Thursday, November 01, 2007

How Addicted to Blogging Are You?

87%How Addicted to Blogging Are You?

Free Online Dating from JustSayHi


ကျွန်မ ဒီဘလော့ခ်ကို တအားစွဲလန်းမြတ်နိုးတာ ကျွန်မကိုယ်ကျွန်မ အသိဆုံးပါ .. ။ ဒီဘလော့ခ်ထက် ပိုချစ်ရမယ့်အရာ မရှိလောက်အောင်ကို စွဲလန်းပါတယ် .. ။ အခု တွက်ချက်ကြည့်လိုက်တော့ ပြုံးမိပါတယ် .. ။ မေးခွန်းလေးတွေကလည်း ကောင်းပါတယ်။


စာရေးခြင်းအနုပညာကို ဘလော့ခ်ကနေ အတွေ့အကြုံတွေရ ၊ အတတ်ပညာတွေ ပိုတတ်ခဲ့တာမို့ ဒီဘလော့ခ်က သက်မဲ့တွေထဲမှာ ကျွန်မ အမြတ်နိုးဆုံးသောအရာပါ .. ။ ဘလော့ခ်ရေးတဲ့အတွက် အချိန်တော့ တော်တော်လေး ပေးရပါတယ် .. .။ အရင်က ကျွန်မ Part Time အလုပ်လုပ်ရင်း ကျောင်းတက်တယ် ။ ဘလော့ခ်ရေးပြီးနောက်ပိုင်းမှာ ကျွန်မ စာဖတ်ချိန် ၊ ကျောင်းစာကြည့်ချိန် ၊ အိမ်အလုပ် .. အားလုံးပေါင်းလိုက်တော့ မနိုင်တော့ဘူး .. ။ အဲဒါနဲ့ ပင်ပန်းလွန်းလို့ အလုပ်လုပ်တာအားလုံးတောင် ရပ်လိုက်ရတယ် .. ။ အခုတော့ ကျောင်းစာရယ် ၊ အိမ်အလုပ်ရယ် ၊ ကျွန်မ၀ါသနာ စာရေး စာဖတ်ရယ်က နေရာပိုယူလိုက်တာပေါ့ .. ။ တစ်ခုထပ်တိုးလာတာကတော့ ချစ်သူအတွက်ပေးရတဲ့အချိန် .. ။


အချိန်ကို ကြိုးစားညှိယူရင်း ကျွန်မကတော့ အခြားသူငယ်ချင်းတွေ ဘလော့ခ်ရယ် ၊ ကျွန်မဘလော့ခ်ရယ်ကိုတော့ ခွဲမရအောင် တွယ်တာနေလျက်ပါ .. ။



0 comments:

Post a Comment

အကြံပြု comment ၀င်ရေးပေးတဲ့အတွက် လှိုက်လှဲစွာ ကျေးဇူးတင်ရှိပါတယ်ရှင် ။ မဖွယ်မရာ စကားများ ၊ ဆဲဆိုခြင်းများ ၊ ပေါကြောင်ကြောင်စကားများ ၊ တစ်စုံတစ်ဦး၏ ကိုယ်ကျင့်တရားသိက္ခာကို ထိခိုက်စေသော စကားများ ဖြစ်ပါက ထို comment များကို လက်ခံမည်မဟုတ်ကြောင်း လေးစားစွာ အသိပေးအပ်ပါတယ်ရှင် ။ အလည်လာရောက် အကြံပြုရေးသားခြင်းများအတွက် ကျေးဇူးတင်ပါတယ် ။ စာများ ရှင်းလင်းစွာ မြင်ရဖို့အတွက် Space များ ထည့်ရိုက်ပေးကြပါရှင်။