Thursday, July 27, 2006

မြန်မာပြည်ရဲ့ ရွှေရောင်အလင်းသခင် ဒေါ်အောင်ဆန်းစုကြည်

ချစ်သူရဲ့အလောင်းကိုမပိုက်နိုင်ပေမယ့်
မြန်မာပြည်သူကိုရင်ခွင်ပိုက်ပြီး
ခေါင်းမငိုက် ဦးမညွတ်
ကိုယ်ကျိုးကိုစွန့်လွှတ်ခဲ့တဲ့
ခွပ်ဒေါင်းအာဇာနည်
ဒေါ်အောင်ဆန်းစုကြည်ရဲ့
တည်ကြည်ရဲရင့်တဲ့ဂုဏ်ဟာ
ကမ္ဘာမြေ တုန်လှုပ်စေပါတယ်။

အာဇာနည်စိတ်ဓါတ်ကို
မှတ်ကျောက်တင် စမ်းသပ်လိုက်တဲ့
ဒီဖြစ်ရပ်လောကဓံကို
ကြံ့ကြံ့ခံအနိုင်ယူပြီး
အောင်လံတလူလူ လွှင့်ထူလိုက်ပါတယ်။

သင့်အတွက် ကျွန်ုပ်တို့ကြေကွဲရပါရဲ့
ဒါပေမယ့်..
ရဲရင့်တဲ့သင့်စိတ်ဓါတ်ကို
အလေးအမြတ်မပြုဘဲမနေနိုင်
အောင်ဆန်းသွေး အောင်ဆန်းစိတ်ဓါတ်ရဲ့
မြင့်မြတ်မှုဂုဏ်ရည်စုကို
အလေးမမြတ်မပြုဘဲမနေနိုင်။

သင်ချစ်ခဲ့တဲ့ခင်ပွန်းအတွက်
ကျခဲ့တဲ့မျက်ရည်များဟာ
တလက်လက် ထိန်တောက်ပနေတဲ့
စိန်ကျောက်ပမာအရောင်ဖြာပြီး
မြန်မာပြည်သူတွေရဲ့အောင်လမ်းကို
အရောက်လှမ်းနိုင်မယ့် လမ်းညွှန်အဖြစ်
ထွန်းလင်းတောက်ပမယ်လို့
ကျွန်ုပ်တို့မုချယုံကြည်ပါတယ်။

မြန်မာပြည်သူတွေရဲ့ ခံစားမှုကို
ကိုယ်စားပြု ဦးဆောင်နေတဲ့
ဒေါ်အောင်ဆန်းစုကြည်ရဲ့အလင်းရောင်ဟာ
အမှောင်ဟူသမျှဖြိုခွင်းပြီး
လွတ်လပ်ခြင်းပန်းတိုင် ရောက်ရှိပါစေ။

( မိုးမခစာဖတ်ခန်းမှ )

2 comments:

great.lion.king said...

အ့ကအောင်ဆန်းစုကြည်ကိုလေးစားပါတယ်ဒါပေမယ့်သူကိုလက်မခံနိုင်တာတခုတော့ရှိတယ်..အဲဒီတစ်ခုကြောင့်လဲုံးဝကိုသူကိုလက်မခံပါဘူးဗျာ။မြန်မာပြည်ကိုအုပ်ချူပ်မယ့်ခေါင်းဆောင်ဟာဘယ်လောက်ပဲထက်မြတ်နေပစေ.မြန်မာသွေးမစစ်တော့တဲ့သူရဲ့အုပ်ချူပ်မှုကိုလဲမလိုချင်ဘူးဗျအောင်ဆန်းစုကြည်လိုထက်မြတ်တဲ့ခေါင်းဆောင်တစ်ယောက်ဟာအရေးကြီးတာကိုရှေ့တန်းမတင်ပဲဘာမဟုတ်တဲ့သွေးသားကလှုံ့ဆော်တဲ့အတိုငးနိုင်ငံခြားသားကိုလက်ထပ်တာတော့မြန်မာပြည်သူသွေးစစ်စစ်မျိုးချစ်တွေကတော့လက်ခံမှာမဟုတ်ပါဘူး.ဒါကိုသိထားသင့်ပါတယ်မျိုးဆက်ပြန့်ပွားရေးမှာမိန်းမတွေဟာအဓိကခန်းကပါဝင်တယ်ဆိုတာသိသင့်ပါတယ်..မြန်မာသွေးကိုတော့လာမရောပါနဲ့ဗျာ..ယုတ်မာတဲ့သွေးနဲ့လာမရောပါနဲ့

Anonymous said...

