Thursday, July 13, 2006

စတင်ခြင်းနေ့ရက်နှင့်နှုတ်ခွန်းဆက်သခြင်း

လူတွေမှာ ၀ါသနာကိုယ်စီတည်ရှိကြတယ်။ စိတ်ကူးကိုယ်စီတည်ရှိကြတယ်။ မိမိပိုင်ဆိုင်သော ဘ၀စိတ်ကူးစိတ်သန်း အတွေးအခေါ်တွေအားလုံးကို လွတ်လပ်စွာဖြန့်ကျက်နိုင်ခွင့်ရှိကြပါတယ်။ အသက်အရွယ်နဲ့မဆိုင်တဲ့ ရင့်ကျက်ခြင်းတစ်ချို့ဆိုတာလည်း လူသားတစ်ချို့ရင်ထဲမှာ တည်ရှိနေပါတယ်။ ရင်ထဲက ဘ၀အပါအ၀င် ခံစားချက်ပေါင်းများစွာကို တစ်နေရာတည်းမှာ လွတ်လပ်စွာ ရေးချခံစားနိုင်ဖို့အတွက် စာတွေချရေးခဲ့ရာမှ အနုပညာဆိုတဲ့လမ်းကြောင်းကို သိပ်ကိုစိတ်ဝင်စားခဲ့မိတာ သတိထားခဲ့မိတယ်။ ဒီနေရာ ဒီစာတွေကို စုစုစည်းစည်းရေးနိုင်ဖို့အတွက် မအားလပ်တဲ့အချိန်များကြားမှ ကူညီပေးခဲ့သော ကိုလင်းမောင်ဦး ( ဖလိန်း) ကို လင်းလက်ကြယ်စင်မှ အထူးကျေးဇူးတင်ရှိကြောင်းပြောချင်ပါတယ်။

မင်္ဂလာအပေါင်းနဲ့ပြည့်စုံကြပါစေ။

1 comments:

NLS said...

မလင်းလက်

အလုပ်နောက်တစ်ခု ရှုပ်တော့မည်။ ဟားဟား။ မင်္ဂလာပါ ငါ့ညီမ။

Post a Comment

အကြံပြု comment ၀င်ရေးပေးတဲ့အတွက် လှိုက်လှဲစွာ ကျေးဇူးတင်ရှိပါတယ်ရှင် ။ မဖွယ်မရာ စကားများ ၊ ဆဲဆိုခြင်းများ ၊ ပေါကြောင်ကြောင်စကားများ ၊ တစ်စုံတစ်ဦး၏ ကိုယ်ကျင့်တရားသိက္ခာကို ထိခိုက်စေသော စကားများ ဖြစ်ပါက ထို comment များကို လက်ခံမည်မဟုတ်ကြောင်း လေးစားစွာ အသိပေးအပ်ပါတယ်ရှင် ။ အလည်လာရောက် အကြံပြုရေးသားခြင်းများအတွက် ကျေးဇူးတင်ပါတယ် ။ စာများ ရှင်းလင်းစွာ မြင်ရဖို့အတွက် Space များ ထည့်ရိုက်ပေးကြပါရှင်။