Tuesday, April 15, 2008

စင်ကာပူကျွန်းပေါ်က Little Myanmar မြန်မာနိုင်ငံငယ်လေး တစ်ခုမှစ၍……မဲပြားပေါ်မှာ ကြက်ခြေခတ်လိုက်ပြီ


အင်တာနက်စာမျက်နှာပေါ်မှာ စင်ကာပူသံရုံးမှတဆင့် စင်ကာပူရောက် မြန်မာတွေအတွက် "အခြေခံဥပဒေမူကြမ်း အတည်ပြုရေးအတွက် ဆန္ဒမဲပေးရန်ဖိတ်ကြားခြင်း" ဆိုတဲ့ စာကိုဖတ်လိုက်ရတော့ ငါတို့  "ဆန္ဒအမှန်တွေ ဖေါ်ထုတ်ခွင့်ရတော့မယ်ဟေ့" လို့  စိတ်ထဲမှာတွေး ရင်းပျော်လိုက်ရတာ……..။

ယုံရမလို မယုံရမလိုဖြစ်နေချိန်မှာပဲ ဘီဘီစီ မနက်ပိုင်းရေဒီယိုအသံလွှင့် အစီအစဉ်မှာ ဦးကိုကိုအောင်နဲ့ စင်ကာပူနိုင်ငံမြန်မာသံရုံးမှ ပေးပို့ စာကို ဧပြီလ (၁၂) ရက်နေ့ ၊ နေ့ စွဲပါ တံဆိပ်တုံးနဲ့ ကိုယ်တိုင် လက်ခံရရှိခဲ့တဲ့ စင်ကာပူနိုင်ငံမှ ကိုရန်အောင် နဲ့ အင်တာဗျူး ထားတာကို နားထောင်လိုက်ရပါတယ်။ ဟုတ်မှဟုတ်လေရဲ့ လားလို့ ဖြစ်နေတဲ့ သံသယစိတ်တွေကတော့ နဲနဲ လျော့ကျသွားခဲ့ပါတယ် ဒါပေမယ့်လဲ သံသယစိတ် ကတော့ရှိနေသေးပါသေးတယ်။ ဧပြီလ (၁၂) ရက်နေ့ က စနေနေ့ ဖြစ်နေပြန်တော့ စာတိုက်က စနေနေ့  အလုပ်လုပ်သလား? မလုပ်ဘူးလား? သံရုံးက စနေနေ့  အလုပ်လုပ်လား? မလုပ်ဘူးလား? ဆိုတာကိုလည်း အတိအကျမသိလေတော့…. ယုံတစ်ဝက် မယုံတစ်ဝက် နဲ့  …….အို…

"မြန်မာသံရုံးကနေ စာတစ်တန် …ပေတစ်တန်နဲ့ ခေါ်တယ်ဆိုတာ…..

ဟုတ်…. ဟုတ်…မဟုတ်…ဟုတ် "Vote"… ရမှာပဲ သူငယ်ချင်းတို့ ရေ…"


ကဲ….သူငယ်ချင်းတို့ ရေ စင်ကာပူမှာနေထိုင်အလုပ် လုပ်ကိုင်နေကြသူအားလုံးပေါင်းလိုက်ရင် လူတွေ တစ်သိန်းလောက်ရှိကြသတဲ့….ဘုန်းကြီးကျောင်းမှာ "Vote No" သင်္ကြန်ဆိုတော့လဲ လူငယ်တွေအပြည့်ပဲမဟုတ်လား......မြန်မာ့ရိုးရာအတာသင်္ကြန်ပွဲ ဆိုတော့လဲ ဒို့လူငယ်တွေ တက်တက်ကြွကြွ ပါဝင်ခဲ့ကြတာပဲမဟုတ်လား…။

စင်ကာပူကလူငယ်တွေ "သီးလေးသီးအငြိမ့်ပွဲဟေ့" ဆိုပြန်တော့လဲ ရှေ့ ဆုံးကနေ အားနဲ့ မာန်နဲ့  ပါဝင်ခဲ့ကြသေးတယ်မဟုတ်လား။

