Thursday, November 15, 2007

Invitation For Discussion On Burma Affair ( 17th November )



ကျွန်မစာမေးပွဲမဖြေခင် တနင်္လာနေ့ ( ၁၂.၁၁.၀၇) က Overseas Burmese Patriots က စတင်ပြုလုပ်တဲ့ အစည်းအဝေးကို National Library မှာ ကျွန်မ တက်ရောက်ခဲ့ပါသေးတယ် .. ။ ပြည်ပရောက် မြန်မာများကို ကိုယ်စားပြုထားတဲ့ ဒီအဖွဲ့ကြီးက စင်္ကာပူရောက်ဒီမိုကရေစီအရေး လှုပ်ရှားတဲ့အဖွဲ့အစည်းပေါင်းစုံက လူတွေနဲ့ပဲ စုဝေးထားတာပါ .. ။


မြန်မာပြည်မှာ စက်တင်ဘာလက ငြိမ်းချမ်းစွာဆန္ဒဖော်ထုတ်ပြသမှုကို စစ်အစိုးရရဲ့ အကြမ်းဖက်နှိမ်နင်းမှုတွေကြောင့် သေဆုံးသူတွေ ၊ နေ့စဉ်အဖမ်းခံနေရသူတွေ ၊ ထောင်သွင်းအကျဉ်းခံနေရတာတွေက အားလုံးသိကြတဲ့အတိုင်း ဆိုးရွာစွာဖြစ်ပေါ်နေပါတယ် .. ။ ပြည်တွင်း ပြည်ပ အားလုံးက လှုပ်ရှားဆောင်ရွက်နေကြသလို ရင်တွင်းမှာလည်း နာကြဉ်းစက်ဆုပ်မှုတွေ မလွဲမသွေဖြစ်ပေါ်နေပါတယ် ။ စင်္ကာပူရောက် မြန်မာများအနေနဲ့ကလည်း လူသားချင်းကိုယ်ချင်းစာနာခြင်း ၊ မိမိဘာသာကိုပျက်စီးအောင်ယုတ်မာရိုင်းစိုင်းခဲ့တဲ့ စစ်အစိုးရရဲ့ လုပ်ရပ်တွေကို ဆန္ဒရှိသလို ဖော်ထုတ်ပြသပြီး အကျိုးရှိရှိ ထိထိရောက်ရောက် မြန်မာပြည်အရေးကို ဆောင်ရွက်ပေးကြဖို့ လိုအပ်ပါတယ်။


အခုဆိုရင် စင်္ကာပူမှာ ၁၉-၂၁ရက်နေ့မှာ ပြုလုပ်ကျင်းပမယ့် Asean Summit တွင် ပထမဦးဆုံးအကြိမ် Asean Charter ကိုဆွေးနွေးလက်မှတ်ရေးထိုးကြမှာ ဖြစ်ပါတယ်။ မကြာခင်ရက်မှာ ကျင်းပတော့မယ့် Asean Summit အတွက် ကျွန်မတို့စင်္ကာပူရောက်မြန်မာများက လက်ရှိမြန်မာပြည်ရဲ့ အခြေအနေ ၊ ပြည်သူတွေရဲ့ဆန္ဒကို ဖော်ထုတ်ဆွေးနွေးကြပြီး ဖြစ်ပေါ်လာတဲ့ တောင်းဆိုချက်တွေအားလုံးကို Asean Summit ကို တင်ပြပေးပို့မှာဖြစ်တဲ့အတွက် လာမယ့်စနေနေ့မှာ ကျင်းပမယ့် ဒီဆွေးနွေးဆန္ဒထုတ်ဖော်ပွဲအခမ်းအနားကို တက်ရောက်ကြဖို့ အားလုံးကို ကျွန်မဖိတ်ခေါ်ပါတယ် .. ။ဒီတစ်ကြိမ်ပြုလုပ်မယ့် အခမ်းအနားက ကျွန်မတို့အတွက် Golden Chance လို့ ပြောလို့ရအောင် အရေးကြီးပါတယ် ..။ ဒီအခမ်းအနားမှာ အခြားနိုင်ငံသံရုံးတွေက လူကြီးတွေကိုလည်း ဖိတ်ကြားထားတာ ဖြစ်တဲ့အတွက် သေသေချာချာလေး စီစဉ်ထားတာပါ . ။ စင်္ကာပူအစိုးရရဲ့ တရားဝင်ခွင့်ပြုချက်ကို ရယူထားတာမို့ အားလုံး စိတ်အေးအေးနဲ့ မိမိဆန္ဒအတိုင်း တက်ရောက်နိုင်ပါတယ် .. ။ ကျွန်မ ၁၄ရက်နေ့ ၊ ၁၉ရက်နေ့နဲ့ ၂၁ရက်နေ့ထိ စာမေးပွဲဖြေနေရပေမယ့် ပိတ်ရက်ဖြစ်တဲ့စနေနေ့ညနေမှာ မပျက်မကွက် တက်ရောက်မှာပါ .. ။ ကျွန်မတို့အားလုံးရဲ့ လက်ထဲရောက်လာတဲ့ ဒီအခွင့်အရေးတစ်ရပ်ကို လက်လွှတ်အဆုံးအရှုံးမခံဘဲ မျိုးချစ်မြန်မာများ အားလုံး တက်ကြွစွာပါဝင်လှုပ်ရှားဖို့ ကျွန်မ တိုက်တွန်းလိုပါတယ်ရှင် .. ။


