Thursday, October 26, 2006

ငွေများကြားကပညာရေး

ရန်ကုန်မှာ ကျောင်းစတက်တော့မှတ်မိပါသေးတယ်… ကျမ ၀မ်းကွဲ အကို၁ယောက် အမ၁ယောက်နဲ့ ကျမတို့ ရန်ကုန်ကျောင်းမှာ အပ်ဖို့ အမေက စုံစမ်းတာပါ… ကျမတို့ အောင်လက်မှတ်တွေကို တချက်ပဲကြည့်ပြီး ကျောင်းအုပ်ဆရာကြီးက တစ်ခွန်းပဲပြောပါတယ်.. ကားတစ်စီးပဲဝယ်ပေးလိုက်တော့တဲ့ .. နောက်နေတာလားလို့ တော်တော်လေးကြောင်သွားတယ်… လွန်ခဲ့တဲ့ ၈နှစ်လောက်ကပါ … ကျမအမေက ကားတစ်စီးဝယ်ပေးမယ့်အစား ကိုယ်တိုင်ပဲ ကားပြောင်းလိုက်ပါတော့မယ် ကျေးဇူးတင်ပါတယ် အခြားကျောင်းပဲ သွားတော့မယ်ဆိုပြီး ထွက်လာခဲ့ပါတယ်.. ရန်ကုန်က နာမည်ကြီးကျောင်းတွေဆိုလို့ ကျမ အဲဒီတုန်းက ကလေးအတွေးနဲ့မှတ်ယူလိုက်တာက `သြော် နာမည်ကြီးတယ်ဆိုတာ ပိုက်ဆံပိုပုံပေးရလို့ကိုး´လို့..

ဒီမှာ ကျောင်းဝင်ခွင့်အတွက်ဆိုရင် ဘယ်သူ့ကိုမှ ဘာမှ သွားပုံမပေးရပါဘူး.. အရေးကြီးတာ မင်းအရည်အချင်းရှိလား.. ရှိ၇င် လက်ခံတယ် ကြိုဆိုတယ်… ဒါပဲလေ.. အမိမြေမှာက ဘယ်အရာမဆို ပိုက်ဆံနဲ့ပေးဝယ်ရင်ရတယ်ဆိုတော့ လူတွေက ပိုက်ဆံမျက်နှာတွေပဲ ကြည့်ကြတော့တယ်.. အပြင်မှာကျတော့ ငါအရည်အချင်းရှိမှ နေလို့ရမယ်လို့ စိတ်ဓါတ်ထဲ အတွေးက၀င်တော့ ကိုယ်တိုင်ပဲ တကယ်တတ်မြောက်အောင် ကြိုးစားကြရပါတယ်.. ဒါဟာ ကွာခြားမှုပါ…

မြန်မာပြည်မှာ စာမသင်နိုင်သော ကလေးဦးရေတွေ အများကြီးတည်ရှိနေပါတယ်.. အဲဒီအတွက် အဖွဲ့လိုက် လှူဒါန်းနေကြသော အုပ်စုအသင်းဝင်တွေ ၊ တတ်နိုင်သလောက် လှူကြသူများကို သာဓုခေါ်မိပါတယ်.. ကျမ မိသားစုကလည်း အလှူအတန်းပြုရင် လူသိတာ မကြိုက်ပါဘူး.. ကိုယ်လှူလိုက်ရရင်ပြီးတာပဲ.. အထူးသဖြင့် နာမည်ကြီးစာသင်ကျောင်းတွေကို လှူလေ့မရှိပါဘူး.. အပြင်မှာဆိုရင် လူတိုင်း ကျောင်းတော့ တက်နိုင်ကြပါတယ်.. အမေရိကဆို ပိုအဆင်ပြေပါတယ်.. သူတို့နိုင်ငံအစိုးရက ကလေးတစ်ယောက်ကို အထက်တန်းထိ တာဝန်ယူထားပုံက စစ်အာဏာရှင်နဲ့ဆိုရင်တော့ တခြားစီ.. ပညာမတတ်သူတွေ မြန်မာပြည်ရဲ့ နယ်မြို့တွေ ၊ မြို့ကြီးတွေမှာ များလာတော့ ၊ မိမိ၇င်သွေးကို ကျောင်းမထားနိုင်သော မိခင်တွေရဲ့ ခံစားချက်တွေအားလုံးက တကယ်ကို စိတ်မကောင်းဖြစ်မိပါတယ်.. တနိုင်ငံလုံးကို လိုက်ထောက်ပံ့ရအောင် ချမ်းသာနေခဲ့ရင်တော့ ဒါတွေမရေးတော့ဘူး .. တခါတည်းပဲသွားပေးလိုက်မိမှာပဲလေ…

Read More...

နောက်ကျလွန်းနေသော ပညာရေး


သူများနိုင်ငံမှာ တစ်နှစ်တစ်တန်း အောင်ဖို့ မနည်းကြိုးစားကျက်မှတ်နေချိန်မှာ ဘာရယ်မဟုတ် ချစ်လှစွာသောမြေမှ ပညာရေးကို သတိရမိတယ်.. ပထမဦးဆုံးပြောချင်တာက ကမ္ဘာသုံးစကားဖြစ်တဲ့ အင်္ဂလိပ်စာ ဘာသာရပ်ကို မြန်မာကျောင်းတွေမှာ သေချာမသင်ပေးခြင်းပါပဲ… ကျမတို့ ၁၀တန်းမှာ သင်ခဲ့တဲ့ အင်္ဂလိပ်စာခက်လိုက်တာဆိုတာ နိုင်ငံခြားလည်းရောက်ရော သူတို့ကျောင်းတွေရဲ့ primary level အဆင့်ပဲရှိတာကို ရှက်ဖွယ်တွေ့လိုက်ရပါတယ်.. မြန်မာပြည်က ကျောင်းအားလုံးမှာ Grammar ကို သေချာမသင်ရလို့ ဥပဒေမထုတ်ရုံတမယ်ထားရှိပြီး ကျောင်းသား ကျောင်းသူအားလုံးက အကုန် အားနည်းလာကြပါတယ်… မြန်မာစာကိုလည်း သေချာသင်ကြားပေးသင့်သလို အင်္ဂလိပ်စာကိုလည်း လျစ်လျူရှုလို့မရပါဘူး.. အခု ကမ္ဘာကြီးက Globalization ခေတ်ကြီးပါ.. တနိုင်ငံနဲ့တနိုင်ငံ ဆက်နွယ်ပြီး ကူးသန်းသွားလာနေချိန်မှာ မြန်မာစာသည်တို့စာ ကျန်တာတွေ ဂရုမစိုက် လုပ်နေလို့မရဘူးလေ.. နောက် ငယ်စဉ်ကတည်းက ကလေးတွေကို ပညာရေးဘက်မှာ စိတ်ဓါတ်ပိုင်းတွေ ရိုက်ချိုးထားတာကတော့ အဓိကက စာမေးပွဲပါပဲ… နှစ်ဝက်စာမေးပွဲတစ်ခုထားရှိပြီး နောက်ဆုံး final ထားရှိသော စနစ်က တစ်လတစ်ခါ လပတ်ဖြေပြီး ဘာမှမတတ်ဘဲ အောင်သွားသော စနစ်ထက်စာရင် ပိုကောင်းပါတယ်… မြန်မာပြည်က သင်္ချာတစ်ခုတော့ တော်တော်ကောင်းပါတယ်.. အင်္ဂလိပ်စာတစ်ခုကို သေချာမသင်ကြားပေးတာပဲ အတော်လေးခက်တာပါ.. နိုင်ငံတော်တော်များများရဲ့ ပညာရေးစနစ်နဲ့ မြန်မာနိုင်ငံ ပညာရေးစနစ်ကို လက်တွေ့ကျကျ နှိုင်းယှဉ်ကြည့်မယ်ဆိုရင် လင်းတို့နိုင်ငံပညာရေးက သူများထက် အလှမ်း၅၀လောက် နောက်ကျကျန်ရစ်နေပါပြီ… ဘ၀ရွေးချယ်မှုလမ်းကြောင်းကို ဆုံးဖြတ်ပေးတဲ့ အဓိက တက္ကသိုလ်ဝင်တန်းအကြောင်း ပြောရအောင်… မြန်မာတစ်ပြည်လုံး မေးခွန်းတစ်ခုတည်း မထားတာက သိပ်ပြီးတော့ အများကြီးမပြောလိုဘူး.. အရင်တစ်ချိန်တုန်းကဆိုရင် ၁၀တန်းဆိုတာ တခါအောင်ဖို့ကို တကယ် ကြိုးစားပမ်းစား ကျက်မှတ်ပြီးမှ ကောလိပ်တက်ရတာပါ.. ကောလိပ်ကျောင်းသားဆိုရင် လူတိုင်း အ၇င်တုန်းက အထင်ကြီးပါတယ်.. အခုတော့ ဘွဲ့လက်မှတ်တွေကို မှိုလိုပေါက်သလို ပေးထားပြီး ဘာမှ လုပ်ကိုင်စားသောက်လို့မရပါဘူး… အပြင်က O level နဲ့ မြန်မာပြည်က ၁၀တန်းကို ယှဉ်ကြည့်လိုက်ပါ.. အကွာကြီးပါပဲ… ပညာရေးစနစ်ကို ဟိုလိုခွဲထုတ်လိုက် ဒီလိုပေါင်းထုတ်လိုက်နဲ့ ကျောင်းသားတွေရော ဆရာမတွေပါ ရူးချင်နေကြပြီ..

