Thursday, November 08, 2007

Article From Mizzima


အာဆီယံ ဆန်းမစ် အတွက် စင်ကာပူရောက် မြန်မာများ ဘာလုပ်နေသလဲ



"အမျိုးသားရေး ကိစ္စထက် ဘာသာရေး၊ မိသားစုရေးတွေကို ဦးစားပေးတာ သဘာဝကျပေမဲ့ အရေးကြီးလာရင်တော့ အမျိုးသားရေးဖက်ကို ဦးတည်ရမှာပါ။ ဘုန်းကြီးကျောင်း ကော်မတီမှာ မြန်မာအရေး တာဝန်ပေးအပ် ထားခံရသူ မြန်မာလူမျိုး (စင်ကာပူ နိုင်ငံသား) ကလည်း သူတို့  ကော်မတီ သဘောထားကို လေအေးအေးနဲ့  ပြောတယ်။ သဘောတူချက် အတိုင်းလုပ်ပါ၊ အပိုတွေ မလုပ်ပါစေနဲ့ ဆိုလာတယ်။ ဘုန်းကြီးကျောင်း ကော်မတီကလည်း စင်ကာပူ တရုတ်လူမျိုးက တဝက်လောက်ရှိပြီး မြန်မာ လူမျိုးတွေကလည်း အဲဒီ စင်ကာပူ လူမျိုးတွေ အမြင်နဲ့ ထပ်နေတယ်။ မြန်မာပြည် ဘယ်အစိုးရ တက်တက် ဘုန်းကြီးကျောင်း က ဘာသာရေး လုပ်ဖို့ပဲလို့  စင်ကာပူ အစိုးရက မြှောက်ပေးထားတဲ့ အကျင့်အတိုင် ကြံ့ကြံ့ခံနေတယ်။ ရှင်းရှင်းပြောရရင် ငါတို့ပဲ ကော်မတီကို စင်ကာပူ အစိုးရ မူဝါဒနဲ့ အညီ အုပ်ချုပ်မယ် ဆိုတဲ့ ပုံစံပါ။ အိုပီဘီ အဖွဲသားများနဲ့  ဦးဇင်းတပါးတော့ အဲဒီ မြန်မာ ဘုန်ကြီးကျောင်း တာဝန်ခံကို “ဒီလို မြန်မာ လူမျိုးတွေကြောင့် ငါတို့ တိုင်းပြည် ၄၆ နှစ် စစ်
အာဏာရှင် လက်က မလွတ်နိုင်သေးတာပဲ” လို့  သဘောတူညီကြပါတယ်။ ထားပါတော့။"



အပြည့်အစုံဖတ်ရှုရန်



0 comments:

Post a Comment

အကြံပြု comment ၀င်ရေးပေးတဲ့အတွက် လှိုက်လှဲစွာ ကျေးဇူးတင်ရှိပါတယ်ရှင် ။ မဖွယ်မရာ စကားများ ၊ ဆဲဆိုခြင်းများ ၊ ပေါကြောင်ကြောင်စကားများ ၊ တစ်စုံတစ်ဦး၏ ကိုယ်ကျင့်တရားသိက္ခာကို ထိခိုက်စေသော စကားများ ဖြစ်ပါက ထို comment များကို လက်ခံမည်မဟုတ်ကြောင်း လေးစားစွာ အသိပေးအပ်ပါတယ်ရှင် ။ အလည်လာရောက် အကြံပြုရေးသားခြင်းများအတွက် ကျေးဇူးတင်ပါတယ် ။ စာများ ရှင်းလင်းစွာ မြင်ရဖို့အတွက် Space များ ထည့်ရိုက်ပေးကြပါရှင်။