Monday, July 24, 2006

မေ့မရသောအခင်ဆုံးမောင်နှမများ (၃)

မလုလုငယ် ( မြန်မာချတ် )

မမလုကိုတော့ လင်း အမရင်းတစ်ယောက်လိုပဲ သိပ်ချစ်ပါတယ်.. မမလုလုက မိန်းကလေးသိပ်ပီသသလို ဟင်းချက်အလွန်ကောင်းတဲ့ မမတစ်ယောက်ပါ.. သူနဲ့တွေ့တိုင်း ဟင်းချက်နည်းတွေ ပြောလေ့ရှိသလို ကိုယ်ရေးကိုယ်တာတွေအတွက်လည်း တိုင်ပင်လေ့ရှိပါတယ်.. မမလုလုနဲ့ ညီမလေးလင်းတို့က ရွစိထိုးသော မိန်းမများနှင့် ယုတ်မာသောသူများကို မုန်းကြပါတယ်……. ယဉ်ကျေးသိမ်မွေ့ပြီး ကြိုးစားသူများကို ခင်လေ့ရှိပါတယ်…

မမလုနဲ့စကားပြောတိုင်း စိတ်အေးချမ်းရသလို သူ့ကိုလည်း အပြင်က မမနဲ့မခြားခင်မိပါတယ်.. လင်းလက်ချစ်သော မမ နေ့ရက်များအားလုံးမှာ ရွှင်လန်းချမ်းမြေ့ပါစေ..

--------
ဦးထွတ် ( မြန်မာချတ် )

ဦးထွတ်က လင်းလက်နဲ့ သိပ်ခင်တဲ့အကိုတစ်ယောက်ပါ…… အကိုအလဲဗန်းက စကိုက်ပီမှာမိတ်ဆက်ပေးရင်း သိသွားရာက မြန်မာချတ်မှာ ပြန်လည်ခင်ခဲ့သူတွေပါ.. ရိုးသားပြီး စကားပြောလို့ကောင်းပါတယ်… ဂျီတောခ့်မှာ လက်မအားလို့မခေါ်မိတိုင်း လာလာနောက်လေ့ရှိသလို စိတ်ထားကောင်းမွန်တဲ့အကိုကြီးတစ်ယောက်ပါ…

ညီမတွေကိုလည်း စောင့်ရှောက်လေ့ရှိသလို အတော်များများနဲ့ ပြေလည်အောင် ဆက်ဆံတတ်သူပါ… လင်းအတွက်ကတော့ အကိုတစ်ယောက်လိုခင်ရသူပါ.. ဦးထွတ်ဘ၀မှာ ပျော်ရွှင်ခြင်းများစွာနဲ့အတူ အမိမြေကိုပြန်ရတဲ့အချိန်မှာ သာယာလှပနေပါစေရှင်…

----

ကိုရာမ ( မြန်မာချတ် )

လင်းနဲ့ ပလန်းနက်မြေမှာ စသိခဲ့တဲ့အုပ်စုထဲကတစ်ယောက်ပါ.. ကိုစိုင်းဝဏက မိတ်ဆက်ပေးလို့သိခဲ့ရပါတယ်.. သူ့ကို အကိုလိုခင်သလို သူကလည်း ညီမလေးတစ်ယောက်လိုခင်ပါတယ်.. ကျန်းမာရေး ဂရုမစိုက်လို့ လင်းက ခဏခဏဆူပေမယ့် အပြုံးမပျက်နေတတ်သူပါ…… မောင်နှမနှစ်ယောက် စိတ်ညစ်တိုင်း အရက်သွားသောက်မယ်ပြောတိုင်း ဟာသပါပဲ…… တစ်ခါတစ်လေ အကိုရာမက ချတ်တင်ပေါ်ကပျောက်သွားတတ်ပါတယ်… ဒါပေမယ့် အားလုံးကတော့ သူ့ကိုခင်မင်ကာ သတိရလေ့ရှိပါတယ်.. သူ ၊ ကိုတုတ်တို့ပေါင်းရင်တော့ ချတ်ရွန်းမှာ တကယ်မနိုင်ပါဘူး ဟိဟိ……..ညီမလေးခင်တဲ့ အကိုရာမ ကျန်းမာရွှင်လန်းပြီး အမြဲပျော်ရွှင်နေပါစေနော်…….

---

မမမေ၁၁

စင်ကာပူက လင်းနဲ့ခင်တဲ့မမတစ်ယောက်ပါ.. အတွေးအခေါ်ကောင်းပြီး အေးအေးနေတတ်ပါတယ်.. မမမေက သူများကိုလည်း လိုတာရှိကူညီတတ်ပါတယ်……..

