တကယ်ပဲရှင်..ပြောရမယ်ဆိုရင်လည်း ဒီညတောင်အိပ်ရပါ့မလားမသိဘူး. ဒါပေမယ့် အတိုချုန်းပြောမယ်… ကျွန်မတို့ မြန်မာလူမျိုးတွေဟာ ပြည်ပရောက်ရင် မြန်မာသံရုံးနဲ့ကင်းကွာလို့မရပါဘူး.. ဘဘကြီးတွေကို သိပ်ချစ်လွန်းတော့ နှစ်စဉ်အခွန်ဆက်သရပါတယ်.. ပထမဦးဆုံးပြောချင်တာက အခွန်သွင်းရတဲ့စာရွက်ပါ.. သူတို့က ကောက်ခံသလိုမျိုးမဟုတ်ဘဲ မြန်မာလူမျိုးတွေကသူတို့ကိုချစ်လွန်းလို့ လာရောက်ဆက်သရတဲ့ပုံစံမျိုး `ကျေးဇူးပြုပြီးအခွန်လျှောက်ထားခွင့်ပြုပါရန်´ဆိုတဲ့စာကြောင်းလေးကို မြင်လိုက်ရတော့ ခေါင်းတစ်ချက်ညိတ်မိပါတယ်.. သံဝေဂရလို့ပါ.. လက်တစ်လုံးချားလိမ်တာတော့ တကယ်ကို ချီးကျူးထိုက်ပါတယ်.. အခွန်ဆိုတာ မိမိတိုင်းပြည်အတွက် ကောင်းရာမှာအသုံးပြုနေတယ် ၊နိုင်ငံတော်အတွက် ၊ နောက် ပြည်ပကမြန်မာတွေကိုလည်း လူလိုဆက်ဆံမယ်ဆိုရင်တောင် ပေးရတာ လက်မတွန့်ပါဘူး.. အခုတော့ အခွန်လည်းပေးရသေး.. တောင်းတောင်းပန်ပန်နဲ့ ကြောက်ရလွန်းလို့ ထိုင်ရှိခိုးမတတ် ပြောရသေးတယ်.. အရင်တုန်းကများ ဆက်ဆံရေးက အခုထက်ထိပိုဆိုးသေးရှင့်… `ခင်ဗျားတို့အခွန်အလုပ်တင်မဟုတ်ဘူး တခြားအလုပ်တွေကျူပ်တို့မှာရှိသေးတယ်.. ဟိုဘက်မှာသွားထိုင်နေ.. မခေါ်မချင်းထမလာနဲ့´ဆိုပြီးအော်တာလည်း ခံခဲ့ရဖူးပါတယ်.. သူတို့ကိုအခွန်ဆက်သဖို့ အလုပ်ကနေ နေ့တစ်ဝက်ခွင့်ယူလာရတော့ အမြန်လုပ်ပေးပါသွားတောင်းပန်မိတာ အဟောက်ပဲခံလိုက်ရတယ်လို့ ကြားသိရပါတယ်.. ပေးလည်းပေးရ ဟောက်လည်းခံရဆိုတာ ဒါမျိုးထင်ပါရဲ့ … အခွန်တန်ဖိုးကို ပြောမယ်နော်.. တစ်လကို ၁၂၀ကနေ ၁၅၀ထိ လစဉ်ကြေးပေးရပါတယ်.. လင်းလက်အဖေကတော့ တစ်လကို ၁၅၀ သွင်းရပါတယ်.. ဒီနေရာမှာ တစ်ချို့သောမြန်မာကျောင်းသားတွေကလည်း လူလည်ကျပါတယ်.. ကျောင်းပြီးချိန်မှာ အလုပ်ထဲဝင်တော့ လစာကိုလိမ်တင်ကြတယ်.. နောက် ၁၀%ကိုပဲ သွင်းရတော့ သက်သာတာပေါ့.. အဲဒါမျိုးဆို နအဖကိုအမြင်ကတ်လို့အားပေးပါတယ်… လင်းတို့သွင်းလိုက်တဲ့အခွန်က လက်နက်နဲ့ သူတို့သက်ဆိုးရှည်ဖို့သက်သက် ပေးရတာဆိုတော့ တစ်စက်မှမသတီပါဘူး..
