Friday, April 25, 2008

ခြင်္သေ့ကျွန်းပေါ်မှ ၂၇ ရက်နေ့ တညီတညွတ်တည်း ကန့်ကွက်မဲပေးပွဲ


ကျွန်မတို့တာဝန်ဟာ ကျွန်မတို့ရင်ထဲမှာရှိတဲ့ ဆန္ဒတွေကို ဖော်ပြရမယ့် အလုပ်ပဲဖြစ်ပါတယ်။ ကျွန်မတို့ဟာ မြန်မာလူမျိုး ၊ မြန်မာနိုင်ငံသားတွေဖြစ်တယ် .. ။ မိမိရဲ့ ရင်ထဲမှာရှိတဲ့ ဆန္ဒအတွက် အခွင့်အရေးတစ်ခုဖြစ်တဲ့ ဒီလူထုဆန္ဒခံယူပွဲမှာ `ကန့်ကွက်မဲ´ကို တညီတညွတ်တည်း ပေးနိုင်ရပါ့မယ် .. ။

စင်္ကာပူ-မြန်မာသံရုံးမှာ ကျွန်မတို့လူထုရဲ့ဆန္ဒ ကန့်ကွက်မဲ ပေးဖို့အတွက် တနင်္ဂနွေနေ့ (၂၇ ရက်နေ့ ) နေ့လည် ၁နာရီတိတိမှာ ပန်နီဆူးလားပလာဇာမှာ ဘတ်စ်ကားများ စီစဉ်ပေးထားပါတယ်။ မြန်မာသံရုံးကို ပန်နီဆူးလားမှ အတူသွားချင်ကြသူများ ပန်နီဆူးလားပလာဇာကို နေ့လည် ၁နာရီအမှီလာခဲ့ကြပါ။ လူစုလူဝေးကို ထင်ထင်ရှားရှား တွေ့မှာပါ။ နေ့လည် ၁နာရီခွဲတိတိမှာ ဘတ်စ်ကားများဖြင့် ကန့်ကွက်မဲပေးဖို့ မြန်မာသံရုံးကို အတူချီတက်ပါမယ် .. ။ မြန်မာနိုင်ငံသား အထောက်ထားဖြစ်တဲ့ အရေးကြီးဆုံးသော မြန်မာပါ့စ်ပို့ကို မဖြစ်မနေ ယူဆောင်ခဲ့ကြပါ .. ။ ကော်ပီ (သို့မဟုတ်) မူရင်းကို ယူဆောင်ခဲ့ပါ .. ။ မူရင်းကို သယ်လာရင်တော့ မပျောက်ကြဖို့လည်း သတိထားကြပါဦးနော် .. ။ သံရုံးနဲ့ဆက်သွယ်ထားတဲ့ အခြားစာရွက်စာတမ်းတွေရှိရင်လည်း ယူဆောင်လာခဲ့လို့ ရပါတယ်။

မြန်မာလူမျိုးမြောက်မြားစွာ နေထိုင်ကြတဲ့ ခြင်္သေ့ကျွန်းငယ်လေးပေါ်ကနေ ကန့်ကွက်မဲအင်အားကို ကျွန်မတို့အားလုံးထင်ရှားစွာ ပြသနိုင်ရမယ် .. ။ မြန်မာလူမျိုးတွေရဲ့ မျိုးချစ်စိတ်ဓါတ်အစစ်အမှန် ၊ ရင်ထဲက သစ္စာတရားတွေကြောင့် ခြင်္သေ့ကျွန်းငယ်လေးပေါ်ကနေစတင်ပြီး ကြက်ခြေခတ် ကန့်ကွက်မဲအောင်ပွဲ ဖြစ်ရမယ်။ မြန်မာနိုင်ငံသားဖြစ်ကြောင်း အထောက်ထားနဲ့ မျိုးချစ်စိတ်ဓါတ်အစစ်အမှန်ပေါင်းစည်းပြီး မိမိဘက်က တာဝန်ဖြစ်တဲ့ မဲပြားပေါ်က ကြက်ခြေခတ် ကန့်ကွက်မဲကိုပေးဖို့ မျိုးချစ်ညီအကိုမောင်နှမအားလုံး တူညီစွာ ချီတက်ကြပါစို့ .. ။

10 comments:

Anonymous said...