စိတ်ထားကောင်းမွန်တဲ့မမမေ ဘ၀အမြဲသာယာလှပနေပါစေ………..

---

လရောင်

သူက လင်းလက်နဲ့ အတော်ခင်တဲ့သူငယ်ချင်းပါ……. ပလန်းနက်ကနေစသိခဲ့ပြီး နောက်ပိုင်း အမြဲဆက်သွယ်ဖြစ်ပါတယ်…မြင်ရင်လည်း သိပ်ဝမ်းသာကြ၇ပါတယ်.. လင်းကိုလည်း ကူညီသလို စိတ်ထားကောင်းတဲ့သူငယ်ချင်းတစ်ယောက်ပါ..

လင်းနဲ့ပြောမနာ ဆိုမနာဖြစ်သလို အသက်ကလည်း တစ်လပဲကွာပါတယ်.. သူကတော့ တခြားနိုင်ငံမှာ ပညာဆက်သင်ဖို့ကြိုးစားနေတာဖြစ်သလို စာတော်ပါတယ် (ဟုတ်လားလရောင်အဟိး)… ပုံစံလေးက တည်ကြည်သလို ခင်ဖို့ကောင်းပါတယ်……. လင်းလက်ခင်တဲ့သူငယ်ချင်း အောင်မြင်မှုတွေထပ်ဆင့်ရပြီး ချစ်ရသူလေးနဲ့အဆင်ပြေပါစေနော်………..

----

အကိုစတား ( ပလန်းနက်၊မြန်မာချတ်)

ရန်ကုန် MC တက်နေတဲ့ အကိုတစ်ယောက်ပါ……. စာတော်ပါတယ်.. လင်းလက်နဲ့လည်း အတော်ခင်ပါတယ်… အကိုစတားကသည်းခံတတ်ပြီး မောင်နှမတွေကိုလည်း ခင်ပါတယ.်.. သူက ဆေးကျောင်းတက်နေတော့ အလုပ်ရှုပ်နေတာများပါတယ်.. လင်းကို စာနာနားလည်ပေးတတ်ပြီး စကားပြောရည်မွန်ပါတယ်……..

လင်းခင်ရတဲ့အကိုစတား အောင်မြင်မှုတွေထပ်ဆင့်ဆွတ်ခူးနိုင်ပါစေနော်..

--

မမ၀တ်ရည် ( မြန်မာချတ် )

လင်းနဲ့ခင်တဲ့မမတစ်ယောက်ပါ.. အေးချမ်းပြီး ခင်ဖို့ကောင်းပါတယ်…….. မမ၀တ်ရည်နဲ့ခင်တာကြာပေမယ့် ဟိုတလောကမှမြင်ဖူးလိုက်ပါတယ်.. မမကချစ်စရာလေးပါ…….. ခင်ဖို့ကောင်းတဲ့မမ၀တ်၇ည် အမြဲပျော်၇ွှင်နေပါစေ……..

---

ခွန် ( ဘန်ကောက် )

ခွန်က လင်းလက်နဲ့ အနုပညာစိတ်ထားတူတဲ့သူငယ်ချင်းအရင်းပါ.. သူ့မှာ လေးနက်တဲ့ အတွေးအခေါ်ကောင်းတွေရှိသလို သူက အနုပညာဆန်ပါတယ်… သူနဲ့လင်းစခင်တော့လည်း လင်းစာတွေအကြောင်း ဝေဖန်ရင်းခင်သွားတာပါ…. တစ်ခါတစ်လေ လင်းစာပေတွေမှာ စိတ်ဓါတ်ကျတယ်.. ဘ၀မှာပြသနာတွေများလာတယ်.. ခွန်က စိတ်ညစ်နေချိန်မှာ လင်းကိုအားပေးတတ်သလို မဖြစ်သင့်တာတွေကိုလည်း ပြောပြပါတယ်……. တကယ့်ကိုသူငယ်ချင်းကောင်းပါ..

တခါတလေ လင်းလက်ကိုပြသနာလာရှာတဲ့လူတွေနဲ့တိုးလို့ လင်းစိတ်ညစ်ရင် ခွန်က စိတ်မညစ်စေဖို့ပြောတတ်ပါတယ်.. အမိမြေကိုမြင်တဲ့ အတွေးအခေါ်တွေလည်းတူတော့ လေပေးဖြောင့်ပါတယ်.. ခံယူချက်ချင်းတူတဲ့အနုပညာသူငယ်ချင်းလေးခွန် ထားရှိသောခံယူချက်များအားလုံး ပြည့်စုံလာပြီး အမြဲအောင်မြင်ပျော်ရွှင်နေပါစေ..