ပညာဘွဲ့လက်မှတ်ဆိုတာ ဘ၀မှာ အသက်မွေးဝမ်းကြောင်းပြုလုပ်ဖို့အတွက်ပါ.. Business ဘွဲ့ရသူဆိုရင် သူတတ်ထားတဲ့ ပညာနဲ့ အလုပ်အကိုင်လုပ်ဖို့အတွက်… Engineer ဆိုရင်လည်း သူတတ်ကျွမ်းတဲ့ ပညာနဲ့ အလုပ်အကိုင်အတွက်… ဆရာဝန်ဆိုရင်လည်း တကယ်ကို တတ်ကျွမ်းပြီးမှ လူတွေအသက်ကို ကယ်ဆယ်ပြီး ဘ၀အသက်မွေးဝမ်းကြောင်းအတွက်.. ၁၀တန်း မေးခွန်းတွေကလည်း တိုင်းမှုးတွေ ဗိုလ်မှုးတွေသားသမီးကြားကနေ တဆင့် တဆင့်ပေါက်ကြားနေတာ ဘယ်လိုလုပ် အရည်အချင်းမှန်တွေ ပေါ်ထွက်တော့မှာလည်း.. မြန်မာပြည် ပညာရေးကြောင့် တကယ်အရည်အချင်းရှိသူတွေနဲ့ မရှိသူတွေ အကုန်ရောထွေးကုန်ပါတယ်.. ဆေးတက္ကသိုလ်မှာဆိုရင်လည်း တကယ်တတ်ကျွမ်းအောင် မသင်ကြသလို အချို့သောကျောင်းသားများကလည်း စာတစ်လုံးမှမကျက်ဘဲ ဘွဲ့တောင်ရသွားသူတွေရှိပါတယ်.. သူတို့တွေ လူတွေအသက်ကို ကယ်မှာလား .. ဆရာဝန်လုပ်လို့ လူနာ အသက်ပျောက်မှာလား.. ဆေးလိုင်းမှာ တကယ်ကို စာကျက်မှတ်ပြီး ထူးချွန်သူတွေရှိသလို လကုန်ရင် သွားကန်တော့ပြီး အောင်လာတယ်ကွဆိုပြီး အော်ပြီးလာတဲ့ကျောင်းသားတွေကြောင့် တော်တော်လေး ရင်လေးမိပါတယ်.. ဂုဏ်ထူးတန်းတက်ချင်ရင် ဘယ်လောက်ပေးရင်ရတယ်. ဆေးတက်ချင်ရင် ဘယ်လောက်ပေးရမယ်ဆိုတာတွေ ပြောနေတာ ကြားရတော့ သြော် ပညာရေးဆိုတာ ငွေနဲ့ပေးဝယ်ရသော ရုပ်ဝတ္တုလားဆိုတာ တွေးမိပါတယ်.. တိုးတက်သော နိုင်ငံတွေမှာဆို၇င် ဘယ်လောက်ပညာတတ်ရင် ဘယ်လောက် အသက်မွေးဝမ်းကြောင်းအတွက် ရနိုင်တယ်ဆိုတာ တခါတည်း ခန့်မှန်းဆုံးဖြတ်လို့ရပါတယ်.. ကျမတို့နိုင်ငံမှာတော့ ဘွဲ့လည်းရပြီ ၊ စာလည်းတော်သည် ၊ အလုပ်တော့မရှိလို့ဆိုရမှာပေါ့… ပညာရေးကနေ ဘာမှလုပ်မရတော့ လူတွေက ပြည်ပထွက်ဖို့ တအား အားသန်နေကြရော .. သတင်းတစ်ခုထဲက ဖတ်လိုက်ရသလိုပေါ့.. နောင်ဆို၇င် မြန်မာပြည်မှာ လူငယ်တောင်ကျန်ပါ့မလားမသိဘူးတဲ့… ရသလို ပြည်ပကိုကြိုးစားထွက် ၊ ပညာသင် ၊ မိသားစုကို ပြန်ထောက်ပံ့ရင်း အားလုံးက ချစ်တဲ့မြေကို အခြေအနေကြောင့်စွန့်ခွာသွားရတာပါပဲ.. နိုင်ငံကို ပြန်လည်ထူထောင်ရင် ပညာရေးကို ထိပ်ဆုံးကနေ ပြန်လည်ပြောင်းလဲရမယ်လို့ဆိုစမှတ်ပြုရမှာပဲ… အ၀ီဇိထိ ရောက်နေတဲ့ ပညာရေးကြောင့် လူတော်လူတတ်တွေ အများကြီးကို ဆုံးရှုံးနေရပြီလေ… ကလေးတွေရဲ့ စိတ်ဓါတ်တွေလည်း အကုန်ဖျက်ဆီးခြင်းခံရတာပေါ့ .. မြန်မာပြည်မှာက တီထွင်ကြံဆနိုင်မှု ၊ ကိုယ်ပိုင်အတွေးအခေါ် ၊ ဖန်တီးမှုစွမ်းရည်တွေကို လိုလားစွာ ကျောင်းတွေမှာသင်ပေးခြင်းမရှိပါဘူး.. အားရင် စာပဲ အသကုန်စွတ်ကျက်ခိုင်းပြီး ၏သည်မရွေးအော်နေရတာများပါတယ်.. လွတ်လပ်မှုအားလုံးကို ပိတ်ဆို့ထားတော့ ဘယ်အရာကိုမှ ကိုယ်ပိုင်လုပ်ချင်စိတ် မရှိကြတော့ဘူး .. စိတ်ဓါတ်ရေးတွေ ပျက်စီးလာလေ အာဏာရှင်တို့အကြိုက်ပေါ့.. တကယ်တော့ ဒါတွေဟာ အားလုံး မင်းဆင်းပေးမှရမှာပဲ အာဏာရှင်ရေ..

Read More...

Tuesday, October 24, 2006

သံလွင်အိပ်မက် အမှတ်(၈)

စောင့်မျှော်နေသော သံလွင်အိပ်မက်မဂ္ဂဇင်းအမှတ်(၈) ထွက်ရှိတော်မူလာပါပြီ..

သံလွင်အိပ်မက်အတွက် အမြဲတမ်း အချိန်ကုန်ခံပြီး အကောင်းဆုံးကို ကြိုးစားလုပ်ဆောင်ပေးခဲ့သော အယ်ဒီတာ၎ဦးကို လှိုက်လှိုက်လှဲလှဲကျေးဇူးတင်ရှိပါတယ်..

သံလွင်အိပ်မက်ရဲ့ လက်ရာက တော်တော်များများနဲ့မတူ လက်ရာသေသပ်ကောင်းမွန်ပြီး အားလုံးက အကောင်းဆုံးကိုကြိုးစားတာကို ကြည်နူးဖွယ်မြင်ရမှာပါ..

ရသ ၊ သုတ ၊ သတင်း ၊ ကာတွန်း ၊ ကဗျာ ၊ ဇတ်လမ်းတို ၊ ဆောင်းပါး ၊ ဆွေးနွေးခြင်း ၊ သီချင်းအပါအ၀င် အက်ဆေးများဖြင့် မွမ်းမံခြယ်လှယ်ထားသော သံလွင်အိပ်မက် ဒီထက်အများကြီး ပိုအောင်မြင်မှုရရှိပါစေ..

http://www.thanlwin.com/thanlwinainmat

Read More...

Monday, October 23, 2006

ငါမုန်းတဲ့သူများ

ငါမုန်းတဲ့သူများစာ၇င်းကိုစုလိုက်မယ်

၁) အာဏာရှင်ဆန်တဲ့ လူတွေကို ခါးသက်နေအောင်မုန်းတယ်

၂) စောက်စကားကို မလိုအပ်ဘဲပြောပြီး သူများအကြောင်းကို မလိုအပ်ဘဲ အားအားယားယား ထိုင်ပြောတဲ့ မိန်းမတွေကိုမုန်းတယ်.. အဲဒါကြောင့်ငါ့ကို အချို့သူများက မိန်းမလို့မထင်တာ.. မြင်ရင်တော့ မိန်းကလေး သိပ်ဆန်တော့ အံ့သြကြတယ်.. ရေးတဲ့စာတွေကပြင်းတာကိုး..

