Tuesday, November 20, 2007

What does ASEAN mean ?????????



`အရေးကြီးပြီ ညီနောင်အပေါင်းတို့

သွေးစည်းကာ ညီစေညီကြစို့

ငါတို့ရဲ့သမိုင်းတစ်ခေတ်ကို ငါတို့သွေးနဲ့ရေးခဲ့ပြီ

သွေး .. သစ္စာလည်းပြုခဲ့သည်

နိုင်ငံတော်အတွက်ဆို အသက်ကိုလည်းဘာမထီ

သေပါစေ ခွပ်ဒေါင်းသွေးနဲ့ ရဲရဲရှေ့ကိုချီ

လွတ်လပ်ခွင့်နဲ့ငြိမ်းချမ်းရေးအတွက်ရည်

အဆုံးသတ်တိုက်ပွဲ ငါတို့နွှဲရမည် ..... ။´


အာဆီယံနဲ့ပတ်သတ်သမျှ သတင်းတွေအကုန်လုံးကို ကျွန်မထိုင်ဖတ်ပြီးချိန် ကျွန်မ ပြောချင်လာတာက What Does Asean Mean ????????? အာဆီယံ ဘာလုပ်ဖို့ ဖွဲ့စည်းထားတာလဲ .. ။ လူမိုက်အားပေး ၊ သူခိုးကိုဓါးကမ်းပေးဖို့အတွက်လား။ တစ်နိုင်ငံနဲ့တစ်နိုင်ငံ ပိုကောင်းလာဖို့အတွက် စီးပွားရေး လူမှုရေး နိုင်ငံရေးအရ ဖွဲ့စည်းထားတာ မဟုတ်ဘူးလား .. ။ အာဆီယံဆိုတာ ပါးစပ်ကပဲ အာနေမယ့် အဖွဲ့အစည်းတစ်ခုလား စဉ်းစားခန်းဖွင့်နေမိပါတယ် .. ။


အာဆီယံနိုင်ငံတွေက ကျွန်မတို့ အားကိုးလို့ရတဲ့ အဆင့်မှာကို မရှိပါဘူး .. ။ သူတို့က ဒီစောက်ရူးအာဏာရှင်ကိုပဲ အားပေးအားမြှောက်လုပ်နေမှ ၊ အပြစ်မဲ့တဲ့ သွေးတွေ မြေပေါ်ကျခဲ့တာကို အရေးတယူ မစဉ်းစားနေတာကို ရှင်းရှင်းလင်းလင်း ကျွန်မတို့သိနေပြီဆိုရင် ကျွန်မတို့ ဘယ်သူ့ကို အားကိုးရမှာလဲဆိုတာ အားလုံးသဘောပေါက်လောက်ပါပြီ .. ။ ကျွန်မတို့မြန်မာတွေ ကိုယ့်အချင်းချင်း ခိုင်မြဲတဲ့ လက်တွေနဲ့တွဲလို့ အရှေ့ကိုဆက်ကြဖို့ပဲ ရှိပါတော့တယ် .. ။ ကျွန်မတို့ရဲ့ မကျေနပ်မှု ၊ လက်မခံနိုင်မှု ၊ ပြည်သူများရဲ့ဆန္ဒကို ရရင်ရသလို ဖော်ထုတ်ပြသရပါ့မယ် .. ။ မြန်မာပြည်မှာ ကျွန်မတို့ ဦးခိုက်ရှိခိုးရတဲ့ ဘုရားသားတော်တွေက ရက်ရက်စက်စက် အာဏာရှင်ရဲ့ သတ်ဖြတ်ညှဉ်းပန်းမှုကို ခံခဲ့ရပြီးသလို ဆက်လက်ခံစားနေရဆဲပါ .. ။ ကျွန်မတို့ ဦးခိုက်ပါတယ်ဆိုတဲ့ ဘုရားသားတော်တွေက ဒီလိုခံစားခဲ့ရချိန်မှာ ကျွန်မတို့က ဒီလိုပဲ အခြားနိုင်ငံတွေကိုအားကိုးပြီး ထိုင်စောင့်နေလို့တော့ မဖြစ်သေးဘူး ။ ကျွန်မတို့ စင်္ကာပူမှာနေတဲ့ မြန်မာတွေရဲ့အခြေအနေဆိုတာ အခြားနိုင်ငံက လူတွေနဲ့ယှဉ်ရင် လုံလုံခြုံခြုံရှိပါသေးတယ် . ။ အဲဒီလိုအခြေအနေမျိုးမှာ ကျွန်မတို့သွေးထဲမှာ စီးဆင်းနေတဲ့ `မြန်မာ´ဆိုတဲ့ အပင်ကြီးတစ်ပင် ရှင်သန်ကြီးထွားလာဖို့ အားလုံးတတပ်တအားနဲ့ စိတ်ဓါတ်အင်အား ၊ လူအင်အားနဲ့ အဆင်သင့်ပြင်ထားသင့်ကြပါပြီ .. ။


