Wednesday, September 27, 2006

ရင်ဘတ်ထဲကစကားများ (၂)

™ Cuteberries.com - Cartoon Dolls, Cute Disney Graphics, Saniro Graphics, Myspace Pictures, Myspace Codes, Myspace Layouts, Myspace goodies, Myspace stuff and more ! ™

လွန်ခဲ့တဲ့နှစ်ပေါင်းများစွာ ကျွန်မတို့အဖေလက်ထက်တုန်းက အချိန်လေးတစ်ခုကို စာတွေဖတ် သူတို့ပြောတာ နားထောင်ရင်း ပြန်လည်တွေးမိပါတယ်.. ကျွန်မတို့မြန်မာနိုင်ငံက အလွန်ကို သယံဇာတပေါကြွယ်ဝပြီး ရိုးရာယဉ်ကျေးမှုကို ထိန်းသိမ်းတဲ့နိုင်ငံတစ်နိုင်ငံဖြစ်ခဲ့ပါတယ်… အလှူအတန်းတွေ ခြိမ့်ခြိမ့်သဲအောင်ကျင်းပပြီး အစာရေစာပေါကြွယ်ဝတဲ့ စိတ်ချမ်းသာကိုယ်ချမ်းသာ လူတိုင်းနေနိုင်တဲ့နိုင်ငံတစ်နိုင်ငံပါ.. အခုအခြေအနေနဲ့ နှိုင်းယှဉ်ကြည့်မယ်ဆိုရင်တော့ တကယ့်ကို မိုးနဲ့မြေပါပဲရှင်… လွတ်လပ်ရေးကို တိုက်ပွဲဝင်ခဲ့တုန်းက မြန်မာ ဗမာလူမျိုးတွေက သိပ်ကိုသွေးစည်းညီညွတ်ခဲ့ကြတယ်… သွေးမျက်ရည်နဲ့ အသက်သွေးတွေသာ မြေပေါ် ကျခဲ့တယ်.. ဒူးမထောက်ခဲ့တဲ့ သတ္တိရှင်တွေပါ… အခုအခြေအနေနဲ့ နှိုင်းမယ်ဆိုရင် နအဖက ဖျက်ဆီးခဲ့လို့ အကျင့်စာရိတ္တတွေလည်း ချို့ယွင်း ၊ လူတွေလည်း အကုန်အလဲလဲဖြစ်ခဲ့ရတယ်… ဂုတ်သွေးအချင်းချင်း ပြန်စုပ်နေကြတာတွေကို မြင်ယောင်နေရတိုင်း စိတ်မချမ်းမသာဖြစ်ခဲ့၇တယ်… ဘာသာတရား ကိုင်းရှိုင်းတဲ့ မန္တလေးမြို့တော်က အခုဆိုရင် မတရားသောနည်းလမ်းများနှင့် အသက်မွေးဝမ်းကြောင်းပြုနေတဲ့ တိုင်းတပါးသားများက လက်ဝါးကြီးအုပ်ထားပြီး မြန်မာလူမျိုးနဲ့ ဘုန်းကြီးအများစုက ဘေးရောက်နေကြပါတယ်.. မြန်မာနိုင်ငံက ပွဲလမ်းသဘင်များပြီး ချစ်ဖို့ကောင်းသော ဓလေ့များပိုင်ဆိုင်ထားသော နိုင်ငံတစ်နိုင်ငံပါ… ရှေ့ဆောင်နွားလားဖြောင့်ဖြောင့်သွားမှ နောက်ကနွားလားဖြောင့်ဖြောင့်လိုက်မယ်ဆိုတဲ့အတိုင်း အရှေ့က လူကြီးတွေက လူမဆန်အောင်ကျင့်သုံးနေတော့ ပြည်သူတွေစိတ်တွေလည်း