ဒီမိုများသည် နအဖဘာပဲလုပ်လုပ် အပြစ်နဲ့ အပျက်ပြောဆိုကျ၏။ အဆိုးမြင် အပုတ်ချ ပေါ်လဆီဖြင့် သူတို့ကို ထောက်ခံလာအောင် လုပ်ထားခြင်းဖြစ်လေသည်။ ထို့ကြောင့် ကောက်ကျစ်စဉ်းလဲသူများဟု သိအပ်၏

Anonymous said...

This is because Na Ah Pha always do the bad things and simply they are not able to convince the people of Burma. Not just that, the whole Universe knows who is right and who is wrong. So mind your comment.

Anonymous said...

ဦးဏှောက်ရှိသူများသို့ . . .
နအဖ မကောင်းတာကိုတော့ လူတိုင်းသိပြီး .. ဒီမိုတွေ ယုတ်မာမှုများကို လူတွေမသိကျပါ။ တလုံးတပါဒမှကို မသိပါ။ အဘယ့်ကြောင့်နည်း? အဖြေမှာ လူတွေသည် ဒီမိုမီဒီယာများမှ brainwash အလုပ်ခံထားရသောကြောင့် ဖြစ်၏။ ဥာဏ်နည်းသူသည် ဥာဏ်ရှိသူထက် အရေအတွက် ပိုများလေသည်။ ထို့ကြောင့်သင်၏ ယူဆချက်သည် လူအများစုနှင့် တူနေသည်ရှိသော် သင်သည် .. ဥာဏ်နည်းသူ . . (သို့) . . ငတုံးဖြစ်သည်ဟု သိအပ်၏

Anonymous said...

Who do the killings?
who killed monk?
who killed students?
who killed the people of Burma?
Who rape? who kill
All these killings and rape are done by Na Ah Pha.
I dont see Demo activists do any of these. Thus it is obvious that you are brainless..
To be frank I am not a Buddhism but I feels very sorry when heard monk are brutly killed, kick and bitten. So far demo never kill but you thugs are the group doing all these.. how come?? you are buddhist? but you kill monk?? when I encounter any monk I give way and give respect although I am not a buddhism. How come you guys are so rude? shamelss thugs..
by the way, do you know what is the meaning of Thugs?? haha..

Anonymous said...

တွေးခေါ်ပုံသည် ၁၀ ယောက်ပေါင်းလျှင်ပင် သူငယ်တန်းအဆင့်ရှိသည့်ပုံ မပေါ်ပါ။ ဒီမိုငတုံးတွေ နဲ့ နအဖလုပ်ကို နှိုင်းယှဉ်ပြသည်မှာ ဥာဏ်ရည် နိမ့်နေသည်ကို ဖေါ်ပြနေပါသည်။ ဒီမိုငတုံးတွေသည် နအဖလို ပြည်သူတွေကို သတ်ဖြတ်ဖို့ အခြေအနေမရှိပါ။ အခြေအနေမပေးလို့ မသတ်ဖြတ်တာကို ချီးကျူးနေသည်မှာ ဦးဏှောက်မရှိကြောင်း ထုတ်ပြောသလိုဖြစ်နေသည်။ အခြေအနေပေးရင် လုပ်ဖေါ်ကိုင်ဖက် အချင်းချင်းတောင် သတ်ဖြတ်ခဲ့ပါတယ်။ ဥပမာ - ABSDF တွေ နယ်စပ်မှာ အချင်းချင်းသတ်ဖြတ်ခြင်း။ စဉ်းစားပါ။

အခုလည်း ဒီမိုငတုံးတွေ အကြမ်းဖက်ဖို့ ၊ လူသတ်ဖို့ စည်းရုံးနေပါတယ်။ မြန်မာပြည်တွင်းမှာ ဗုံးခွဲဖို့အားပေးတာတွေ၊ နေပြည်တော်မှာ ဗုံးပေါက်လို့ ပျော်မြူးတာတွေ ကြည့်ရင် သူတို့ဟာ အကြမ်းဖက်ဝါဒီများဆိုတာ သိသာပါတယ်။ ဒင်းတို့ အဏာရခဲ့သည် ရှိသော် . . . . ဦးဏှောက်လေးရှိရင် စဉ်းစားပေးပါ

