Tuesday, February 05, 2008

ရမ်ဘိုကားနှင့်ပေါက်ပေါက်ဖောက်အတွေးများ


စင်္ကာပူတွင် မျိုးချစ်မြန်မာများစုပေါင်းကြည့်ရှုကြသော ရမ်ဘိုကားကို ကျွန်မ သွားမကြည့်ဖြစ်ပါ။

စင်္ကာပူမှ အိုဘီပီအဖွဲ့လုပ်ဆောင်သမျှ အခမ်းအနားအားလုံး မပျက်မကွက် တက်ရောက်အားပေးတတ်သော ကျွန်မ ဒီတစ်ကြိမ်မှာတော့ မတတ်သာသော ကျန်းမာရေးအခြေအနေကြောင့် ရမ်ဘိုထက် မိမိကျန်းမာရေးကို ပိုစိတ်ဝင်စားနေရသည်။ ထို့အတွက်လည်း မျိုးချစ်မြန်မာများအဖွဲ့ကို အားနာမိပါသည်။ မျိုးချစ်မြန်မာများအဖွဲ့ရဲ့ လုပ်ဆောင်မှုတစ်ခု အောင်မြင်စွာပြီးဆုံးသွားတာကိုတော့ ၀မ်းသာမိပါသည်။ တက်တက်ကြွကြွဖြင့် လာရောက်အားပေးကြသော မြန်မာလူမျိုးများအားလုံးကိုလည်း အခြေအနေကြောင့် ကိုယ်တိုင်မရောက်လာနိုင်ပေမယ့် ကျေးဇူးတင်မိပါသည်။ စင်္ကာပူတွင် ရမ်ဘိုကားကို မြန်မာများ တစ်စုတစ်စည်းတည်းကြည့်ရှုနိုင်အောင် ကြိုးစားစီစဉ်ပေးခဲ့သော Overseas Burmese Patriots အဖွဲ့အား လှိုက်လှဲစွာကျေးဇူးတင်ရှိမိပါသည်။




ရမ်ဘိုကားကို ဘယ်လိုမြင်လဲဆိုသော စကားများ ကျွန်မကို လူပေါင်းများစွာ မေးခဲ့ကြသည်။ ကျွန်မစိတ်ထဲမှာတော့ အနုပညာသမားတွေဟာ အနုပညာနှင့်သက်ဆိုင်သော အလုပ်တွေကိုသာ လုပ်နေကြတာ ဖြစ်တယ်။ အဲဒီအတွက် သူတို့ဟာ ခေတ်အခြေအနေအလိုက် သူတို့အလုပ်ကို သူတို့ဖန်တီးလုပ်ဆောင်နေကြမှာပဲ။ မိမိနိုင်ငံနှင့်ပတ်သတ်သော ရုပ်ရှင်ကားတစ်ကားဖြစ်တဲ့အတွက် မြန်မာတွေသွားရောက်အားပေးကြမှာတော့ အမှန်ပါပဲ။ နအဖကို ရွံမုန်းနေကြတဲ့ မြန်မာလူမျိုးတွေက နအဖစစ်သားတွေနှင့်တိုက်ခိုက်သော ဖျော်ဖြေတင်ဆက်မှုရုပ်ရှင်ကားကို ကျိန်းသေပေါက်အားပေးကြမှာတော့ ကိုယ်တိုင်ခံစားလို့ရပါတယ်။ လူတိုင်းမှာ မတူညီနိုင်သော အမြင်ပေါင်းများစွာရှိနိုင်သည့်အတွက် မိမိနှင့်မတူညီသော အမြင်များကိုလည်း ကျွန်မ မြင်တွေ့နေရပေမယ့် နားလည်စဉ်းစားပေးလို့ရပါတယ်။ တစ်ခုပဲ စိတ်ထဲမှာ ကိုးလန့်ကန့်လန့်ဖြစ်လာတာက `စင်္ကာပူက Idiot မြန်မာတွေ တီရှပ်အနီတွေဝတ်ပြီး သွားကြည့်ကြဦးမယ်´ဆိုသော ဘလော့ခ်တစ်ခုက စကားတစ်ခုကြောင့်ပါပဲ။ ကျွန်မတစ်ခုပဲပြောချင်တာက `အဲဒီ ရှင်တို့ပြောတဲ့ Idiot မြန်မာတွေကလေ စင်္ကာပူက နအဖတွေနဲ့ မြန်မာပြည်က နအဖတွေကြား သတိထားရင်း လက်မခံချင်တဲ့နှစ်နိုင်ငံလုံးကြားမှာ မိမိလုပ်နိုင်တာလေးကို ကြိုးစားလုပ်ပေးနေကြတယ်´ဆိုတာပါပဲ။ ။ အချို့လူတွေကေ၇ွှဘကိုအားပေးသလိုမျိုး သွားကြည့်ကြတာဆိုပြီး ပြောပါတယ်။ ကျွန်မငယ်ငယ်ကတော့ ရွှေဘခေတ်မဟုတ်လို့ ရွှေဘကိုမသိပါဘူး။

