Thursday, October 26, 2006

ငွေများကြားကပညာရေး

ရန်ကုန်မှာ ကျောင်းစတက်တော့မှတ်မိပါသေးတယ်… ကျမ ၀မ်းကွဲ အကို၁ယောက် အမ၁ယောက်နဲ့ ကျမတို့ ရန်ကုန်ကျောင်းမှာ အပ်ဖို့ အမေက စုံစမ်းတာပါ… ကျမတို့ အောင်လက်မှတ်တွေကို တချက်ပဲကြည့်ပြီး ကျောင်းအုပ်ဆရာကြီးက တစ်ခွန်းပဲပြောပါတယ်.. ကားတစ်စီးပဲဝယ်ပေးလိုက်တော့တဲ့ .. နောက်နေတာလားလို့ တော်တော်လေးကြောင်သွားတယ်… လွန်ခဲ့တဲ့ ၈နှစ်လောက်ကပါ … ကျမအမေက ကားတစ်စီးဝယ်ပေးမယ့်အစား ကိုယ်တိုင်ပဲ ကားပြောင်းလိုက်ပါတော့မယ် ကျေးဇူးတင်ပါတယ် အခြားကျောင်းပဲ သွားတော့မယ်ဆိုပြီး ထွက်လာခဲ့ပါတယ်.. ရန်ကုန်က နာမည်ကြီးကျောင်းတွေဆိုလို့ ကျမ အဲဒီတုန်းက ကလေးအတွေးနဲ့မှတ်ယူလိုက်တာက `သြော် နာမည်ကြီးတယ်ဆိုတာ ပိုက်ဆံပိုပုံပေးရလို့ကိုး´လို့..

ဒီမှာ ကျောင်းဝင်ခွင့်အတွက်ဆိုရင် ဘယ်သူ့ကိုမှ ဘာမှ သွားပုံမပေးရပါဘူး.. အရေးကြီးတာ မင်းအရည်အချင်းရှိလား.. ရှိ၇င် လက်ခံတယ် ကြိုဆိုတယ်… ဒါပဲလေ.. အမိမြေမှာက ဘယ်အရာမဆို ပိုက်ဆံနဲ့ပေးဝယ်ရင်ရတယ်ဆိုတော့ လူတွေက ပိုက်ဆံမျက်နှာတွေပဲ ကြည့်ကြတော့တယ်.. အပြင်မှာကျတော့ ငါအရည်အချင်းရှိမှ နေလို့ရမယ်လို့ စိတ်ဓါတ်ထဲ အတွေးက၀င်တော့ ကိုယ်တိုင်ပဲ တကယ်တတ်မြောက်အောင် ကြိုးစားကြရပါတယ်.. ဒါဟာ ကွာခြားမှုပါ…

မြန်မာပြည်မှာ စာမသင်နိုင်သော ကလေးဦးရေတွေ အများကြီးတည်ရှိနေပါတယ်.. အဲဒီအတွက် အဖွဲ့လိုက် လှူဒါန်းနေကြသော အုပ်စုအသင်းဝင်တွေ ၊ တတ်နိုင်သလောက် လှူကြသူများကို သာဓုခေါ်မိပါတယ်.. ကျမ မိသားစုကလည်း အလှူအတန်းပြုရင် လူသိတာ မကြိုက်ပါဘူး.. ကိုယ်လှူလိုက်ရရင်ပြီးတာပဲ.. အထူးသဖြင့် နာမည်ကြီးစာသင်ကျောင်းတွေကို လှူလေ့မရှိပါဘူး.. အပြင်မှာဆိုရင် လူတိုင်း ကျောင်းတော့ တက်နိုင်ကြပါတယ်.. အမေရိကဆို ပိုအဆင်ပြေပါတယ်.. သူတို့နိုင်ငံအစိုးရက ကလေးတစ်ယောက်ကို အထက်တန်းထိ တာဝန်ယူထားပုံက စစ်အာဏာရှင်နဲ့ဆိုရင်တော့ တခြားစီ.. ပညာမတတ်သူတွေ မြန်မာပြည်ရဲ့ နယ်မြို့တွေ ၊ မြို့ကြီးတွေမှာ များလာတော့ ၊ မိမိ၇င်သွေးကို ကျောင်းမထားနိုင်သော မိခင်တွေရဲ့ ခံစားချက်တွေအားလုံးက တကယ်ကို စိတ်မကောင်းဖြစ်မိပါတယ်.. တနိုင်ငံလုံးကို လိုက်ထောက်ပံ့ရအောင် ချမ်းသာနေခဲ့ရင်တော့ ဒါတွေမရေးတော့ဘူး .. တခါတည်းပဲသွားပေးလိုက်မိမှာပဲလေ…

1 comments:

Chan Mya Soe said...

သိပ်မှန်တာပေါ့

Post a Comment

အကြံပြု comment ၀င်ရေးပေးတဲ့အတွက် လှိုက်လှဲစွာ ကျေးဇူးတင်ရှိပါတယ်ရှင် ။ မဖွယ်မရာ စကားများ ၊ ဆဲဆိုခြင်းများ ၊ ပေါကြောင်ကြောင်စကားများ ၊ တစ်စုံတစ်ဦး၏ ကိုယ်ကျင့်တရားသိက္ခာကို ထိခိုက်စေသော စကားများ ဖြစ်ပါက ထို comment များကို လက်ခံမည်မဟုတ်ကြောင်း လေးစားစွာ အသိပေးအပ်ပါတယ်ရှင် ။ အလည်လာရောက် အကြံပြုရေးသားခြင်းများအတွက် ကျေးဇူးတင်ပါတယ် ။ စာများ ရှင်းလင်းစွာ မြင်ရဖို့အတွက် Space များ ထည့်ရိုက်ပေးကြပါရှင်။