၈၈ကျောင်းသားခေါင်းဆောင်တွေက မြန်မာပြည်ကို အာဆီယံထဲက ထုတ်ပစ်ဖို့ တောင်းဆိုခဲ့ကြတယ် .. ။ စင်္ကာပူရောက် မျိုးချစ်မြန်မာများက မြန်မာစစ်အစိုးရရဲ့ လမ်းပြမြေပုံ ၇ချက်ကို ထောက်ခံအားပေးမှု မပေးရန် ၊ နိုင်ငံရေးအကျဉ်းသားအားလုံးပြန်လွှတ်ပေးရန် အစရှိတာတွေ တောင်းဆိုနေကြတယ် .. ။ နိုင်ငံတစ်နိုင်ငံမှာ ပြည်သူတွေရဲ့ဆန္ဒအများဆုံးနဲ့ အစိုးရတွေက အုပ်ချုပ်ရမှာပါ ။ အာဆီယံက သူတို့ခေါင်းဆောင်ပိုင်းတွေချည်း လုပ်ချင်တာလုပ်နေကြတာ (အထူးသဖြင့် မြန်မာပြည်နှင့်ပတ်သတ်) ကျွန်မတို့ လုံးဝထောက်ခံအားပေးခြင်းမပြုရပါဘူး .. ။ ပြည်သူတွေရဲ့ဆန္ဒ ၊ တောင်းဆိုချက်တွေကို ဂရုမစိုက် အလေးမထား မဆောင်ရွက်ပေးတဲ့ ဘယ်ခေါင်းဆောင်ကိုမဆို ကျွန်မတို့ဘက်က လက်မခံကြောင်းနည်းမျိုးစုံနဲ့ပြသလို့ရပါတယ် .. ။ အဲဒီအတွက် မိမိလုပ်နိုင်တဲ့အရာတွေကို ကျေးဇူးပြုပြီး စိတ်ပိုင်းဆိုင်ရာအရ ပြင်ဆင်ထားကြပါ .. ။


မြန်မာ့အရေးကို အာဆီယံက ဘယ်လိုကိုင်တွယ်နိုင် ၊ ဖြေရှင်းပေးနိုင်မှာလဲဆိုတာကို ကြည့်ခြင်းအားဖြင့် အာဆီယံရဲ့ စွမ်းအားကိုလည်း ကမ္ဘာက စောင့်ကြည့်သိသွားဖို့အတွက် ဒီတစ်ကြိမ်က သက်သေပြလိုက်တာပါပဲ။ အာဆီယံဆိုတာ ကိုယ်ချင်းစာတရားခေါင်းပါးတဲ့ ၊ လူသားအခွင့်အရေးကို အကောင်းဆုံးကိုယ်ချင်းစာလေ့မရှိတဲ့ ခေါင်းဆောင်အများဆုံးရှိနေတယ်လို့ပဲ ကျွန်မကတော့ မြင်နေမိပါတယ် .. ။


တကယ်လို့များ အခြားလူတွေမေးခွန်းလိုမျိုး `အိမ်တစ်အိမ်မှာ အလွန်ဆိုးတဲ့သားတစ်ယောက်ရှိနေတာကို အိမ်ကအခြားမိသားစုဝင်တွေက ပစ်ပယ်မယ်ဆိုရင် ပိုမဆိုးသွားဘူးလား´ လိုမျိုး ကျွန်မကို မေးလာမယ်ဆိုရင် ကျွန်မက `ထုတ်လိုက်တာအကောင်းဆုံးပါ´လို့ ဖြေမိမှာပါ ။ မြန်မာပြည်က ပြည်သူလူထုများ ပိုဒုက္ခရောက်သွားမလားဆိုတဲ့ မေးခွန်းကို ကျွန်မ နဖူးပေါ်လက်တင်ပြီး ကြိမ်ဖန်များစွာ စဉ်းစားခဲ့ပါတယ် ။ အလေးအနက် ကျွန်မ သိလိုက်တာတစ်ခုက ကျွန်မတို့မြန်မာပြည်သူလူထုကတော့ ဒီစစ်အာဏာရှင်လက်ထက်မှာ ဘယ်တော့မှ ကောင်းလာမှာ မဟုတ်ပါဘူး .. ။ ဒီထက်များစွာပိုဆိုးတာလည်း မရှိတော့ပါဘူး ။ အားလုံးက `အနာမခံဘဲနဲ့ အသာမစံရပါဘူး´ ။ နာနေတဲ့ကြားက ၀ိုင်းပြီး အာဏာရှင်စနစ်ကို တိုက်ကြရမှာပါပဲ .. ။


