Friday, October 06, 2006

မင်္ဂလာရှိသောသီတင်းကျွတ်လပြည့်နေ့


မင်္ဂလာရှိသော သီတင်းကျွတ်လပြည့်နေ့ပါရှင်
မင်္ဂလာရှိသော လပြည့်နေ့မှာ ဘယ်သူနဲ့မှ စကားတစ်လုံးမများအောင် သတိထားနေပါတယ် ဟိး… သီတင်းကျွတ်လပြည့်နေ့က မြန်မာလူမျိုးများအတွက် အထွတ်အမြတ်ထားရသော နေ့တစ်ရက်ပါ.. ဟိုဘက်အိမ်ကလည်း မီးပုံးလှလှလေးတွေအပြည့် ၊ အိမ်ခြံဝင်းထဲပါမကျန် ဖယောင်းတိုင်မီးလေးတွေ အစီအရီထွန်း ၊ ဒီဘက်အိမ်ကလည်း မီးထိန်ထိန်ထွန်းပြီး ကျင်းပရတဲ့ ချစ်ဖို့ကောင်းသော ပွဲတော်တစ်ခုပါ.. မိခင်ရဲ့ နို့ဖိုးကို ဘုရားလောင်းက ကျေးဇူးဆပ်တရားဟောသော အထွတ်အမြတ်နေ့တစ်ရက်ပါ.. ဘာသာတရား ကိုင်းရှိုင်းပြီး ရိုးရာယဉ်ကျေးမှုတွေနဲ့ပြည့်စုံနေသော ကျမတို့မြန်မာနိုင်ငံက တကယ်တော့ ချစ်မြတ်နိုးဖို့ သိပ်ကောင်းလှပါတယ်… ဘုရားလောင်းတော်မြတ် တာဝတိသာနတ်ပြည်ကနေ လူ့ပြည်ကိုဆင်းပြီး တရားဟောကြားတဲ့အတွက် အားလုံးက အမွှေးနံ့သာ ဆီမီးတွေနဲ့ပူဇော်ရှိခိုးကြသော နေ့ရက်မှာ အကုသိုလ်တစ်စက်မှမပွားချင်တဲ့အတွက် ကျေးဇူးရှင်တို့အကြောင်းတစ်လုံးမှမရေးပါ..
ဆွမ်းတော်ကြီးများကျင်းပခြင်း ၊ အလှူဒါနများ ပြုလုပ်ကြပြီး တစ်ချိန်တုန်းက သီတင်းကျွတ်ပွဲတော်က သိပ်စည်ကားခဲ့ပါတယ်… ကလေးများကလည်း လမ်းထိပ်များ အိမ်ရှေ့များမှာ ကစားကြပြီး လူကြီးတွေအတွက်ကလည်း လရောင်အောက်မှာ စကားလက်ဆုံပြောကြရင်း ပျော်ရွှင်ရတဲ့နေ့ပါ. မနက်စောစောမှာ ဘုရားကိုဆွမ်းကပ် ၊ ဘုန်းကြီးကျောင်းမှာ ဆွမ်းအုပ်ပို့ တတ်နိုင်သမျှနဲ့ ဒါနပြုရင်း ညခင်းဘက်မှာတော့ အမွှေးနံ့သာတစ်ထောင် ဆီမီးတစ်ထောင့်ဖြင့် အတုမရှိမြတ်စွာဘုရားကို ရှီခိုးပူဇော်ကြပါတယ်.. မီးမျှောပွဲတွေလည်း တစ်ချို့မြို့နယ်မှာကျင်းပပါတယ်.. ရေကန်ထဲကို ငှက်ပျောရိုးများကို ခွဲပြီး ၀ါးခြမ်းပုံစံဖြစ်အောင်လုပ် ၊ အဲဒီပေါ်ကို ဖယောင်းတိုင်ထွန်းပြီး ရေကန်ထဲတွေပါမကျန် မီးလင်းထိန်အောင် ပူဇော်ကျင်းပကြတာပါ… တရားဟောပွဲများတက်ရောက်ပြီး ကုသိုလ်ယူ တရားနာချိန်ကလည်း တကယ်ကို ၇င်ထဲ ကြည်လင်အေးမြရပါတယ်.. ဘာသာတရားကို မလုပ်ဖြစ်သူများတောင် ဒီလိုနေ့ထူးနေ့မြတ်တွေမှာ ဘာသာရေးကို စိတ်ကြည်လင်စွာ ရှိခိုးနိုင်တော့ ကောင်းကင်တစ်ခွင် ကြည်လင်အေးချမ်းသလို အရာအားလုံး ချမ်းမြေ့နေသော ရက်တစ်ရက်ပါပဲ…
အလှူအတန်းများဖြင့် စည်ကားသိုက်မြိုက်သော ၊ စိတ်စေတနာထက်သန်စွာဖြင့် အချင်းချင်း ရင်းနှီးချစ်ခင်ကြသော မြန်မာလူမျိုးများအားလုံး အ၇င်လို ဘာသာတရားဘက်မှာလည်း ပိုမိုကိုင်းရှိုင်းပြီး အေးချမ်းနိုင်ပါစေလို့ဆုတောင်းမိပါတယ်…

0 comments:

Post a Comment

အကြံပြု comment ၀င်ရေးပေးတဲ့အတွက် လှိုက်လှဲစွာ ကျေးဇူးတင်ရှိပါတယ်ရှင် ။ မဖွယ်မရာ စကားများ ၊ ဆဲဆိုခြင်းများ ၊ ပေါကြောင်ကြောင်စကားများ ၊ တစ်စုံတစ်ဦး၏ ကိုယ်ကျင့်တရားသိက္ခာကို ထိခိုက်စေသော စကားများ ဖြစ်ပါက ထို comment များကို လက်ခံမည်မဟုတ်ကြောင်း လေးစားစွာ အသိပေးအပ်ပါတယ်ရှင် ။ အလည်လာရောက် အကြံပြုရေးသားခြင်းများအတွက် ကျေးဇူးတင်ပါတယ် ။ စာများ ရှင်းလင်းစွာ မြင်ရဖို့အတွက် Space များ ထည့်ရိုက်ပေးကြပါရှင်။