Monday, October 23, 2006

Citizenship


မကြာခင်မှာ ထွက်ရှိမယ့် သံလွင်အိပ်မက် issue 8 မှာ ဆွေးနွေးထားတဲ့ ` မြန်မာတွေ အခြားနိုင်ငံသား ခံယူသင့် ၊ မသင့်´ ခေါင်းစဉ်ကို စဉ်းစားမိပါတယ်..
ကျမတော့ နိုင်ငံသား မဖြစ်သေးဘူး.. ဘယ်တော့မှ မဖြစ်လာနိုင်ဘူးလို့လည်း မပြောချင်ဘူး… တော်ကြာ အခြေအနေတစ်ခုကြောင့်ဆိုရင် အရှက်ကွဲမှာစိုးလို့..
တစ်ကယ်တော့ လူတစ်ယောက်က ဘယ်နိုင်ငံသားကိုပဲ ခံယူထားသည်ဖြစ်စေ ၊ သူ့လုပ်ဆောင်ချက် ၊ အရေးကြုံရင် စွန့်လွှတ်မယ့်သူ့လုပ်ရပ်တွေကသာ ပိုအရေးကြီးတယ်လို့မြင်ပါတယ်.. ဥပမာ - နိုင်ငံတော်အရေးကြောင့် နိုင်ငံရေးသမား မိသားစုတွေ ပြည်ပကိုထွက်လာရတယ်.. အကြောင်း အမျိုးမျိုးကြောင့် ကိုယ့်မြန်မာပြည်ပါ့စ်ပို့ကို cancel လုပ်လိုက်ရတယ်.. သူတို့ဘက်ကကြည့်တော့လည်း သူတို့အကြောင်းနဲ့သူတို့ပဲ.. Myanmar passport တော့ကိုင်ဆောင်ထားပြီး စိတ်ဓါတ်က နအဖဘက်ကဆိုရင်တော့ ဆောရီးပေါ့ … တခြားနိုင်ငံသား ပါ့စ်ပို့ကိုင်ဆောင်ထားပြီး မြန်မာပြည်အတွက် အများကြီးလုပ်ပေးနေသူတွေရှိသလို မြန်မာပြည်အရေးကိုမေ့ ကိုယ့်ကိုယ်ကိုယ် မြန်မာမှန်းတောင် ပေးမသိခံတော့တဲ့ သူတွေလည်းရှိပါတယ်… လူတစ်ကိုယ်စိတ်တစ်မျိုးပါ.. သိပ်တော့လည်း ပြောလို့မရဘူး.. အဲဒါကြောင့် ဘယ်နိုင်ငံသားကိုပဲ ခံယူထားသည်ဖြစ်စေ ၊ မိမိသည် တိုင်းပြည်အရေးကြုံလာလျင် နိုင်ရာဘက်က ၀င်ရောက်ထမ်းဆောင်ဖို့ ၊ ကူညီနိုင်ဖို့ ၊ မမေ့ကြဖို့ဆိုတာပဲ အရေးကြီးပါတယ်.. အချို့သောသူများကတော့ `မင်းတို့က တိုင်းပြည်ကိုမေ့ပြီး အခြားနိုင်ငံသားခံယူထားတဲ့ နိုင်ငံခြားသားကိုကိုးကွယ်သူတွေပါ´လို့ ကဲ့ရဲ့ချင်ကြတယ်.. အဲဒိလိုစကားမျိုးတွေကို ကျမ မကြိုက်ပါဘူး.. လူတစ်ယောက်ဘ၀မှာ အခြားသူ မမြင်နိုင်တဲ့ အခက်ခဲတွေအများကြီး ရှိချင်ရှိမယ်.. သူ ဘယ်နိုင်ငံသားဆိုတာထက် သူဘယ်လိုရှင်သန်တယ် ၊ ဘာတွေလုပ်တယ်ဆိုတာက ပိုအရေးကြီးပါတယ်…. စာအုပ်ပေါ်မှာပဲ နာမည်လေးသာ ပြောင်းသွားကြတာပါ.. အားလုံးက မြန်မာပါပဲ..