စက်တင်ဘာမှာ ပြည်တွင်းကရွှေဝါရောင်တော်လှန်ရေးနဲ့ အတူ "စင်ကာပူမျိုးချစ်မြန်မာပွဲ" ဆိုရင်လဲ ငါတို့ အားလုံး တက်တက်ကြွကြွ ပါဝင်ခဲ့ကြတာ မှတ်မိကြတယ်မဟုတ်လား……။

ဒီတစ်ခါတော့ သူငယ်ချင်းတို့ ရေ…..ရတောင့်ရခဲ အခွင့်အရေးနဲ့  ငါတို့ တိုင်းပြည်အတွက်ရယ်… ငါ့တို့ သားစဉ်မြေးဆက် ဒုက္ခပင်လယ်မဝေနေတာတွေ ရပ်တန့် သွားရအောင် …ငါတို့ တစ်တွေ ကန့် ကွက်မဲတွေ သွားပေးကြစို့ သူငယ်ချင်း…….။

အရေးအကြီးဆုံးကတော့ ….. "စက်တင်ဘာရွှေဝါရောင်တော်လှန်ရေးအတွင်းမှာ ငါတို့ ပြည်သူတွေ စစ်ကျွန်ဘ၀ကလွတ်မြောက်ဖို့ အတွက် အသက်ပေးသွားခဲ့ရရှာတဲ့ သံဃာတော်အရှင်မြတ်တွေအတွက် သွေးကြွေးဆပ်ဖို့ အတွက်…. မဲပြားပေါ်မှာကြက်ခြေခတ်ဖို့ …. စင်ကာပူမြန်မာသံရုံးကိုသွားကြစို့ ..´။

သူငယ်ချင်းတို့ ရေ….စစ်အစိုးရရဲ့  အကျဉ်းချခြင်းကိုခံနေကြရတဲ့ အမျိုးသားခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၊ ကိုမင်းကိုနိုင်၊ ကိုကိုကြီးနဲ့ ၊ ၈၈မျိုးဆက်ကျောင်းသားတွေရယ်၊ ၂၀၀၇ခုနှစ်မှာ ငယ်ငယ်ရွယ်ရွယ်နဲ့ အသက်အရွယ်နဲ့ မမျှအောင်ခံစားခဲ့ရတဲ့  အနာဂတ်မျိုးဆက်သစ်ကျောင်းသားလူငယ်တွေအတွက်ရယ်… ငါတို့ တစ်တွေဟာ ဒီအချိန်မှာ မဲပြားပေါ်မှာကြက်ခြေခတ်ခြင်းဖြင့် ပေးဆပ်သွားသူတွေရဲ့ အသက်သွေး၊ချွေးတွေကို ဂုဏ်ပြုကြရအောင်သူငယ်ချင်း ...။

ဒါဟာ ငါတို့  တတွေရဲ့ ….တာဝန်ပဲ ………………….…..။

သူငယ်ချင်းတို့ ရေ………မဲပြားပေါ်မှာကြက်ခြေခတ်ခွင့် ဆိုတဲ့အခွင့်အရေးဟာ…… ဆယ်စုနှစ်တစ်ခုမှာလဲ မရနိုင်သလို ငါတို့ တစ်တွေ နှစ်တွေအများကြီး….. အသက်တွေအများကြီး……. ဘ၀တွေအများကြီးနဲ့ ပေးဆပ်ပြီးမှ ရကြရတာဆိုတော့ .. မဲပြားပေါ်မှာကြက်ခြေခတ်ဖို့ …. စင်ကာပူမြန်မာသံရုံးကိုသွားကြစို့ ……။

စင်ကာပူမှာ မင်းတို့ငါတို့ရှာ ထားတဲ့ ဒေါ်လာတွေကို အခွန်အဖြစ် သိမ်းယူပြီး မင်းတို့ ငါတို့ အတွက် ဘာမှပြန်လုပ်မပေးတဲ့ ဒီစစ်အာဏာရှင် အစိုးရကို ပြတ်ပြတ်သားသားကန့် ကွက်မဲတွေပေးကြစို့ … စင်ကာပူမြန်မာသံရုံးကိုသွားကြစို့ ……။

