Thursday, April 17, 2008

ခြင်္သေ့ကျွန်းမှ တံဆိပ်ခေါင်းများနှင့် ကြက်ခြေခတ်များရဲ့ သမိုင်း တစ်စိတ်တစ်ပိုင်း


ယခုရက်ပိုင်းအတွင်းမှာ စင်ကာပူနိုင်ငံဆိုင်ရာ မြန်မာသံရုံးကနေ စာတွေကို ဆက်တိုက်ဆိုသလို စင်ကာပူမှာရှိကြတဲ့ မြန်မာများထံကို ပေးပို့ နေတဲ့သတင်းနဲ့ ပတ်သက်ပြီး သို့ လော… သို့ လော.. ပြောကြ…ဆိုကြ…ရေးကြ… လုပ်နေကြချိန်မှာ သတင်းက တဖြေးဖြေး..အတည်ဖြစ်လို့ လာခဲ့ပါတယ်။ ဒီနေ့ နံနက်ရုံးကိုရောက် ရောက်ချင်းပဲ သူငယ်ချင်းတစ်ယောက်က အရေးတကြီးပြောလာတယ်၊ သူလဲပဲ အလားတူ "စာတစ်စောင်ကို စင်ကာပူနိုင်ငံရှိ စာတိုက်ကနေပေးပို့ လာလို့  သူ့ အိမ်ကို ရောက်လာတယ်" တဲ့။ သူ့  စကားဆုံးသွား…သွားချင်းပဲ…ရုတ်တရက်… သတိရလိုက်ပါတယ်… သူပြောမှ... သူကသံရုံးမှာ အခွန်သွားဆောင်ထားတာ ဘာမှတောင် မကြာသေးဘူးဆိုတာ ပြန်သိရလိုက်မိပါတယ် သူငယ်ချင်းပြောမှ သူများဆီလာတဲ့စာကို ခဏတာ တောင်းကြည့်လိုက်မိပါတယ်..။

မြန်မာသံရုံးက ပေးပို့ လိုက်တဲ့ စာရဲ့ပုံစံကတော့ - အင်တာနက်စာမျက်နှာတွေမှာ တွေ့ မြင်နေရတဲ့ စာတွေနဲ့  တစ်ပုံစံထည်းပါပဲ…။ သံအမတ်ကြီး(ကိုယ်စား) (ကျော်ဆွေတင့်၊ သံမှူး) ဆိုပြီးပါတယ် စာကိုကြည့်ရတာတော့ မူရင်းစာရွက်ပေါ်မှာ လက်မှတ်တစ်ကြိမ်ထိုးပြီးတာနဲ့  မိတ္တူကူးစက်ပေါ်တင်ပြီး များများကူးယူထားကာ နောက်မှ စာအိတ်ထဲသွင်း တံဆိပ်ခေါင်းကပ်ကာ စာတိုက်ပုံးထဲမှာ ထည့်လိုက်ပုံရပါတယ်။


စင်ကာပူမြန်မာသံရုံးက ထွင်လိုက်ပုံများ မြန်မာတွေအများစု ဆန္ဒမဲပေးလို့ ရအောင် ကြေညာစာကိုရှင်းရှင်းလေး မြန်မာအများစုရှိတဲ့နေရာမျိုးမှာ သွားကပ်ထားလိုက်ရင်လဲ ပြီးတာကို အခုတော့ သံရုံးကိုလာပြီး အခွန်ဆောင်သွားတုန်းက ပေးခဲ့တဲ့ လိပ်စာတွေကို စင်ကာပူနိုင်ငံ စာတိုက်ကနေတဆင့် တိတ်တိတ်ကလေး လိုက်ပို့ နေတာတွေကို တွေ့ရ မြင်ရတော့… သြော်….ငါတို့  အစိုးရကိုယ်စားလှယ်ရုံးကလဲ.. ငါတို့ မြန်မာပြည်က.. စစ်အစိုးရခေါင်းဆောင်တွေလိုပဲ "လွယ်တာကို ခက်သထက်ခက်အောင်" လုပ်နေပြန်တယ်ဆိုတာကို တွေ့ လိုက်ရပြန်ပါတယ်…။