၃) သူများ အကျိုးစီးပွားကိုပျက်အောင်လုပ် ၊ သူများနာမည်သိက္ခာကို လိုက်ချတဲ့ လူတွေကိုမုန်းတယ်

၎) တခုခုဝယ်ဖို့လုပ်တိုင်း အမြဲ တမေ့တမောတန်းစီရတဲ့ ဒီနိုင်ငံကိုလည်းမုန်းတယ်

၅) ငါ့ကို အပေါ်ယံရှပ်ခင်ပြီး စိတ်ထဲကနေ အမုန်းပွားနေတဲ့ လာလာပြီးဟန်ဆောင်ပေါင်းနေတဲ့ မြေခွေးမတွေ မြေခွေးထီးတွေကိုမုန်းတယ်. သူတို့ဟန်ဆောင်တော့ ကိုယ်က မသိသလို လိုက်ပြုံးပြနေရတာ မောလွန်းလို့

၆) ဘာပြသနာမှမရှိဘဲ ငါက တခါတလေ ခင်လို့လိုက်နောက်တာကို သိသားနဲ့ ဘလိုင်းကြီး လာဖောင်းတဲ့ စင်ကာပူက အပျိုကြီး၂ယောက်ကိုမုန်းတယ် ( ပေါ်တင်ပဲ)

၇) ငါဘယ်သူ ဘယ်ဝါမှန်းသိတာ တအားနည်းတဲ့ ဒီအွန်လိုင်းလောကမှာ ငါ့နာမည်ကို ဖျက်နေတဲ့ မကောင်းဆိုးဝါးတွေကိုမုန်းတယ်… မာနဆိုတာ အရှင်သခင်လို မကောင်းဆိုးဝါးတွေနဲ့ ပတ်သတ်လာရင် ကိုးကွယ်တဲ့ငါ့ကို ငါ့စာဖတ်ပရိတ်သတ်တွေ အထင်အမြင်သေးအောင် လိုက်ပြီး အချိန်ယူ ဖျက်ဆီးနေတဲ့ မနာလိုသော မိစ္ဆာတွေကိုမုန်းတယ်။

၈) ရိသလို သဲ့သလိုလိုနဲ့ နောက်ကွယ်ရာမှာ အတင်းပြောတဲ့ ယောက်ျားမဆန်သော အခြောက်တွေကို မုန်းတယ်

၉) ကိုယ်တိုင်တော့ ဘာမှမဟုတ်ဘဲ အွန်လိုင်းပေါ်မှာ လေကျယ်နေတဲ့ ဒေါ်စိန်မမအဖွဲ့ကိုကြည့်မရဘူး

၁၀) ဘာမဟုတ်တဲ့နာမည်လေး တစ်ခုကို ရယူပိုင်ဆိုင်ထားတဲ့ငါ့မှာ ဘ၀င်ဆိုတာမရှီဘဲ ငါဘ၀င်မြင့်တယ်လို့ လိုက်ဖွနေတဲ့ အကောင်တွေကိုမုန်းတယ်

၁၁) အတင်းပြောတဲ့မိန်းမတွေငါမုန်းတယ်.. ငါကိုယ်တိုင် မကျေနပ်ရင် ပေါ်တင်ပြောတယ်. နောက်ကွယ်မှာ `ဟိုတယောက်ကဟိုလိုကြီးဘာဘာညာညာ´ဆိုပြီး တိုးတိုးတိတ်တိတ် ကပ်ပြောတာ ၀ါသနာမပါဘူး

၁၂) အဆင့်အတန်း သိပ်ခွဲခြားထားတဲ့ တခုခုဝယ်ရင်တောင် citizenship ကိုကြည့်ပြီး ခွဲထားတဲ့ ဒီနိုင်ငံ ဥပဒေကို မုန်းတယ်

၁၃) ပြည်ပမှာနေပြီး ပညာနည်းနည်းတတ်လာရင် ထောင်ကြွနေတဲ့ လူတွေကိုမုန်းတယ် … အထဲကလူတွေကို နှီမ်ပြောတာ မြင်ဖူးနေလို့

၁၄) ကိုယ်တိုင်မလုပ်နိုင်သောအရာ သူများလုပ်နေရင် မနာလိုစိတ်နဲ့ဖျက်ဆီးသူတွေကို မုန်းတယ်

၁၅) သံရုံးအသိုင်းဝိုင်းကဆိုပြီး လေကျယ်နေတဲ့ မကြာခင်ဂျောင်းရမယ့်ဟာတွေကို မုန်းတယ်

၁၆) ပေါ်တင်မပြောရဲဘဲ နောက်ကွယ်ကနေ စိန်ခေါ်တဲ့ လူတွေကိုမုန်းတယ်

ဒီလောက်ပဲရေးအုန်းမယ်.. ထပ်သတိရရင်ထပ်ဖြည့်မယ်.. နာမည်အတိအကျ ပြောချင်လည်း ထည့်ပြောမယ်.. ဒီလိုမျိုးအကြောင်းကို တခြားဘလော့ခ်ဂါတွေလည်း ရေးခဲ့ဖူးတာ တွေ့ဖူးသလိုပဲ… ကိုယ့်စိတ်ထဲရှိတာ ရေးနေခြင်းပါပဲ.. ခိုးယူတယ်လို့အော်ချင်တဲ့သူ ဖင်နဲ့ခေါင်းဆောင့်သေလိုက်..

Read More...

Citizenship


မကြာခင်မှာ ထွက်ရှိမယ့် သံလွင်အိပ်မက် issue 8 မှာ ဆွေးနွေးထားတဲ့ ` မြန်မာတွေ အခြားနိုင်ငံသား ခံယူသင့် ၊ မသင့်´ ခေါင်းစဉ်ကို စဉ်းစားမိပါတယ်..
ကျမတော့ နိုင်ငံသား မဖြစ်သေးဘူး.. ဘယ်တော့မှ မဖြစ်လာနိုင်ဘူးလို့လည်း မပြောချင်ဘူး… တော်ကြာ အခြေအနေတစ်ခုကြောင့်ဆိုရင် အရှက်ကွဲမှာစိုးလို့..
တစ်ကယ်တော့ လူတစ်ယောက်က ဘယ်နိုင်ငံသားကိုပဲ ခံယူထားသည်ဖြစ်စေ ၊ သူ့လုပ်ဆောင်ချက် ၊ အရေးကြုံရင် စွန့်လွှတ်မယ့်သူ့လုပ်ရပ်တွေကသာ ပိုအရေးကြီးတယ်လို့မြင်ပါတယ်.. ဥပမာ - နိုင်ငံတော်အရေးကြောင့် နိုင်ငံရေးသမား မိသားစုတွေ ပြည်ပကိုထွက်လာရတယ်.. အကြောင်း အမျိုးမျိုးကြောင့် ကိုယ့်မြန်မာပြည်ပါ့စ်ပို့ကို cancel လုပ်လိုက်ရတယ်.. သူတို့ဘက်ကကြည့်တော့လည်း သူတို့အကြောင်းနဲ့သူတို့ပဲ.. Myanmar passport တော့ကိုင်ဆောင်ထားပြီး စိတ်ဓါတ်က နအဖဘက်ကဆိုရင်တော့ ဆောရီးပေါ့ … တခြားနိုင်ငံသား ပါ့စ်ပို့ကိုင်ဆောင်ထားပြီး မြန်မာပြည်အတွက် အများကြီးလုပ်ပေးနေသူတွေရှိသလို မြန်မာပြည်အရေးကိုမေ့ ကိုယ့်ကိုယ်ကိုယ် မြန်မာမှန်းတောင် ပေးမသိခံတော့တဲ့ သူတွေလည်းရှိပါတယ်… လူတစ်ကိုယ်စိတ်တစ်မျိုးပါ.. သိပ်တော့လည်း ပြောလို့မရဘူး.. အဲဒါကြောင့် ဘယ်နိုင်ငံသားကိုပဲ ခံယူထားသည်ဖြစ်စေ ၊ မိမိသည် တိုင်းပြည်အရေးကြုံလာလျင် နိုင်ရာဘက်က ၀င်ရောက်ထမ်းဆောင်ဖို့ ၊ ကူညီနိုင်ဖို့ ၊ မမေ့ကြဖို့ဆိုတာပဲ အရေးကြီးပါတယ်.. အချို့သောသူများကတော့ `မင်းတို့က တိုင်းပြည်ကိုမေ့ပြီး အခြားနိုင်ငံသားခံယူထားတဲ့ နိုင်ငံခြားသားကိုကိုးကွယ်သူတွေပါ´လို့ ကဲ့ရဲ့ချင်ကြတယ်.. အဲဒိလိုစကားမျိုးတွေကို ကျမ မကြိုက်ပါဘူး.. လူတစ်ယောက်ဘ၀မှာ အခြားသူ မမြင်နိုင်တဲ့ အခက်ခဲတွေအများကြီး ရှိချင်ရှိမယ်.. သူ ဘယ်နိုင်ငံသားဆိုတာထက် သူဘယ်လိုရှင်သန်တယ် ၊ ဘာတွေလုပ်တယ်ဆိုတာက ပိုအရေးကြီးပါတယ်…. စာအုပ်ပေါ်မှာပဲ နာမည်လေးသာ ပြောင်းသွားကြတာပါ.. အားလုံးက မြန်မာပါပဲ..