လက်ရှိ စင်ကာပူနိုင်ငံမှာ အလုပ် လုပ်ကိုင်နေသူတွေနဲ့ ကျောင်းသားကျောင်းသူများ အားလုံးဟာ မြန်ပြည်မှာ စစ်မှန်တဲ့ ဒီမိုကရေစီစနစ် ဖြစ်ထွန်းလာဖို့ အတွက် တိုင်းပြည်နဲ့  လူမျိုးအတွက် နိုင်ငံသားတစ်ယောက်ရဲ့  မဖြစ်မနေလုပ်ရမယ့်….. တာဝန်တစ်ခုအဖြစ် သတ်မှတ်ပြီး အချိန်ကို လေးစားကာ ပြိုင်တူ တက်တက်ကြွကြွ သံရုံးကို သွားရောက်ပြီး "ပြတ်ပြတ်သားသားကန့် ကွက်မဲထည့်ကြပါစို့ " လို့ တိုက်တွန်းချင်ပါတယ်….။

အဲဒီတော့......သူငယ်ချင်းတို့  ရေ ငါတို့ တတွေ …………..အချိန်တူ ……..နေရာတူ …..ပြိုင်တူ …… အသံတူ … ဆန္ဒမဲတွေအတူတူပေးရအောင်…အားလုံးပြိုင်တူ သွားနိုင်မယ့်နေ့ ရက်ကတော့

"ဧပြီလ (၂၇) ရက် တနင်္ဂနွေနေ့  နံနက်(၉း၀၀ နာရီ မှာ အားလုံးပြိုင်တူ)" သွားရောက်ပြီး ကန့် ကွက်မဲကို ပြတ်ပြတ်သားသား ပေးကြပါစို့ လို့ တိုက်တွန်းချင်ပါတယ်။

အဲဒီလိုသာ လူတွေအများကြီးနဲ့  စင်ကာပူမြန်မာသံရုံးကို သွားပြီး တစ်နေ့ ထဲ၊ တစ်ချိန်ထဲမှာ အချိန်တူ၊ နေရာတူ(သံရုံး)၊ ကန့် ကွက်မဲများ ၀ိုင်းဝန်းပေးခွင့်ရမယ်ဆိုရင် ။

" ပြည်သူဟာ အင်အားဆိုတာကို ငါတို့ သက်သေပြနိုင်မယ်" …အရေးအကြီးဆုံးကတော့…. ငါတို့ မြန်မာပြည်တွင်းမှာရှိတဲ့ ငါတို့ မြန်မာပြည်သူပြည်သားတွေကို "စင်ကာပူနိုင်ငံရှိ မြန်မာတွေကတော့….စောစောစီးစီး… မဲပြားပေါ်မှာကြက်ခြေခတ်လိုက်ပြီဟေ့" ဆိုတာကိုပြသလိုက်ဖို့ ပါပဲ……

မြန်မာပြည်တွင်းမှာရှိတဲ့ သူတွေကို နိုင်ငံတစ်ကာက သတင်းသမားတွေအနေနဲ့  လာရောက်ကြည့်ရှုခွင့် တွေ့ ဆုံမေးမြန်းခွင့်မရပေမယ့် သူငယ်ချင်းတို့ ရေ… စင်ကာပူနိုင်ငံမှာရှိတဲ့ မြန်မာတွေကိုတော့ Little Myanmar မြန်မာနိုင်ငံငယ်လေးတစ်ခု အဖြစ်နဲ့  ပြည်သူ့ ဆန္ဒအ စစ်အမှန်တွေကို ကြက်ခြေခတ်မဲပြားလေးတွေနဲ့ ……. သက်သေပြကြစို့ သူငယ်ချင်း……။

