Thursday, October 26, 2006

နောက်ကျလွန်းနေသော ပညာရေး


သူများနိုင်ငံမှာ တစ်နှစ်တစ်တန်း အောင်ဖို့ မနည်းကြိုးစားကျက်မှတ်နေချိန်မှာ ဘာရယ်မဟုတ် ချစ်လှစွာသောမြေမှ ပညာရေးကို သတိရမိတယ်.. ပထမဦးဆုံးပြောချင်တာက ကမ္ဘာသုံးစကားဖြစ်တဲ့ အင်္ဂလိပ်စာ ဘာသာရပ်ကို မြန်မာကျောင်းတွေမှာ သေချာမသင်ပေးခြင်းပါပဲ… ကျမတို့ ၁၀တန်းမှာ သင်ခဲ့တဲ့ အင်္ဂလိပ်စာခက်လိုက်တာဆိုတာ နိုင်ငံခြားလည်းရောက်ရော သူတို့ကျောင်းတွေရဲ့ primary level အဆင့်ပဲရှိတာကို ရှက်ဖွယ်တွေ့လိုက်ရပါတယ်.. မြန်မာပြည်က ကျောင်းအားလုံးမှာ Grammar ကို သေချာမသင်ရလို့ ဥပဒေမထုတ်ရုံတမယ်ထားရှိပြီး ကျောင်းသား ကျောင်းသူအားလုံးက အကုန် အားနည်းလာကြပါတယ်… မြန်မာစာကိုလည်း သေချာသင်ကြားပေးသင့်သလို အင်္ဂလိပ်စာကိုလည်း လျစ်လျူရှုလို့မရပါဘူး.. အခု ကမ္ဘာကြီးက Globalization ခေတ်ကြီးပါ.. တနိုင်ငံနဲ့တနိုင်ငံ ဆက်နွယ်ပြီး ကူးသန်းသွားလာနေချိန်မှာ မြန်မာစာသည်တို့စာ ကျန်တာတွေ ဂရုမစိုက် လုပ်နေလို့မရဘူးလေ.. နောက် ငယ်စဉ်ကတည်းက ကလေးတွေကို ပညာရေးဘက်မှာ စိတ်ဓါတ်ပိုင်းတွေ ရိုက်ချိုးထားတာကတော့ အဓိကက စာမေးပွဲပါပဲ… နှစ်ဝက်စာမေးပွဲတစ်ခုထားရှိပြီး နောက်ဆုံး final ထားရှိသော စနစ်က တစ်လတစ်ခါ လပတ်ဖြေပြီး ဘာမှမတတ်ဘဲ အောင်သွားသော စနစ်ထက်စာရင် ပိုကောင်းပါတယ်… မြန်မာပြည်က သင်္ချာတစ်ခုတော့ တော်တော်ကောင်းပါတယ်.. အင်္ဂလိပ်စာတစ်ခုကို သေချာမသင်ကြားပေးတာပဲ အတော်လေးခက်တာပါ.. နိုင်ငံတော်တော်များများရဲ့ ပညာရေးစနစ်နဲ့ မြန်မာနိုင်ငံ ပညာရေးစနစ်ကို လက်တွေ့ကျကျ နှိုင်းယှဉ်ကြည့်မယ်ဆိုရင် လင်းတို့နိုင်ငံပညာရေးက သူများထက် အလှမ်း၅၀လောက် နောက်ကျကျန်ရစ်နေပါပြီ… ဘ၀ရွေးချယ်မှုလမ်းကြောင်းကို ဆုံးဖြတ်ပေးတဲ့ အဓိက တက္ကသိုလ်ဝင်တန်းအကြောင်း ပြောရအောင်… မြန်မာတစ်ပြည်လုံး မေးခွန်းတစ်ခုတည်း မထားတာက သိပ်ပြီးတော့ အများကြီးမပြောလိုဘူး.. အရင်တစ်ချိန်တုန်းကဆိုရင် ၁၀တန်းဆိုတာ တခါအောင်ဖို့ကို တကယ် ကြိုးစားပမ်းစား ကျက်မှတ်ပြီးမှ ကောလိပ်တက်ရတာပါ.. ကောလိပ်ကျောင်းသားဆိုရင် လူတိုင်း အ၇င်တုန်းက အထင်ကြီးပါတယ်.. အခုတော့ ဘွဲ့လက်မှတ်တွေကို မှိုလိုပေါက်သလို ပေးထားပြီး ဘာမှ လုပ်ကိုင်စားသောက်လို့မရပါဘူး… အပြင်က O level နဲ့ မြန်မာပြည်က ၁၀တန်းကို ယှဉ်ကြည့်လိုက်ပါ.. အကွာကြီးပါပဲ… ပညာရေးစနစ်ကို ဟိုလိုခွဲထုတ်လိုက် ဒီလိုပေါင်းထုတ်လိုက်နဲ့ ကျောင်းသားတွေရော ဆရာမတွေပါ ရူးချင်နေကြပြီ..