Read More...

ကွာခြားချက်များ

တကယ်ကို သနားဖို့ကောင်းပါတယ်.. မြန်မာပြည်မှာ လမ်းဘေးရောက်နေတဲ့ ကလေးတွေ အများကြီး တည်ရှိနေပါတယ်…. သူများတွေ တိုးတက်တာ အချိန်ကို မရှိဘဲ အလုပ်နဲ့ကျောင်းရှု့ပ်နေချိန်မှာ မြန်မာပြည်ကတော့ မမျှတတဲ့ ဥပဒေအုပ်ချုပ်မှုတွေအောက်မှာ ပြည်သူတွေ ၀မ်းရေးအနိုင်နိုင်ဖြစ်နေရတာပေါ့..




Read More...

Friday, October 20, 2006

လိုက်နာကြပါ ( From Fat Punk Blog )

ဒီစာသားတွေက Fat Punk ဘလော့ခ်ကနေ ယူထားတာပါ.. သူရေးထားတဲ့ အိုင်ဒီယာလေးတွေကို အရမ်းသဘောကျလို့ လင်းဘလော့ခ်မှာ ဖော်ပြခြင်းပါ …….. ( ဘလော့ခ်ဘုရင်မကြီး mayvelous ပြောသလိုမျိုး ခိုးယူခြင်းမဟုတ်ပါ … အပြည့်အစုံဖော်ပြထားပါသည် )




“တပ်မတော်ကို ဖြိုခွဲသူ... တို့ရန်သူ”

မဖြိုခွဲပဲ တစ်တပ်လုံး အပျောက်ရှင်းပါရန်...

-------------------------------------------------------------------------------


“ပြည်ပအားကိုး ပုဆိန်ရိုး... အဆိုးမြင် ၀ါဒီများအား ဆန့်ကျင်ကြ”

ပြည်တွင်းခွစား လွှစာမှုန့်များကို အရင်ရှင်းလင်းကြပါရန်...

-------------------------------------------------------------------------------


“တပ်မတော်သာ အမိ... တပ်မတော်သာ အဖ”

အမိဆိုသောကြောင့် မြန်မာ့တပ်မတော်တွင် ဂေးများလဲ ရှိလေ၏။ လေးစားကြပါရန်...
သို့မဟုတ်၊ တပ်မတော်သာ မိထွေး၊ တပ်မတော်သာ ပထွေးဆိုလဲရ၏။

-------------------------------------------------------------------------------


“တပ်မတော် အင်အားရှိမှ တိုင်းပြည်အင်အားရှိမည်”

ယခု ပြည်သူတစ်ရပ်လုံး အငတ်ခံ၍ တပ်မတော်ကို ကျွေးမွေးနေခြင်းသည် တိုင်းပြည်အင်အားရှိရန်သာ ဖြစ်လေသည်။ ဂုဏ်ယူကြပါကုန်...

-------------------------------------------------------------------------------


“စက်မှုစွမ်းအား ခေတ်ကျော်လွှား”

ဖယောင်းတိုင်စက်များ တိုးချဲ့တည်ဆောက်ခြင်းဖြင့် ခေတ်ကျော်လွှားကြမည်။

-------------------------------------------------------------------------------


“ပြည်သူ့ သဘောထား”

ကိုယ်တိုင် ဘယ်တုန်းက သဘောထားလိုက်မှန်း မသိပါပဲ ဘယ်သူရေးလိုက်မှန်း မသိသည့်စာမို့ ဘာပြောရမှန်းမသိပါ။

-------------------------------------------------------------------------------

“မင်္ဂလာပါ ဘဘဗိုလ်ချုပ်ကြီး”

နှစ်ကြာလာလျှင် မြန်မာစကား၌ မင်္ဂလာပါဆိုသည်မှာ ပြန်ပါဟု နှုတ်ဆက်သည့် စကား ဖြစ်လာလိမ့်မည်။

-------------------------------------------------------------------------------


“ထုတ်ကုန်စွမ်းအား တိုးမြှင့်ကြ”

ထိုင်းနိုင်ငံသို့ သွားရောက်အလုပ်လုပ်ခွင့် လက်မှတ်များ ဈေးနှုန်းချိုသာစွာ ရနိုင်ပါပြီ။ (မိန်းကလေးများသာ...)

-------------------------------------------------------------------------------


“ပညာမြင့်မှ လူမျိုးတင့်မည်”

ပညာမြင့်ရန် တပ်ထဲဝင်ပါ။ ဖွံ့ဖြိုးရေးနှင့် တုတ်ခိုင်ရေးအသင်း (xxx ဖိုရမ်မှ xxx၏ အသုံးအနှုန်း) သို့ဝင်ပါ။ ပညာတော်သင် အစီအစဉ်ရှိသည်။ (ရုရှား၊ မြောက်ကိုရီးယား)

-------------------------------------------------------------------------------

“နိုင်ငံတော်တည်ငြိမ်ရေးနှင့် နိုင်ငံတော် တိုးတက်ရေးကို စွက်ဖက် နှောက်ရှက်သော ပြည်ပနိုင်ငံများအား ဆန့်ကျင်ကြ။”

(တရုတ်မပါ၊ ထိုင်းမပါ၊ အိန္ဒိယ မပါ၊ မြောက်ကိုရီးယား မပါ)
(အမေရိကန်ထိပ်ဆုံး... အစက်ထရာ...)

-------------------------------------------------------------------------------

“နိုင်ငံတော်၏ မတည်မငြိမ်၊ အဖက်ဖက်က ယိုရွင်းလာသည့် အခြေအနေများကို ထိမ်းသိမ်းနိုင်ရန်အတွက် တပ်မတော်မှ (မလွဲမရှောင်သာပဲ) နိုင်ငံတော်အာဏာကို လက်ခံလိုက်ရသည်။”

သနားကြပါ။

-------------------------------------------------------------------------------

“သစ်တစ်ပင်ခုတ် ထောင်ဒဏ် သုံးနှစ်”

တပ်မတော်မှ အပ

-------------------------------------------------------------------------------

“အမျိုးသား ညီလာခံ...”

တစ်မျိုးသားလုံး ညီညီညာညာ လာခံကြပါ။

-------------------------------------------------------------------------------

“နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးကို ထိပါး နှောင့်ရှက်လာခဲ့သည်ရှိသော် တပ်မတော်သည် (သေနတ်ကို) မိုးပေါ်ထောင်မပစ်ပါ။”

မြေကြီးကိုသာ အောက်စိုက်ပစ်မည်။ (သို့မဟုတ်...)
သေနတ်များ စုတ်သောကြောင့် ထောင်ပစ်လျှင် ကြည်မထွက်ပါ။


“နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးကို ထိပါး နှောင့်ရှက်လာခဲ့သည်ရှိသော်”

နောက်ပိုင်း ထပ်မပစ်တော့သည်မှာ အထက်ပါ စာကြောင်းအရ ကိုယ့်ဟာကိုယ် သတ်သေပြီး ကိုယ့်တပ်ကိုယ် ပြန်ပစ်ရမည့် သဘောရှိနေသောကြောင့် ဖြစ်သည်။

-------------------------------------------------------------------------------

အိုင်ဒီယာရလျှင် ဆက်ဖြည့်ဦးမည်။



ခေတ်မှီဖွံ့ဖြိုးနိုင်ငံစီ မီးခြစ်ကိုင်ပြီးချီတက်မည်

တိုးတက်ခေတ်မှီနိုင်ငံသို့ ဖယောင်းတိုင်ကိုင်ပြီး ချီတက်စို့

( ဒီ၂ခုက ကွန်မန့်ပေးထားတာကို ပြန်ရေးပေးခြင်းပါ )


Read More...

