Wednesday, October 18, 2006

မြန်မာဘလော့ခ်များ

အင်း ပွဲပြီးမှငါက ထကဆိုသလို အခုမှပဲ ဒီစာတွေသိလိုက်ရတယ်. အားလုံးသိတဲ့အတိုင်း လင်းလက်လည်း ဘာမှမသိဘဲ ဘလော့ခ်ကုဒ်တွေ လျှောက်လုပ်လိုက်တာ တခုလုံး မာလကနဲ့ဈာန်ကြွသွားတာ ကိုယ့်အကြောင်းနဲ့ကိုယ် ဘယ်မှတောင်မဖတ်ဖြစ်မိဘူး… သူတို့ပြောမှပဲ ကိုယ့်ကိုယ်ကိုယ် ပြန်စဉ်းစားမိတယ်… ဘလော့ခ်ဆိုတာ ဘာကြီးမှန်းတောင် မသိခဲ့ဘူး.. နောက်ပိုင်း ကဗျာတွေ ဇတ်လမ်းတွေရေး၇င်းမှ သူငယ်ချင်းတွေက လင်းလက်ဘလော့ခ်ရေး ငါတို့ဝိုင်းအားပေးမယ်။ မသိ၇င်ကူညီမယ်ဆိုပြီး လာလာပြောကြတော့ ဘာမသိ ညာမသိနဲ့ စင်ကာပူက လျှာရှည်တဲ့ကောင်မလေး မလင်းလက်ကြယ်စင်လည်း ဘလော့ခ်ပေါ်ကို စမ်းတ၀ါးဝါးနဲ့ အကန်းတောထဲေ၇ာက်သလို စတင်ရောက်ခဲ့ရပါတယ်… အစတော့ သူငယ်ချင်းက မြန်မာဖောင့်သွင်းပေးတယ်…….. အဲဒီတော့ ကိုယ်အကြိုက်ဆုံးအနက်ကိုပဲ ယူပြီး ရေးတာပေါ့.. ဘလော့ခ်ရဲ့ပုံစံကိုကြည့်ရင်းနဲ့ ကိုယ့်စိတ်ထဲမှာ အွန်လိုင်းဒိုင်ယာရီသဘောမျိုး နောက် အချင်းချင်းဖလှယ်တဲ့ ကိုယ်ပိုင်ဆိုဒ်လို့ပဲသတ်မှတ်လိုက်ပါတော့တယ်…. လင်းလက်ဆိုဒ်က လူ့အခွင့်အရေးအကြော်ငး.. ဒီကိစ္စနဲ့ပတ်သတ်ပြီး အဲဒါပါဆိုင်လာလို့ပေါ်တင်ေ၇းတာ.. မဆိုင်ရင်မရေးဘူးရှင်…

၁) ဘလော့ခ်မှာ မြန်မာဘလော့ခ်တခုကောင်းကောင်းဖြစိဖို့ အကိုညီလင်းဆိုဒ်ကနေ စာတွေလိုက်ဖတ် လင့်ခ်တွေယူရတာ မှန်တဲ့အတွက် အကိုက အကူညီပေးသော လမ်းပြပေးသော သူတစ်ယောက်ပါ… မမှားပါဘူး မှန်ပါတယ်.. ဒါပေမယ့် ဘလော့ခ်ဆိုတာ freedom ရှိပါတယ်… ဟို စစ်တပ်ထဲကလို သူရနာမည်မပါရ ၊ ကြယ်နာမည်မထည့်ရ သတ်မှတ်ထားတဲ့ စည်းမျဉ်းတော့ အခုထိပြူးပြဲနေအောင် လိုက်ရှာတာ မတွေ့သေးပါဘူး.. ဘလော့ခ်တစ်ခုဖြစ်ဖို့အတွက် ရေးတဲ့သူအားလုံးက Professional Programmer တွေ မဟုတ်ကြသလို Professional IT သမားတွေမဟုတ်ပါဘူး…. အားလုံးက အင်တာနက်သုံးပြီး အချင်းချင်းဖလှယ်ကြသူပိုများပါတယ်… သူများဘလော့ခ်ရေးတော့ ကိုယ်လည်းရေးချင်စိတ်ရှိသူတွေ ဘလော့ခ်ကိုလိုက်ရေးတယ်.. သိတဲ့သူတွေလုပ်တာ အရင်လိုက်လုပ်ကြတယ်.. ကိုယ်ရေးချင်တဲ့အကြောင်းကိုရေးကြတယ်.. ဒါ လူတိုင်းရဲ့လွတ်လပ်ခွင့်ပါ… ကော်ပီလိုက်လုပ်ကြတယ်ဆိုတာက မသိမှမသိကြတာ.. ဘယ်နားက ဘဘုရားက လာလုပ်ပေးမှာလည်း..

