Wednesday, September 06, 2006

ကြွေလွင့်နေသောပန်းကလေးများ

ဒီကနေတော့ အတော်ကို လေးစားဖို့ကောင်းသော အကိုကြီးတစ်ဦးနဲ့စကားပြောလိုက်ရတယ်.. လင်းလက် စာစရေးခဲ့တဲ့အချိန်ကစ ကိုယ့်ထက် အများကြီးပိုသိနားလည်သော လေးစားဖို့ကောင်းတဲ့ လူတွေအများကြီးနဲ့ တွေ့ခဲ့ရပါတယ်.. လင်းလက်မှာ မရှိသေးတဲ့ ဗဟုသုတ ၊ နောက် အကျိုးအကြောင်းတော်တော်များများကို အများကြီး လမ်းညွန်ပြသပေးနေကြတဲ့ နိုင်ငံအသီးသီးမှ လေးစားခင်မင်ရသော အကိုကြီးများ ၊ အမကြီးများ အားလုံးကို ဒီနေရာကနေ ပထမဦးဆုံး ရိုသေစွာ ကျေးဇူးတင်ရှိပါကြောင်း ပြောချင်ပါတယ်… လင်းကို ညီမငယ်တစ်ယောက်ကဲ့သို့ခင်မင်ကြသော ၊ လင်းကို အားပေးကြသော ၊ လင်းမသိသော အကြောင်းအရာများ ၊ အတွေ့အကြုံများအားလုံးကို ဂရုတစိုက် အရေးတယူ ရှင်းပြကြသော နိုင်ငံရေးအဖွဲ့အစည်းမှ မိတ်ဆွေများအားလုံးကို ကျေးဇူးလှိုက်လှိုက်လှဲလှဲတင်ရှိပါတယ်..

အခုတော့ စဉ်းစားမိတာလေးတစ်ခုက မုဒိန်းမှုပါ … မြန်မာပြည်ရဲ့ ကျေးဇူးကြီးမားလှသော ကျေးဇူးသခင် စစ်အာဏာရှင်အဖွဲ့အစည်းမှ ထမင်းစား ရေသောက်လို ကျူးလွန်နေသော မုဒိန်းမှုတွေပါ.. နိုင်ငံရေးအဖွဲ့အစည်းဘက်မှ မိန်းကလေးများကို ဖမ်းဆီးရရှိလျင် နှမချင်းမစာနာ ၊ အဖွဲ့လိုက် မုဒိန်းကျင့်ကြသော စစ်အာဏာရှင်အဖွဲ့အသားများကိုတော့ တကယ်ကိုစက်ဆုပ်မိပါတယ်… ကျေးလက် တောရွာတွေကို တပ်သားတွေ ဆင်းပြီဆိုရင် မိန်းမမြင်ရင် နှာထကြပြီး ဖျက်ဆီးကြတဲ့အမှုကတော့ မြန်မာပြည်မှာ ရေတွက်မရအောင် များပြားလွန်းလှပါပြီ… တိုင်းရင်းသား ကျေးရွာတွေက တိုင်းရင်းသူတွေကို ဖျက်ဆီး ယောက်ျားကိုသတ်တယ်ဆိုတာကလည်း ရေးရင် တစ်သက်လုံးတောင် နားရမှာမဟုတ်ပါဘူး.. စစ်သားတစ်ယောက်က မိန်းမတစ်ယောက်ကို မုဒိန်းကျင့်လိုက်ပြီဆိုရင် ဘာအမှုမှတက်ဆွဲလို့မရပါဘူး.. ဥပဒေသာ မသတ်မှတ်ထားပေမယ့် ဒါက လူတိုင်းသိတဲ့ မတရားသော ဥပဒေလို ဖြစ်နေခဲ့ပါပြီ.. နိုင်ငံခေါင်းဆောင်က အသုံးမကျချိန်မှာ အောက်ကလူတွေအားလုံးကလည်း ရရှိသော အခွင့်အရေးကို အသုံးချ ၊ မိမိလူမျိုးခြင်း မစာနာ ဖျက်ဆီးနေကြတဲ့လူတွေအားလုံးအတွက် ငရဲခန်းကို ဘယ်လောက်ဆောက်ပေးရမလည်း တောင် မသိ… မြန်မာပြည်ရဲ့ ယဉ်ကျေးမှုက အနောက်တိုင်းလို မဟုတ်ပါဘူး.. မိန်းကလေးတွေက မိမိအရှက်ကို ထိန်းသိမ်းကာကွယ်ပြီး အမျိုးသမီးကောင်းဖြစ်အောင် နေထိုင်ရသော ယဉ်ကျေးမှုပါ.. မိန်းမတွေအတွက် ပဓာနကျသော အရှက်သိက္ခာကို ဖျက်ဆီးနေကြသော မုဒိန်းတပ်သားများအားလုံးကို တစ်နေ့ လက်တစ်ချောင်းဖြတ် ၊ နောက်တစ်နေ့ ခြေတစ်ဖက်ဖြတ် အဲလိုသတ်ရင်တောင် ကျေအေးမှာ မဟုတ်နိုင်ဘူး.. လူမိုက်ဆိုတာ သေခါနီးရင် ဒူးတုန်အောင် ကြောက်ကြတယ်.. သူများသားသမီးကို ဖျက်ဆီးတုန်းက အဆီတ၀င်းဝင်းဖြစ်နေတဲ့ အခွက်တွေက သေခါနီးကျတော့ ဒူးထောက်တောင်းပန်လိုက်ကြတာ အတော်တရားကျဖို့ကောင်းပါတယ်.. တစ်နိုင်ငံလုံး အမျိုးသမီးတွေကို ဘယ်အတန်းရောက်အောင် လုပ်နေတာလည်း စစ်အာဏာရှင်ရယ်…

0 comments:

Post a Comment

အကြံပြု comment ၀င်ရေးပေးတဲ့အတွက် လှိုက်လှဲစွာ ကျေးဇူးတင်ရှိပါတယ်ရှင် ။ မဖွယ်မရာ စကားများ ၊ ဆဲဆိုခြင်းများ ၊ ပေါကြောင်ကြောင်စကားများ ၊ တစ်စုံတစ်ဦး၏ ကိုယ်ကျင့်တရားသိက္ခာကို ထိခိုက်စေသော စကားများ ဖြစ်ပါက ထို comment များကို လက်ခံမည်မဟုတ်ကြောင်း လေးစားစွာ အသိပေးအပ်ပါတယ်ရှင် ။ အလည်လာရောက် အကြံပြုရေးသားခြင်းများအတွက် ကျေးဇူးတင်ပါတယ် ။ စာများ ရှင်းလင်းစွာ မြင်ရဖို့အတွက် Space များ ထည့်ရိုက်ပေးကြပါရှင်။