ကျွန်မအတွေးထဲမှာတော့ ရုပ်ရှင်ပဲဖြစ်ဖြစ် ၊ ၀တ္ထုတွေပဲဖြစ်ဖြစ် မိမိစိတ်ကူးများဖြင့် ဖန်တီးရိုက်ကူးရေးသားခွင့်ရှိပါတယ်။ တခုပဲ မဖြစ်စေလိုတာက ဘာသာရေး ၊ လူမျိုးရေးတွေ အထင်လွဲအောင် မလုပ်ဖို့ပါ။ မြန်မာပြည်မှာ လူမျိုးပေါင်းမြောက်များစွာရှိတာကို ပြဿနာလုပ်ပြအကြောင်းပြုပြီး အုပ်ချုပ်နေတဲ့ စစ်အာဏာရှင်ပါ။ ရမ်ဘိုကားကို ဖျော်ဖြေတင်ဆက်မှုရုပ်ရှင်တစ်ခုအနေနဲ့သာ အားလုံးကြည့်တတ်ဖို့ လိုအပ်တယ်လို့ ကျွန်မ မြင်မိပါတယ်။

အက်ရှင်ကားတစ်ကားကိုကြည့်ပြီး နိုင်ငံရေးရှုထောင့်ကြီးတွေ ၊ ငွေထုပ်အကြောင်းတွေ ၊ ဘာသာရေး လူမျိုးရေးတွေအားလုံး ရောမွှေကျိုချက်ပြီး ရင်နာနေတာလား ၊ ရှက်နေကြတာလားမသိတဲ့ အချို့သူတွေအတွက် ဒီစကားကိုပဲ လက်ဆင့်ကမ်းပေးလိုက်ပါတယ်။

`ရုပ်ရှင်ထဲတွင် ရမ်ဘိုသတ်သွားသည်မှာ လမ်းမပေါ်တွင် အေးချမ်းစွာ မေတ္တာပို့ ဆန္ဒပြခဲ့သော ဘုန်းတော်ကြီးများ ၊ အပြစ်မဲ့ ပြည်သူလူထုများ ၊ တိုင်းရင်းသားကျေးရွာမှ အပြစ်မဲ့ တိုင်းရင်းသားများကို သတ်ပြနေခြင်းမဟုတ်။ လက်နက်အားကိုးဖြင့် ယုတ်မာနေသော နအဖစစ်တပ်ကို သတ်ပြသော ရုပ်ရှင်ကားတစ်ကားသာဖြစ်ပါသည်´။

8 comments:

Anonymous said...

ညီမလေးရေ--ွှဒြီဘလောဂါပြောတဲ့ပုံဆို---မြန်မာပြည်တစ်ပြည်ပအြောက်တန်းစားရှိတာကျနေတာပဲ--သူနေတြ့နေရာမှာရောမရျိဘူးလား---အပုံ--မယောင်ရျှာီလူားကီး---ကိုယ်အချင်းချင်းစဆော်တာကလဲသူပဲ--ပြီးတော့အသဲကွဲသေးတယ်တြ့--
ညီမလေးေ၇ာနေကောင်းသွားပီလား---သတိရတယ်--

Anonymous said...

ညီမလေးရေ ဒီဘလော့ခ်ဂါပြောတဲ့ပုံဆို မြန်မာပြည်တစ်ပြည်ပဲ အောက်တန်းစားရှိတာ ကျနေတာပဲ ။ သူနေတဲ့နေရာမှာရော မရှိဘူးလား။ အပို မယောင်ရာလူးပြီး ကိုယ့်အချင်းချင်းစဆော်တာကလဲ သူပဲ။ ပြီးတော့ အသဲကွဲသေးတယ်တဲ့။ ညီမလေးရော နေကောင်းသွားပြီလား သတိရတယ်။

Anonymous said...

`ရုပ်ရှင်ထဲတွင် ရမ်ဘိုသတ်သွားသည်မှာ လမ်းမပေါ်တွင် အေးချမ်းစွာ မေတ္တာပို့ ဆန္ဒပြခဲ့သော ဘုန်းတော်ကြီးများ ၊ အပြစ်မဲ့ ပြည်သူလူထုများ ၊ တိုင်းရင်းသားကျေးရွာမှ အပြစ်မဲ့ တိုင်းရင်းသားများကို သတ်ပြနေခြင်းမဟုတ်။ လက်နက်အားကိုးဖြင့် ယုတ်မာနေသော နအဖစစ်တပ်ကို သတ်ပြသော ရုပ်ရှင်ကားတစ်ကားသာဖြစ်ပါသည်´။


You are absolutely right sis !!