တကယ်ဆိုရင် မြန်မာနိုင်ငံသားအားလုံးနဲ့ သက်ဆိုင်တဲ့ "ပြည်ထောင်စုမြန်မာနိုင်ငံတော် ဖွဲ့  စည်းပုံအခြေခံဥပဒေမူကြမ်း" ဆန္ဒမဲပေးရေးနဲ့ ပတ်သက်တဲ့ ဖိတ်စာကို စင်ကာပူနိုင်ငံမြန်မာသံရုံး တံဆိပ်တုံးအမှတ်အသားနဲ့  မြန်မာတွေအများစုရှိတဲ့ ပန်နီဆူးလားပလာဇာတို့ မြန်မာအများစု ၀င်ထွက်သွားလာတတ်တဲ့ မြန်မာဘုန်းတော်ကြီးကျောင်းတွေနဲ့  တိုင်းရင်းသားတွေ အများစုရှိတတ်တဲ့ ခရစ်ယာန်ဘုရားရှစ်ခိုးကျောင်းတွေကို ပေးပို့ လိုက်လျှင်လဲ ရပါလျက်နဲ့ စာတိုက်မှတဆင့် စာတစ်စောင်ကို စင်ကာပူဒေါ်လာ 0.26 ဒေါ်လာ အကုန်အကျခံပြီး တစ်ယောက်ချင်းလိုက်လံပို့ နေတာဟာ ငွေကို အလကားဖြုန်းတီးရာရောက်ပါတယ်လို့ ပဲ ပြောရမလိုဖြစ်နေပြန်ပါပြီ…။

ယခုလက်ရှိ စင်ကာပူမှာရှိတဲ့ မြန်မာနိုင်ငံသား ခန့် မှန်းခြေ လူငါးသောင်းလောက်ကို ပေးပို့ မယ်ဆိုရင်တောင် (S$ 0.26 ဒေါ်လာ x လူ 50000 ) = S$13,000.00 ကုန်ကျစရိတ်ရှိပါတယ် လူရှစ်သောင်းဆိုရင် S$20,800.00 နဲ့  လူတစ်သိန်းဆိုရင် စင်ကာပူဒေါ်လာ S$ 26,000.00 တံဆိပ်ခေါင်းဘိုးကုန်ကျမှာဖြစ်ပါတယ်။ အဲဒီကုန်ကျစရိတ်ကို မြန်မာကျပ်ငွေ ၈၅၀ ကျပ်လောက်နဲ့ သာမြှောက်လိုက်ရင်တောင် ကျပ်ငွေသိန်းပေါင်း ၂၂၀ ကျော်လောက်ရှိနေပါတယ်၊ တံဆိပ်ခေါင်းဈေးနဲ့ ပတ်သက်တဲ့သတင်းအချက်အလက်များကို ဤနေရာမှာ ကြည့်ရှုနိုင်ပါတယ်။ အင်းလေ .. သူတို့ အတွက်က ပိုက်ဆံရှာရတာ လွယ်သကိုးဗျနော်။ သံရုံးတံခါးလေးဖွင့်လိုက်တာနဲ့ ဒေါ်လာတွေက ဟောကနဲ ဟောကနဲ ၀င်လာတတ်တာကိုးဗျ ရှာရတဲ့သူတွေမှာတော့……။

စာတစ်စောင်အတွက် စင်ကာပူဒေါ်လာတွေ သုံးနေပေမယ့် တမျိုးသားလုံးအတွက် မရှိမဖြစ် အသက်တမျှ အရေးတကြီး လိုအပ်နေပါတယ်ဆိုတဲ့ "ပြည်ထောင်စုမြန်မာနိုင်ငံတော် ဖွဲ့  စည်းပုံအခြေခံဥပဒေမူကြမ်း" စာအုပ်ကို အများပြည်သူသိရှိနိုင်အောင် ဘယ်မှာရယူနိုင်တယ်ဆိုတာကိုတော့ စင်ကာပူမြန်မာသံရုံးမှပေးပို့ ခဲ့တဲ့ စာထဲမှာ တလုံးတပါဒမျှ ဂဃနဏ ဖေါ်ပြထားခြင်းမရှိပါဘူး။ သို့ သော်လည်း စည်းပုံအခြေခံဥပဒေမူကြမ်း ကို မူရင်းအတိုင်းဖတ်လိုသူများအတွက် http://www.myanmarinformation.org/ မြန်မာစစ်အစိုးရကိုလိုလားတဲ့ အင်တာနက် ၀က်ဆိုဒ်တစ်ခုမှ Download ရယူပြီးမူရင်းအတိုင်း ဖတ်ရှုနိုင်ပါတယ်ခင်ဗျား။ ဖတ်ချင်တဲ့သူများ အဲဒီဝက်ဆိုဒ်မှာ သွားပြီး ဒေါင်းလုပ်ကြသလို ဖြန့် ဝေပေးချင်သူများလည်း ဆက်လက်ဖြန့် ဝေပေးနိုင်ကြောင်း သတင်းကောင်း ပေးချင်ပါတယ်……..။