ဒီက မိတ်ဆွေကြီးပြောတာကို နားလည်ပါတယ်။ လင်းစိတ်ထဲမှာတော့ မိန်းမတစ်ယောက်က ယောက်ျားတစ်ယောက်ကို လက်ထပ်ယူချိန်မှာ တိုင်းတပါးဖြစ်နေခဲ့ရင် သူတို့ရဲ့ လုပ်ကိုင်ဆောင်ရွက်ပုံကိုပဲ ကြည့်ပါတယ် .။ ဒေါ်အောင်ဆန်းစုကြည်က လူမျိုးခြားကိုယူခဲ့ပေမယ့် သူမရဲ့ တိုင်းပြည်ချစ်စိတ် ၊ သူမ ကျင့်သုံးခဲ့တဲ့ မြန်မာ့ယဉ်ကျေးမှုတွေကို ပယ်ခဲ့လို့လားရှင်။ လင်းလက်က ဘာတိုင်းရင်းသွေး ၊ ဘာလူမျိုးခြားမှ မစပ်ထားတဲ့ မြန်မာသွေးစစ်စစ်ပီပီ မြန်မာကိုချစ်ပါတယ် ။ ဒါပေမယ့် ဒေါ်စု၇ဲ့ ခံယူချက်ကို လေးစားတဲ့အတွက် သူမရဲ့အိမ်ထောင်ရေးအကြောင်းကို ထည့်သွင်းးမစဉ်းစားတော့ပါဘူး။ မြန်မာသွေးစစ်တဲ့ အရည်အချင်းရှိပါတယ်ဆိုတဲ့ ဘယ်သူကများ ဘာများလုပ်ပေးနိုင်လို့လည်းရှင်။ ဒေါ်စုကို ထောက်ခံသည်ဖြစ်စေ ၊ မထောက်ခံသည်ဖြစ်စေ မူရင်းရည်ရွက်ချက်ကတော့ လူ့အခွင့်အရေးအပြည့်ရစေချင်တယ်။ ဒီမိုကရေစီဝါဒကို ကျင့်သုံးစေချင်ပါတယ်။ ဒေါ်စု၇ဲ့ ပေးဆပ်မှုတွေကို လေးစားပါတယ်။ နောက်ဆုံးကုန်ကုန်ပြောရရင် ဒေါ်စုစတင်ချမှတ်ခဲ့တာလည်း မဟုတ်တဲ့ မြန်မာပြည်၇ဲ့ သူရဲကောင်းဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်းမိန့်ခွန်းနဲ့ တပ်မတော်လမ်းစဉ်တွေ ၊ ရည်ရွယ်ချက်တွေအားလုံးကို ရအောင်အကောင်ထည်ဖော်ကြိုးစားဖို့ပါပဲ။

Post a Comment

အကြံပြု comment ၀င်ရေးပေးတဲ့အတွက် လှိုက်လှဲစွာ ကျေးဇူးတင်ရှိပါတယ်ရှင် ။ မဖွယ်မရာ စကားများ ၊ ဆဲဆိုခြင်းများ ၊ ပေါကြောင်ကြောင်စကားများ ၊ တစ်စုံတစ်ဦး၏ ကိုယ်ကျင့်တရားသိက္ခာကို ထိခိုက်စေသော စကားများ ဖြစ်ပါက ထို comment များကို လက်ခံမည်မဟုတ်ကြောင်း လေးစားစွာ အသိပေးအပ်ပါတယ်ရှင် ။ အလည်လာရောက် အကြံပြုရေးသားခြင်းများအတွက် ကျေးဇူးတင်ပါတယ် ။ စာများ ရှင်းလင်းစွာ မြင်ရဖို့အတွက် Space များ ထည့်ရိုက်ပေးကြပါရှင်။