Tuesday, September 12, 2006

မကူညီချင်ခဲ့ရင်မဖျက်ဆီးပါနှင့်

တစ်ချို့သောသူများက နိုင်ငံရေးသမားတွေက……………ဆိုပြီး စကားကိုအစချီ စတင်အုပ်ကြပါတော့တယ်… ဒီနေရာမှာ လင်းလက်အထူးရှင်းပြချင်တာလေးတွေရှိပါတယ်… တစ်ချို့သောနိုင်ငံရေးအဖွဲ့အစည်းမှ ၀န်ထမ်းတစ်ချို့ ကာရိုက်တာလေးတွေ မကောင်းတာနဲ့ အားလုံးကိုသိမ်းကြုံးမပြောဖို့ပါ.. အထူးသဖြင့် တော်လှန်ရေးသမားတွေကို မစော်ကားမိပါစေနဲ့…. နိုင်ငံရေးသမားဆိုပြီး အချို့သောသူများက ဘ၀အခြေအနေအရ ခံယူထားပေမယ့် ရင်ထဲမှာသိပ်ပြင်းပြင်းပျပျမရှိပါဘူး.. ဒါကလည်း သူများကို အပြစ်သိပ်မတင်ပါနဲ့.. နအဖကိုဒူးမထောက်ဘဲ ရိုးရိုးသားသား လုပ်ကိုင်စားတဲ့လူဆို၇င် လင်းလက်က စစ်သားတစ်ယောက်ထက်စာရင် ပိုပြီးလေးစားပါတယ်.. လင်းလက်ကိုမြင်ရင် တစ်ချို့သောသူများက နိုင်ငံရေးခိုလှုံခွင့်ခံယူပြီး သူများနိုင်ငံမှာမှီတွယ်နေသော လူတွေဘ၀ကို လာခနဲ့ကြပါတယ်.. ကျွန်မ ရှင်တို့ကို တစ်ခုပြန်မေးမယ်နော်.. ရှင့်နိုင်ငံက အနည်းဆုံး စင်ကာပူ ၊ သြစတြေးလျလောက် တိုးတက်ချမ်းသာနေမယ်ဆို၇င် ရှင်က အောက်ကျနောက်ကျ သူများနိုင်ငံမှာ ခိုလှုံခွင့်တောင်းမှာလား.. ဒါရှင်းနေတာပဲ…. အဲ တစ်ချို့ကပြောသေးတယ်.. မင်းတို့နိုင်ငံကိုချစ်ရင် ဘာလို့သူများနိုင်ငံသွား ကျွန်ခံနေလည်းတဲ့. အဲဒီအခါမှာ ကျွန်မကလည်း ရှင်တို့ကို တစ်ခွန်းပဲပြန်ပြောလိုက်မယ်.. `လူ့အခွင့်အရေးကိုလိုချင်တယ်ဟေ့´လို့အော်ပြီး ရေသောက်ဗိုက်မှောက်ပြီး အသေခံရတော့မှာလား.. ကျူပ်တို့မြန်မာပြည်ကြိးမှာ ထမင်းတစ်နပ်စားရဖို့ အဲဒီလောက်မခက်ပါဘူး လာမပြောနဲ့နော်.. အဲဒါ ၁၉၉၆ခုနှစ်မှာ ကျန်ခဲ့ပြီ.. အခုက နအဖတွေ အနှစ်တွေထုတ်ထားလို့ တိုင်းပြည်ကအခွန်ပဲကျန်တော့တဲ့ ၂၀၀၆ရဲ့ ငမွဲလေးဖြစ်နေပြီ…. သူများတွေ လကမ္ဘာပေါ်တက် နယ်မြေသစ်ရှာ ၊ အင်တာနက်နဲ့ အင်ဖော်မေးရှင်းတွေ ဆက်သွယ် ၊ ကွန်ပြူတာနဲ့အလုပ်လုပ်နေချိန်မှာ မြန်မာပြည်မှာ ကွန်ပြူတာဆိုတာ အလုံးလား အပြားလား မသိသူ အရေအတွက်ပိုများနေပါတယ်.. ဒါဟာ ပြည်ပကိုပြည်သူတွေထွက်လာရတဲ့ အကြောင်း၇င်းပါပဲ.. နောက်တစ်ချို့လူများက ကျွန်မကိုလာပြောသေးတယ်.. `မင်းတို့လိုလူတွေကြောင့် ပြည်ပကချမ်းသာနေတာတဲ့.. ပြည်တွင်းပြန်လာခဲ့စမ်းပါ´တဲ့.. အိုကေ ကျွန်မပြောပြမယ်.. ကျွန်မတို့ပြည်ပမှာနေတာ ပိုက်ဆံသိပ်မက်လွန်းနေလို့မဟုတ်ဘူး.. မြန်မာပြည်က မချမ်းသာဘဲ သူ့ဥပဒေနဲ့သူ ၊ လူတစ်ယောက်၇ဲ့ အခွင့်အရေးသာ ရှိနေမယ်ဆို၇င် မနက်ဖြန် လေယဉ်လတ်မှတ်ဝယ်ပြီး ပြန်လာခဲ့မယ်… အခုက စီးပွားရေးလုပ်မယ်ဆိုလည်း ဟိုလူကြီးကိုဖားရ ၊ ဒီလူကိုကြောက်ရ ကိုယ်အရည်အချင်းရှိရင်တောင် အပေါ်ကလူခြေထောက်ဖက် အသက်ရှင်ရမယ့်အလုပ်ကိုတော့ ဆောရီးပါပဲ… မြန်မာတွေက ပြည်ပမှာ အခြေချ တစ်သက်လုံးနေဖို့စိတ်ကူးသူဆိုတာ ရာခိုင်နှုန်းနည်းပါတယ်.. ဘယ်အချိန် အထုပ်ပိုက်ပြန်ပြေးမလည်းပဲ စဉ်းစားနေတာပါ… ဒါကို နအဖတွေမသိပါဘူး.. တိုင်းပြည်ကိုချစ်လွန်းလို့ ချွေးနည်းစာနဲ့ သူများနီုင်ငံမှာ အလုပ်လုပ်ရှာထားရတဲ့ပိုက်ဆံတွေထဲက အခွန်တွေကိုလည်း လစဉ်လတိုင်း ဆက်သနေရတာပေါ့..

