Tuesday, July 18, 2006

ဂျူလိုင် တနင်္ဂနွေညရဲ့ ပျော်ရွှင်ဖွယ်နေ့ရက်



16.07.2006 Sunday

တကယ်ကို မထင်မှတ်ထားဘဲပျော်ရွှင်ခဲ့ရတဲ့နေ့လေးတစ်ရက်ပါ။ လွန်ခဲ့တဲ့လကတည်းက စင်ကာပူမှာ စိုင်းစိုင်းတို့ရှိုးပွဲလုပ်မှာသိတဲ့အတွက် အိမ်ကိုအမျိုးမျိုးခွင့်ပန်ပေမယ့် ခွင့်ပြုချက်မရခဲ့ဘူး။ ရှိုးပွဲကြီးနီးကပ်လာသလို လင်းလက်လည်း တစ်မှိုင်မှိုင်တတွေတွေ စိတ်ညစ်လာခဲ့တယ်။ အိမ်ကိုလည်းစကားမပြော ၊ ကိုယ်လုပ်စရာရှိတာချည်း အေးစက်စက်လုပ်နေခဲ့တာ ရက်တွေသိပ်ကြာခဲ့တယ်။ တကယ်တော့ မိဘတွေထင်သလို မဟုတ်ပါဘူး။ ကိုယ်က အနုပညာသမားတွေဆိုလေးစားစိတ်နဲ့ အားပေးချင်တာ တစ်ခုတည်းပါ။ သူငယ်ချင်းတွေနဲ့ဆိုတော့ ပျော်ပျော်ပါးပါး ပြောတာတော့ရှိတာပေါ့။ ခွင့်ပြုချက်မရတဲ့အပြင် ရှိုးပွဲတစ်ရက်မတိုင်ခင် သူတို့လက်မှတ်ထိုးပွဲအတွက်ကိုလည်း သွားခွင့်မပေးခဲ့ဘူး။ ခွင့်ပြုချက်တောင်းရင်း မရတော့ ၀မ်းနည်းခြင်းများစွာနဲ့ မျက်ရည်ပေါက်တွေကျဆင်းလာမိတယ်။ ရင်ထဲမှာ အဲဒီအချိန်တုန်းက အောင့်နေတာကိုး။ တစ်ညနေလုံး စိတ်မကောင်းခြင်းတွေနဲ့ ခံစားရတဲ့ လင်းလက်ကို ကံတရားက လက်ဆောင်ပေးလိုက်တယ်ထင်ပါရဲ့။ လက်မှတ်တစ်စောင်ရလိုက်တဲ့အပြင် အိမ်ကလည်း ခွင့်ပြုလိုက်တယ်။ အချိန်ကိုကြည့်လိုက်တော့ ပွဲစဖို့ ၁နာရီပဲလိုတော့တယ်။ မြန်မြန်ပြင်ဆင်ပြီး မောင်လေးသူရိန်ကိုစောင့်ခိုင်းပြီး ရထားနဲ့အမြန်လစ်ခဲ့ရတာပေါ့။ မောင်လေးတွေအားလုံးကိုလည်း တကယ်ကျေးဇူးတင်ပါတယ်။ဟိဟိ

စိုင်းစိုင်းတို့နဲ့စကားပြောလိုက်ရပြီး ရဲလေးကိုလည်း ခင်မင်ခွင့်ရလိုက်တဲ့အတွက် အတော်ဝမ်းသာခဲ့ရသလို ပျော်ရွှင်ခဲ့၇တယ်။ သီချင်းတွေလည်းကောင်းသလို လူလည်း ပျော်လိုက်ရတာ အဲဒီနေ့က ခြေထောက်လည်းနာပါတယ်။ အာခေါင်တွေလည်းနာသလို ပင်ပန်းတယ်။

အိမ်ပြန်ရောက်တော့ ည ၁၂နာရီထိုးလုပြီ။ ရဲလေးကို ကီးချိန်းအရုပ်တစ်ခု တက်ပေးတုန်းက ပျော်သလို စိုင်းစိုင်းကလည်း ဖော်ရွေတဲ့အတွက် အတော်ပျော်ခဲ့ရတယ်။ ရန်ကုန်မှာဆို သူတို့နားကပ်လို့တောင်မရဘူးလေ။ လူအုပ်က တအားများခဲ့တော့။

ရှိုးပွဲမှာ စိတ်ဆိုးနေတဲ့ မောင်လေးအောင်စိုးမင်းကိုကြည့်ပြီး လူက ရီချင်တယ်။ အတော်များများက အနောက်မှာ ကနေတာကိုကြည့်ရင်းပြုံးမိတယ်။ စင်ကာပူမှာဆိုတော့ ငြိမ်ငြိမ်နေရတယ်။ ရန်ကုန်ရှိုးပွဲဆိုရင်တော့ ကိုယ်လည်း မငြိမ်ပါဘူး။ စင်ကာပူကတော့ ဘိုးတော်ဘုရားနယ်မြေဆိုတော့ လှုပ်ရဲဘူး။

1 comments:

မေ said...

Linlatt & brothers များကို တွေ့သည်။ :P
ဘယ်လိုလဲ လင်း ၃၅ကျပ် တန်ရဲ့လား။

Post a Comment

အကြံပြု comment ၀င်ရေးပေးတဲ့အတွက် လှိုက်လှဲစွာ ကျေးဇူးတင်ရှိပါတယ်ရှင် ။ မဖွယ်မရာ စကားများ ၊ ဆဲဆိုခြင်းများ ၊ ပေါကြောင်ကြောင်စကားများ ၊ တစ်စုံတစ်ဦး၏ ကိုယ်ကျင့်တရားသိက္ခာကို ထိခိုက်စေသော စကားများ ဖြစ်ပါက ထို comment များကို လက်ခံမည်မဟုတ်ကြောင်း လေးစားစွာ အသိပေးအပ်ပါတယ်ရှင် ။ အလည်လာရောက် အကြံပြုရေးသားခြင်းများအတွက် ကျေးဇူးတင်ပါတယ် ။ စာများ ရှင်းလင်းစွာ မြင်ရဖို့အတွက် Space များ ထည့်ရိုက်ပေးကြပါရှင်။