Wednesday, September 20, 2006

သာကူးမလုပ်ကြပါနှင့်


မြန်မာပြည်အရေးကို လုံခြုံရေးကောင်စီက ဆွေးနွေးတော့မယ့်ပွဲမှာ တရုပ်နှင့် ရုရှားကတော့ ထုံးစံအတိုင်း ပြင်းပြင်းထန်ထန်ကန့်ကွက်နေကြမှာပဲ.. မြန်မာပြည်အခြေအနေကို အ၀ီဇိ ငရဲပြည်ထိရောက်အောင် ကူညီပံ့ပိုးနေတဲ့ ဒီ၂နိုင်ငံလည်း အတော်ပြသနာပါပဲ…. အမေရိကန်ကန်အစိုးရကို ကြေးမုံသတင်းစာပေါ်ကနေ ပြန်တုံ့ပြန်နေလို့ ဟိုကလည်း သိပ်ဂရုစိုက်လှမယ်ထင်မနေပါနဲ့…. ပြည်တွင်းကလူတွေကိုအမှောင်ချနေပေမယ့် သတင်းဆိုတာ ထွက်နေတာပါပဲ.. တရုပ်ကြီးတွေက ဘေးကနေ ကန့်ကွက်ပေးတာကို ကျေးဇူးတင်ရှိကြောင်း ပြောနေတဲ့နအဖလည်း မာလနဲ့ဈာန်ကြွကိန်းနီးနေပါပြီ…. ဒေါ်အောင်ဆန်းစုကြည်နဲ့ သုံးပွင့်ဆိုင် ဆွေးနွေးဖို့ နအဖကို သွားမတောင်းဆိုပါနှင့်… မိန်းမတစ်ယောက်ကို လက်နက်တွေအများကြီးနှင့် ဘာအပြစ်မှ ထောက်ပြနိုင်ခြင်းမရှိဘဲ ဖမ်းထားတယ်ဆိုကတည်းက သူတို့အဆင့်ဘာလည်း တန်းခနဲသိလိုက်ရပြီပဲ….