ပြည်ထောင်စုမြန်မာနိုင်ငံသံရုံးမှ ပေးပို့ လိုက်တဲ့ စာအိတ်ပေါ်မှာတော့ သံရုံးလိပ်စာ အပြည့်အစုံ ပါလာပေမယ့်လည်း သံရုံးကတရားဝင်ပေးပို့ တဲ့စာထဲမှာ မြန်မာနိုင်ငံသံရုံးတံဆိပ်တုံးပါမလာခဲ့ပါဘူး။ သံရုံးလိပ်စာမှာလည်းပဲ သံရုံးကိုဆက်သွယ်မေးမြန်းဖို့ရာ တယ်လီဖုန်းနံပါတ်နဲ့ ဖက်စ် အီးမေးလ်..အစရှိတဲ့ အသေးစိတ်စုံစမ်းလိုသူတွေအတွက် ဆက်သွယ်ရန် သတင်းအချက်အလက်တွေ ဘာဆိုဘာမှဖေါ်ပြထားခြင်း မရှိခဲ့ပါဘူး။ ဒါကြောင့် စင်ကာပူသံရုံးကို ဆက်သွယ်လိုသူများအတွက် လိပ်စာအပြည့်အစုံကို စေတနာ အစစ်အမှန်ဖြင့် ရှာဖွေပြီး ဖေါ်ပြပေးလိုက်ပါတယ်…ဆက်သွယ်ချင်သူများအနေနဲ့ 

"ဖွဲ့ စည်းပုံအခြေခံဥပဒေမူကြမ်း" ကို…. သံရုံးတွင် မဲပေးရာတွင်.. မဲပေးရမယ့် ပုံစံနှင့်… "ဘယ်လိုဘယ်ပုံ.. သံရုံးမှ မဲများရေတွက်မယ်..ဘယ်လိုဘယ်ပုံကြေညာပေးမလဲ" စသည်ဖြင့်…စသည်ဖြင့်…တို့ ကို… လွတ်လပ်စွာဖြင့် ဆက်သွယ်နိုင်ပါတယ်..။ လိပ်စာနဲ့ ဆက်သွယ်ရန် ဖုန်းနံပါတ်များကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်….။

Embassy of the Union of Myanmar,
15, ST. MARTIN'S DRIVE, SINGAPORE 257996

Tel :(65) 67350209, (6) LINES
Fax : (65) 67356236
Email : ambassador@mesingapore.con.sg
Site web : www.mesingapore.org.sg

မြန်မာသံရုံးမှ ပေးပို့ လိုက်သော စာပါအကြောင်းအရာများအရ သံရုံးကို မဲသွားပေးလိုတဲ့ မြန်မာများ သိသင့် သိထိုက်တာလေးတွေကို တော့အနည်းငယ် ပြောပြစေလိုပါတယ်……။

စင်ကာပူနိုင်ငံမြန်မာသံရုံးမှ ပေးပို့ လိုက်တဲ့ စာထဲမှ ဒုတိယအပိုဒ်မှာ ဖေါ်ပြထားတဲ့-

၂၊ သို့ ဖြစ်ပါ၍ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများအနေနှင့် အဆိုပါရက်များတွင် နံနက်(၉)နာရီမှ ညနေ(၅)နာရီအတွင်း မြန်မာနိုင်ငံကူးလက်မှတ်⁄ မြန်မာနိုင်ငံသားဖြစ်ကြောင်း အထောက်အထားများ ကိုင်ဆောင်၍ မြန်မာသံရုံးသို့ လာရောက်ဆန္ဒမဲပေးကြပါရန် အကြောင်းကြားအပ်ပါသည်။

