Monday, October 23, 2006

ငါမုန်းတဲ့သူများ

ငါမုန်းတဲ့သူများစာ၇င်းကိုစုလိုက်မယ်

၁) အာဏာရှင်ဆန်တဲ့ လူတွေကို ခါးသက်နေအောင်မုန်းတယ်

၂) စောက်စကားကို မလိုအပ်ဘဲပြောပြီး သူများအကြောင်းကို မလိုအပ်ဘဲ အားအားယားယား ထိုင်ပြောတဲ့ မိန်းမတွေကိုမုန်းတယ်.. အဲဒါကြောင့်ငါ့ကို အချို့သူများက မိန်းမလို့မထင်တာ.. မြင်ရင်တော့ မိန်းကလေး သိပ်ဆန်တော့ အံ့သြကြတယ်.. ရေးတဲ့စာတွေကပြင်းတာကိုး..

၃) သူများ အကျိုးစီးပွားကိုပျက်အောင်လုပ် ၊ သူများနာမည်သိက္ခာကို လိုက်ချတဲ့ လူတွေကိုမုန်းတယ်

၎) တခုခုဝယ်ဖို့လုပ်တိုင်း အမြဲ တမေ့တမောတန်းစီရတဲ့ ဒီနိုင်ငံကိုလည်းမုန်းတယ်

၅) ငါ့ကို အပေါ်ယံရှပ်ခင်ပြီး စိတ်ထဲကနေ အမုန်းပွားနေတဲ့ လာလာပြီးဟန်ဆောင်ပေါင်းနေတဲ့ မြေခွေးမတွေ မြေခွေးထီးတွေကိုမုန်းတယ်. သူတို့ဟန်ဆောင်တော့ ကိုယ်က မသိသလို လိုက်ပြုံးပြနေရတာ မောလွန်းလို့

၆) ဘာပြသနာမှမရှိဘဲ ငါက တခါတလေ ခင်လို့လိုက်နောက်တာကို သိသားနဲ့ ဘလိုင်းကြီး လာဖောင်းတဲ့ စင်ကာပူက အပျိုကြီး၂ယောက်ကိုမုန်းတယ် ( ပေါ်တင်ပဲ)

၇) ငါဘယ်သူ ဘယ်ဝါမှန်းသိတာ တအားနည်းတဲ့ ဒီအွန်လိုင်းလောကမှာ ငါ့နာမည်ကို ဖျက်နေတဲ့ မကောင်းဆိုးဝါးတွေကိုမုန်းတယ်… မာနဆိုတာ အရှင်သခင်လို မကောင်းဆိုးဝါးတွေနဲ့ ပတ်သတ်လာရင် ကိုးကွယ်တဲ့ငါ့ကို ငါ့စာဖတ်ပရိတ်သတ်တွေ အထင်အမြင်သေးအောင် လိုက်ပြီး အချိန်ယူ ဖျက်ဆီးနေတဲ့ မနာလိုသော မိစ္ဆာတွေကိုမုန်းတယ်။

၈) ရိသလို သဲ့သလိုလိုနဲ့ နောက်ကွယ်ရာမှာ အတင်းပြောတဲ့ ယောက်ျားမဆန်သော အခြောက်တွေကို မုန်းတယ်

၉) ကိုယ်တိုင်တော့ ဘာမှမဟုတ်ဘဲ အွန်လိုင်းပေါ်မှာ လေကျယ်နေတဲ့ ဒေါ်စိန်မမအဖွဲ့ကိုကြည့်မရဘူး

၁၀) ဘာမဟုတ်တဲ့နာမည်လေး တစ်ခုကို ရယူပိုင်ဆိုင်ထားတဲ့ငါ့မှာ ဘ၀င်ဆိုတာမရှီဘဲ ငါဘ၀င်မြင့်တယ်လို့ လိုက်ဖွနေတဲ့ အကောင်တွေကိုမုန်းတယ်

၁၁) အတင်းပြောတဲ့မိန်းမတွေငါမုန်းတယ်.. ငါကိုယ်တိုင် မကျေနပ်ရင် ပေါ်တင်ပြောတယ်. နောက်ကွယ်မှာ `ဟိုတယောက်ကဟိုလိုကြီးဘာဘာညာညာ´ဆိုပြီး တိုးတိုးတိတ်တိတ် ကပ်ပြောတာ ၀ါသနာမပါဘူး