Wednesday, October 18, 2006

မြန်မာဘလော့ခ်များ

အင်း ပွဲပြီးမှငါက ထကဆိုသလို အခုမှပဲ ဒီစာတွေသိလိုက်ရတယ်. အားလုံးသိတဲ့အတိုင်း လင်းလက်လည်း ဘာမှမသိဘဲ ဘလော့ခ်ကုဒ်တွေ လျှောက်လုပ်လိုက်တာ တခုလုံး မာလကနဲ့ဈာန်ကြွသွားတာ ကိုယ့်အကြောင်းနဲ့ကိုယ် ဘယ်မှတောင်မဖတ်ဖြစ်မိဘူး… သူတို့ပြောမှပဲ ကိုယ့်ကိုယ်ကိုယ် ပြန်စဉ်းစားမိတယ်… ဘလော့ခ်ဆိုတာ ဘာကြီးမှန်းတောင် မသိခဲ့ဘူး.. နောက်ပိုင်း ကဗျာတွေ ဇတ်လမ်းတွေရေး၇င်းမှ သူငယ်ချင်းတွေက လင်းလက်ဘလော့ခ်ရေး ငါတို့ဝိုင်းအားပေးမယ်။ မသိ၇င်ကူညီမယ်ဆိုပြီး လာလာပြောကြတော့ ဘာမသိ ညာမသိနဲ့ စင်ကာပူက လျှာရှည်တဲ့ကောင်မလေး မလင်းလက်ကြယ်စင်လည်း ဘလော့ခ်ပေါ်ကို စမ်းတ၀ါးဝါးနဲ့ အကန်းတောထဲေ၇ာက်သလို စတင်ရောက်ခဲ့ရပါတယ်… အစတော့ သူငယ်ချင်းက မြန်မာဖောင့်သွင်းပေးတယ်…….. အဲဒီတော့ ကိုယ်အကြိုက်ဆုံးအနက်ကိုပဲ ယူပြီး ရေးတာပေါ့.. ဘလော့ခ်ရဲ့ပုံစံကိုကြည့်ရင်းနဲ့ ကိုယ့်စိတ်ထဲမှာ အွန်လိုင်းဒိုင်ယာရီသဘောမျိုး နောက် အချင်းချင်းဖလှယ်တဲ့ ကိုယ်ပိုင်ဆိုဒ်လို့ပဲသတ်မှတ်လိုက်ပါတော့တယ်…. လင်းလက်ဆိုဒ်က လူ့အခွင့်အရေးအကြော်ငး.. ဒီကိစ္စနဲ့ပတ်သတ်ပြီး အဲဒါပါဆိုင်လာလို့ပေါ်တင်ေ၇းတာ.. မဆိုင်ရင်မရေးဘူးရှင်…

၁) ဘလော့ခ်မှာ မြန်မာဘလော့ခ်တခုကောင်းကောင်းဖြစိဖို့ အကိုညီလင်းဆိုဒ်ကနေ စာတွေလိုက်ဖတ် လင့်ခ်တွေယူရတာ မှန်တဲ့အတွက် အကိုက အကူညီပေးသော လမ်းပြပေးသော သူတစ်ယောက်ပါ… မမှားပါဘူး မှန်ပါတယ်.. ဒါပေမယ့် ဘလော့ခ်ဆိုတာ freedom ရှိပါတယ်… ဟို စစ်တပ်ထဲကလို သူရနာမည်မပါရ ၊ ကြယ်နာမည်မထည့်ရ သတ်မှတ်ထားတဲ့ စည်းမျဉ်းတော့ အခုထိပြူးပြဲနေအောင် လိုက်ရှာတာ မတွေ့သေးပါဘူး.. ဘလော့ခ်တစ်ခုဖြစ်ဖို့အတွက် ရေးတဲ့သူအားလုံးက Professional Programmer တွေ မဟုတ်ကြသလို Professional IT သမားတွေမဟုတ်ပါဘူး…. အားလုံးက အင်တာနက်သုံးပြီး အချင်းချင်းဖလှယ်ကြသူပိုများပါတယ်… သူများဘလော့ခ်ရေးတော့ ကိုယ်လည်းရေးချင်စိတ်ရှိသူတွေ ဘလော့ခ်ကိုလိုက်ရေးတယ်.. သိတဲ့သူတွေလုပ်တာ အရင်လိုက်လုပ်ကြတယ်.. ကိုယ်ရေးချင်တဲ့အကြောင်းကိုရေးကြတယ်.. ဒါ လူတိုင်းရဲ့လွတ်လပ်ခွင့်ပါ… ကော်ပီလိုက်လုပ်ကြတယ်ဆိုတာက မသိမှမသိကြတာ.. ဘယ်နားက ဘဘုရားက လာလုပ်ပေးမှာလည်း..

၂) Please be genuine, why do you have to continue copying what others do? Where is your originality? Where is your creativity? Where is your imagination? Where is your uniqueness?

အဲဒီစာသားတွေကိုဖတ်ပြီး ခေါင်းပါတွင်တွင်ခါမိတယ်…. လူတိုင်းလူတိုင်းက ကိုယ်ရေးတဲ့ ဘလော့ခ်တစ်ခုကို ကိုယ့်စိတ်ကူးနဲ့ပုံဖော်ချင်ကြတယ်.. ဖြစ်နိုင်ရင် ဘလော့ခ်ကို သူများနဲ့မတူအောင် လိုက်ထွင်ချင်ကြမှာပဲ.. အရုပ်လှလှတွေကပ်မယ်.. နောက်ခံကောင်းကောင်းရှာမယ်… လှသလို အလှဆုံးဖြစ်အောင် မလုပ်ချင်သူ မရှိပါဘူး… ဒါပေမယ့် စိတ်ကူးနဲ့လက်တွေ့ဆိုတာ လုပ်ချင်တိုင်းသာလုပ်ခွင့်ရရင် အခက်ခဲဆိုတာ ဘယ်မှာလည်း.. စိတ်ကူးထဲမှာရှိပေမယ့် လက်က မလုပ်တတ်ရင် ဘယ်လိုလုပ်မလည်း.. ဥပမာ - ကိုယ့်ကိုယ်ကိုယ်ပဲပြန်ပေးပါ့မယ်.. လင်းလက်စာပဲရေးတတ်တယ်.. အခုချိန်ထိ ဘလော့ခ်က ဘာမှမပြင်တတ်ဘူး.. တုံးလွန်းလို့ပါ.. ငယ်ငယ်ကတည်းက အင်တာနက်ဆိုတာ အလုံးလား အပြားလား မြန်မာပြည်က သင်မှမသင်ပေးလိုက်တာ.. အဲဒီတော့လည်း အပြင်ရောက်မှ ပေါပေါသုံးနိုင်တယ်.. ရန်ကုန်အင်တာနက်နဲ့က အဆင်မှမပြေတာ.. အခုတိုင်းသာသုံးရရင် မွဲကိန်းပဲ… ကိုယ့်ဆိုဒ်ကိုယ် အားလုံး အကောင်းဆုံး သူများနဲ့မတူအောင်လုပ်ချင်ကြပါတယ်… မလုပ်တတ်သေးတော့ ဒိလိုပဲ သိသူလုပ်တာ အကူညီတောင်း အရင်ဆုံးသုံးရတာပေါ့.. ဒါဟာ သူ့လွတ်လပ်ခွင့်ပါ.. ငါလုပ်လို့ မင်းလျှောက်မလုပ်ရဘူးဟိတ်ကောင်လို့ သတ်မှတ်ထားသော ဥပဒေစည်းမျဉ်း ဘယ်နေရာမှာလည်း ကျေးဇူးပြုပြီး ယူလာပေးကြပါ………..

၃) ဘလော့ခ်မှာ ကိုယ်ရေးချင်တာရေးခွင့်ရှိတဲ့အတွက် မိမိနှင့်သက်ဆိုင်သော ရည်းစားပုံပဲဖြစ်ဖ်ြစ စော်ပုံပဲဖြစ်ဖြစ် တင်တာတော့ ပြောခွင့်မရှိပါဘူး.. ဒါသူ့ကိစ္စလေ.. မြန်မာယဉ်ကျေးမှု လူ့ဘောင်နဲ့ဆိုင်တယ်လို့ လာမပြောပါနှင့်.. ဘာဆို ဘာမှမဆိုင်ပါဘူး.. တကယ်လို့မကျေနပ်ကြ၇င်လည်း သူတို့အချင်းချင်း ရှင်းကြပေါ့.. သူ့စိတ်ထဲပါတာတင်တာ ကိုယ်နဲ့ဘာမှမဆိုင်သလို မြန်မာယဉ်ကျေးမှုနဲ့လည်း ဘာမှမဆိုင်တဲ့အတွက် ပြောပိုင်ခွင့်မရှိပါ…

၎) ဘလော့ခ်ဂါတိုင်းလိုလို ဘလော့ခ် ၂ခု၃ခုရှိတယ်ဆိုလို့ ကိုယ့်ဘလော့ခ်ကိုယ် ပြန်ကြည့်ရသေးတယ်.. သြော် ငါလည်း ဘာမှမခွဲထားပါလား.. တော်တော်တုံးပါလား လူတွေနားမလည်ကြဘူးလားဆိုပြီးကိုယ့်ခေါင်းကိုယ် အချက် ၁၀၀လောက်ခေါက်လိုက်ချင်ပါတယ်… ဘယ်ဘလော့ခ်က မိန်းလည်းဆိုတာထက် ကိုယ်ဝင်ကြည့်ခင်ျတာကို ၀င်ကြည့်လိုက်ရင် ရှင်းပါတယ်.. မကြိုက်ရင် မကြည့်နဲ့လေ.. မကြည့်မနေရ မသတ်မှတ်ထားပါဘူး..