ဟုဆိုထားပါတယ်..။

အထက်ပါစာပိုဒ် နဲ့ ပတ်သက်လို့ စင်ကာပူမှ မြန်မာနိုင်ငံသားများ ရှင်းရှင်းလင်းလင်းသိဖို့ ရာ အနည်းငယ် တင်ပြပေးလိုပါတယ် စာပိုဒ်အရ "မြန်မာနိုင်ငံကူးလက်မှတ် ⁄ မြန်မာနိုင်ငံသားဖြစ်ကြောင်း အထောက်အထားများ ကိုင်ဆောင်၍" လို့ဆိုထားပါတယ်။ မြန်မာနိုင်ငံသားဖြစ်ကြောင်း အထောက်အထားဆိုရာမှာ "မြန်မာနိုင်ငံမှ နိုင်ငံသားမှတ် မှတ်ပုံတင်ကဒ်၊ မြန်မာနိုင်ငံ အလုပ်သမားဝန်ကြီးဌာနမှ ထုတ်ပေးထားသော ကဒ်ပြား၊ စင်ကာပူနိုင်ငံမှ တရားဝင်ထုတ်ပေးထားသော PR ကဒ်ပြား EP ကဒ်ပြား S Pass ကဒ်ပြား Work-Permit ကဒ်ပြားများ" အားလုံးဟာ မြန်မာနိုင်ငံသားဖြစ်ကြောင်း အခိုင်အလုံ သက်သေဖြစ်သောကြောင့် အားလုံး အကျုံးဝင်ပါတယ်။ ဒါကြောင့်မို့  နိုင်ငံကူးလက်မှတ်ပါမှ ဆန္ဒမဲပေးနိုင်မယ်လို့ ထင်နေသူများကို လက်လှမ်းမှီသလောက် ရှင်းပြထားပေးစေလိုပါတယ်။

နောက်တစ်ခါရှုပ်ထွေးစေတဲ့ အရာကတော့ "ကျွန်တော် အခွန်မဆောင်ထားလို့  မဲပေးလို့ ရပါ့မလား? ဆိုတဲ့ မေးခွန်းမျိုးတွေပါ - အခုလက်ရှိ "ဖွဲ့ စည်းပုံအခြေခံဥပဒေမူကြမ်း" ကို "မဲပေးတဲ့ကိစ္စ နဲ့  အခွန်ကိစ္စဟာ ဘာမှမပတ်သက်ဘူး" ဆိုတာကို စင်ကာပူမှာရှိတဲ့သူများ အားလုံးကို နားလည်စေချင်ပါတယ်။ ဒါကြောင့်မို့ အခွန်ဆောင်ထားတာ မဆောင်ထားတာတွေကို ကိုလုံးဝစဉ်းစားစရာမလိုပဲ မိမိမှာရှိတဲ့ စင်ကာပူနိုင်ငံမှ တရားဝင်ထုတ်ပေးထားတဲ့ ကဒ်ပြားဟာ မိမိ ဆန္ဒမဲပေးဖို့ ရာ လုံလောက်တဲ့ မြန်မာနိုင်ငံသားဖြစ်ကြောင်း ခိုင်လုံသောအထောက်အထား ဖြစ်တယ်ဆိုတာကို ကောင်းစွာ သဘောပေါက်နားလည်ဖို့ ပဲဖြစ်ပါတယ်။

မြန်မာသံရုံးဖိတ်ခေါ်စာအရလည်း အကျုံးဝင်တာကြောင့် ရဲရဲဝံ့ဝံ့ ဆန္ဒမဲသွားပေးကြဖို့ တိုက်တွန်းလိုပါတယ်ခင်ဗျား….။

ဒီသတင်းအချက်အလက်များနဲ့  ပတ်သက်လို့ မိမိနှင့် နီးစပ်ရာမှ မြန်မာများကို ဆက်လက်ဝေငှပေးစေလိုပါတယ်၊ စင်ကာပူ 0.26 ဒေါ်လာတန် တံဆိပ်ခေါင်းပါစာ လက်ခံရရှိထားသူများ အနေနဲ့ လည်း ရာဇ၀င်သမိုင်းမှာ တွင်ကျန်ရစ်ခဲ့မယ် အာဏာရှင်တို့ ကျဆုံးခန်းအတွက် မဝေးတော့တဲ့ ဧပြီလ (၂၇) ရက်နေ့  မရောက်ခင် ကြက်ချေခတ်များရဲ့ သမိုင်း တစ်စိတ်တစ်ပိုင်းကို နီးစပ်ရာ မြန်မာ အသိုင်းအ၀ိုင်းအား ၀ိုင်းဝန်းစည်းရုံးကြပါလို့  လေးစားစွာဖြင့် ပန်ကြားလိုပါတယ်။

"ခြင်္သေ့ကျွန်းမှ ကြက်ခြေခတ် အပိုင်းအစတွေဟာ ငါတို့ မြန်မာ့သမိုင်းအတွက် တစ်စိတ်တစ်ပိုင်း ဖြစ်စေရမယ်"

ကိုဂျေမိုး

2 comments:

Anonymous said...

