Tuesday, July 18, 2006

ရဲလေး



ရဲလေး

အစက သူ့ကို ကြည့်မရခဲ့ဘူး။ သူသီချင်းတွေကိုတော့ ကြိုက်ပါတယ်။ လူကိုတော့ သူငယ်ချင်းပြောစကားများအရ သောက်မြင်အတော်ကပ်ခဲ့တယ်။

အဲ အပြင်မှာတွေ့တော့ အဲဒီလိုမဟုတ်တော့ အတော်အံ့သြမိပါတယ်။ သူနားနေတဲ့ နားနေဆောင်ထဲကို အစောင့်ကိုခွင့်ပန်ပြီး မောင်လေးတစ်ယောက်နဲ့အတူ စကားသွားပြောခဲ့ပါတယ်။ အနီးကပ်ကြည့်မှ သူက အတော်ဖြောင့်တယ် ဟိဟိဟိ ။ သဘောလည်းကောင်းသလို အောက်ကျို့လည်းခံတော့ ကြိုက်သွားတယ် ဆိုရမှာပေါ့နော်။ သူ့လက်ကိုင်ဖုန်းကို ပရိတ်သတ်ကြားမှာတောင်းတော့ မပေးဘဲ သူ့အနားတိုးတိုးသွားမေးမှ ပေးပါတယ်။ ၁၉ရက်နေ့ညမှ ဆက်နော် မပြန်သေးဘူး အားရင်လာလည်ဆိုပြီးသူ့စင်ကာပူလိပ်စာကို ပြောတော့ လင်းမျက်လုံးဝိုင်းစက်သွားခဲ့တယ်။ စိုင်းစိုင်းလည်း ပရိတ်သတ် အတော်များပေမယ့် အဲဒီလောက် စကားများများမပြောဘူး။ ရဲလေးကတော့ လူကိုဆက်ဆံတတ်တာ ပါးနပ်တော့ လင်းအတော်ပြုံးခဲ့မိတယ်။ စိုင်းစိုင်းကတော့ ဘယ်သူ့ကိုမှမျက်လုံးချင်းတောင် ဆုံအောင်မကြည့်ဘဲ ခပ်တည်တည်လေးပါပဲ။

ရဲလေး အမေသီချင်းဆိုပြိး လက်ခုပ်သံလေးချီးမြှင့်ပေးပါခင်ဗျာလို့ပြောတုန်းက သနားလိုက်တာ။ ဟူးဟူး

ဂစ်တာလေးတီးပြီးသီချင်းဆိုတုန်းကပုံကို မောင်လေးတွေကို မရရအောင် လိုက်ရိုက်ခိုင်းတာတော့ နဲနဲလွန်သွားလားမသိဘူး။ မမအဝေးကတော့ ရီပြီးကြည့်နေပါတယ်။

အခုတော့ သူ့သီချင်းတွေလည်းကြိုက်လာသလို လူကိုလည်းကြိုက်လာသလိုပါပဲ ဟိဟိ

ရဲလေး ဒီထက်မက ပိုအောင်မြင်မှုတွေရရှိနိုင်ပါစေ။ လေးဖြူကို သူစကားပြောခဲ့တာ အထင်မှားခံရပြီး အဓိတ်ပါယ်မှားထွက်သွားတဲ့ သတင်းလည်း ပြန်လည်ပြင်ဆင်ခွင့်ရပါစေလို့ ဆုတောင်းပြုမိပါတယ်။

0 comments:

Post a Comment

အကြံပြု comment ၀င်ရေးပေးတဲ့အတွက် လှိုက်လှဲစွာ ကျေးဇူးတင်ရှိပါတယ်ရှင် ။ မဖွယ်မရာ စကားများ ၊ ဆဲဆိုခြင်းများ ၊ ပေါကြောင်ကြောင်စကားများ ၊ တစ်စုံတစ်ဦး၏ ကိုယ်ကျင့်တရားသိက္ခာကို ထိခိုက်စေသော စကားများ ဖြစ်ပါက ထို comment များကို လက်ခံမည်မဟုတ်ကြောင်း လေးစားစွာ အသိပေးအပ်ပါတယ်ရှင် ။ အလည်လာရောက် အကြံပြုရေးသားခြင်းများအတွက် ကျေးဇူးတင်ပါတယ် ။ စာများ ရှင်းလင်းစွာ မြင်ရဖို့အတွက် Space များ ထည့်ရိုက်ပေးကြပါရှင်။