Monday, September 25, 2006

အစာငတ်ခံဆန္ဒပြနေကြသောအဖွဲ့များ

သတင်းတစ်ခုပါ.. အမေရိကန်ပြည်ထောင်စုမှာရှိတဲ့ မြန်မာရဲဘော်များက စက်တင်ဘာ (၄)ရက်နေ့မှစပြီး ၀ါရှင်တန်ဒီစီမြို့ရှိ တရုပ်သံရုံး မြန်မာသံရုံး အိန္ဒိယသံရုံးရှေ့နှင့် နယူးယောက်မြို့ရှိ ကမ္ဘာ့ကုလသမဂ္ဂ
ဌာနချုပ်တို့ရှေ့မှာ ၁၈နှစ်တာ ကာလအတွင်း ပြည်သူများငတ်မွတ်ခေါင်းပါးခြင်း ၊ သတ်ဖြတ်နှိပ်စက်ခံရခြင်း ၊ ရောဂါဆိုးများခံစားရခြင်းကို ရည်စူးပြီး ၁၈ရက်ခန့် အစာငတ်ခံဆန္ဒပြခဲ့ကြတာ ၂၂ရက်နေ့မှာ ၁၈ရက်တင်းတင်း ပြည့်သွားပြီဖြစ်ပါတယ်.. သူတို့ အစာငတ်ခံနေတဲ့ ၁၈ရက်အတွင်းမှာ တရုပ်သံရုံး ၊ မြန်မာသံရုံး ၊ အိန္ဒိယသံရုံးတို့အား မေတ္တာရပ်ခံစာတွေပေးပို့ခြင်း ၊ ကောင်စစ်ဝန် သံရုံးတာဝန်ခံများနှင့် တွေ့ဆုံပြီး မြန်မာပြည် လူ့အခွင့်အရေးအဖြစ်မှန်တွေကို ရှင်းပြခွင့်ရခြင်း ၊ ကုလသမဂ္ဂအထွေထွေအတွေးရေးမှုးထံသို့ စာများပို့နိုင်ခြင်းတို့ ပြုလုပ်နိုင်ခဲ့ကြောင်းကြားသိရပါတယ်…

သူတို့အားလုံးတောင်းဆိုချက်များကတော့

၁)ကမ္ဘာ့ကုလသမဂ္ဂလုံခြုံရေးကောင်စီမှ မြန်မာနိုင်ငံအရေးကို တရားဝင်အကြောင်းအရာဖြစ်ဆွေးနွေးရန်

၂)ကုလသမဂ္ဂအထူးသံတမန်အဖွဲ့ကို မြန်မာပြည်သို့စေလွှတ်ပြီး ထိုကိုယ်စားလှယ်အဖွဲ့မှ ဒေါ်အောင်ဆန်းစုကြည်အပါအ၀င် နိုင်ငံရေးအကျဉ်းသားများအားလုံးကို စေလွှတ်ပေးရန် ထိရောက်စွာ ဆွေးနွေးရန်။

၃)နအဖမှ NLD နှင့်တွေ့ဆုံဆွေးနွေးရန် ထိရောက်စွာဆောင်ရွက်ပေးရန်

၎)နအဖမှ ကျူးလွန်ခဲ့သော ဒီပဲယင်းအရေးအခင်းနှင့်တကွ တခြားမတရားသတ်ဖြတ်မှုများကို တရားဥပဒေစိုးမိုးရေးအတွက် ထိရောက်စွာစုံစမ်းအရေးယူပေးပါရန်။

၅)တိုင်းရင်းသားနယ်မြေများတွင် နအဖထိုးစစ်များနှင့် အခြားသောလူ့အခွင့်အရေးချိုးဖောက်မှုများ ရပ်စဲအောင် ဆောင်ရွက်ပေးရန်ဖြစ်ပါတယ်။

ကမ္ဘာအရပ်ရပ်မှ လူ့အခွင့်အရေးကိုလိုလားသော မြန်မာလူမျိုးများနှင့် NLD ကြိုးပမ်းမှုများကြောင့် လုံခြုံရေးကောင်စီမှ မြန်မာပြည်အရေး ဆွေးနွေးရန်ဆုံးဖြတ်ချက်ကို မြန်မာလူမျိုးများနှင့် NLD အဖွဲ့ဝင်များအားလုံးက လှိုက်လှဲစွာကြိုဆိုထောက်ခံအားပေးခဲ့ပါတယ်။