ဒီမိုသမားတွေသည် ရေရှည်စီမံချက်မရှိပါ။ လုပ်ဖို့လဲစိတ်မ၀င်စားပါ။ စိတ်ဝင်စားသည်မှာ နအဖကို မထိတထိလုပ်ဖို့သာဖြစ်ပါသည်။ တခါတလေ အရေမရအဖတ်မရ အတင်းပြောပါသည်။

မျက်တောင်တမွှေးအဆုံးထိသာ မြင်ထားသည့် အပလာ စီမံချက်တွေကို ဝေဖန်ရင် အင်မတန် ဒေါသထွက်တတ်ပါသည်။ ဘာပဲဖြစ်ဖြစ် မြှောက်မှ ကျေနပ်ပါသည်။ အဲဒါကို ဒီမိုကရေစီသမားများဟု ခေါ်ပါသည်။

နှစ် ၂၀ လုံးလုံး နအဖကို အတင်းပြော၊ မထိတတိ အလုပ်တွေနဲ့ အချိန်ကိုကုန်ဆုံးစေခဲ့သည်။ နောင်တွင်လည်း ယခုအတိုင်း ဦးတည်ရာမဲ့ ဆက်လျှောက်မည်ဖြစ်၏။


လက်တွေ့ကျကျ မတွေးတတ်သော ဒီမိုသမားတွေ၊ လိမ်ညာလှည့်ပတ်တောင်းစားနေသူတွေရဲ့ တပည့်တွေရဲ့ အောင်ပွဲသည် စာသားများအဖြစ်နဲ့သာ ရှိနေမည်ဖြစ်ပါသည်။ လက်တွေ့ဘ၀တွင် အောင်မြင်မည်မဟုတ်ပါ။

YeKyawAungMDY said...

VOTE NO VOTE NO VOTE NO VOTE NO VOTE NO
VOTE NO VOTE NO VOTE NO VOTE NO VOTE NO
VOTE NO VOTE NO VOTE NO VOTE NO VOTE NO
VOTE NO VOTE NO VOTE NO VOTE NO VOTE NO
VOTE NO VOTE NO VOTE NO VOTE NO VOTE NO
VOTE NO VOTE NO VOTE NO VOTE NO VOTE NO
VOTE NO VOTE NO VOTE NO VOTE NO VOTE NO
VOTE NO VOTE NO VOTE NO VOTE NO VOTE NO
VOTE NO VOTE NO VOTE NO VOTE NO VOTE NO
VOTE NO VOTE NO VOTE NO VOTE NO VOTE NO
VOTE NO VOTE NO VOTE NO VOTE NO VOTE NO
VOTE NO VOTE NO VOTE NO VOTE NO VOTE NO

Post a Comment

အကြံပြု comment ၀င်ရေးပေးတဲ့အတွက် လှိုက်လှဲစွာ ကျေးဇူးတင်ရှိပါတယ်ရှင် ။ မဖွယ်မရာ စကားများ ၊ ဆဲဆိုခြင်းများ ၊ ပေါကြောင်ကြောင်စကားများ ၊ တစ်စုံတစ်ဦး၏ ကိုယ်ကျင့်တရားသိက္ခာကို ထိခိုက်စေသော စကားများ ဖြစ်ပါက ထို comment များကို လက်ခံမည်မဟုတ်ကြောင်း လေးစားစွာ အသိပေးအပ်ပါတယ်ရှင် ။ အလည်လာရောက် အကြံပြုရေးသားခြင်းများအတွက် ကျေးဇူးတင်ပါတယ် ။ စာများ ရှင်းလင်းစွာ မြင်ရဖို့အတွက် Space များ ထည့်ရိုက်ပေးကြပါရှင်။