၅) မသိတဲ့သူတွေက ရှေ့ကလမ်းပြသူလုပ်တာ လိုက်လုပ်ကြတာပါ…. မမေတို့လို ပရော်ဖက်ရှင်နယ် မဖြစ်သူတို့ရေ ဘာမှမသိရင် ဘလော့ခ်လိုက်မရေးကြနဲ့ ကြားလား.. မသိရင် လင်းလက်ကိုလညး လာမမေးကြပါနှင့်.. ဘာလို့လည်းဆိုတော့ လင်းလက်ကိုယ်တိုင်လည်း ဘာမှမသိဘဲ လျှောက်လုပ်နေလို့ အခုထိ ဘလော့ခ်က ပြင်လို့မပြီးနိုင်သေးဘူး… အဆင့်မမှီရင်လည်း မရေးကြနဲ့…. အနက်ရောင်လည်း လိုက်မသုံးကြနဲ့……… အနက်ဆိုတာ လူတိုင်းကြိုက်တဲ့အရောင်တစ်ခုဆိုပေမယ့် လိုက်သုံးရင် ပရော်ဖယ်ရှင်နယ်မမကြီးတွေက ဒီလိုပြောပါလိမ့်မယ်..

show off your artistic side, do change that black background and be colorful for god sake.

နိုင်ငံထဲတွင်မဟုတ်ဘူး .. ဘာမဟုတ်တဲ့ ဘလော့ခ်မှာတောင် freedom မရှိပါလား သဘောပေါက်ရင်း

ငတုံး

လင်းလက်

Related Link

NLS

Mayvelous

MMHan

MgThantZin

WaiYan

Funnyremix


Read More...

Tuesday, October 17, 2006

ကောင်းရာသုဂတိလားပါစေကိုသက်ဝင်းအောင်

နှစ်ရှည်နိုင်ငံရေးအကျဉ်းသားဟောင်း ကိုသက်ဝင်းအောင် ကွယ်လွန်သွားခဲ့ပြီ.. တန်ဖိုးရှိသော လူကောင်းတစ်ယောက် တိုင်းပြည်အတွက် အသက်ကိုစွန့်လွှတ်ပြီး ဘ၀တစ်ပါးကိုပြောင်းသွားခဲ့ရပြီ.. သူတို့ခံစားခဲ့ရသော သောကဝေဒနာများ ၊ ညှဉ်းပန်းနှိပ်စက်မှုများအားလုံးမှ လွတ်ကျွတ်သွားပေပြီ.. တို့နိုင်ငံ အကျဉ်းစံအိမ်အကြောင်းကတော့ ပြောရ၇င် ပုံပြင်လိုပါပဲလေ.. သူများနိုင်ငံက အကျဉ်းထောင်ဆိုတာ သာမန်လူအခန်းထက် ၁၀ဆလောက်သာပါတယ်.. အမြဲတမ်း တည်တည်ငြိမ်ငြိမ်နဲ့ ဆုံးဖြတ်ချက်ချလေ့ရှိတဲ့ ကိုသက်ဝင်းအောင်တစ်ယောက် ကောင်းရာသု၈တိလားပါစေ.. ကျန်းမာရေးတွေယိုယွင်းလာပေမယ့် ဆေးကုသခြင်း တစ်စက်တစ်လေမှမရှိတဲ့ ရက်စက်ယုတ်မာသော နအဖရဲ့ အကျဉ်းထောင်ထဲမှာ အသက်ကို ပေးလှူသွားတဲ့ လူတွေအတွက် ကောင်းရာဘုံက စောင့်ကြိုနေမှာပါ.. နအဖကိုတော့ တစ်နေ့ လက်တစ်ချောင်းဖြတ်ပြီး ကြိမ်ဒဏ်ပေးတောင် ဒီအကြွေးတွေကြေမှာမဟုတ်ပါဘူး…

စာတွေရေးချင်ပေမယ့် ဘလော့ခ်ကကြွနေတော့ မရေးဖြစ်ဘူး ဒီနေ့တော့ အတိုးချရေးတော့မယ်.. ရန်ကုန်က အဖြူရောင်လှုပ်ရှားမှုအတွက် လူထုက ၀မ်းသာအားရ ဖော်လိုလိုက်ကြတာသိရတာ အများကြီးဝမ်းသာပါတယ်.. လမ်းပေါ်မှာလည်း ဖြူဖြူ ၊ ဘယ်နေရာမဆို အကြမ်းမဖက်တဲ့ အဖြူရောင်လှုပ်ရှားမှုလေးတွေနဲ့ မိမိဆန္ဒကို ဖော်ထုတ်ပြခြင်းပေါ့.. အဖြူရောင်လှုပ်ရှားမှုများရဲ့လူထုဆန္ဒများနှင့်အတူ ပြည်သူလိုလားသော လူ့အခွင့်အရေးနေ့အတွက် အားလုံးစည်းလုံးကြပါစို့……..

Read More...

သွားရှာလေပြီ

Template မှာ တခုခုကို အပြောင်းကောင်းတာ ပြင်ထားသော အားလုံးကြွသွားလို့ ဘလော့ခ်ကို ပိတ်လိုက်မိတာ အားလုံးကိုတောင်းပန်ပါတယ်နော်.. လောလောဆယ် ပြန်လုပ်တာ အဆင်ပြေမချောမွေ့သေးတာနဲ့ အဆင်ပြေသော နောက်ခံတစ်ခုကိုပဲ ခဏယူသုံးပြီးစာရေးရင်း ပြန်ပြီး ပြင်သွားမှာပါ… အားလုံးပြောင်းလိုက်လို့ ချုံခိုပြောချင်သူများကလည်း စိတ်မကူးပါနှင့်.. မကြာခင်လာမည်…. လောလောဆယ်တော့ နားမလည်သော ဘလော့ခ်ကုတ်တွေကြား မျက်စိလည်အောင်ရှုပ်လိုက်ပါအုန်းမည်..

လေးစားလျက်

လင်းလက်ကြယ်စင်

Read More...

