Monday, November 05, 2007

Asean Summit ( 17-21 November )



အာဆီယံအစည်းအဝေးကြီးက စင်္ကာပူနိုင်ငံမှာ နိုဝင်ဘာ ၁ရရက်နေ့မှ ၂၁ရက်နေ့ထိ ကျင်းပမှာ ဖြစ်ပါတယ်။ စင်္ကာပူမှာရှိတဲ့ အဖွဲ့အစည်းတွေကို ကျွန်မ ဆက်သွယ်မေးမြန်းလိုက်ချိန်မှာ Overseas Burmese Patriots အဖွဲ့က ပါမစ်လျှောက်နေပြီး လှုပ်ရှားမှုတစ်ခု လုပ်ဆောင်မယ်လို့ သိခဲ့ရပါတယ် .. ။ စင်္ကာပူအစိုးရဘက်က အကြောင်းပြန်စာရလာရင် ကျွန်မ အားလုံးကို တိတိကျကျ ကြေငြာပေးပါ့မယ်။

Singapore Democratic Party ( SDP ) ကလည်း နိုဝင်ဘာ ၁၉ ရက်နေ့ ၊ Shangri-la Hotel အပြင်ဘက်မှာ ဆန္ဒပြဖို့အတွက် ပါမစ်လျှောက်နေတယ်လို့ သိရပါတယ် .. ။

စင်္ကာပူအစိုးရက အမှန်အတိုင်းပြောရရင် ခြံစည်းရိုးခွထိုင်နေသူပါ ။ မြန်မာအစိုးရဘက်ကိုလည်း နည်းနည်းလေး ပြောပေးလိုက် ၊ UN ကိုလည်း ပြေးဖားလိုက် ၊ ကမ္ဘာမှာလည်း မျက်နှာပြလှဖို့ သူတို့က မြန်မာအစိုးရကို ဖိအားပေးနေပါတယ်ဆိုတဲ့အကြောင်းပြောလိုက် … ကျွန်မတော့ သူတိုကိုကြည့်ရတာ စိတ်ကုန်ပါတယ်။ ခြံစည်းရိုးခွထိုင်ပြီး ဟိုဘက်လည်းမရောက် ၊ ဒီဘက်လည်းမရောက်ဘဲ ခြံစည်းရိုးပေါ်မှာပဲ မတော်တရော်ကို မဆူးမိပါစေနဲ့လို့ပဲ ဆုတောင်းပေးမိပါတယ်။

SDP ကို ပါမစ်ပေးမယ်လို့တော့ ကျွန်မ မမျှော်လင့်ထားပါဘူး .. ။ OBP ကိုတော့ ပါမစ်ပေးနိုင်ပါတယ်။ သူတို့က အင်ဒိုးဆို ရပါတယ် .. ။ အောက်ဒိုးဆိုရင်တော့ သူတို့ လန့်ပါတယ် ။

အာဆီယံထဲကနေ မြန်မာနိုင်ငံကိုထုတ်ပေးဖို့ ၈၈ကျောင်းသားခေါင်းဆောင်တွေကလည်း တောင်းဆိုထားသလို တော်တော်များများကလည်း ပြောနေကြပါတယ် .. ။ ကျွန်မစဉ်းစားမိတယ် ။ အကျိုးအမြတ်ရှိနိုင်ပါ့မလား ၊ ဘာမှအကျိုးမရှိဘူးလား သေချာစဉ်းစားနေမိတယ် .. ။ အာဆီယံရဲ့ သဘောတူညီချက်တွေအကြောင်း အကုန်မသိတော့ ဘယ်လိုပြောရမလဲ .. ။

ကျွန်မတို့မြန်မာလူမျိုးတွေအားလုံး တူညီစွာ လိုချင်တာတစ်ခုကတော့ စင်္ကာပူအစိုးရက နအဖ ဆွေစဉ်မျိုးဆက်အသိုင်းအ၀ိုင်းတစ်ခုလုံးကို ဆန်ရှင်လုပ်ပစ်ဖို့ပါပဲ .. ။ ဒါဆိုရင်တော့ ကျွန်မတို့ မြန်မာလူမျိုးအားလုံးက လှိုက်လှဲဝမ်းသာစွာ စင်္ကာပူကို ကျေးဇူးတင်ရှိမိမှာပါ .. ။ စင်္ကာပူနိုင်ငံကို အကာကွယ်ယူပြီး နအဖအသိုင်းအ၀ိုင်းတွေက ခြေလွတ်ပြီး အခု လုပ်ချင်တာလုပ်နေကြတာပါ .. ။

