Thursday, July 20, 2006

သူငယ်ချင်းကောင်းတစ်ယောက်


ရန်ရန်

သူ့ကိုတော့ လင်းနဲ့ခင်သူအားလုံးနီးပါး သိပြီးသားဖြစ်မှာပါ။ ရန်က လင်းဘ၀ရဲ့ အမှတ်တရလူသားစရင်းမှာ နာပါတ်(၁)ထဲမှာ ပါပါတယ်။ ရန်က လင်းဘ၀ရဲ့အချစ်ဆုံးသူငယ်ချင်းတစ်ယောက်ဖြစ်သလို အဖော်မွန်ကောင်းတစ်ယောက်ဖြစ်ခဲ့တယ်။ အွန်လိုင်းပေါ်မှာ လေလှိုင်းလိုကျင့်သုံးရမယ့် လူတန်းစားတွေရှိနေသလို တကယ့်ကိုစစ်မှန်သော ၅၂၈နဲ့ မိတ်ဆွေကောင်းတွေကိုလည်း တွေ့ခဲ့ရပါတယ်။ ပတ်ဝန်းကျင်ပြောစကားများကို အပြင်မှာေ၇ာနေရာတိုင်းမှာပါ ဂရုတစိုက်နေတတ်တဲ့ လင်းရဲ့ မကောင်းသော အကျင့်တစ်ခုကို လမ်းမှန်ရောက်အောင် ပို့ပေးခဲ့တဲ့ ရန်ကို လင်းအမြဲအမှတ်ရနေမှာပါ။

ရန်ပွဲတွေဖြစ်တိုင်း လင်းမှားရင် လင်းကိုတားသလို လင်းမှန်နေခဲ့ရင် လူကြီးတစ်ယောက်လို ပြောပြတတ်တဲ့ သူ့အကျင့်ကြောင့် သူ့ကိုစတင်တွယ်တာခဲ့ရခြင်းပါ။ လင်းဖြစ်ချင်သော အရာတော်များများကို ဖြည့်ဆည်းပေးခဲ့တဲ့ အဖော်မွန်ကောင်းတစ်ယောက်ဖြစ်ခဲ့တယ်။ လေလွင့်နေချိန်တွေမှာ သူ့ကြောင့် အရင်လို သွက်သွက်လက်လက်နဲ့ ပျော်ရွှင်ဖွယ်နေ့ရက်များအားလုံးကို ဖန်ဆင်းပေးခဲ့တဲ့ရန်ကို ကျေးဇူးတင်ပါတယ်။

ဟန်ထူးလွင်သီချင်းတွေကို စွဲစွဲမြဲမြဲကြိုက်ပြီး သီချင်းအတော်များများကို ဖိုဒါတစ်ခုဖွင့်ပြီး သီချင်းကြိုက်တဲ့ လင်းအတွက် သီချင်းပေါင်းများစွာကို သွင်းပေးထားပြီး စိတ်ရှည်လက်ရှည် အမြဲတမ်း ဘယ်အရာကိုမဆို ဆုံးဖြတ်ပေးခဲ့တဲ့ ကောင်လေးတစ်ယောက်ကို လင်းဘ၀ထဲ ပို့ပေးခဲတဲ့ဘုရားကို ကျေးဇူးအထူးတင်ရှိပါတယ်။

ဧပရယ်ဖူးလ်ရဲ့ မိုးတစ်နေ့မှာ အမှန်တရားတစ်ခု ဖြစ်ထွန်းအောင် စွမ်းဆောင်ပေးခဲ့တဲ့ ရန်က အမှတ်တရတစ်ယောက်ပါပဲ။

နေခြည်ဖြာတဲ့မနက်ခင်းတွေတိုင်းမှာ လင်းသိပ်ချစ်ရတဲ့သူငယ်ချင်း အမြဲပျော်ရွှင်ချမ်းမြေ့နေပါစေ။




0 comments:

Post a Comment

အကြံပြု comment ၀င်ရေးပေးတဲ့အတွက် လှိုက်လှဲစွာ ကျေးဇူးတင်ရှိပါတယ်ရှင် ။ မဖွယ်မရာ စကားများ ၊ ဆဲဆိုခြင်းများ ၊ ပေါကြောင်ကြောင်စကားများ ၊ တစ်စုံတစ်ဦး၏ ကိုယ်ကျင့်တရားသိက္ခာကို ထိခိုက်စေသော စကားများ ဖြစ်ပါက ထို comment များကို လက်ခံမည်မဟုတ်ကြောင်း လေးစားစွာ အသိပေးအပ်ပါတယ်ရှင် ။ အလည်လာရောက် အကြံပြုရေးသားခြင်းများအတွက် ကျေးဇူးတင်ပါတယ် ။ စာများ ရှင်းလင်းစွာ မြင်ရဖို့အတွက် Space များ ထည့်ရိုက်ပေးကြပါရှင်။