ပညာဘွဲ့လက်မှတ်ဆိုတာ ဘ၀မှာ အသက်မွေးဝမ်းကြောင်းပြုလုပ်ဖို့အတွက်ပါ.. Business ဘွဲ့ရသူဆိုရင် သူတတ်ထားတဲ့ ပညာနဲ့ အလုပ်အကိုင်လုပ်ဖို့အတွက်… Engineer ဆိုရင်လည်း သူတတ်ကျွမ်းတဲ့ ပညာနဲ့ အလုပ်အကိုင်အတွက်… ဆရာဝန်ဆိုရင်လည်း တကယ်ကို တတ်ကျွမ်းပြီးမှ လူတွေအသက်ကို ကယ်ဆယ်ပြီး ဘ၀အသက်မွေးဝမ်းကြောင်းအတွက်.. ၁၀တန်း မေးခွန်းတွေကလည်း တိုင်းမှုးတွေ ဗိုလ်မှုးတွေသားသမီးကြားကနေ တဆင့် တဆင့်ပေါက်ကြားနေတာ ဘယ်လိုလုပ် အရည်အချင်းမှန်တွေ ပေါ်ထွက်တော့မှာလည်း.. မြန်မာပြည် ပညာရေးကြောင့် တကယ်အရည်အချင်းရှိသူတွေနဲ့ မရှိသူတွေ အကုန်ရောထွေးကုန်ပါတယ်.. ဆေးတက္ကသိုလ်မှာဆိုရင်လည်း တကယ်တတ်ကျွမ်းအောင် မသင်ကြသလို အချို့သောကျောင်းသားများကလည်း စာတစ်လုံးမှမကျက်ဘဲ ဘွဲ့တောင်ရသွားသူတွေရှိပါတယ်.. သူတို့တွေ လူတွေအသက်ကို ကယ်မှာလား .. ဆရာဝန်လုပ်လို့ လူနာ အသက်ပျောက်မှာလား.. ဆေးလိုင်းမှာ တကယ်ကို စာကျက်မှတ်ပြီး ထူးချွန်သူတွေရှိသလို လကုန်ရင် သွားကန်တော့ပြီး အောင်လာတယ်ကွဆိုပြီး အော်ပြီးလာတဲ့ကျောင်းသားတွေကြောင့် တော်တော်လေး ရင်လေးမိပါတယ်.. ဂုဏ်ထူးတန်းတက်ချင်ရင် ဘယ်လောက်ပေးရင်ရတယ်. ဆေးတက်ချင်ရင် ဘယ်လောက်ပေးရမယ်ဆိုတာတွေ ပြောနေတာ ကြားရတော့ သြော် ပညာရေးဆိုတာ ငွေနဲ့ပေးဝယ်ရသော ရုပ်ဝတ္တုလားဆိုတာ တွေးမိပါတယ်.. တိုးတက်သော နိုင်ငံတွေမှာဆို၇င် ဘယ်လောက်ပညာတတ်ရင် ဘယ်လောက် အသက်မွေးဝမ်းကြောင်းအတွက် ရနိုင်တယ်ဆိုတာ တခါတည်း ခန့်မှန်းဆုံးဖြတ်လို့ရပါတယ်.. ကျမတို့နိုင်ငံမှာတော့ ဘွဲ့လည်းရပြီ ၊ စာလည်းတော်သည် ၊ အလုပ်တော့မရှိလို့ဆိုရမှာပေါ့… ပညာရေးကနေ ဘာမှလုပ်မရတော့ လူတွေက ပြည်ပထွက်ဖို့ တအား အားသန်နေကြရော .. သတင်းတစ်ခုထဲက ဖတ်လိုက်ရသလိုပေါ့.. နောင်ဆို၇င် မြန်မာပြည်မှာ လူငယ်တောင်ကျန်ပါ့မလားမသိဘူးတဲ့… ရသလို ပြည်ပကိုကြိုးစားထွက် ၊ ပညာသင် ၊ မိသားစုကို ပြန်ထောက်ပံ့ရင်း အားလုံးက ချစ်တဲ့မြေကို အခြေအနေကြောင့်စွန့်ခွာသွားရတာပါပဲ.. နိုင်ငံကို ပြန်လည်ထူထောင်ရင် ပညာရေးကို ထိပ်ဆုံးကနေ ပြန်လည်ပြောင်းလဲရမယ်လို့ဆိုစမှတ်ပြုရမှာပဲ… အ၀ီဇိထိ ရောက်နေတဲ့ ပညာရေးကြောင့် လူတော်လူတတ်တွေ အများကြီးကို ဆုံးရှုံးနေရပြီလေ… ကလေးတွေရဲ့ စိတ်ဓါတ်တွေလည်း အကုန်ဖျက်ဆီးခြင်းခံရတာပေါ့ .. မြန်မာပြည်မှာက တီထွင်ကြံဆနိုင်မှု ၊ ကိုယ်ပိုင်အတွေးအခေါ် ၊ ဖန်တီးမှုစွမ်းရည်တွေကို လိုလားစွာ ကျောင်းတွေမှာသင်ပေးခြင်းမရှိပါဘူး.. အားရင် စာပဲ အသကုန်စွတ်ကျက်ခိုင်းပြီး ၏သည်မရွေးအော်နေရတာများပါတယ်.. လွတ်လပ်မှုအားလုံးကို ပိတ်ဆို့ထားတော့ ဘယ်အရာကိုမှ ကိုယ်ပိုင်လုပ်ချင်စိတ် မရှိကြတော့ဘူး .. စိတ်ဓါတ်ရေးတွေ ပျက်စီးလာလေ အာဏာရှင်တို့အကြိုက်ပေါ့.. တကယ်တော့ ဒါတွေဟာ အားလုံး မင်းဆင်းပေးမှရမှာပဲ အာဏာရှင်ရေ..