ကျွန်မတို့ စင်္ကာပူမှာ မြန်မာဦးရေက မနည်းပါဘူး ။ အများဆုံးပါဝင်လာနိုင်အောင် ကျွန်မတို့တက်ကြွတဲ့ လူငယ်တွေ ၊ လူကြီးတွေ ၊ အဖွဲ့အစည်းတွေက စဉ်းစားဆောင်ရွက်ကြရပါမယ်။ ကျွန်မတို့ ဒီလိုအခြေအနေတောင် ရောက်နေကြပြီ။ ဘာတွေအတွက်များ တွန့်ဆုတ်နေကြတော့မှာလဲ .. ။ ကျွန်မတို့ တစ်သက်လုံး ဒီလိုမျိုး ပါးစပ်ကိုပိတ်ခံထားရတာတွေ ၊ နှလုံးသားကို အကျဉ်းထောင်ထဲ ပို့ထားတာတွေ အိမ်မှာပဲ အတင်းထိုင်ပြောနေရုံနဲ့ မပြီးပါဘူး။


စနေနေ့အခမ်းအနားမှာ ရွာပြန်ရမယ်ဆိုတဲ့ဘုန်းဘုန်း မိန့်ကြားခဲ့သလို `ပေးဆပ်ရတာတွေ အင်မတန်သိပ်များနေတော့ ပေးရမှာ ပေးကိုမပေးနိုင်တော့ဘူး ။ မုန်းတာတွေ မကောင်းတာတွေ ပြောမနေပါနဲ့တော့ ။ အလုပ်လုပ်ဖို့ကိုပဲ ဆွေးနွေးကြပါတော့´ဆိုတဲ့ စကားအတိုင်း ကျွန်မတို့ တသွေမသိမ်း လိုက်နာရပါတော့မယ် .. ။


`ဘ၀တွေများစွာ

အသက်တွေများစွာ

နောင်မျိုးဆက်တွေကောင်းဖို့

ဒီတစ်ခေတ်မှာပေးဆပ်နေခဲ့ရပြီ

လုပ်ရက်ကြတဲ့ဒီအာဏာရှင်လူတွေ

သွေးနဲ့ရေးထားတဲ့မော်ကွန်းတွေနဲ့အတူ

ကမ္ဘာမကြေဘူး ....... ´


What is ASEAN? Does ASEAN stand for -

Alliance Supporters for Enormous Atrocities in Nations?????????????


A - Alliance

S - Supporters for
E - Enormous
A - Atricities in
N - Nations


It is strongly believed that if ASEAN is willing to help Burma [Myanmar] to gain democracy, it is very favourable conditions and possible to achieve.


IF ASEAN still


A - Apathetic (not concerned),

S - Selfish,
E - Erroneous,
A - Asymmetric, and
N - Negligent


It will be more Arrogant Soldiers Expanding in Asian Nations

Finally ASEAN will be

A - Arrogant
S - Soldiers'
E- Empire of
A- Asian
N - Non-elected- governments







8 comments:

Mintasay said...

Asean ကိုပုံဖော်ပြသွားတာပီပြင်ပါတယ်ဗျာ

ညီလင်းသစ် said...

ASEAN ကိုအဓိပ္ပါယ်ဖွင့်တာ ကောင်းတယ်ဗျို့။ ဒီနိုင်ငံတွေက အားလုံးသိတဲ့အတိုင်း သာပေါင်းညာစား fair-weather neighbours တွေပါ၊ ကိုယ့်အား ကိုယ်ကိုး ရုံအပြင် အခြားမရှိပါဘူး။

ဆောင်းယွန်းလ said...

ကျွန်မတို့ ဘယ်သူ့ကို အားကိုးရမှာလဲဆိုတာ အားလုံးသဘောပေါက်လောက်ပါပြီ .. ။ ကျွန်မတို့မြန်မာတွေ ကိုယ့်အချင်းချင်း ခိုင်မြဲတဲ့ လက်တွေနဲ့တွဲလို့ အရှေ့ကိုဆက်ကြဖို့ပဲ ရှိပါတော့တယ် .. This is definitely right my sister. Very good thought.

Kaung Kin Ko said...

What is ASEAN ဆိုပြီး အရှည်ဖြန့် တာ အရမ်းကောင်းတယ်။ ညီမလေး တွေးတာတွေ ကောင်းတယ်။

Alvin S. C. Lee said...