ဒေါ်အောင်ဆန်းစုကြည် ဘယ်လောက်တော်တော် သူမက အခုလက်ရှိ အချုပ်ထဲမှာဖြစ်နေတဲ့အတွက် အပြင်ဘက်မှ လူများအားလုံးစိတ်ဓါတ်ထဲမှာ မိမိတို့အားလုံးလက်တွဲပြီး ပူးပေါင်းပါဝင်ရမယ်ဆိုတာ မှတ်ထားသင့်ပါတယ်.. မြန်မာတစ်ချို့မှာရှိတဲ့အကျင့်က အတော်အောက်တန်းကျပါတယ်.. ကိုယ်မလုပ်နိုင်တဲ့အရာ သူများလုပ်နိုင်ပြီဆို၇င် လိုက်အဖျက်သမားလုပ်လေ့ရှိတယ်.. တစ်ချို့ကျပြနတော့ ဇတ်တူသားကိုပြန်စားကြပြန်ရော.. အဲဒီလိုလူတွေရှိနေလို့ နအဖက သက်ဆိုးရှည်နေတာပါ… အင်းယားလမ်းက တိုက်တစ်လုံးနဲ့ ကားတစ်စီးရ ၊ လက်ကိုင်ဖုန်းတစ်လုံးရတာနဲ့ တစ်တိုင်းပြည်လုံး သူတောင်းစားဖြစ်တော့မယ် အရေးကယ်တင်ရမယ့်အချက် ၊ ဘယ်ဟာကို မင်းရွေးချယ်မှာလည်း.. မိမိက တိုင်းပြည်အတွက် မကူညီနိုင်ရင်နေပါ.. မဖျက်ဆီးပါနဲ့.. မနှောင့်ယှက်ပါနဲ့.. သူတပါး အရည်အချင်းကို အထင်မသေးပါနဲ့.. ဥပမာတစ်ခု ကျွန်မပေးချင်ပါတယ်.. ကျွန်မကို ဟိုတစ်ရက်က မိန်းမကြီးတစ်ယောက် စကားလာပြောတယ်.. အစပိုင်းက သူက စာရေးဆရာမဆိုတော့ ကျွန်မလည်း သူ့နာမည်ကို တစ်ခါမှမကြားဖူးပေမယ့် `အားပေးပါ့မယ် ကြိုးစားပါ´ လျှောက်ရွှီးလိုက်တာပဲ… နောက်တော့သူက နားကြားပြင်းကပ်လောက်အောင် ကြွားလာတော့ ကျွန်မကလည်းသိပ်အလုပ်အားတာ မဟုတ်ဘူး.. အတော်ကို စိတ်ရှည်ခံပြီးနားထောင်နေရတယ်.. သူ့စာတွေကို ဘယ်မှာရေးတာလည်းဆိုတော့ ဆိုဒ်တစ်ခုထုတ်ပြတယ်… ကျွန်မလည်း အတော်ရီချင်သွားတယ်.. သြော် အွန်လိုင်းဆိုဒ်တစ်ခုမှာ ရေးချင်တာလျှောက်ခြစ်နေတာ စာရေးဆရာမလား.. ကျွန်မကို တစ်ခြားသူတွေက စာရေးဆရာမလို့ခေါ်တိုင်းငြင်းလေ့ရှီတယ်..ကျွန်မက အမှန်ကိုရေးရဲသူလင်းလက်ကြယ်စင်လို့ပဲ နာမည်တပ်တ်ယ.. ကိုယ့်ကိုယ်ကိုယ် တစ်ခါမှ အဲဒီလိုမခေါ်ဖူးဘူး.. အဲဒါသိပ်ပြသနာမရှိသေးဘူး.. သူက သူစာရေးဆရာမဖြစ်ကြောင်း ကိုယ်ရေသွေးပြီးတော့ ကျွန်မကိုမေးခွန်းတစ်ခုမေးတယ်.. `ဘယ်လောက်သိလို့ နိုင်ငံရေးရေးနေတာလည်းတဲ့.. မင်းအသက်သိပ်ငယ်သေးတယ်… မဆိုင်ရင်ဝင်မပါစမ်းပါနဲ့တဲ့`.. ကျွန်မလည်း မိန်းမချင်းဆိုတော့ `ကျေးဇူးတင်ပါတယ်အန်တီ..သမီးကို စေတနာရှိတဲ့အတွက်ပေါ့..ဒါပေမယ့် စိတ်ချပါ. သမီး သွားမယ့်လမ်း ဘုရားတားတောင် မရဘူးလို့´ပြောလိုက်တာ.. အဲဒီမှာပွဲစတာပဲ… မိန်းမချင်းဆိုတော့ ထပြီး သုံးနေကျနဲ့ကိုင်ပေါက်လို့ကလည်းမဖြစ်.. အတတ်နိုင်ဆုံး အယဉ်ကျေးဆုံး ပြောလိုက်ပေမယ့် အသက်ကြီးပြီး ယောက်ျားမရသေးသော မိန်းမကြီးဆိုတော့လည်း အတော်ပြောရတာ လက်ပေါက်ကပ်တယ်ရှင်.. အင်း ဘ၀င်လေဟပ်ပြီး သူများသွားမယ့်လမ်း နှောင့်ယှက်တယ်ဆိုတာလည်း ဒါမျိုးပေါ့နော်..