Tuesday, October 10, 2006

မချုပ်ပေးလိုက်ရသောဖိနပ်ကလေး

ကျမ ခံစားနှစ်သက်တဲ့ ကျမ သိပ်လေးစားရသော မွေးစားဖေဖေ ရေးခဲ့သာ ဇတ်လမ်းလေးတစ်ခုပါ.. တော်လှန်ရေးသမားတို့၏ တောတောင်ထဲက ပြည်သူတို့အတွက် ပေးဆပ်ထားသော ဘ၀တွေကို ပီပြင်စွာ ရေးသားခဲ့တာပါ… နိုင်ငံရေးနဲ့တော်လှန်ရေးဆိုတာ အမြဲတမ်းဒွန်တွဲနေပါတယ်…. တစ်ချို့သော သူများဆိုရင် အခုနောက်ပိုင်းမှာ ကျမတစ်ချိန်က အွန်လိုင်းပေါ်က သိပ်ကိုချစ်လှပါတယ်ဆိုသော မောင်နှမတစ်ချို့ကတောင် နောက်ကျောဓါးနဲ့ထိုးခဲ့ပါတယ်.. ဘာပဲဖြစ်ဖြစ် ဘယ်လိုအရာမျိုးကမှ သိပ်မထူးဆန်းတော့ဘူး.. အမှန်ကို အမှန်အတိုင်းဖော်ပြမယ်… မျက်စိ နားတွေမပွင့်သူကို ကြိုးစားပြောပြပေးမယ်.. မဟုတ်မခံ မတရားတာကို လက်ပိုက်မကြည့်နေနိုင်တော့ နိုင်တဲ့စာပေဘက်က ရေးပေးခဲ့တယ်.. တစ်ချို့ကတော့ ဒါကို အွန်လိုင်းပေါ်ကနေ ကျယ်တယ်လို့ ပက်ပက်စက်စက်လာဆဲသူတွေလည်းရှိတယ်.. ပြဿနာမရှိပါဘူး.. အချိန်တစ်ခုရောက်ရင် တစ်စုံတစ်ခုဆိုတာ လုပ်ဆောင်ပေးရမှာပဲ…. သူတို့ပြောပုံအရဆို လူမိုက်တိုင်ကို လက်သီးနဲ့ပြေးထိုးသလို နေပြည်တော်မှာ သွားအော်ပေးရမှာလား.. လွတ်လပ်ရေးတော့မရဘူး ထောင်နန်းစံပြီး ဦးနှောက်မရှိတဲ့လုပ်ရပ်တွေကိုတော့ ကျမ မလုပ်ဘူးလေ… ကိုယ်မှန်းတဲ့ ရည်မှန်းချက်သာလျင် အဓိကပါပဲ.. ထပ်ပြောမယ်.. ကျမက နိုင်ငံရေးသမား မဟုတ်ဘူး… ကိုယ့်ထမင်းကိုယ်စားပြီး ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်ပြီး မတရားတာကို မတရားလိုပြောမယ်.. အချိန်ကျရင် ပူးပေါင်းဆောင်ရွက်ကူညီရမယ်ဆိုရင်တော့ အမြဲတမ်း အသင့်ပါပဲ…. ပါးစပ်တစ်ခု လက်၂ဖက်နဲ့တင် မဟုတ်ဘူးဆိုတာတော့ သဘောပေါက်ထား ကိုယ့်လူတို့… မီဒီယာဆိုတာ မရှိရင် နားတွေကန်းနေမယ်ဆိုတာ စဉ်းစားပါလား.. နိုင်ငံရေးဆိုတာထက် လူယုတ်မာကို တော်လှန်တဲ့ တော်လှန်သူလို့ပြောရင် လက်ခံပါတယ်.. အခု ကျမလေးစားချစ်ခင်ရတဲ့ မွေးစားဖေဖေကိုဝေး ရေးထားသော စာထဲကနေ သွေးထဲကို ခံစားချက်တစ်ချို့ပျော်ဝင်နေမယ်လို့ ကျမယုံကြည်ပါတယ်… တိုင်းပြည်အတွက် မိမိရဲ့ပျိုမျစ်သော လူငယ်ဘ၀ ၊ စည်းစိမ်သုခ ၊ ချမ်းသာမှုအားလုံး အနာဂတ်အားလုံးကို စွန့်ပြီး တော်လှန်ခဲ့ကြတဲ့ တော်လှန်ရေးသမားတွေအားလုံးကို အများပြည်သူအပေါင်းက လေးစားချစ်ခင်လျက်ပါ ဖေဖေ…. မိမိတစ်ဘို့တည်းပဲကြည့်ပြီး သူတပါးလုပ်ရပ်ကို လိုက်ရှုံ့ချနေသော လူတွေအများကြီးကြားမှာ ဒီလို တော်လှန်သူတွေက ဆီနဲ့ရေလို သိပ်ကွာခြားလွန်းလှပါတယ်.. အမြဲလေးစားလျက်ပါပဲ…

မချုပ်ပေးလိုက်ရသောဖိနပ်ကလေး

ကင်းလိုက်တောင်ကြောတစ်ခုလုံးငြိမ်သက်နေသည်မှာငြိမ်သက်မှုလှိုင်းများပဲ့တင်ထပ်နေသည်မှလွဲ၍တိတ်ဆိတ်ေ

ခြာက်သွေ့လျှက်..

တခါတခါသက်ရွက်ကြွေတို့အားလေညှင်းသယ်ဆောင်ပြေးလွှားသည့်အသံမှလွဲ၍...ပကတိငြိမ်သက်စွာ...။

ကျနော့်တပ်ခွဲ၏တာဝန်ကချေမှုန်းရေးတာဝန်...အီကွေ့မင့်ဘယ်ဘက်ပုခုန်းသိုင်းကြိုးတွင်ချိတ်ထားသော စကားပြောစက်ငယ်မှအသံသည်လဲတိတ်ဆိတ်စွာ...၊ကျနော့်ရဲဘော်များအားနေရာချပြီးသည့်နောက်..ကျနော်လည်းအသင့်အနေအထားဖြင့်ရန်သူလာမည့်အချိန်ကို မျက်လုံးမခတ်တမ်းအာရုံစိုက်လျှက် တောင်ကုန်းဆင်ခြေလျှောအတက်လမ်းလေးအား စူးစိုက်ကြည့်လျှက်....။

လမ်းကလေး၏ညာဘက်တောင်ကြောလေးတစ်ခုလုံးကျနော့်တပ်ခွဲနေရာယူထားပြီးဖြစ်သည်..။

ရေမချိုးရသည်မှာတစ်ပတ်ကျော်ပြီ...ထမင်းမစားရသည်မှာနှစ်ရက်မြောက်တော့မည်...ကိစ္စမရှိပါ...။

ငတ်ပြတ်ခြင်း..ပေတေညစ်နွမ်းခြင်းတို့သည်..ကျနော်တို့အဖို့

တော့နေသားကျနေသောရပ်ကွက်တစ်ခုမှအပျိုမများ၏မျက်နှာကဲ့သို့မစိမ်းတော့ပါ...။

ကျနော့်လက်မှလက်ပတ်နာရီလေးကိုကျနော်ပြန်ကြည့်လိုက်တော့..ညနေ၁၆၀၀နာရီရှိပြီ...၊

အင်း...ဒင်းတို့ဒီနေ့အဲဒီရွာကလေးကထွက်မှထွက်ပါ့မလား..ရန်သူမလာမှာ

ကိုစိုးရိမ်စိတ်ဖြင့်ဆက်လက်စောင့်နေမိတော့သည်..။အားလုံးသောရဲဘော်များကတော့စိတ်မရှည်တော့မှန်း ကျနော်ရိပ်မိပါသည်..။

၂။

ကျနော်တို့ကျောင်းသားတပ်မတော်သည်..မည်သည့်အခါတွင်မှရွာတွင်းတွင်တိုက်ပွဲဖြစ်လေ့မရှိ..။

ရွာတွင်းတွင်တိုက်ပွဲဖြစ်ပါက..ရန်သူတပ်ဖွဲ့များသည်မညှာမတာစွာဖြင့်ရွာတစ်ရွာလုံးကိုစိစိညက်ညက်ကြေအောင်ပစ်ချေနေကြ..။

အကြင်နာမဲ့စွာတွေ့တွေ့သမျှ..လှုပ်ရှားမှုရှိရာတိုင်းကိုထိုးပစ်လေ့ရှိရာအပြစ်မဲ့ရွာသူရွာသားတို့သေကြေကြရမည်ကိုကျနော်တို့မလိုလား..။

ကျနော်တို့၏လူထုပေါ်လေးစားချစ်မြတ်နိုးမှုကိုလဲရန်သူတပ်ဖွဲ့များမှအရာရှိများက..အားနည်းချက်တစ်ခုအဖြစ် အမြဲအသုံးချကြသည်။

လွန်ခဲ့သောရက်က..ကျနော်တို့တပ်ရင်းပျဉ်ဆောင်ကျေးရွာသင်္ချိုင်းကုန်း၌စခန်းချအနားယူနေကြ၏။

ကျနော်က..ကျနော့်ပုဆိုးအစုတ်လေးကိုပြန်၍အပ်ချည်ဖြင့်ဖာထေးပြင်ဆင်နေ၏

ကျနော့်စစ်ဖိနပ်လေးလျှော်ထားသည်ကခြောက်လျှင်..ခြေသန်းနေရာလေးတွေပေါက်နေသော ဘယ်ဘက်ဖိနပ်လေးကိုပြန်ဖာရဦးမည်..။

ကျနော်တို့ဖိနပ်မ၀ယ်နိုင်သည်မှာ..ခြောက်လပတ်တစ်ပတ်ကျော်ခဲ့ပြီ..။

နောက်တန်းဗဟိုဌာနချုပ်မှလဲ..ဘာဆိုဘာမှထောက်ပံ့ရေးမလိုက်နိုင်..။

ကျေးရွာတိုင်းရင်းသားပြည်သူလူထုမှသာမကျွေးမွေးမစောင့်ရှောက်လျှင်.ကျနော်တို့ရန်သူနှင့်

တိုက်ပွဲတွင်သေနတ်ထိ၍မကျဆုံးပဲငတ်ပြီးသေဖွယ်ရာရှိ၏...။

ပြည်သူလူထု၏ချစ်မြတ်နိုးကာကွယ်မှုဖြင့်ကျနော်တို့ကျောင်းသားတပ်မတော်သားရဲဘော်တို့လုံခြုံ၏နွေးထွေး၏..။

မိဘဝေးကွာနေသောကျနော်တို့အတွက်ပြည်သူသာအမိပြည်သူသာအဖ..။လွန်ခဲ့သောကာလတစ်ခုက..