Anonymous said...

လင်းလက်ရေ

အတွေးချင်း တူပြန်ပြီ

လူတွေက သူတော်ကောင်းတော်တော်ဖြစ်ချင်နေကြတယ်

ဆောင်းယွန်းလ said...

ညီမလေးရေလာဖတ်သွားပါတယ်။တကယ်တော့စတယ်လ်လုမ်းကညီမပြောသလိုဘဲသူ့ရဲ့အနူပညာကိုသူ့အမြင်
ရှုဒေါင့်ကနေပြီးအက်ရှင်ကားတကားကိုမြန်မာစစ်အုပ်
စုရဲ့ရက်စက်ယုတ်မာတဲ့လုပ်ရပ်တွေနဲ့တွဲပြီးတင်ပြသွား
တာဘဲဖြစ်တယ်..ဒါကိုလူတွေကကိုယ့်ရဲ့အမြင်အမျိုးမျိုး
ကနေဝေဖန်နေကြတာသာဖြစ်တယ်..ဘာဘဲဖြစ်ဖြစ်သူ
ကသူပေးနိုင်တဲ့အနေအထားကနေပြီးကမ္ဘာ့ပြည်သူတွေ
ကိုမြန်မာစစ်အုပ်စုဆိုတာဘယ်လိုသတ္တဝါတွေမျိုးဆိုတာ
ပြနိုင်ခဲ့တာကိုကအကိုတို့အတွက်တအားပေါ့
ဓာတ်ပုံထဲမှာမြန်မာတွေတစုတဝေးတည်းသွားပြီးအား
ပေးတာကိုကြည့်ပြီးအားရပါတယ်..စင်ကာပူကလူတွေ
ကိုလေးလည်းလေးစားပါတယ်..
ကျန်းမာရေးကိုဂရုစိုက်ပါညီမလေးရေ..
အကိုစင်ကာပူကိုလာလည်ဖြစ်တဲ့အချိန်ကျရင်အဲဒီလို
တက်ကြွတဲ့လူငယ်တွေအများကြီးနဲ့လည်းတွေ့ချင်မိပါ
တယ်......................

Anonymous said...

စိတ်လျှော့လိုက်ပါ နော်ညီမ၊
ရှေ့ ဘဝ တုန်း ကလဲ မြန်မာပြည်ကြီး democracy မရ ခဲ့ သလို နောက် ဘဝ ဆိုတာ ရှိ ရင် လဲ ရ မယ် ထင် ပေါင်၊
မြန်မာပြည်ကြီးတ ကယ် ကောင်းစားစေချင် ရင်
မြန်မာလူမျိုးတွေ အားလုံး ကို မြန်မာပြည် က နေ
အပြီးအပိုင် ထွက်သွားအောင် လုပ် လိုက်၊

Mintasay said...

ကြည့်ဖြစ်အောင်တော့ကြည့်လိုက်...သိပ်တော့အားမရဘူး...ဘာလို့လည်းဆိုတော့ ရုပ်ရှင်ထဲမှာ အပြင်လောက်ယုတ်မာအောင် သရုပ်မဆောင်ပြနိုင်လို့

Anonymous said...

ညီမလေး ခင်မင်စွာဖြင့် နှုတ်ဆက်လိုက်ပါတယ်။ရေးသားတင်ပြချက်တွေ စုံလင်ပါတယ်။နှစ်ဘက်အမြင် တဖက်မခင်ဘဲ စာပေစည်းကမ်းလေး သိရှိရေးသားနိုင်စေရန် comment ၀င်ရေးလိုက်ပါတယ်။

င်မင်လျက်.....

Post a Comment

အကြံပြု comment ၀င်ရေးပေးတဲ့အတွက် လှိုက်လှဲစွာ ကျေးဇူးတင်ရှိပါတယ်ရှင် ။ မဖွယ်မရာ စကားများ ၊ ဆဲဆိုခြင်းများ ၊ ပေါကြောင်ကြောင်စကားများ ၊ တစ်စုံတစ်ဦး၏ ကိုယ်ကျင့်တရားသိက္ခာကို ထိခိုက်စေသော စကားများ ဖြစ်ပါက ထို comment များကို လက်ခံမည်မဟုတ်ကြောင်း လေးစားစွာ အသိပေးအပ်ပါတယ်ရှင် ။ အလည်လာရောက် အကြံပြုရေးသားခြင်းများအတွက် ကျေးဇူးတင်ပါတယ် ။ စာများ ရှင်းလင်းစွာ မြင်ရဖို့အတွက် Space များ ထည့်ရိုက်ပေးကြပါရှင်။