ကျွန်မအဓိကပြောချင်တာကတော့ ကောင်းသောရွေးချယ်ခြင်းလမ်းအတွက် လျှောက်နေတဲ့ တော်လှန်ရေး ၊ နိုင်ငံရေးသမားတွေကို လိုက်မနှောင့်ယှက်ပါနဲ့.. ကမ္ဘာအရပ်ရပ်က အဖွဲ့အစည်းတွေအားလုံး စည်းလုံးစွာ ကြိုးပမ်းမှု ၊ ပြည်သူများထောက်ခံအားပေးမှု စုစည်းဖို့ ကြိုးစားနေချိန်မှာ ကျေးဇူးပြုပြီး အသက်ငယ်တဲ့ ခံယူချက်ပြင်းပျသူတွေကို လိုက်မ၇ိပါနဲ့.. အသက်ကြီးပြီးသုံးစားမရတဲ့လူတွေ အများကြီးပါ.. ငါ့ထက်ငယ်တာပဲ.. သောက်ရေးစိုက်စရာလားလို့ မပြောပါနဲ့.. ရှင်မလုပ်နိုင်သောအရာကို တစ်ခြားသူက လုပ်ချင်လုပ်မယ်..ဒါကိုအားပေးပါ.. ကူညီပါ.. လမ်းပြပါ… နေရာတိုင်း မရိုင်းချင်လို့ယဉ်ကျေးနေချိန်မှာ သိပ်မလွန်စေနဲ့… နောက် တစ်ချို့ကလာသေးတယ်.. စာရေးဆရာမရယ် နာမည်ကြီးချင်ရင်ဒီလမ်း မရွေးပါနဲ့တဲ့.. ဟိုက် အဲဒါမှ တက်တက်စင်အောင်လွဲရော.. ငါ့နှယ် နာမည်ကြီးချင်ရင် သေလမ်းပေါ် ကြိုးတန်းလျှောက်မလားဟ… ကျွန်မဘလော့ခ်ကို တစ်နေ့ ဘယ်နှစ်ယောက်က ဘယ်နှစ်ကြိမ် ၀င်ဖတ်လည်း ကျွန်မမသိပါဘူး.. တမင်တကာ ကောင်တာတောင် မတပ်ထားပါဘူးဆို အဲဒီလိုမေးခွန်းနဲ့ လာ၇ိတဲ့သူကရှိသေး. ကျွန်မက ကျွန်မကိုချစ်ဖို့ထက် စိတ်ဓါတ်မြှင့်တင်ပြီး တိုင်းပြည်ကို ပြန်ချစ်လှည့်ကြည့်နိုင်ဖို့ကို လိုလားပါတယ်.. လင်းလက်ကိုမချစ်လို့လင်းလက်က အရေးမစိုက်ပါဘူး.. လင်းလက်ကိုမုန်းနေလို့ လင်းလက်က အပြုံးမပျက်ပါဘူး… တိုင်းပြည်ကိုမချစ်၇င်တော့ သင်လည်း တိုင်းတပါးမှာပဲ အရိုးဆွေးမယ်ဆိုတာတော့ သတိထားပါ… မြန်မာပြည်က အဖိုးတန်ကျောက်မျက်ရတနာကြီးတစ်ခုကို အညစ်အကြေးများ ဖုံးလွှမ်းနေတာနဲ့ တူပါတယ်.. အပေါ်လွှာက မကောင်းသောအ၇ာများကို တက်ညီလက်ညီ ဖယ်ရှားနိုင်မယ်ဆို၇င် အဖိုးတန်ကျောက်မျက်ရဲ့ အရည်အသွေးကို အားလုံးခံစားရမှာပါ.. ကြိုးစားတော့ သူတို့ ၊ စံစားတော့ ငါတို့မဖြစ်စေနဲ့ပေါ့….