၂) Please be genuine, why do you have to continue copying what others do? Where is your originality? Where is your creativity? Where is your imagination? Where is your uniqueness?

အဲဒီစာသားတွေကိုဖတ်ပြီး ခေါင်းပါတွင်တွင်ခါမိတယ်…. လူတိုင်းလူတိုင်းက ကိုယ်ရေးတဲ့ ဘလော့ခ်တစ်ခုကို ကိုယ့်စိတ်ကူးနဲ့ပုံဖော်ချင်ကြတယ်.. ဖြစ်နိုင်ရင် ဘလော့ခ်ကို သူများနဲ့မတူအောင် လိုက်ထွင်ချင်ကြမှာပဲ.. အရုပ်လှလှတွေကပ်မယ်.. နောက်ခံကောင်းကောင်းရှာမယ်… လှသလို အလှဆုံးဖြစ်အောင် မလုပ်ချင်သူ မရှိပါဘူး… ဒါပေမယ့် စိတ်ကူးနဲ့လက်တွေ့ဆိုတာ လုပ်ချင်တိုင်းသာလုပ်ခွင့်ရရင် အခက်ခဲဆိုတာ ဘယ်မှာလည်း.. စိတ်ကူးထဲမှာရှိပေမယ့် လက်က မလုပ်တတ်ရင် ဘယ်လိုလုပ်မလည်း.. ဥပမာ - ကိုယ့်ကိုယ်ကိုယ်ပဲပြန်ပေးပါ့မယ်.. လင်းလက်စာပဲရေးတတ်တယ်.. အခုချိန်ထိ ဘလော့ခ်က ဘာမှမပြင်တတ်ဘူး.. တုံးလွန်းလို့ပါ.. ငယ်ငယ်ကတည်းက အင်တာနက်ဆိုတာ အလုံးလား အပြားလား မြန်မာပြည်က သင်မှမသင်ပေးလိုက်တာ.. အဲဒီတော့လည်း အပြင်ရောက်မှ ပေါပေါသုံးနိုင်တယ်.. ရန်ကုန်အင်တာနက်နဲ့က အဆင်မှမပြေတာ.. အခုတိုင်းသာသုံးရရင် မွဲကိန်းပဲ… ကိုယ့်ဆိုဒ်ကိုယ် အားလုံး အကောင်းဆုံး သူများနဲ့မတူအောင်လုပ်ချင်ကြပါတယ်… မလုပ်တတ်သေးတော့ ဒိလိုပဲ သိသူလုပ်တာ အကူညီတောင်း အရင်ဆုံးသုံးရတာပေါ့.. ဒါဟာ သူ့လွတ်လပ်ခွင့်ပါ.. ငါလုပ်လို့ မင်းလျှောက်မလုပ်ရဘူးဟိတ်ကောင်လို့ သတ်မှတ်ထားသော ဥပဒေစည်းမျဉ်း ဘယ်နေရာမှာလည်း ကျေးဇူးပြုပြီး ယူလာပေးကြပါ………..

၃) ဘလော့ခ်မှာ ကိုယ်ရေးချင်တာရေးခွင့်ရှိတဲ့အတွက် မိမိနှင့်သက်ဆိုင်သော ရည်းစားပုံပဲဖြစ်ဖ်ြစ စော်ပုံပဲဖြစ်ဖြစ် တင်တာတော့ ပြောခွင့်မရှိပါဘူး.. ဒါသူ့ကိစ္စလေ.. မြန်မာယဉ်ကျေးမှု လူ့ဘောင်နဲ့ဆိုင်တယ်လို့ လာမပြောပါနှင့်.. ဘာဆို ဘာမှမဆိုင်ပါဘူး.. တကယ်လို့မကျေနပ်ကြ၇င်လည်း သူတို့အချင်းချင်း ရှင်းကြပေါ့.. သူ့စိတ်ထဲပါတာတင်တာ ကိုယ်နဲ့ဘာမှမဆိုင်သလို မြန်မာယဉ်ကျေးမှုနဲ့လည်း ဘာမှမဆိုင်တဲ့အတွက် ပြောပိုင်ခွင့်မရှိပါ…

၎) ဘလော့ခ်ဂါတိုင်းလိုလို ဘလော့ခ် ၂ခု၃ခုရှိတယ်ဆိုလို့ ကိုယ့်ဘလော့ခ်ကိုယ် ပြန်ကြည့်ရသေးတယ်.. သြော် ငါလည်း ဘာမှမခွဲထားပါလား.. တော်တော်တုံးပါလား လူတွေနားမလည်ကြဘူးလားဆိုပြီးကိုယ့်ခေါင်းကိုယ် အချက် ၁၀၀လောက်ခေါက်လိုက်ချင်ပါတယ်… ဘယ်ဘလော့ခ်က မိန်းလည်းဆိုတာထက် ကိုယ်ဝင်ကြည့်ခင်ျတာကို ၀င်ကြည့်လိုက်ရင် ရှင်းပါတယ်.. မကြိုက်ရင် မကြည့်နဲ့လေ.. မကြည့်မနေရ မသတ်မှတ်ထားပါဘူး..