2 comments:

Kyaw Nyein said...

Right..Right..Right.......,but here is worst than you think.

generation96 said...

ဆင်းတော့ပေးမယ်မထင်ဘူး လင်းလက်ရေ။ အတင်းဆွဲချတောင် ကုတ်ကတ်နေတာ။ ထိုင်ခုံရဲ့ အရသာကို သိပ်သဘောကျနေကြပြီ။ 

Post a Comment

အကြံပြု comment ၀င်ရေးပေးတဲ့အတွက် လှိုက်လှဲစွာ ကျေးဇူးတင်ရှိပါတယ်ရှင် ။ မဖွယ်မရာ စကားများ ၊ ဆဲဆိုခြင်းများ ၊ ပေါကြောင်ကြောင်စကားများ ၊ တစ်စုံတစ်ဦး၏ ကိုယ်ကျင့်တရားသိက္ခာကို ထိခိုက်စေသော စကားများ ဖြစ်ပါက ထို comment များကို လက်ခံမည်မဟုတ်ကြောင်း လေးစားစွာ အသိပေးအပ်ပါတယ်ရှင် ။ အလည်လာရောက် အကြံပြုရေးသားခြင်းများအတွက် ကျေးဇူးတင်ပါတယ် ။ စာများ ရှင်းလင်းစွာ မြင်ရဖို့အတွက် Space များ ထည့်ရိုက်ပေးကြပါရှင်။