3 comments:

သက်စံ said...

ကျွန်တော်လည်း ဒီအယူအဆကိုကြိုက်ပါတယ်။ ကျွန်တော့်မှာ တခြားနိုင်ငံသားခံယူဖို့ ရည်ရွယ်ချက်မရှိပေမယ့် ခံယူသွားတဲ့ တခြားဗမာတွေကို စကားတင်းမဆိုခြင်ပါဘူး။ လူတစ်ယောက်ရဲ့ ရွေးချယ်မှုကို လေးစားရပါမယ်။ အဲ…ရွေးချယ်မှုဆိုတဲ့နေရာမှာတော့ နည်းနည်းချွင်းချက်တော့ရှိမှာပေါ့။ လူတစ်ယောက်ရဲ့ရွေးချယ်မှုက မှန်မှန်ကန်ကန်ဖြစ်ဖို့ တော့လိုမယ်လို့ထင်ပါတယ်။ အခု လိုလူတစ်ယောက် တခြားနိုင်ငံသား ခံယူတာက သူနေထိုင်တဲ့ လူ့အဖွဲ့အစည်းကို နှောင့်ယှက်ဖျက်ဆီးနေတာမဟုတ်တဲ့ အတွက် ဒါဟာသူ့ရဲ့ မွေးရာပါ အခွင့်အရေးကို လွတ်လွတ်လပ်လပ် အသုံးချတာလို့မြင်ပါတယ်။ အရေးကြီးတာက အဲဒီလူဟာ ဖြူသည် မည်းသည် ဘာနိုင်ငံသား ညာနိုင်ငံသားဆိုတာထက် သူရှင်သန်နေထိုင်တဲ့ လူ့ပတ်ဝန်းကျင် ကိုဘယ်လို အကျိုးပြုလည်းဆိုတဲ့ အပေါ်မှာ ဘဲမူတည်ပါတယ်။ လေကြီးနေသလိုများ ဖြစ်မလားတော့မသိဘူး။ ကျွန်တော် အရင်တုန်းက အဲဒီလိုမယူဆခဲ့ဘူးဗျ။ အစွန်းရောက်အမျိုးသားရေး ဝါဒ နည်းနည်းယိမ်းခဲ့ဘူးလို့ ။ ကျွန်တော်တို့ စစ်အစိုးရက ပါးပါးလေးနဲ့ ဝါဒဖြန့် တဲ့နေရာမှာ သိပ်တော်တာ။ သံလွင်ကိုတော့ မဖတ်ရသေးဘူး ။နောက်အချိန်ရရင် ဖတ်ဦးမှဘဲ။ ဒီအကြောင်းအရာတင်ပေးတဲ့ အတွက်ကျေးဇူးညီမ။

Ka Daung Nyin Thar said...

Ko sein myout,

can i use ur comment to discuss in my blog?? this comment is really open thinking.. can i??

သက်စံ said...

ရတာပေါ့ဗျာ။ ကျွန်တော်အခုမှ ကိုဒေါင်းကောမတ်ဖတ်မိလို့။

Post a Comment

အကြံပြု comment ၀င်ရေးပေးတဲ့အတွက် လှိုက်လှဲစွာ ကျေးဇူးတင်ရှိပါတယ်ရှင် ။ မဖွယ်မရာ စကားများ ၊ ဆဲဆိုခြင်းများ ၊ ပေါကြောင်ကြောင်စကားများ ၊ တစ်စုံတစ်ဦး၏ ကိုယ်ကျင့်တရားသိက္ခာကို ထိခိုက်စေသော စကားများ ဖြစ်ပါက ထို comment များကို လက်ခံမည်မဟုတ်ကြောင်း လေးစားစွာ အသိပေးအပ်ပါတယ်ရှင် ။ အလည်လာရောက် အကြံပြုရေးသားခြင်းများအတွက် ကျေးဇူးတင်ပါတယ် ။ စာများ ရှင်းလင်းစွာ မြင်ရဖို့အတွက် Space များ ထည့်ရိုက်ပေးကြပါရှင်။