----

ordinayguyz

ပလန်းနက်မှာ ကဗျာရေးတဲ့အကိုကြီးတစ်ယောက်ပါ……. သူနဲ့ရန်ရန်က အတွေးအခေါ်တူပါတယ်.. သူ့ကို လင်းလက်ခင်သလို သူ့ချစ်သူနဲ့လည်းခင်ပါတယ်ဟိးဟိး

ကဗျာရေးသောအကိုလည်း ဘ၀မှာကဗျာဆန်ဆန်လှပနေပါစေ

---

ညီညီ ( မြန်မာချတ် )

ရန်ကုန်က လင်းနဲ့ခင်တဲ့ အကိုကြီးတစ်ယောက်ပါ.. တစ်ချိန်က အချစ်အတွက် သောကမီးတွေ လင်းလက်ပူလောင်နေချိန်မှာ ကူညီဖြေရှင်းပေးခဲ့တဲ့မိတ်ဆွေကောင်းတစ်ယောက်ပါ.. သူ့ကောင်မလေးနဲ့ပတ်သတ် ခံစားချက်တစ်ချို့ကိုလည်း ပြောလေ့ရှိပါတယ်…

စိတ်ထားကောင်းသလို ကိုယ်ချင်းစာနားလည်ပေးတတ်ပါတယ်.. ချစ်သူနဲ့အမြဲပျော်ရွှင်ပါစေအကို..

----

မမနိုင်းနဒီ

လင်းနဲ့ညီအမလိုခင်တဲ့ အမကြီးတစ်ယောက်ပါ…….. စကားပြော ပွင့်လင်းပြီး ခင်ဖို့ကောင်းပါတယ်…….. မမနိုင်းနဒီကမေမြို့ကိုလာလည်ဖို့ အမြဲဖိတ်ခေါ်သူပါ.. အွန်လိုင်းကသူငယ်ချင်းများကို အတော်ခင်ပြီး တခါတလေ စိတ်ထိခိုက်တတ်ပါတယ်… မမနိုင်းရဲ့ခင်မင်မှုတွေကို သူငယ်ချင်းများအားလုံးကလည်း နားလည်ကြပါတယ်… အခုတော့ မမနိုင်း အွန်လိုင်းနဲ့ဝေးပြီး ပညာဆက်သင်နေပါတယ်… ဒါပေမယ့် အားလုံးက မမနိုင်းကိုသတိရလျက်ပါ…….. အဝေးက ညလေးချစ်တဲ့မမနိုင်း သူငယ်ချင်းများစွာနဲ့အတူ အမြဲပျော်ရွှင်နေပါစေ..

---

အိမ့်သွေးနီ

လင်းနဲ့ ညီမလိုခင်တဲ့သူငယ်ချင်းတစ်ယောက်ပါ…. နီကို ပလန်းနက်မှာ စတင်သိခဲ့ရပါတယ်… ဖိုရမ်တွေတအားရေးတဲ့လင်းလက်နဲ့ နီက ဖိုရမ်မှာပဲစတင်သိခဲ့ရတယ်.. နီက လင်းတစ်ခါတုန်းက ရေးခဲ့တဲ့ `ခင်မင်ရပါသော မောင်နှမများအားလုံးသို့´ဆိုတဲ့ခေါင်းစဉ်အောက်မှာ လင်းကိုအဓိကနေရာကနေ အားပေးခဲ့သူပါ.. မောင်နှမတွေ သူငယ်ချင်းတွေကိုသိပ်ခင်လွန်းလို့ ၅၂၈နဲ့ပတ်သတ် စိတ်စွဲလမ်းဒဏ်ရာများခဲ့တဲ့လင်းစိတ်တွေကို အရာအားလုံးက ခဏတာပါလို့ ဆုံးဖြတ်တတ်အောင် နေထိုင်ခဲ့တာ နီအကူညီတွေအများကြီးပါပါတယ်…….. နောက်ပိုင်းမှာ လင်းနဲ့နီက အမြဲသူငယ်ချင်းလို တတွဲတွဲဖြစ်ခဲ့ရပါတယ်.. သူအွန်လိုင်းလာရင်လည်း လင်းမှာ ၀မ်းသာအားရ စကားပြောဖြစ်ပါတယ်….. အရင်တစ်ခါတုန်းက နီက လူတစ်ယောက်နဲ့နာရီဝက်ပြည့်အောင် မချတ်ဖြစ်ဘူး .လင်းနဲ့တော့ စကားပြောရတာ အတော်အဆင်ပြေတယ်လို့ပြောတုန်းက လင်းအရမ်းဝမ်းသာခဲ့ရတယ်…. နီကို လင်းသိပ်ခင်တယ်လေ.. သူစကားပြောဆိုပုံတွေကိုလည်း ကြိုက်တယ်…….. လင်းသိပ်ခင်ရတဲ့နီဘ၀မှာ အမြဲတမ်းလိုရာပြည့်စုံပြီး အမြဲပျော်ရွှင်နေပါစေချစ်သူငယ်ချင်း ..