မြန်မာပြည်နေရာအနှံအပြားကနေလာရောက် အလုပ်လုပ်ကိုင်နေကြပြီး တိုင်းရင်းသားအများစု စုံစုံလင်လင်ရှိတဲ့ စင်ကာပူကျွန်းပေါ်က Little Myanmar မြန်မာနိုင်ငံငယ်လေးတစ်ခု မှနေပြီး ကန့် ကွက်မဲပေးတယ်ဆိုတာကို နိုင်ငံတစ်ကာက သိအောင် ငါတို့ စင်ကာပူမှာနိုင်ငံမှာရှိတဲ့ ညီအစ်ကိုမောင်နှမတွေ ညီတူညာတူ ပြကြစို့ သူငယ်ချင်း…… "မဲပြားပေါ်က ကြက်ခြေခတ် ပြည်သူ့ အောင်ပွဲမှတ်" ဆိုတာကို မမေ့နဲ့ သူငယ်ချင်း……"မဲပြားပေါ်က ကြက်ခြေခတ် တွေဟာ ဒီမိုကရေစီလိုလားသူတွေအတွက်တော့ အောင်ပွဲလက်မှတ်ပဲပေါ့ သူငယ်ချင်း ………… ………………...။

5 comments:

ကလူသစ် said...

မသိသေးတဲ့သူတွေ အများကြီးရှိနိုင်တယ်။ SMS နဲ့သတင်းဖြန့်ဦး။

Hteink Min said...

ခတ်ပြစ်မယ်.. လုံးဝ ကြက်ခြေခတ်တယ်.. မကြိုက်တဲ့ ဘက်က..

ခင်မင်းဇော် said...

စင်္ကာပူက ကြက်ခြေခတ်အောင်ပွဲကို ပြည်တွင်းက ပြည်သူတွေကို အသိပေးနိုင်ဖို့ မျှော်နေမယ်သမီးရေ..
များများ မဲသွားထည့်နိုင်ဖို့ကို သာ ကြိုးစားကြပါလို့ တိုက်တွန်းပါရစေ...

Anonymous said...

နအဖ ဆန္ဒခံယူပွဲလုပ်ကတည်းက ဒီမိုတွေဆန့်ကျင်မယ်ဆိုတာ ကြိုတွက်ပြီးဖြစ်ပါတယ်။ ကြိုတွက်ထားသလို ဒီမိုတွေဆန့်ကျင်တဲ့အတွက် ဒီမိုများ နအဖ အကွက်ထဲရောက်နေပါပြီ... ပွဲပြီးရင် ဒီမိုတွေ ကွဲပြဲတော့မည်

Unknown said...

Anonymous
မင်းပထွေ နအဖ ကသူလုပ်တဲ့ဆန္ဒခံယူပွဲက ပြည်သူအတွက်မဟုတ်ဘူး
ဘာမှ ဒီမိုတွေဆိုပြီးခေါင်းစဉ်မတတ်ပါနဲ့
ဒါပြည်သူတွေရင်ထဲကလာတဲ့စိတ်ရင်အမှန်း
နအဖ နောက်လိုက်ခွေးတွေဘဲ ပြည်သူတွေရင်ထဲမှာဘယ်လိုရှိလဲဆိုတာမသိတာ
ဘယ်သူသေသေ ငတေမာရင်ပြီးရောဆိုတဲ့ စိတ်ဓါတ်အောက်တန်းကျတဲ့
မင်းကို မြန်မာလို့အသိအမှတ်ပြုရမှာတောင်တော်တော်ရှက်ဖို့ကောင်းတယ်

Post a Comment

အကြံပြု comment ၀င်ရေးပေးတဲ့အတွက် လှိုက်လှဲစွာ ကျေးဇူးတင်ရှိပါတယ်ရှင် ။ မဖွယ်မရာ စကားများ ၊ ဆဲဆိုခြင်းများ ၊ ပေါကြောင်ကြောင်စကားများ ၊ တစ်စုံတစ်ဦး၏ ကိုယ်ကျင့်တရားသိက္ခာကို ထိခိုက်စေသော စကားများ ဖြစ်ပါက ထို comment များကို လက်ခံမည်မဟုတ်ကြောင်း လေးစားစွာ အသိပေးအပ်ပါတယ်ရှင် ။ အလည်လာရောက် အကြံပြုရေးသားခြင်းများအတွက် ကျေးဇူးတင်ပါတယ် ။ စာများ ရှင်းလင်းစွာ မြင်ရဖို့အတွက် Space များ ထည့်ရိုက်ပေးကြပါရှင်။