စင်္ကာပူနိုင်ငံရှိမျိုးချစ်မြန်မာများဧ။် မြန်မာ့အရေးဆွေးနွေးပွဲအခမ်းအနား


အခမ်းအနားတည်နေရာ
EXCELSIOR HOTEL ; 5th Flr ( BESIDE PENINSULA PLAZA )



အချိန် ၊ နေ့ရက်
5:၀၀ pm To 8:30 pm, 17th November 2007 (Saturday)

အထူးပန်ကြားချက်


ညနေ ၄း၃၀တွင် ဧည့်ကြိုကောင်တာကို စတင်ဖွင့်လှစ်မည်ဖြစ်ပါ၍ အချိန်မှန်မှန် ကြွရောက်ချီးမြှင့်ကြပါရန်။


အနီရောင်ပြောင်အကျီကို ဦးစားပေးဝတ်ဆင်လာပေးကြပါရန်။


ကြရောက်လာကြသော ဧည့်ပရိတ်သတ်များ စိတ်အနှောင့်အယှက် တစ်စုံတစ်ရာ မဖြစ်ပေါ်စေရန် တစ်ဖက်တစ်လမ်းမှ ကူညီပံ့ပိုးသောအားဖြင့် Camera များ ယူဆောင်လာကြခြင်း မပြုပါရန်နှင့် Handphone များဖြင့်လည်း ရိုက်ကူးခြင်းမပြုကြပါရန်။


2 comments:

YeKyawAungMDY said...

လေးစားနေလျက်ပါ။
ပြည်တွင်း၊ပြည်ပ ၂၀၀၇ မျိုးဆက်သစ်ဟာ စစ်မှန်တဲ့ဒီမိုကရေစီကို ဗမာပြည်အတွက်ယူဆောင်ပေးမဲ့ အောင်ပွဲရမယ့်မျိုးဆက်ပါ။

Alvin S. C. Lee said...

Glad to know that the laws of the host country had been respected :)

http://newpaper.asia1.com.sg/news/story/0,4136,148131,00.html

ဤလောက၌ ရန်တို့သည် ရန်တုံ့မူခြင်းအားဖြင့်
ဘယ်အခါမှ မငြိမ်းကုန်၊ ရန်တုံ့မမူသဖြင့်ဘာလျှင်
ရန်တို့သည် ငြိမ်းကုန်၏၊ ဤသို့ ရန်တုံ့မမူသဖြင့်
ရန်ငြိမ်းခြင်းသည် ရှေးအစဉ်အလာ
ဓမ္မတာသဘောပေတည်း။

(ဓမ္မပဒ ၁:၅)


Hatred is never appeased
by hatred in this world.
By non-hatred alone
is hatred appeased.
This is the Law Eternal.

(Dhammapada 1:5)

Post a Comment

အကြံပြု comment ၀င်ရေးပေးတဲ့အတွက် လှိုက်လှဲစွာ ကျေးဇူးတင်ရှိပါတယ်ရှင် ။ မဖွယ်မရာ စကားများ ၊ ဆဲဆိုခြင်းများ ၊ ပေါကြောင်ကြောင်စကားများ ၊ တစ်စုံတစ်ဦး၏ ကိုယ်ကျင့်တရားသိက္ခာကို ထိခိုက်စေသော စကားများ ဖြစ်ပါက ထို comment များကို လက်ခံမည်မဟုတ်ကြောင်း လေးစားစွာ အသိပေးအပ်ပါတယ်ရှင် ။ အလည်လာရောက် အကြံပြုရေးသားခြင်းများအတွက် ကျေးဇူးတင်ပါတယ် ။ စာများ ရှင်းလင်းစွာ မြင်ရဖို့အတွက် Space များ ထည့်ရိုက်ပေးကြပါရှင်။