၁၂) အဆင့်အတန်း သိပ်ခွဲခြားထားတဲ့ တခုခုဝယ်ရင်တောင် citizenship ကိုကြည့်ပြီး ခွဲထားတဲ့ ဒီနိုင်ငံ ဥပဒေကို မုန်းတယ်

၁၃) ပြည်ပမှာနေပြီး ပညာနည်းနည်းတတ်လာရင် ထောင်ကြွနေတဲ့ လူတွေကိုမုန်းတယ် … အထဲကလူတွေကို နှီမ်ပြောတာ မြင်ဖူးနေလို့

၁၄) ကိုယ်တိုင်မလုပ်နိုင်သောအရာ သူများလုပ်နေရင် မနာလိုစိတ်နဲ့ဖျက်ဆီးသူတွေကို မုန်းတယ်

၁၅) သံရုံးအသိုင်းဝိုင်းကဆိုပြီး လေကျယ်နေတဲ့ မကြာခင်ဂျောင်းရမယ့်ဟာတွေကို မုန်းတယ်

၁၆) ပေါ်တင်မပြောရဲဘဲ နောက်ကွယ်ကနေ စိန်ခေါ်တဲ့ လူတွေကိုမုန်းတယ်

ဒီလောက်ပဲရေးအုန်းမယ်.. ထပ်သတိရရင်ထပ်ဖြည့်မယ်.. နာမည်အတိအကျ ပြောချင်လည်း ထည့်ပြောမယ်.. ဒီလိုမျိုးအကြောင်းကို တခြားဘလော့ခ်ဂါတွေလည်း ရေးခဲ့ဖူးတာ တွေ့ဖူးသလိုပဲ… ကိုယ့်စိတ်ထဲရှိတာ ရေးနေခြင်းပါပဲ.. ခိုးယူတယ်လို့အော်ချင်တဲ့သူ ဖင်နဲ့ခေါင်းဆောင့်သေလိုက်..

14 comments:

boedawgyi said...

ဒေါ်စိန်မမဆိုတာဘယ်သူလဲဟင်

Anonymous said...

ကျနော်လဲ ပြဿနာတက်နေတယ်ဗျ။ ဖင်နဲ့ခေါင်းနဲ့ ဆောင့်မသေတတ်လို့...

Anonymous said...

ဟမ် မောင်လေးက ဘာပြသနာတက်နေလို့တုန်း..ပြောလေ.. အမကူညီရရင်ကူညီပေးမယ်

အကိုဘိုးတော်ကြီးေ၇ အွန်လိုင်းက ကြွားစိန်တစ်စုကိုပြောတာပါ..

Anonymous said...

It's a very great post. I've received some mails that you sent through gmail. I also dislike these empty-minded burmese military dictators at the bottom of my heart.

Yours sincerely,
mail4ourrights@gmail.com

Thiha Kyaw Zaw said...

ဟား ဟား ... ဖင်နဲ့ ခေါင်းဆောင့်ပြီး မသေခိုင်းပါနဲ့  ညီမရယ်။ သနားပါတယ်။

Kyaw Nyein said...

ဒေါသတွေကိုလျော့ပါကျေးဇူးရှင်ညီမလေးရေ....
ဒေါသထွက်တာမကောင်းဘူး...

Anonymous said...

Where r u???

Anonymous said...

hi sis lin let,

moe kyal here.. i hope u can remember me.. i can't read some of the mm font sis.. why? :( anyway i like yr this "ngar mone tat thu myar" ..

yr sis,
moe kyal..
moekyal.linnthu@gmail.com

Aung said...

laughing out loud! =D

Anonymous said...

LOL,,hahahaha,, Gosh,,, I like that,, I like you being straightforwards..that's what many people can't do. Keep going, Cheers!
christinayang@sailormoon.com

Anonymous said...

WAY TO GO, SIS. :D
WE LOVE YOU FOR A BAD GIRL TO BAD PEOPLE AND A VERY NICE GIRL FOR OUR COUNTRY!!!!!!!

tinmoelintun said...

hey, i wanna to be your friend. My opinions are the same as you when i read yours.

ထွဋ်ခေါင် said...

