Thursday, February 28, 2008

ကြောက်စရာရောဂါ ကုစားပါ(ရွှေဆည်းဆာ)



ကြောက်စရာရောဂါ ကုစားပါ။



အော် သနားစရာ၊ ကင်ဆာ တဲ့လား

ကိုရီးယားဇာတ်ကား၊ သရုပ်ဆောင်များ

အသဲကင်ဆာ ၊ သွေးကင်ဆာ

အစာအိမ်ကင်ဆာ၊ ဘာညာဘာညာ

သာရကာ ၊ သိပ်ကို သနားတတ်တာ

မြန်မာပြည်က ပရိတ်သတ်ပါ။



အော် မေ့ထားတာက၊ စက်တင်ဘာလ

သံဃာ့အရေးအခင်း၊ဖြစ်ပျက်သမျှ

ရိုက်နှက်ခံကြရ ဖမ်းဆီးခံကြရ

မျက်ရည်ယိုဗုံးနဲ့ဖြိုခွင်းခံကြရ

ဘ၀တွေပေးခဲ့ရ၊ အသက်တွေစွန့် ခဲ့ရ

ဘာမှမကြာသေးတဲ့ ငါး လ သာသာ

ရှိခဲ့တာ သတိရကြစေချင်သည်။


ကိုယ့်ပြည်ကိုယ့်အရေး၊ အရေးမထားကြ

ချိုဝမ် ဂျူမုံ သူတို့ပုံတွေ လူတကာ စိတ်ထဲ စွဲ စွဲ ကာလေ

အိုပါး အိုမူးနီး အနီကာစေရော

ခမိုးအို ဗီယားနာ

သူတို့ စကား သူတို့ ဖက်ရှင်

သူတို့ယဉ်ကျေးမှု ရွှေမြန်မာတွေ

အတုယူနေ။


ညချမ်းချိန်ခါ တရားနာ

ကိုရီးယား ယဉ်ကျေးမှုပါ။

အော် သနားစရာ၊ ကိုရီးယား ကင်ဆာ

မြန်မာ့လူနေမှုထဲ စွဲလမ်းနေတာ၊

သတိပြုကြပါ။


ကိုယ့်တိုင်းပြည်အရေး ကိုယ်တွေးကြပါ၊

ကိုယ့်တာဝန်ကျေရေး သတိပေးချင်တာ။

လာပြန်ချေသေး၊ ဆန္ဒမဲပေးရေး

ငါ့လှေ ငါထိုး ပဲခူး ရောက် ရောက် ငါ့ ဖဲ ငါ ချိုး၊ ငါ့ ဖဲ ငါ ဝေ

ငါ ဘဲအနိုင် ရိုက် ၊ဘယ်သူ့ ဂရုစိုက်ရမလဲ။

ငါ့ကို ဘယ်သူ ဆန့်ကျင်ရဲသလဲ။

လူမိုက် စကားလုံး လှိုင်လှိုင် သုံးလျှက်

ပြည်သူ့အတွက် တစက်မျှ စေတနာ မပါဘူး။

န အ ဖ နဲ့ လက်ပါးစေတသိုက်

အမိုက်မှောင်တွင်း ဇွတ်နင်းကာချေ

ပြည်သူ့ဆန္ဒ၊ ပြည်သူ့ အသံတွေ။


ထလော့ မြန်မာ ရွှေမြန်မာတို့

သေချာတွေးပါ

ကိုရီးယား ကင်ဆာ

န အ ဖ ကင်ဆာ

ဘယ်ဟာက ကြောက်စရာ

ပိုကောင်းသလဲ ဆိုတာ။


ရွှေဆည်းဆာ

9 comments:

Anonymous said...