၅) မသိတဲ့သူတွေက ရှေ့ကလမ်းပြသူလုပ်တာ လိုက်လုပ်ကြတာပါ…. မမေတို့လို ပရော်ဖက်ရှင်နယ် မဖြစ်သူတို့ရေ ဘာမှမသိရင် ဘလော့ခ်လိုက်မရေးကြနဲ့ ကြားလား.. မသိရင် လင်းလက်ကိုလညး လာမမေးကြပါနှင့်.. ဘာလို့လည်းဆိုတော့ လင်းလက်ကိုယ်တိုင်လည်း ဘာမှမသိဘဲ လျှောက်လုပ်နေလို့ အခုထိ ဘလော့ခ်က ပြင်လို့မပြီးနိုင်သေးဘူး… အဆင့်မမှီရင်လည်း မရေးကြနဲ့…. အနက်ရောင်လည်း လိုက်မသုံးကြနဲ့……… အနက်ဆိုတာ လူတိုင်းကြိုက်တဲ့အရောင်တစ်ခုဆိုပေမယ့် လိုက်သုံးရင် ပရော်ဖယ်ရှင်နယ်မမကြီးတွေက ဒီလိုပြောပါလိမ့်မယ်..

show off your artistic side, do change that black background and be colorful for god sake.

နိုင်ငံထဲတွင်မဟုတ်ဘူး .. ဘာမဟုတ်တဲ့ ဘလော့ခ်မှာတောင် freedom မရှိပါလား သဘောပေါက်ရင်း

ငတုံး

လင်းလက်

Related Link

NLS

Mayvelous

MMHan

MgThantZin

WaiYan

Funnyremix


7 comments:

Chan Mya Soe said...

ညီမရေ .. ဘာရယ် ညာရယ် မဟုတ်ဘူး ပရိုဖြစ်သွားတဲ့ လူတွေက အဲလိုပဲ ... ဟားဟား

ဒါနဲ့ ဘလော့လုပ်တာ လိုတာရှိရင်ပြောပါ အစ်ကိုလုပ်တတ်တာဆိုရင် ကူညီပေးပါ့မယ် :)

Anonymous said...

Let it be. freedom is inside urself. you don't need to be a genius in blog designing, you just need to be lin let :)

TZA said...

ပြန်လာတာ ဝမ်းသာပါတယ်။
အဆင်ပြေသွား ရင်ပြီးတာပဲလေ။
ပို့စ်တွေ တင်ဖို့ပဲ လိုတော့တာပေါ့နော်..း)

Anonymous said...

မခံချင်စိတ်တစ်ခုက လင်းလက်ကို စာချက်ချင်းရေးအောင် ပြန်လုပ်လိုက်တာပါ အကိုသန့်ဇင် ... အဲဒီအကြောင်းသိသိချင်း စိတ်နဲနဲတိုသွားတာနဲ့ စာချက်ချင်းပြန်ရေးတာ ဟိး

sisain said...

ကွန်ဂရက်ကျူရေးရှင်းစ် ဗျာ။ ရှင်းတယ်၊ ပြတ်တယ်။ လွတ်လပ်စွာ ရေးသားတယ်။

Anonymous said...

If you believe (believe) you are right.

Step forword.......!

Freedom said...

nice, hot and shot.. You are right.. I like your sample way of thinking and direct writing.. really cool.. Keep it up..
By the way.. your wedding photos are beautiful.
Theint Mar Lwin

Post a Comment

အကြံပြု comment ၀င်ရေးပေးတဲ့အတွက် လှိုက်လှဲစွာ ကျေးဇူးတင်ရှိပါတယ်ရှင် ။ မဖွယ်မရာ စကားများ ၊ ဆဲဆိုခြင်းများ ၊ ပေါကြောင်ကြောင်စကားများ ၊ တစ်စုံတစ်ဦး၏ ကိုယ်ကျင့်တရားသိက္ခာကို ထိခိုက်စေသော စကားများ ဖြစ်ပါက ထို comment များကို လက်ခံမည်မဟုတ်ကြောင်း လေးစားစွာ အသိပေးအပ်ပါတယ်ရှင် ။ အလည်လာရောက် အကြံပြုရေးသားခြင်းများအတွက် ကျေးဇူးတင်ပါတယ် ။ စာများ ရှင်းလင်းစွာ မြင်ရဖို့အတွက် Space များ ထည့်ရိုက်ပေးကြပါရှင်။