ဒီနေ့ မြန်မာသံရုံးကိုမသွားချင်ပေမယ့် ကျွန်မ စိတ်ချဉ်ချဉ်နဲ့ရောက်သွားရတယ်.. ဒီတစ်ခေါက်က အချစ်ဆုံးသူငယ်ချင်းမိသားအတွက် အဖော်လိုက်ပေးရတာဆိုတော့လည်း အားတင်းသွားလိုက်မိပါတယ်.. မြန်မာလူမျိုးဆိုတဲ့သွေးနဲ့ မြန်မာပြည်အတွက် သဲတစ်ပွင့်ကနေ ကူညီရတာက ပိုအရေးကြီးပါတယ်.. မိမိလက်ထဲ မည်သို့သော citizen ကိုကိုင်ထားသည်ဖြစ်စေ မြန်မာဆိုတာ မြန်မာပါပဲ.. လူ့ဘ၀ဆိုတာ အခြေအနေ အမျိုးမျိုးရှိပါတယ်.. အဲ အခုချိန် ဘဘတို့ပြုတ်ရင်တော့ ပြန်တိုးဝင်မှာပေါ့… သူငယ်ချင်းမိသားစုကတော့ အဓိကကတော့
ခြင်္သေ့ကျွန်းအစိုးရရဲ့ တင်းကျပ်တဲ့ဥပဒေနဲ့ အရင်းရှင်စနစ် ၊ မြန်မာပြည်ရဲ့ အာဏာရှင်စနစ် ၊ အဲဒီ ၂ခုကြားမှာ ကန့်လန့်ခံပြီး ဒုက္ခရောက်ကြတာပါ. များပြားလွန်းတဲ့အခွန်တွေအတွက် အားလုံးက အကြွေးနဲ့မကင်းသလို နှစ်ကုန်ရင် အကုန်တက်တက်ပြောင်တာပါပဲ… မိမိနိုင်ငံအတွက် အခွန်ဆိုတာ ရှိသင့်ပါတယ်.. ဒါပေမယ့် မတရားများလွန်းတဲ့အပြင် ထုတ်ချင်တိုင်းထုတ်နေတဲ့ ဥပဒေတွေကြား အခွန်ဆောင်နေရတဲ့ ပြည်ပကမြန်မာအားလုံး ဒီတစ်သက်နှာခေါင်းဖော်ပြီး အသက်ရှုခွင့်တောင် ရပါ့အုန်းမလား စစ်အာဏာရှင်ရယ်..
0 comments:
Post a Comment
အကြံပြု comment ၀င်ရေးပေးတဲ့အတွက် လှိုက်လှဲစွာ ကျေးဇူးတင်ရှိပါတယ်ရှင် ။ မဖွယ်မရာ စကားများ ၊ ဆဲဆိုခြင်းများ ၊ ပေါကြောင်ကြောင်စကားများ ၊ တစ်စုံတစ်ဦး၏ ကိုယ်ကျင့်တရားသိက္ခာကို ထိခိုက်စေသော စကားများ ဖြစ်ပါက ထို comment များကို လက်ခံမည်မဟုတ်ကြောင်း လေးစားစွာ အသိပေးအပ်ပါတယ်ရှင် ။ အလည်လာရောက် အကြံပြုရေးသားခြင်းများအတွက် ကျေးဇူးတင်ပါတယ် ။ စာများ ရှင်းလင်းစွာ မြင်ရဖို့အတွက် Space များ ထည့်ရိုက်ပေးကြပါရှင်။