ကျွန်မဒီပို့စ်က ကျွန်မပြောချင်သော အကြောင်းရာတော်တော်များကို ခြုံငုံရေးသားလိုက်ခြင်းပါ.. တကူးတက ဖတ်ပေးသော မိတ်ဆွေသူငယ်ချင်းများအားလုံးကိုကျေးဇူးတင်ရှိပါသည်.. ရွှင်လန်းချမ်းမြေ့ကြပါစေ..


မှတ်ချက် ။ ကျွန်မ အွန်လိုင်းပေါ်မရောက်ရှိခဲ့ပေမယ့် ပြောဆိုနေကြတဲ့ သတင်းတစ်ခုကြောင့် ဒီမှတ်ချက်ကိုတင်ပေးလိုက်ရခြင်းပါ.. အခုပို့စ်မှာ ကျွန်မတင်ထားတဲ့ ကျွန်မနဲ့ ကွိုင်မိတဲ့ နိုင်ငံကျော်စာရေးဆရာမကြီးဆိုတာကို အမည်မဖော်ပြခဲ့မိတာ အတော်များများက ကျွန်မ အမ မဟနစံလို့ထင်နေကြပြီး စွပ်စွဲနေကြပါတယ်.. ကျွန်မ လေးစားရတဲ့ မဟနစံ ၊ နိုင်းနိုင်းစနေနဲ့ ကိုညီလင်းဆက်တို့ ၃ယောက်ကို ကျွန်မက အဲလိုပြောမှာလားရှင်.. ကျွန်မကလည်း မပြောသလို ၃ယောက်လုံးကလည်း ကျွန်မရဲ့ မောင်နှမမိတ်ဆွေကောင်းတွေပါ…. မဟနစံကို အထင်လွဲနေတဲ့လူတွေအတွက် ဖြေရှင်းပေးလိုက်တာပါ… ကျွန်မဒီပို့စ်မှာရေးထားတဲ့ နိုင်ငံကျော်စာရေးဆရာမကြီးအဖြစ် ဘ၀င်မြင့်နေသူတစ်ဦးကတော့ ဘယ်သူမှမသိတဲ့ ချောင်ကလောင်မှ ပေါက်တိပေါက်ချာတစ်ဦးပါဆိုတာကို အသိပေးတာပါ…


1 comments:

Anonymous said...

Linn Lett ko a lay pyu bar thi.

Post a Comment

အကြံပြု comment ၀င်ရေးပေးတဲ့အတွက် လှိုက်လှဲစွာ ကျေးဇူးတင်ရှိပါတယ်ရှင် ။ မဖွယ်မရာ စကားများ ၊ ဆဲဆိုခြင်းများ ၊ ပေါကြောင်ကြောင်စကားများ ၊ တစ်စုံတစ်ဦး၏ ကိုယ်ကျင့်တရားသိက္ခာကို ထိခိုက်စေသော စကားများ ဖြစ်ပါက ထို comment များကို လက်ခံမည်မဟုတ်ကြောင်း လေးစားစွာ အသိပေးအပ်ပါတယ်ရှင် ။ အလည်လာရောက် အကြံပြုရေးသားခြင်းများအတွက် ကျေးဇူးတင်ပါတယ် ။ စာများ ရှင်းလင်းစွာ မြင်ရဖို့အတွက် Space များ ထည့်ရိုက်ပေးကြပါရှင်။