ဂနွေနေ့ နေ့လည် ၁၂ နာရီမှ ည ၉ နာရီထိ ၊ ဗုဒ္ဓဟူးနေ့ ညနေ ၄ နာရီမှ ည ၉ နာရီထိ ဖြစ်ပါတယ်။ လက်မှတ်တစ်စောင်ကို $15, $20, $25 အသီးသီးဖြင့် ၀ယ်ယူနိုင်ပါတယ်ရှင်။ ကျင်းပမည့်နေရာကတော့ Lavender MRT အနီး ၊ Foo Chow Building ဖြစ်ပါတယ်။

သီးလေးသီးအငြိမ့်အဖွဲ့တွင် လူရွှင်တော် စိန်သီး၊ ပန်းသီး၊ ဇီးသီး၊ ကြယ်သီးနှင့် ဂေါ်ဇီလာ၊ မင်းသမီး ချောစုမျိုး နှင့် မြင့်သန္တာစိုး (စပယ်ငုံ) တို့ ပါဝင်ကပြဖျော်ဖြေပါမည်။ ပြည်သူ့အတွက် အနုပညာရှင်အစစ်ဖြစ်သော သီးလေးသီးအငြိမ့်အဖွဲ့ကို အားလုံးတက်ရောက်ကြည့်ရှုကြဖို့ ဖိတ်ခေါ်ပါတယ်ရှင်။

4 comments:

Unknown said...

အမှန်တရားမှာ အင်အားရှိတယ်

တန်ခူး said...

လင်းလက်ရေ...bannerအသစ်လေးကိုကြိုက်တယ်...ပိုပြီးmatureဖြစ်လာတယ်...နှစ်သစ်မှာ ကိုယ်စိတ်နှလုံးချမ်းမြေ့ပါစေ

Anonymous said...

wow thanks for the info.. I was planned to watch but don't know where to buy ticket.. now still have time better go and buy ticket ^_^

Anonymous said...

This is the first time I have visited your site and I am amazed at the amount, the value and the clarity of the information you have provided.
hp laserjet 1320 drivers

Post a Comment

အကြံပြု comment ၀င်ရေးပေးတဲ့အတွက် လှိုက်လှဲစွာ ကျေးဇူးတင်ရှိပါတယ်ရှင် ။ မဖွယ်မရာ စကားများ ၊ ဆဲဆိုခြင်းများ ၊ ပေါကြောင်ကြောင်စကားများ ၊ တစ်စုံတစ်ဦး၏ ကိုယ်ကျင့်တရားသိက္ခာကို ထိခိုက်စေသော စကားများ ဖြစ်ပါက ထို comment များကို လက်ခံမည်မဟုတ်ကြောင်း လေးစားစွာ အသိပေးအပ်ပါတယ်ရှင် ။ အလည်လာရောက် အကြံပြုရေးသားခြင်းများအတွက် ကျေးဇူးတင်ပါတယ် ။ စာများ ရှင်းလင်းစွာ မြင်ရဖို့အတွက် Space များ ထည့်ရိုက်ပေးကြပါရှင်။