----

ညီထွေးလွင်

လင်းကိုခင်တဲ့သူငယ်ချင်းတစ်ယောက်ပါ… ညီထွေးက လင်းဘယ်လောက်စိတ်ဆိုးဆိုး ပြန်စိတ်ဆိုးခြင်းမရှိတဲ့ သူငယ်ချင်းတစ်ယောက်ပါ……… သူ့ကို တခါတလေ ငေါက်မိလည်းသည်းခံပါတယ်… အရင်တစ်ခါတုန်းက သုံးပွင့်ဆိုင်အကြောင်း လင်းပြောပြတုန်းက လင်းကို ကလေးပဲရှိသေးတယ်ဆိုပြီးရီကာ အကြံပေးပါတယ်… တစ်ခါတစ်လေ လင်းက ဖိုရမ်တွေရေး ၊ စာတွေဖတ် ၊ ဘလော့ခ်တွေနဲ့ရှုပ် ၊ ကဗျာတွေတင်နေချိန်မှာ သူ့ကို စကားမပြောမိ၇င် မာနကြီးတယ်ဆိုပြီး တင်းသွားပြန်ရော……… အဲဒီအခါကျ လိုက်ခေါ်ရတာပါပဲ.. ပျော်ဖို့တော့ကောင်းပါတယ်…… သူငယ်ချင်းတွေအများကြီးထား ၊ ဘယ်တော့မှ မအားတဲ့လက်နှစ်ဖက်ကို ခုတ်ဖြတ်ပစ်မယ်လို့ပြောရင် လင်းမှာရီရတာ အတောမသတ်ပါဘူး……. လင်းခင်တဲ့ညီထွေး အမြဲပျော်ရွှင်နေပါစေ…

-----

မမရသော်

စကားပြောယဉ်ကျေးတဲ့ ခင်ဖို့ကောင်းတဲ့မမတစ်ယောက်ပါ… ပျော်ရွှင်စွာ စကားပြောတတ်ပြီး အားလုံးကို မောင်နှမလိုခင်ပါတယ်… မမရသော်ဘ၀မှာ လိုတာအားလုံးပြည့်စုံပြီး စိတ်ချမ်းသာပျော်ရွှင်နေပါစေ..

-----

မမ၀င့်ဆွိတီ

သွက်သွက်လက်လက်နဲ့ စကားနိုင်ပြောတတ်တဲ့ မမတစ်ယောက်ပါ…… ပုံစံက ချစ်ဖို့ကောင်းသလို ခင်ဖို့ကောင်းပါတယ်… မမ၀င့်အမြဲပျော်ရွှင်နေပါစေမမ..

0 comments:

Post a Comment

အကြံပြု comment ၀င်ရေးပေးတဲ့အတွက် လှိုက်လှဲစွာ ကျေးဇူးတင်ရှိပါတယ်ရှင် ။ မဖွယ်မရာ စကားများ ၊ ဆဲဆိုခြင်းများ ၊ ပေါကြောင်ကြောင်စကားများ ၊ တစ်စုံတစ်ဦး၏ ကိုယ်ကျင့်တရားသိက္ခာကို ထိခိုက်စေသော စကားများ ဖြစ်ပါက ထို comment များကို လက်ခံမည်မဟုတ်ကြောင်း လေးစားစွာ အသိပေးအပ်ပါတယ်ရှင် ။ အလည်လာရောက် အကြံပြုရေးသားခြင်းများအတွက် ကျေးဇူးတင်ပါတယ် ။ စာများ ရှင်းလင်းစွာ မြင်ရဖို့အတွက် Space များ ထည့်ရိုက်ပေးကြပါရှင်။