Hmmm... I would rather not encourage any nation-bashing so that

Amicable
Solutions
Evolve
Anytime
Now

:)

Anonymous said...

ညီမလေးရေ--အခြေအနေပေါင်းစုံမှာရောက်နေကြတြ့သူတွေအတွက်--တော်ဠှန်ရေးပုံစံမျိုးစုံကို-သင့်တင့်လျောက်ပတ်တဲ့ခေါင်ဆောင်မှုတွေလိုအပ်ပါတယ်--ဘယ်နေရာရောက်နေတြ့သူပဲဖြစ်ဖြစ်--ဒီအစိုးရကိုလက်မခံခြင်တဲ့ခါးသည်းမှုကတော့တူတူပဲမို့ပါ----

Anonymous said...

i see all squares, so i guessed and typed..i'm very sorry for my spelling wrong.

Metta TV said...

အရေုးကီးပြီသူချင်းရှာရင်းရောက်လာတယ်။
လာလည်သွားပါတယ် အာဆီယံ သွေးစုတ်ဖုတ်ကောင်တွေ အကြောင်းဖတ်တာုကိုက်ပါတယ်။ ဒီကောင်တွေက ဗာမာလူမျိုးတွေကို ကျွန်သဘောက်လုပ်ထားတဲ့ကောင်တွေ။ နအဖရှိနေမှ ဒီနိုင်ငံ နလန်မထူနိုင်မှန်း သိလို့ ၀ိုင်းထောက်ခံထားတာ။ပီးတော့ ဗမာပြည်ကလူတွေ ဈေးပေါပေါနဲ့ခိုင်းလို့ရအောင်လေ။ အာလုံးကိုမှာချင်ပါတယ် ဘာမှ စိတ်မပူပါနဲ့ နအဖကို သူငယ်နှပ်စားလေးလို အနိုင်ယူဖို့ပြင်နေပါတယ် အားလုံး စက်တင်ဘာလို ၀ိုင်းပြီးပြင်ဆင်ထားကြဖို့ တိုက်တွန်းချင်ပါတယ်။ အရေုးကီးပြီညီနောင်အပေါင်းတို့ဆိုတဲ့သီချင်းကို သာသုံးသား စစ်ဆင်ရေး၏ တရာဝင်သီချင်းအဖြစ်သုံးပြီး အဆုံးသတ်တိုက်ပွဲနွှဲဖို့ပြင်နေကြပါပြီ။
ဒီသီချင်းကို ဘင်ခရာနဲ့ဆိုနိုင်ရင် ပိုကောင်းမယ်။
လိုက်ရှာနေတာ မတွေ့သေးဘူး။
အထဲကလူတွေလည်း အရကျက်ခိုင်းထားပါလို့
ဒီသီချင်းနားထောင်လိုက်ရင် စိတ်ဓာတ်တွေတက်လာတယ်။
တပ်ထဲမှာလည်း ပါချင်နေတာတွေ အများကြီးနော်
ဒီတခါပွဲပြတ်တော့မယ်။
စိတ်ဓာတ်တင်းထာုးကပါ။
ဘုန်ုးကီးတွေလည်း ပြင်ဆင်နေကြပါပြီ။
ဘောလုံးပွဲဆို ဖိုင်နယ်ပွဲပေါ့
အုကိတ်အနယ် ကန်ုကတော့မယ်။
ပွဲုကည့်ကောင်းမယ်။
နအဖကို အထုတ်ပြင်ထားလို့ပြောလိုက်ပါ။
အချိန်သိပ် မရှိတော့ဘူး

Post a Comment

အကြံပြု comment ၀င်ရေးပေးတဲ့အတွက် လှိုက်လှဲစွာ ကျေးဇူးတင်ရှိပါတယ်ရှင် ။ မဖွယ်မရာ စကားများ ၊ ဆဲဆိုခြင်းများ ၊ ပေါကြောင်ကြောင်စကားများ ၊ တစ်စုံတစ်ဦး၏ ကိုယ်ကျင့်တရားသိက္ခာကို ထိခိုက်စေသော စကားများ ဖြစ်ပါက ထို comment များကို လက်ခံမည်မဟုတ်ကြောင်း လေးစားစွာ အသိပေးအပ်ပါတယ်ရှင် ။ အလည်လာရောက် အကြံပြုရေးသားခြင်းများအတွက် ကျေးဇူးတင်ပါတယ် ။ စာများ ရှင်းလင်းစွာ မြင်ရဖို့အတွက် Space များ ထည့်ရိုက်ပေးကြပါရှင်။