စင်္ကာပူနိုင်ငံက `ပိုက်ဆံ´နိုင်ငံပါပဲ .. ။ ပိုက်ဆံသာရရင် အကုန်လုပ်တယ် .. ။ သူတို့မှာ လူသားချင်း စာနာတာတွေ ၊ လွတ်လပ်မှုတွေ စိတ်မ၀င်စားပါဘူး .. ။ စီးပွားရှာလို့တော့ တော်တော်ကောင်းပါတယ်။ ပညာသင်လို့လည်း ကောင်းပါတယ် ။ ဒါပေမယ့် လွတ်လပ်စွာပြောဆိုခြင်း ၊ ဖော်ထုတ်ပြခြင်းမှာတော့ မြန်မာပြည်နဲ့သိပ်မကွာလှပါဘူး .. ။

ကျွန်မ တစ်ခါတစ်လေ စဉ်းစားမိတယ် .. ။ လူ့ဘ၀ဆိုတာ ရခဲလှပါတယ် .. ။ လူ့သက်တမ်းက တကယ်တော့ တိုတိုလေးပါ .. ။ အဲဒီအချိန်တစ်ခုကြားထဲမှာ လူသားချင်း စာနာထောက်ထားခြင်းတွေ မရှိဘဲ ဘာလို့များ ဒီချမ်းသာကြွယ်ဝဖို့အတွက်ပဲ နိုင်ငံတွေက လိုက်နေပါလိမ့် .. ။

ကျွန်မရဲ့ညီမလေးအချို့ သူတို့ primary & secondary ကျောင်းတွေမှာ သင်ရတဲ့ ပညာရေးစစ်စတန်ကို ကျွန်မ လေ့လာကြည့်ချိန်မှာ စင်္ကာပူနိုင်ငံက ကလေးတွေကို ငယ်ငယ်လေးကတည်းက စီးပွားရေးနဲ့ပတ်သတ်တဲ့ အတွေးအခေါ်တွေပဲ ရိုက်သွင်းပေးထားတာကို သိခဲ့ရတယ် ။ ကလေးတွေကို ငယ်ငယ်ကတည်းက ပိုက်ဆံတစ်ခုတည်း ကြည့်တတ်ဖို့ သင်ပေးထားတာကို ကျွန်မက မကြိုက်ပါဘူး ။ အခုခေတ်မှာ စီးပွားရေးဆိုတာ အရေးကြီးလှပါတယ် ။ ဒီလိုပဲ တစ်ဖက်တစ်လမ်းမှာ လူသားအခွင့်အရေး ၊ လူသားချင်း စာနာထောက်ထားမှု ၊ လူမှုပတ်ဝန်းကျင် အစရှိတဲ့ အကြောင်းအရာတွေကိုလည်း သင်ကြားပေးသင့်ပါတယ်။

ခြံစည်းရိုးခွထိုင်ထားတဲ့ စင်္ကာပူနိုင်ငံမှာကျင်းပမယ့် ဒီအာဆီယံထိပ်သီးဆွေးနွေးပွဲမှာ ဘာတွေများဖြစ်လာမှာလဲ ကျွန်မတို့ ကြည့်ရမှာပါ



ကျွန်မ စင်္ကာပူရောက် မြန်မာလူမျိုးအားလုံးကို တစ်ခု တိုက်တွန်းနှိုးဆော်လိုတာက စနေနဲ့တနင်္ဂနွေရက်ကျရောက်တဲ့ နိုဝင်ဘာ ၁ရရက်နေ့နဲ့ နိုဝင်ဘာ ၁၈ ရက်နေ့မှာ မြန်မာလူမျိုးအားလုံး ဘယ်ပဲသွားသွား အနီရင့်ရင့်ကို ၀တ်ဆင်ပြီး မိမိတို့ရဲ့ဆန္ဒတွေကို ငြိမ်းချမ်းစွာ တစ်ဦးတစ်ယောက်စီ ဖော်ထုတ်ပြသဖို့ပါ .. ။ ဖြစ်နိုင်ရင်တော့ ပန်နီဆူးလားမှာ ရောင်းတဲ့ ဒီတီရှပ်တွေကို ၀တ်ဆင်ပြီး လက်ပတ်အနီလေးပါစည်းထားရင် အကောင်းဆုံးပါပဲ .. ။ မြန်မာပြည်နဲ့ပတ်သတ်တဲ့ စာတန်းလေးတစ်ခုခုပါဝင်တဲ့ အကျီကိုဝတ်ဆင်ထားရင် အကောင်းဆုံးပါပဲရှင် .. ။