မြန်မာပြည်အဓိက ရှေ့မဆက်နိုင်တာ သာကူးတွေများနေလို့ပါ.. သာတဲ့ဘက်ကို ကူးနေတဲ့ ကိုသာကူးနဲ့ မသာကူးတို့ကြောင့် တိုင်းပြည်က တော်တော်လေးနဲ့ ခေါင်းမထောင်နိုင်ဖြစ်နေရပါတယ်… ကျွန်မ အရှေ့ဘက်စာမျက်နှာတွေမှာပြောခဲ့သလိုပဲ ထမင်းနို့ဆီဘူး ၃လုံးထက်လည်း ပိုမစားနိုင် ၊ အ၀တ်၁ထည်ထက်လည်း ပိုချမ်းသာလွန်းလို့ ၀တ်မရတဲ့ လူဖြစ်လာရာ သက်တမ်းတစ်လျှောက်မှာ ကျေးဇူးပြုပြီး မိမိတစ်ဘို့တည်းသာ မကြည့်ကြပါနှင့်.. အချို့သောသူများက မိမိဘ၀ပေးအခြေအနေကြောင့် တပ်မတော်မှာ အမှုထမ်းနေရပေမယ့် သူများလို မလိုအပ်ဘဲ တအားမဖား ၊ မရက်စက်ဘဲ ခွပ်ဒေါင်းဘက်ကို စိတ်ကဦးခိုက်ပြီး လူက နအဖဘက်မှာနေနေရတာတွေ ရှိပါတယ်.. တစ်ချို့ကလည်း ဒီမိုကရေစီ အရေခွံကိုခြုံပြီး သာကူးလုပ်နေသူများလည်းရှိပါတယ်.. ကျေးဇူးပြုပြီး ဒေါင်းယောင်ဆောင်သော ကျီးဘ၀ကို မခံယူပါနဲ့.. မိတ်ဆွေရဲ့ဘ၀အခြေအနေက ငတ်ပြတ်ခွက်မဆွဲရသေးဘူးဆိုရင် အင်းယားလမ်းမှာတိုက်တစ်လုံးပိုင်ပြီး နောက်ဆုံးပေါ်ကားတစ်စီးစီးရဖို့အတွက် မလိုအပ်တဲ့ ယုတ်မာမှု ၊ သတ်ဖြတ်မှု ၊ တော်လှန်ေ၇း နိုင်ငံေ၇းသမားစစ်စစ်တွေကို ဒုက္ခရောက်အောင်မလုပ်သင့်ဘူး…. တစ်ယောက်အားနှင့်ယူသော်မရ ၊ အမေစုကိုယ်တိုင် ဘာမှလုပ်ခွင့်မရတဲ့အချိန်မှာ ပြည်တွင်း ပြည်ပက မြန်မာတွေ လက်တွဲရမယ့် အခြေအနေပါ.. အရေးကြုံ၇င် သွေးစည်းပါ.. အခု မြန်မာပြည်မှာကသွေးစည်းပေမယ့် လှုပ်မရတဲ့အခြေအနေဖြစ်နေတဲ့အပြင် အားလုံးက ပြိုလဲတော့မယ့် အိမ်တစ်ဆောင်နဲ့တူနေပါတယ်.. နယ်စပ်မှာ အနာဂတ်မဲ့နေတဲ့ကလေးတွေ ၊ တောတောင်ထဲမှာ အိမ်ယာမဲ့စွာ တစ်ဝမ်းစာအတွက် မနည်းရုန်းကန်နေရ ၊ လမ်းဘေးမှာ ၀မ်းရေးအတွက် ဘ၀ကိုရောင်းစားနေရတဲ့ မြန်မာမိန်းမပျိုလေးတွေအားလုံး အားလုံးအရေးကို ကြည့်ကြပါ… နအဖက ယုတ်မာဖို့သင်ပေးလိုက်ပေမယ့် မိမိဦးနှောက်ကိုအသုံးပြုပြီး လုပ်သင့် မလုပ်သင့် ဆုံးဖြတ်ကြပါ..

မြန်မာတွေ ဘာအတွက်လူလုပ်မှာလည်းဆိုတဲ့ ဆောင်းပါးတစ်ခုက အတော်လေးမှန်သလို ထိချက်ပြင်းတဲ့အတွက် မြန်မာတွေဘာအတွက်လူလုပ်မှာလည်းဆိုတာသိဖို့ဝေမျှလိုက်ပါတယ်.

မြန်မာတွေဘာအတွက်လူလုပ်မှာလည်း

1 comments:

THET NAI TUN said...

တရုပ်နဲ့ ရုရှားအကြောင်းကိုတော့ ထည့်တော်မပြောခြင်တော့ဘူး။ မြန်မာ အစိုးရကလည်း အကုန်လုံးကို ဗြောင်လိမ်တယ်။ သူတို့မို့လို့ မရှက်တယ်။

Post a Comment

အကြံပြု comment ၀င်ရေးပေးတဲ့အတွက် လှိုက်လှဲစွာ ကျေးဇူးတင်ရှိပါတယ်ရှင် ။ မဖွယ်မရာ စကားများ ၊ ဆဲဆိုခြင်းများ ၊ ပေါကြောင်ကြောင်စကားများ ၊ တစ်စုံတစ်ဦး၏ ကိုယ်ကျင့်တရားသိက္ခာကို ထိခိုက်စေသော စကားများ ဖြစ်ပါက ထို comment များကို လက်ခံမည်မဟုတ်ကြောင်း လေးစားစွာ အသိပေးအပ်ပါတယ်ရှင် ။ အလည်လာရောက် အကြံပြုရေးသားခြင်းများအတွက် ကျေးဇူးတင်ပါတယ် ။ စာများ ရှင်းလင်းစွာ မြင်ရဖို့အတွက် Space များ ထည့်ရိုက်ပေးကြပါရှင်။