Monday, November 26, 2007

အာဆီယံထိပ်ဆီးဆွေးနွေးပွဲအား ဆန္ဒပြခဲ့သော မှတ်တမ်းဖိုင်




ကျွန်မတို့ စင်္ကာရောက်မျိုးချစ်မြန်မာများ အာဆီယံထိပ်သီးဆွေးနွေးပွဲကို ဆန္ဒပြခဲ့ကြတဲ့အဖြစ်အပျက်အစုံကို SG Human Rights က သေသေချာချာ ရိုက်ကူးပြီး တင်ဆက်ပေးထားတာ တွေ့လိုက်ရပါတယ်။ ကျေးဇူးတင်ပါတယ်။ စိတ်ထဲမှာလည်း ကိုယ်တွေလုပ်ခဲ့တာ ကိုယ်ပြန်ကြည့်ပြီး ရင်ထဲမှာ တော်တော်ခံစားမိတယ် . ။ ဆန္ဒပြပွဲမှတ်တမ်းကို ကြည့်နိုင်ဖို့အတွက် လက်ဆင့်ကမ်းမျှဝေပေးလိုက်ပါတယ်ရှင်။

Peaceful Protest For Asean Summit

7 comments:

Unknown said...

Hi Nyi Ma,
That is a great movement.
I appreciate and respect your great job.
Cheer,
Myo Kyaw

Anonymous said...

i like the peaceful activies.
i am a chinese born in burma.
i wish more and more myanmar people take in acti.
Thanks from U.S.A

Mr.Pooh @ မောင်ပွတ် said...

မလင်းလက်ကြယ်စင် - ဗီဒီယိုလေးကြည့်ရတာ စိတ်ဓါတ်လည်း တက်ကြွတယ်။ တဘက်ကလည်း စိတ်မကောင်းဘူး။ ဘာလို့ စိတ်ဓါတ်တက်ကြွလဲ၊ ဘာလို့ စိတ်မကောင်း ဖြစ်ရလဲဆိုတာ မလင်းလက်ကြယ်စင်တို့ ခန့်မှန်းမိမှာပါ။ ဒီဆန္ဒပြပွဲနဲ့ ပတ်သတ်တဲ့ ပို့စ်လေးတစ်ခု ကျွန်တော်ရေးထားသေးတယ်တယ်။ အချိန်အားရင်တော့ လာဖတ်ပါဦးဗျာ။ တိုင်းပြည်အပေါ်ထားတဲ့ စိတ်ဓါတ်နဲ့ စေတနာကို လေးစားလျက်ပါ။

ကလိုစေးထူး said...

ညီမရေ…
ဘုန်းကြီးကျောင်းကိစ္စကိုလည်း လာဖတ်ဖြစ်သလို အခု ဗီဒီယို မှတ်တမ်းလေးကိုလဲ လာကြည့်ဖြစ်ပါတယ်။

ခိုင်နေအောင် တွဲထားတဲ့ လက်တွေ၊ ဆန္ဒပြကြတဲ့ လူငယ်တွေရဲ့ မျက်နှာပြင်ပေါ်က ခံစားချက်တွေ၊ မျှော်လင့်ချက်တွေက အဝေးကနေပြီးတော့ ဗွီဒီယို မှတ်တမ်းကို ကြည့်ရတဲ့ အကို့ဆီကိုလည်း အဲဒီ ခံစားချက်တွေ စိမ့်ဝင်ကူးစက်လာသလို ခံစားရပါတယ်။

တာဝန်ရှိသူ ရဲနဲ့ ဆွေးနွေးနေတဲ့ လူကို ၂၀၀၅ သင်္ကြန်ပွဲတုန်းက မြင်ဖူးသလိုပဲနော်။ အမှတ်မှားတာလားတော့ မသိ။ ဒါပေမယ့် သေချာပေါက် အမှတ်မမှားတာကတော့ `ဘိုင့် ဘိုင်´ လို့ ပြောသွားတဲ့ ကောင်မလေးကိုပဲ။ :)

ကိုပေါ said...

It is better to say "Bye Bye" than "See you". Perhaps I hope the police won't call us this time. Ha ha!

Anonymous said...

ဆန္ဒပြပွဲမှာ ပါဝင်ခဲ့တဲ့ စင်္ကာရောက်မျိုးချစ်မြန်မာတွေကို လေးစားပါတယ်။

Khin said...

My dear Lin Lett

peace to you and all from our country;

http://brain-and-beauty.blogspot.com/

Post a Comment

အကြံပြု comment ၀င်ရေးပေးတဲ့အတွက် လှိုက်လှဲစွာ ကျေးဇူးတင်ရှိပါတယ်ရှင် ။ မဖွယ်မရာ စကားများ ၊ ဆဲဆိုခြင်းများ ၊ ပေါကြောင်ကြောင်စကားများ ၊ တစ်စုံတစ်ဦး၏ ကိုယ်ကျင့်တရားသိက္ခာကို ထိခိုက်စေသော စကားများ ဖြစ်ပါက ထို comment များကို လက်ခံမည်မဟုတ်ကြောင်း လေးစားစွာ အသိပေးအပ်ပါတယ်ရှင် ။ အလည်လာရောက် အကြံပြုရေးသားခြင်းများအတွက် ကျေးဇူးတင်ပါတယ် ။ စာများ ရှင်းလင်းစွာ မြင်ရဖို့အတွက် Space များ ထည့်ရိုက်ပေးကြပါရှင်။