ကျန်တဲ့အချက်များကို လုံခြုံရေးကောင်စီမှ ဆက်လက်ဆောင်ရွက်ရန်အတွက် အမေရိကမှ မြန်မာရဲဘော်အဖွဲ့ဝင်များက နောက်ထပ် (၉)ရက် အစာငတ်ခံ ဆန္ဒပြဖို့ အောက်တိုဘာ ၁ရက်နေ့ထိ ထပ်မံတိုးမြှင့်လိုက်ပါပြီ။ သူတို့အားလုံးရဲ့ မလျှော့သောလုံ့လတို့ဖြင့် ကြိုးစားမှုများကို ဖတ်နေတဲ့ ကျွန်မ လက်ချောင်းလေးတောင် တုန်ချင်လာတယ်.. တကယ်ကို မဖော်ပြနိုင်တဲ့ လေးစားမှုနဲ့ ကျေးဇူးတင်ရှိသလို ဂုဏ်ယူမိပါတယ်… ကြားသိရသူအားလုံးကလည်း ကျွန်မလိုခံစားရမယ်လို့မျှော်လင့်ပါတယ်..

သူတို့တွေရဲ့ကြိုးပမ်းမှုကို ABSDF မှအဖွဲ့ဝင်အားလုံးက ဂုဏ်ပြုသ၀ဏ်လွှာပေးပို့ခဲ့ပြီး အားပေးစကားများနှင့်အတူ ရဲဝံ့တက်ကြွသောစကားများဖြင့် စိတ်ဓါတ်ခွန်အားကို ဖြည့်ဆည်းပေးခဲ့ပါတယ်.. သ၀ဏ်လွှာကိုဖတ်ပြီးချိန်မှာလည်း ရင်ထဲလေးနက်တဲ့ခံစားချက်တစ်ချို့ ၀င်ရောက်လာခဲ့ပါတယ်.. ဒီလိုကြိုးပမ်းမှုများနှင့် ကူညီအားပေးမှုတွေသာ မရှိရင် စိတ်ဓါတ်အနည်းငယ် ကျဆင်းမိကြမှာပါ.. အခုလို စည်းလုံးစွာ အရေးတော်ပုံအတွက် လက်တွဲနေကြတာ တကယ်ကိုအားရ၀မ်းသာဖြစ်မိပါတယ်.. ဒီလိုမျိုး မြင်ကွင်းတွေကို နအဖဘက်ကနေ နာနေတဲ့ ကန်းနေတဲ့လူတွေကို မြင်စေချင်စမ်းပါဘိ…..

2 comments:

Anonymous said...

Sis yay, pls write your own thinkings and your ideas more. Don't write and report on news which we can easily read from the internet websites such as burmatoday or irrawaddy. Posting those news would only draw some attentions to your blog and will get banned without any good results. Do not just follow the steps of senior politicians. Be yourself, be original as you are. We are supporting you, but if you follow those same old steps, you wouldn't be any different or interesting anymore. Pls take it as a positive comment from a good friend, okie?

Anonymous said...

ညီမကိုယ်ပိုင်အတွေးအခေါ်နဲ့ ဆုံးဖြတ်ချက်များကို ဘလော့ခ်မှာရေးတာများပါတယ်အကို…. သိသင့်ပြီး ညီမအားကျတဲ့လုပ်ရပ်တစ်ချို့ကိုတော့ ပထမဦးဆုံးတိုက်ရိုက်နီးပါးယူပြီးအောက်ဘက်မှာ ညီမအတွေးအခေါ် ထည့်သွင်းပေးထားတာပါ…….. အကြံပေးပြင်ဆင်ပေးတာကျေးဇူးပါရှင်… နောက်ပိုင်း ပိုကြိုးစားသွားမှာပါ.. နောင်လည်း ပိုဝေဖန်ပေးပါ……..

ကျေးဇူးတင်လျက်
လင်းလက်ကြယ်စင်

Post a Comment

အကြံပြု comment ၀င်ရေးပေးတဲ့အတွက် လှိုက်လှဲစွာ ကျေးဇူးတင်ရှိပါတယ်ရှင် ။ မဖွယ်မရာ စကားများ ၊ ဆဲဆိုခြင်းများ ၊ ပေါကြောင်ကြောင်စကားများ ၊ တစ်စုံတစ်ဦး၏ ကိုယ်ကျင့်တရားသိက္ခာကို ထိခိုက်စေသော စကားများ ဖြစ်ပါက ထို comment များကို လက်ခံမည်မဟုတ်ကြောင်း လေးစားစွာ အသိပေးအပ်ပါတယ်ရှင် ။ အလည်လာရောက် အကြံပြုရေးသားခြင်းများအတွက် ကျေးဇူးတင်ပါတယ် ။ စာများ ရှင်းလင်းစွာ မြင်ရဖို့အတွက် Space များ ထည့်ရိုက်ပေးကြပါရှင်။