မလင်းလက်ကြယ်စင်ရယ် စိတ်ရှိလက်ရှိသာ ပြောချလိုက်နော် ရင်ထဲမှာဘာမှချန်မထားနဲ့ သိလား မုန်းဖို့အတွက် အခွန်ဆောင်စ၇ာမှ မလိုတာ ဟုတ်တယ်မလား။ ကျနော်ထင်တာကတော့ ကိုယ်ဆန္ဒနဲ့ ဆန့်ကျင်နေတဲ့အခါ လူတွေဟာ မုန်းတတ်ကြတယ် နောက်တခုကတော့ အစွဲအလန်းကြီတဲ့သူ၊ ဝါဒစွဲသူတွေဟာ သူတို့ယုံကြည်မှုကို ထိခိုက်တဲ့အခါ မုန်းတတ်ကြတယ်။ မလင်းလက်က ကိုယ်မုန်းတဲ့အရာကို ယုံကြည်မှုအပြည့်နဲ့ ရေးထားတယ်လို့ ကျနော်သုံးသပ်လိုက်ပါတယ်။ ယုံကြည်မှုရှိတာ ကောင်းပါတယ်.. ယုံကြည်မှုလွန်ကဲရင်တော့ မကောင်းဘူးပေါ့ဗျာ။ မလင်းလက် ပညာတတ်တစ်ယောက်ပါ ဘယ်အရေးအသားဟာ ကောင်းတယ် မကောင်းဘူး ထောက်ပြဖို့လိုမယ်မထင်ပါဘူး။ ဒီလိုပြောလို့ ကျနော့်ကို သိပ်တော်သိပ်တတ်တဲ့ သူလို့မထင်ပါနဲ့ (အကြံပြုတာပါ)။ လူတိုင်းမှားတတ်ကြပေမယ့် အမှားနည်းတော့ ပိုကောင်းတာပေါ့။ ဘာပဲဖြစ်ဖြစ် အမုန်းကတော့ နှစ်ဦးစလုံးအတွက် အကျိုးမရှိတာအမှန်ပဲဗျ။ မချစ်တတ်မုန်းတတ်တဲ့သူဖြစ်အောင် ကြိုးစားပြီး လူတိုင်းအတွက် အကျိုးရှိမယ့်စာတွေ သက်ထက်ဆုံး ရေးသားနိုင်ပါစေလို့ ဆန္ဒပြုခဲ့ပါတယ်။

Anonymous said...

ကောင်းတယ်.. ဇင်ကတော့ကြိုက်တယ်.. ပွင့်ပွင့်လင်းလင်းဘဲ..
ရှေ့မှာတော့ သေလောက်အောင်ပြုံးနေပြီး ကွယ်ရာမှာ ပက်ပက်စက်စက် အတင်းပြောတတ်တဲ့ ဒီစင်္ကာပူက အသက်ကြီးပြီး အချိန်မစီတဲ့သူတွေကို ပိုမုန်းတယ်..။ ဘုရားတရားလည်းလုပ်လိုက်တာ သူတို့အပြင်နှစ်ယောက်မရှိဘူး.. သူများသား..သမီးလည်း မှိုချိုး..မျစ်ချိုး ပြောတတ်လိုက်ကြတာ သူတို့အပြင်နှစ်ယောက်မရှိဘူး..။ စိတ်ပျက်ဖို့ကောင်းတယ်..

Post a Comment

အကြံပြု comment ၀င်ရေးပေးတဲ့အတွက် လှိုက်လှဲစွာ ကျေးဇူးတင်ရှိပါတယ်ရှင် ။ မဖွယ်မရာ စကားများ ၊ ဆဲဆိုခြင်းများ ၊ ပေါကြောင်ကြောင်စကားများ ၊ တစ်စုံတစ်ဦး၏ ကိုယ်ကျင့်တရားသိက္ခာကို ထိခိုက်စေသော စကားများ ဖြစ်ပါက ထို comment များကို လက်ခံမည်မဟုတ်ကြောင်း လေးစားစွာ အသိပေးအပ်ပါတယ်ရှင် ။ အလည်လာရောက် အကြံပြုရေးသားခြင်းများအတွက် ကျေးဇူးတင်ပါတယ် ။ စာများ ရှင်းလင်းစွာ မြင်ရဖို့အတွက် Space များ ထည့်ရိုက်ပေးကြပါရှင်။