အစ်ကိုလည်း ဒီလို အတွေးမျိုး ၀င်နေပေမယ့် မရေးတတ်တာကြောင့် ဘယ်နားသွားပြီး ဘယ်လိုရေးရမှန်းမသိဘူး ဖြစ်နေတာ… အခု ညီမ တင်ထားတဲ့ ပို့စ်လေးဖတ်လိုက်တော့ ပြောချင်နေတာတွေနဲ့ တထပ်တည်းကျနေတယ်။ 

ဒီပို့စ်လေးကို အရမ်းသဘောကျပါတယ်။ မြန်မာလူငယ်တော်တော် များများက စက်တင်ဘာ အရေးအခင်းထားလို့ အခုလာမယ့် ဆန္ဒခံယူပွဲကိုတောင် စိတ်မ၀င်စားဘူး။ ဘယ်ကားထဲက ဘယ်မင်းသမီးလေးက သနားဖို့ကောင်းလိုက်တာ.. ဘယ်မင်းသားလေးက တော့ ဘာဖြစ်နေတယ် ပြောဖို့လောက်ပဲဖြစ်နေကြတယ်။

Anonymous said...

အရမ်းကောင်းတဲ့ ကဗျာလေးတစ်ပုဒ်ပါပဲ

Unknown said...

ညီမလေးရေ...

တင်ပြပုံ ..
ဖွဲ့တည်ပုံလေးတွေက...
ထိမိတယ်...

ကောင်းတယ်ညီမရေ...
အခုလည်း ဆက်ပြီးဝေဒနာတွေပေးနေပြန်ပြီ...
မေလတဲ့....

Anonymous said...

ကိုရီးယားရောက်ရွေတွေအနှိမ်ခံနေရတာ--ဒင်းတိုကကိုပြဖို့ကောင်းတယ်--

THET NAI TUN said...

မလင်းလက်ရေ.. ကျနော် သက်နိုင်ပါ။ မှတ်မိတယ်မှတ်လား။

Kaung Kin Ko said...

ရွှေဆည်းဆာရဲ့  ကဗျာလေးလာဖတ်သွားတယ် ညီမလေးရေ

YeKyawAungMDY said...

ညီမရေ..

နေကောင်းပါရဲ့လား... ကြောက်စရာရောဂါကုစားပါ...အဲဒီ ကဗျာက အခုလက်ရှိ မြန်မာပြည်က လူတွေနဲ့ တထပ်တည်းသွားကျနေတယ်လို့ ပြောရမယ်...

ဆောင်းယွန်းလ said...

ဟုတ်တယ်လူအတော်များများကကိုယ့်အတွက်လည်းအကျိုးမရှိ အများအတွက်လည်းအကျိုးမရှိတဲ့အလုပ်တွေနဲ့ပိုပြီးအချိန်တွေဖြုန်းလေ့ရှိကြတယ်..ဒါလည်းစစ်အုပ်စုရဲ့ပယောဂတွေဘဲပေါ့ညီမလေးရေ

Black Dream said...

ညီမရေ..လာသွားတယ်ဟေ့...အစ်ကိုကတော့ အဲဒီ့ရောဂါကို အဆုတ်ထဲရှိုက်သွင်းပြီး မွေးထားတယ် :)

Post a Comment

အကြံပြု comment ၀င်ရေးပေးတဲ့အတွက် လှိုက်လှဲစွာ ကျေးဇူးတင်ရှိပါတယ်ရှင် ။ မဖွယ်မရာ စကားများ ၊ ဆဲဆိုခြင်းများ ၊ ပေါကြောင်ကြောင်စကားများ ၊ တစ်စုံတစ်ဦး၏ ကိုယ်ကျင့်တရားသိက္ခာကို ထိခိုက်စေသော စကားများ ဖြစ်ပါက ထို comment များကို လက်ခံမည်မဟုတ်ကြောင်း လေးစားစွာ အသိပေးအပ်ပါတယ်ရှင် ။ အလည်လာရောက် အကြံပြုရေးသားခြင်းများအတွက် ကျေးဇူးတင်ပါတယ် ။ စာများ ရှင်းလင်းစွာ မြင်ရဖို့အတွက် Space များ ထည့်ရိုက်ပေးကြပါရှင်။