Friday, February 15, 2008

တော်လှန်ရေး သူရဲကောင်း


တော်လှန်ရေး သူရဲကောင်း


ဇွဲကပင်တောင်ခြေမှာနှင်းမကွဲသေးဘူး

တိုင်းရင်းသားလူမျိုးစုတွေရော

မြန်မာလူမျိုးအားလုံးရော

စစ်အာဏာရှင်စံနစ်ဆိုးအောက်က

မလွတ်မြောက်နိုင်ကြသေးဘူး .. ။



အချိန်မတန်ခင်ကြွေလွင့်သွားတဲ့

တော်လှန်ရေးသူရဲကောင်းကြီး

ဖဒိုမန်းရှာတစ်ယောက်

တမလွန်ဘ၀ကနေ

ရဲရဲတောက်တော်လှန်ရေးဝိဥာဉ်တစ်ခုနဲ့

ဆက်လက်တိုက်ပွဲဝင်နေမှာလား .. ။


မြူလည်းစဲပြီ

ကျေးငှက်သံတွေလည်းတိတ်ခဲ့ပြီ

မျှော်လင့်ချက်မျက်နှာတွေ

ငိုပွဲဆင်ခဲ့ရပြီ ..

သွေးညှီနံ့တွေပြည့်နှက်

ယမ်းငွေ့သံတွေတဝေေ၀

ကောက်ကျစ်ယုတ်မာမှုတွေပြည့်နှက်

ကိုယ့်လူမျိုးအချင်းချင်းယုတ်မာနေတဲ့

စစ်အာဏာရှင်စံနစ်အောက်ကလွတ်မြောက်ဖို့

ညီညွတ်ရေးအဆောက်အအုံတွေ

ကြိုးစားတည်ဆောက်ရဦးမယ် .. ။


အရိုအသေလေးမြတ်မှုတွေကြား

ခေါင်းဆောင်တစ်ယောက်ကျဆုံးတိုင်း

တစ်ခါပေါက်ထွက်တဲ့နှလုံးသားနဲ့အတူ

ကြေကွဲခြင်းတေးသံများလွှမ်းခြုံ

လွတ်မြောက်ရေးရောင်နီဆီ

အားလုံးဆက်လျှောက်ကြရင်း

တော်လှန်ရေးဝိဥာဉ်ဖြန့်ဝေနေမည့်

သူရဲကောင်းကြီး `ဖဒိုမန်းရှာ´အား

လေးစားဂုဏ်ပြုဦးညွှတ်လိုက်ပါ၏ .. ။


လင်းလက်ကြယ်စင်

4 comments:

ရန်ကင်း said...

ကရင်တိုင်းရင်သားတွေအတွက်တင်မဟုတ်ပါဘူး။
ပန်းတိုင်တူသူတွေအားလုံးအတွက်တစ်အားလျော့သွားရပြီ။

အားလုံးအတွက်တစ်အားလျော့
အဲဒီတစ်အားဟာဖဒိုမန်းရှာ
ဖဒိုမန်းရှာဟာသူရဲကောင်း
သူရဲကောင်းဟာသုဂတိသာ
သုဂတိမှာဖဒိုမန်းရှာ
သေချာရှိနေမှာ။

ဖဒိုမန်းရှာကောင်းရာသုဂတိလားပါစေ။
ကိုတေ

Anonymous said...

He's rebel..not Hero

Anonymous said...

I m not soldier..but i cant respect that Rebel...sorry abt his dead..but..how could u..hmmm....so sad

Anonymous said...

Mah Hser is hero.he is fighting the distaship and never kill the our peoples.

Post a Comment

အကြံပြု comment ၀င်ရေးပေးတဲ့အတွက် လှိုက်လှဲစွာ ကျေးဇူးတင်ရှိပါတယ်ရှင် ။ မဖွယ်မရာ စကားများ ၊ ဆဲဆိုခြင်းများ ၊ ပေါကြောင်ကြောင်စကားများ ၊ တစ်စုံတစ်ဦး၏ ကိုယ်ကျင့်တရားသိက္ခာကို ထိခိုက်စေသော စကားများ ဖြစ်ပါက ထို comment များကို လက်ခံမည်မဟုတ်ကြောင်း လေးစားစွာ အသိပေးအပ်ပါတယ်ရှင် ။ အလည်လာရောက် အကြံပြုရေးသားခြင်းများအတွက် ကျေးဇူးတင်ပါတယ် ။ စာများ ရှင်းလင်းစွာ မြင်ရဖို့အတွက် Space များ ထည့်ရိုက်ပေးကြပါရှင်။