အစိုးရအချင်းချင်း ယှဉ်ရင်လည်း . . ဒီမိုငတုံးတို့၏ အဖေ အမေရိကန်နှင့် ဗြိတိန် အစိုးရသည် 9/11 နဲ့ 7/7 တွင် အပြစ်မဲ့ပြည်သူများကို ရက်စက်စွာသတ်ဖြတ်ခဲ့တာ လူတိုင်းအသိပါ။ (ငတုံးတွေက လွဲလို့) လူပေါင်း သောင်းနဲ့ချီပြီးသေခဲ့ပါသည်။ ဒီမိုကရေစီ လူအခွင့်အရေးအဖွဲ့ တွေဟာ အသံတိတ်နေပါတယ်။ ကုလသမဂ္ဂလဲ ဘာမှ မလုပ်ပါ။ စက်တင်ဘာမှာ နအဖ သတ်တာ လူတစ်ရာတောင် မရှိပါ။ ဘာအတွက် နအဖကို ရက်စက်တယ်လို့ ပြောနိုင်လဲ? ဒါ့ကြောင့် သင်ဟာ brainwash အလုပ်ခံရထားရတယ်ဆိုတာ သိသာပါတယ်

Anonymous said...

ဒီမိုသမားတွေသည် စက်တင်ဘာ အရေးအခင်းတုံးကလဲ နအဖ ဘာမှ မလုပ်သေးတာကိုပဲ သူတို့က အောင်ပွဲခံနေပါသည်။ နအဖ ပြစ်တော့ ကျည်ဆံ နှစ်တောင့်လောက်နဲ့ အားလုံးငြိမ်သွားခဲ့သည်။

ယခုလည်း နအဖ ဘာအတွက် ဆန္ဒခံယူပွဲလုပ်သည်ကို ဒီမိုငတုံးများ မတွက်ချက်ကျပါ။ နအဖ ဘယ်ကစားကွက်ကို ကစားနေလဲ ငတုံးများ မစဉ်းစားကျပါ။

အရူးတစ်ယောက်လို စိတ်ထင်ရာ လုပ်နေသောသူတို့သည် အောင်မြင်မှုပန်းတိုင်နှင့် ဝေးလေစွ .. ဝေးလေစွ .. ဝေးလေစွ

Anonymous said...

Hey those who are sent to Russia to study how to make sh*t, how to rule the country since forever online chating and looking for woman..Na Ah Pah Kway Myo, Bo Pauk Sa... Kway Ma Thar..

Anonymous said...

နအဖ စစ်ဗိုလ်တွေကို အတင်းပြောပြီး ဒီမိုငတုံးတွေကို အကောင်းမြင်အောင်လုပ်ခြင်းသည် အင်မတန်ကို ဥာဏ်နည်းလွန်းရာကျပါသည်။ ၁၀ယောက်ပေါင်းရင် သူငယ်တန်းအဆင့်တော့ ရှိအောင် ဦးစွာ ကြိုးစားသင့်ပါသည်။

Unknown said...

အော် ရုရှား က စစ်ဘိုပေါက်စ တွေ ဒီဘလော့ မှာ စက်ကျ နေသကိုး။ mizzima မှာ အာကျယ်တာ အများ က ၀ိုင်းတွယ်လေတော့ လင်းလက် ဆီမှာ အောက်ကလိကာ လုပ်နေတယ် ထင်ပါ့။ င်္ခေးနေရာ မရဆိုတာ ဒါမျိုး ထင်တယ်။

Unknown said...

ရုရှား က စစ်ဘို ပေါက်စ တွေ ဒီ ဘလော့ မှာ စက်ကျ နေသကိုး။ mizzama မှာ အဆဲ ခံရတာ မမှတ် ဘူးထင်တယ်။ ရှက်ဖွယ် လိလိ ခွေးနေရာ မရ ဆိုတာ ဒါမျိုးပေါ့

Post a Comment

အကြံပြု comment ၀င်ရေးပေးတဲ့အတွက် လှိုက်လှဲစွာ ကျေးဇူးတင်ရှိပါတယ်ရှင် ။ မဖွယ်မရာ စကားများ ၊ ဆဲဆိုခြင်းများ ၊ ပေါကြောင်ကြောင်စကားများ ၊ တစ်စုံတစ်ဦး၏ ကိုယ်ကျင့်တရားသိက္ခာကို ထိခိုက်စေသော စကားများ ဖြစ်ပါက ထို comment များကို လက်ခံမည်မဟုတ်ကြောင်း လေးစားစွာ အသိပေးအပ်ပါတယ်ရှင် ။ အလည်လာရောက် အကြံပြုရေးသားခြင်းများအတွက် ကျေးဇူးတင်ပါတယ် ။ စာများ ရှင်းလင်းစွာ မြင်ရဖို့အတွက် Space များ ထည့်ရိုက်ပေးကြပါရှင်။