ကျွန်မတို့က အပြင်မှာလည်း လျှောက်အော်တာမဟုတ်ဘူး ။ လမ်းသွားလျှောက်တာလည်း မဟုတ်ဘူး ။ ကျွန်မတို့က ၁၇ ရက်နဲ့ ၁၈ ရက်နေ့ ( စနေနှင့်တနင်္ဂနွေ) မှာ ဘယ်ကိုပဲသွားသွား တီရှပ်အနီရင့်ရင့်နဲ့ လက်ပတ်အနီလေးစည်းထားမယ်ဆိုရင် စင်္ကာပူတစ်နိုင်ငံလုံးမှာ ကျွန်မတို့ မြန်မာတွေရဲ့ ရင်ထဲကဖော်ထုတ်ပြသမှုတွေပျံ့နှံ့နေမှာပါ .. ။

`လွတ်လပ်မှုဆိုတာ
သူ့အလိုလိုရောက်လာတာ မဟုတ်ဘူး
လွတ်လပ်မှုနဲ့လူ့အခွင့်အရေးဆိုတာ
ကိုယ်ကရအောင်တိုက်ယူမှရမှာ´



5 comments:

YeKyawAungMDY said...

လာပြီးဖတ်သွားပါတယ်၊ ညီမ လင်းလက်-
keep on trying for Burma!!

Anonymous said...

It is bad that I see no big actions in Thailand.

Anonymous said...

ညီမရေ ... အိုဘီပီ အောင်မြင်ပါစေလို့ အမလည်း ဆုတောင်းပါတယ် ။

ဒါနဲ့ အမကလည်း စင်္ကာပူပညာရေးကို စိတ်ဝင်စားသူတယောက် ဖြစ်တော့ ၊ စင်္ကာပူနိုင်ငံမှာ မြန်မာကလေးတွေကို ငယ်၂လေးထဲက စီးပွားရေးနဲ့ ပတ်သက်တဲ့ အတွေးတွေပဲ ရိုက်သွင်းတယ်ဆိုတာ ၊ ပိုက်ဆံတစ်ခုတည်း ကြည့်တတ်ဖို့ သင်ပေးတယ်ဆိုတာ ဘယ်လိုမျိုးတွေလဲဆိုတာ ညီမ လေ့လာထားသလောက်ထဲက ဥပမာလေးတွေနဲ့ သိပါရစေ ။

ဆောင်းယွန်းလ said...

My Sister;
You are a very good writer and motivator for our country. Your post motivates audience to participate in our movement for Burma. This is great post.

Anonymous said...