ညစ်နွမ်းခဲ့ရပါတယ်… အရင်က ပွဲလမ်းသဘင်တွေဆိုရင် စည်ကားသိုက်မြိုက်စွာကျင်းပလေ့ရှိကြပါတယ်.. အခုတော့ ဘယ်ပွဲတော်မှ စည်ကားခြင်းမရှိသလို အားလုံးကလည်း ကျင်းပနိုင်ခြင်းမရှိတော့ဘူး.. သင်္ကြန်ဆိုရင် ရေလောင်းဖို့နေနေသာသာ ကိုယ့်အိမ်ထဲက ရေစည်မှာ ရေပြည့်ဖို့ပဲကြိုးစားနေရတယ်.. သီတင်းကျွတ်မှာ သူ့အိမ်ငါ့အိမ်အပြိုင်အဆိုင် မိဘတွေကို မကန်တော့နိုင်တော့ပါဘူး.. စပါးပေါ်လို့ ရွှေငွေသီးအောင် ကျေးလက်တောသားတွေ မ၀တ်ဆင်နိုင်တော့ပါဘူး… စီးပွားရေးက သုညထိ ဆိုးရွားလာတော့ ဘာသာရေးဘက်မှာလည်း အားနည်းလာကြတယ်.. စီးပွားကိုပဲ ကုန်းရုန်းရှာနေရတော့ ကျန်တဲ့ဘက်တွေ အားနည်းလာတယ်.. စစ်အာဏာရှင်က ထမင်းဝအောင်မကျွေးထားဘဲ ပြည်သူတွေကို ခွေးဖြစ်အောင် အာဏာမဖီဆန်နိုင်အောင် ဖန်တီးခဲ့ခြင်းပါပဲ… ပြည်တွင်းမှာ မနေနိုင်လို့ ပြည်ပထွက် ၀မ်းရေးအတွက် အလုပ်လုပ် ပညာသင်ကြားတော့ ပြန်လည်ခေါင်းပုံဖြတ်ပါတယ်.. နဖူးကချွေး မြေကြီးပေါ်ကျပြီး သူများ မျက်နှာကြည့် အလုပ်လုပ်နေရတဲ့ ပြည်ပက မြန်မာလူမျိုးတွေဘ၀ကိုမစာမနာ ၊ အမြတ်တော်ပုံထုတ်လိုက်ရင်လည်း တနင့်တပိုးကြီးပါပဲ.. မြန်မာအမျိုးသမီးတွေဘ၀ကို ပြည့်တန်ဆာဖြစ်အောင် ဖန်တီးနေကြတဲ့အပြင် ခေတ်လူငယ်တွေစိတ်ဓါတ်ကိုလည်း ဖျက်ဆီးနေကြတာတော့ ဘ၀ဆက်တိုင်း ဘယ်ဘုရားကမှ ခွင့်လွှတ်မှာမဟုတ်ပါဘူး… ကိုရီးယား မြန်မာချစ်ကြည်ရေး ဈေးရောင်းပွဲတော်လေးကို ကြည့်လိုက်ရပါတယ်.. ကစားနည်းတွေနဲ့ ရန်ပုံငွေရှာတယ်ဆိုလို့ ဘာများလည်း ကြည့်လိုက်မိပါတယ်.. ယောက်ျားကြီးတစ်ယောက်က ပူဖောင်းတွေကို သူ့ပေါင်ပေါ်တင်ထားပြီး အသက်၁၈နှစ် ၂၀နှစ်ခန့်ရှိတဲ့ မိန်းကလေးတွေကို အဲဒိပူဖောင်းပေါက်အောင် သူ့ပေါင်ပေါ်ကိုဖင်နဲ့တက်ဖိခိုင်းပါတယ်.. ကြည့်ရတဲ့ မြင်ကွင်းက အတော်ရုပ်ဆိုးတဲ့အပြင် ပြိုင်ပွဲဝင်နေတဲ့ မိန်းကလေးတွေကတော့ ဒါကိုမတွေးဘဲ ရီမောနေတာကိုကြည့်ရင်း သက်ပြင်းချမိပါတယ်.. ကစားစရာရှားလို့ ယောက်ျားပေါင်ပေါ် မိန်းကလေးကနောက်ပြန်တက်ရလား… ကျွန်မ အထက်တန်းတက်တုန်းက ခေတ်ဆန်ဆန်တော့ဝတ်ပါတယ်.. ဒါပေမယ့် ယောက်ျားသားတွေနဲ့ လမ်းတောင် ၂ယောက်တည်းယှဉ်မသွားဘူး.. ကိုယ်ကလိပ်ပြာသန့်ရင်တောင်သူများက တမျိုးထင်မှာပဲ.. အခုလည်း ပြည်ပရောက်လည်း ဒီအတိုင်းပဲ… အခုတော့ မြန်မာပြည်ရဲ့မြင်ကွင်းတွေကိုကြည့်ရင်း ပါးစပ်ပါ ပိတ်မရအောင်အံ့သြမိပါတယ်… ကာရာအိုကေခန်းမတွေမှာ အလုပ်လုပ်တဲ့ မိန်းကလေးဦးရေ များလာတယ်ဆိုတာ နိုင်ငံရဲ့ အခြေအနေကို မီးမောင်းထိုးပြနေသလိုပါပဲ… နောက် ကလေးတွေကို ငယ်စဉ်ကတည်းက ကိုယ်ပိုင်အတွေးအခေါ်တွေ ပျောက်ဆုံးအောင်၊ တီထွင်ကြံဆစိတ်တွေ မရှိအောင် ရိုက်ချိုးခဲ့တဲ့ ပညာရေးစနစ်ကလည်း သိပ်ကိုစိတ်ပျက်ဖွယ်ကောင်းပါတယ်.. ခေတ်ဆိုတာ ရေစီးကြောင်းအတိုင်း သွားတယ်ဆိုတာ မှန်ပါတယ်.. ဒါပေမယ့် ခေတ်မှီတာမဟုတ်ဘဲ ခေတ်ပျက်နေတဲ့ ကျွန်မတို့ သိပ်ချစ်ရသော မြန်မာပြည်ကို ပြန်လည်သုံးသပ်ဝေဖန်ကြိုးစားဖို့ ဒီတစ်ခေတ်မှာမှ မလုပ်နိုင်ရင် ဘယ်သူက ထမ်းဆောင်မှာလည်း.. ကျွန်မတို့ခေတ်မှာ ပြောင်းကိုပြောင်းရမယ်ဆိုတာ လူငယ်အားလုံး ဆုံးဖြတ်ချက် ချထားသင့်ပါတယ်..

1 comments:

generation96 said...

Lin Let,
You are a lot younger than my own sister. Yet your maturity is way above her as well as many other burmese girls.

My utmost respect to you...

Post a Comment

အကြံပြု comment ၀င်ရေးပေးတဲ့အတွက် လှိုက်လှဲစွာ ကျေးဇူးတင်ရှိပါတယ်ရှင် ။ မဖွယ်မရာ စကားများ ၊ ဆဲဆိုခြင်းများ ၊ ပေါကြောင်ကြောင်စကားများ ၊ တစ်စုံတစ်ဦး၏ ကိုယ်ကျင့်တရားသိက္ခာကို ထိခိုက်စေသော စကားများ ဖြစ်ပါက ထို comment များကို လက်ခံမည်မဟုတ်ကြောင်း လေးစားစွာ အသိပေးအပ်ပါတယ်ရှင် ။ အလည်လာရောက် အကြံပြုရေးသားခြင်းများအတွက် ကျေးဇူးတင်ပါတယ် ။ စာများ ရှင်းလင်းစွာ မြင်ရဖို့အတွက် Space များ ထည့်ရိုက်ပေးကြပါရှင်။