ညီမလေးလင်းလက်ရေ..
စင်္ကာပူမှာ ကြီးပြင်းခဲ့တဲ့ညီမအနေနဲ့ ဒီနိုင်ငံအကြောင်းကို ညီမပိုသိနေပြီးပေါ့။ ဘယ်နိုင်ငံမဆို မိမိနိုင်ငံရဲ့  အမျိုးသား အကျိုးစီပွားထက် တခြားဘာကိုမှ အလေးပေးလို့  မရပါဘူ၊ ဒါဟာအမှန်တရားပါပဲ၊ စင်္ကာပူနိုင်ငံဟာ ဒီမိုကရေစီနိုင်ငံလို့ ဆိုနေပေမဲ့ အတိုက်အခံပါတီဆိုတာ ရှိတယ်ဆိုရုံလေးပဲဆိုတာ ညီမလေးကို အထူးပြောဖို့ မလိုလောက်ပါဘူး၊ နိုင်ငံသားအားလုံးကိုလည်း အရှေ့တောင်အာရှရဲ့ တစ်ခုတည်းသော ဖွံ့ဖြိုးပြီးနိုင်ငံအနေနဲ့ ပြီးပြည့်စုံအောင် ဖန်တီးပေးထားပါတယ်။ ဒါဟာလည်း အစိုးရနဲ့ ပြည်သူကြည်ဖြူနေကြလို့ တိုးတက်ခဲ့တဲ့ရလာဒ် တစ်ခုပဲပေါ့။ ကိုယ်တို့တွေအတွက် နမူကောင်းတစ်ခုပါပဲ။ ဒါပေမဲ့ နိုင်ငံရေးလောကသားမဟုတ်ဘဲ နိုင်ငံရေးကိုတော့ ၀င်ရှုတ်ခွင့်မရဘူး၊ မရအောင်လည်းပိတ်ပင်ထားတယ်။ ပြည်သူတွေကြားမှာလည်း နိုင်ငံရေး စိတ်မမွေးနိုင်အောင် ညီမရဲ့ စာထဲကအတိုင်းစီးပွားရေးကို စောင်းပေးပြီး ချီတက်နေခဲ့တယ်။ ဒါပေမဲ့ ညီမလေးတို့ရဲ့ မြန်မာအရေး လှုပ်ရှားမှုက သူတို့နိုင်ငံသားတွေ့ကို နိုင်ငံရေးစိတ်နှိုးဆွပေးမှာကို စိုးရိမ်နေတယ်။ ဒါကြောင့် စင်္ကာပူ အစိုးရဟာ ညီမလေးတို့ရဲ့ OBP နဲ့ နိုင်ငံခြားရေးဝန်ကြီး လာတွေ့တာပေါ့။ ဒါဟာလက်ရှိအစိုးရတစ်ခုရဲ့ မဖြစ်မနေ ဆောင်ရွက်ရမဲ့ လုပ်ငန်းတာဝန်သာဖြစ်တယ်။ ဒီလိုပဲလိုအပ်လာခဲ့ရင် ချကြွေးဖို့ကိုလည်း ပြင်ဆင်ထားတယ်ဆိုတာ ကိုတော့ သတိထားဖို့လိုတယ်။ ဒါက OBP နဲ့ပတ်သက်လိုပါ။
နောက်တစ်ခုက မြန်မာကို အာဆီယံက ထုတ်ဖို့ဆိုတဲ့အချက်က isolated country ဖြစ်အောင် တွန်းပို့ နေသလိုဖြစ်တဲ့အတွက် ကိုယ်ကတော့ လက်မခံနိုင်ပါဘူး။ နိုင်ငံတကာနဲ့ ထိတွေ့နေတာတောင်၊ နိုင်ငံတကာက ၀ိုင်းပြီးဖိအားပေးနေတာတောင် ပြောင်းလဲမှုတွေ နှေးကွေးနေတဲ့ နိုင်ငံတစ်ခုဟာ သီးခြားဖြစ်သွားရင်ပိုပြီးတော့ ပြည်သူတွေ ဒုက္ခရောက်သွားမှာပေါ့။ စင်္ကာပူမှာနေတဲ့ သူကတော့ဝမ်းသာမှာပေါ့ ။ အခွန်နှစ်ထပ်မဆောင်ရလိုလေ။ ဒါပေမဲ့ နိုင်ငံတွင်းကပြည်သူတွေကိုတော့ ပြန်စဉ်းစားသင့်တယ်။ ကိုယ်ရဲ့ဆောင်ရွက်ချက်ဟာ ကိုယ့်နိုင်ငံရဲ့ အမျိုး သား အကျိုးစီးပွားကို ထိခိုက်ပြီနေလားဆိုတာကိုတော့ ဂရုစိုက်ရလိမ့်မယ်။
ညီမလေးတို့ OBP တွေ တွေးခေါ်နိုင်အောင်လိုပါ။
ကျေးစေတမန်

Post a Comment

အကြံပြု comment ၀င်ရေးပေးတဲ့အတွက် လှိုက်လှဲစွာ ကျေးဇူးတင်ရှိပါတယ်ရှင် ။ မဖွယ်မရာ စကားများ ၊ ဆဲဆိုခြင်းများ ၊ ပေါကြောင်ကြောင်စကားများ ၊ တစ်စုံတစ်ဦး၏ ကိုယ်ကျင့်တရားသိက္ခာကို ထိခိုက်စေသော စကားများ ဖြစ်ပါက ထို comment များကို လက်ခံမည်မဟုတ်ကြောင်း လေးစားစွာ အသိပေးအပ်ပါတယ်ရှင် ။ အလည်လာရောက် အကြံပြုရေးသားခြင်းများအတွက် ကျေးဇူးတင်ပါတယ် ။ စာများ ရှင်းလင်းစွာ မြင်ရဖို့အတွက် Space များ ထည့်ရိုက်ပေးကြပါရှင်။