ကျနော်တို့ရဲဘော်တစ်ဦးအပြင်းဖျားပြီးတပ်ရင်းစစ်ဆင်ရေးထိုးရာဆက်လက်မလိုက်နိုင်သဖြင့်.၊

မဲနယ်တောင်တန်းပေါ်မှပအိုဝ်းရွာတစ်ရွာတွင်ထားခဲ့ရ၏။

ကျနော်တို့ထွက်သွားပြီးရက်များစွာမကြာမှီမှာပင်..ရန်သူစစ်ဆင်ရေးတပ်ရင်းတို့ထိုနယ်မြေသို့ဝင်ရောက်စစ်ကြောင်းထိုးရင်း

ကျနော်တို့ရဲဘော်အားတွေ့ရှိသွားကာမသင်္ကာဖြစ်ပြီးစစ်ဆေးသည်တွင်

တစ်ရွာလုံးဘုန်းကြီးမှစ၍ကလေးအဆုံးစစ်ဆေးရိုက်နှက်မှုကိုအံကြိတ်ခံကာ..

ကျနော်တို့ရဲဘော်သည်...ရွာခံရွာသားဖြစ်ပြီးသူနေထိုင်တည်းခိုသောအိမ်မှမိသားစု၏သားပင်ဖြစ်ကြောင်း

ဝိုင်းဝန်းကာကွယ်ကာကယ်ဆယ်ရှာကြသဖြင့်ကျနော်တို့ရဲဘော်မှာရန်သူဖမ်းဆီးသတ်ဖြတ်မည့်ဘေးမှသီသီလေးလွတ်ခဲ့၏..။

၃။

၁၉၉၃ခုနှစ်ဘုန်းမော်ကျဆုံးခြင်းနှစ်ပါတ်လည်နေ့တွင် မိုင်းပွန်ကားလမ်း၌ ရန်သူတပ်မှစစ်ကြောင်းကောင်ဗွိုင်တန်းကို

ကျနော်တို့ကြားဖြတ်တိုက်ခိုက်ပြီးအပြန်တွင်.. ရန်သူမှမဲနယ်တောင်တန်းတစ်ခုလုံး တပ်ရင်း၁၅ရင်းဖြင့်

ကျနော်တို့တပ်ရင်းကိုခွေးလိုက်သလိုလိုက်ကာ ပိတ်ဝိုင်းစစ်ဆင်ရေးလုပ်သည့်ကာလတွင်လဲ..

ပအိုဝ်းမိန်းမပျိုများ.. ပအိုဝ်းမိခင်များသည် ကျနော်တို့..တပ်သတင်းဖျောက်ခိုအောင်းသော နေရာထိတိုင်လာရောက်ကာ..

ဆန်များပဲပုတ်များကို.. ရွာမှရေခပ်ထွက်ဟန်ဆောင်ပြီး

ဘူးသီးခြောက်ရေဘူးများ ၀ါးကျည်တောက်များထဲတွင်ထည့်ကာ လာပေးရှာကျွေးရှာကြ၏။

ကျနော်တို့တွင်မွေးသမိခင်နှင့်မခြားမွေးမထုတ်သည်မှလွဲ၍ သားအရင်းအချာများကဲ့သို့ ကျနော်တို့အပေါ်ကောင်းမွန်သော..

ချစ်ခင်သော. စေတနာပြည့်ဝသောမိခင်များစွာရှိ၏ ထိုမိခင်များသည်ကား. .ပြည်သူတွင်းမှမိန်းမသားများဖြစ်ပေ၏..။

အမေတို့၏မေတ္တာနှင့်စေတနာကိုပြန်တွေးတိုင်းပီတိဖြစ်ရသကဲ့သို့ အမေတို့ဘ၀ညှိုးနွမ်းပင်ပန်းကာ စစ်ဘေးစစ်ဒဏ်နှင့်

အုပ်ချုပ်ရေးအာဏာအားမတရားလုယူထားသော

စစ်အာဏာရှင်တို့၏ ရက်စက်ဆိုးသွမ်းမှုဒဏ်အားခါးဆီးခံနေကြရသည်ကိုကြေကွဲနာကျင်မိ၏..။

ကျနော့်အတွေးတို့သည်ဟိုရောက်လိုက်သည်ရောက်လိုက်နှင့်ကျနော်ထိုင်သောနေသောကက်သလစ်မယ်သီလရှင်လေးတစ်ဦး၏

မြေပုံမို့မို့လေးဘေးရှိဝါးကျည်တောက်ရေနွေးခွက်ကလေးထဲမှအခါးရေတို့သည်ပင်အေးစက်နေပေပြီ..။

၎။

ကျနော့်လက်မှချုပ်ပြီးသွားသော.. ပုဆိုးစုတ်ကလေးကိုခေါက်ကာ ကျနော့်ပေါင်ပေါ်တွင် သေချာတင်လိုက်ပြီးနောက်ခါးကိုင်းကာ..

အခါးရေခွက်လေးအား ခန္ဓကိုယ်ကိုင်းကာညာဘက်လက်ဖြင့် လှမ်းယူလိုက်ပြီး..

ပါးစပ်တွင်တေ့ကာ အေးအေးဆေးဆေးသောက်မည်လုပ်စဉ်....။

ရဲဘော်ဇော်အောင်၏ခေါ်သံကိုကြားလိုက်ရ၏] အကို..အကို..တပ်ရင်းမှုးခေါ်ခိုင်းတယ်..ဆွေးနွေးပွဲရှိတယ်တဲ့..။

}ကျနော်က..}ဘာလဲဟညီလေးရ..အပါတ်စဉ်တပ်မှုးဆွေးနွေးပွဲပြီးတာမနေ့ကမှလေကွာ}ဟုပြန်ပြောလိုက်၏..။

ရဲဘော်ဇော်အောင်က]မဟုတ်ဘူးအကို..အခုအရေးပေါ်ဆွေးနွေးပွဲစောစောကကျေးကတော့ရွာကရွာသားတစ်ယောက်ရောက်လာလို့

}ဇော်အောင်ကစကားဆုံးသည်နှင့်အနည်းငယ်ချီတုံချတုံဖြစ်ဟန်ဖြင့်ပြုံးပြီး..ကျနော့်အားထပ်မံကာခေါ်၏]အကို..၊}

`ကျနော်က]ဘာလဲကွမင်းဆေးလိပ်ကုန်လို့ငါ့ဆီမှာလာရှယ်ယာခွဲတာလားမရဘူးဟေ့ကောင်´

`လခွီးတစ်ရက်လေးလိပ်ပဲငါတောင်မလောက်ဘူးမင်းမှာရှိသေးရင်ငါ့ကိုပြန်ချေးပါလားတစ်လိပ်လောက်၊´ ဇော်အောင်ကပြုံးစိစိဖြင့်..`မဟုတ်ဘူးအကို..အဟဲ..ကျနော့်ဖိနပ်ကိုလဲလျှော်ထားတယ်..အဲဒါအကို့

ဖိနပ်ချုပ်ရင်းတခါတည်းချုပ်ပေးပါလား´..။

သူ့စကားဆုံးတော့ကျနော်ကမျက်ခုံးတစ်ဖက်ကိုပင့်ပြီးသူ့ကိုကြည့်ရင်း

အမ်မင်းဘိုးအေ..အရင်တစ်ခါငါသင်ပေးထားတယ်လေ..နောက်ပြီးမင်းကို

ဖိနပ်ချုပ်အပ်တစ်ချောင်းလဲငါလုပ်ပေးထားတယ်.. မင်းးလူလည်မကျနဲ့ဟကောင်..၊]

]လုပ်ပါအကိုရာကျနော်မချုပ်တတ်သေးလို့ပါအခုတခါအကိုချုပ်တာကိုအသေအချာထိုင်ကြည့်ထားမယ်..နော်

နောက်တစ်ခါအကိုချုပ်ပေးစရာမလိုတော့ဘူးသိလားနော်..အကိုကလိမ်မာပါတယ်..၊}

အတွေးတွေကတော့တသီကြီး..ချစ်သူကလေးမ..ပညာရေး..မေမေဖေဖေနှင့်မောင်နှမများ..သူငယ်ချင်းများ..ဘောလုံး..

ကဗျာ..ဂစ်တာ....ပျိုမျစ်နုနယ်မှု..ပျောက်ဆုံးနေသောလူငယ်တစ်ယောက်၏ရင်ခုန်သံနှင့်ပျော်ရွှင်မှု..ပွဲလန်းသဘင်...

လက်ဖက်ရည်ဆိုင်ယဉ်ကျေးမှုနဲ့သီချင်းများ...အော်...............အရာရာကိုတိုင်းပြည်ကိုချစ်တဲ့စိတ်နဲ့ငါတို့တွေအားလုံးစတေးခဲ့ကြရတာပါလား....။

၅၊

တပ်ရင်းမှုး၏ယာယီရုံးမိုးကာတဲလေးထဲရောက်တော့.. သက်လေးဆယ်ကျော်ခန့်ရွာသား ဖိုးကြီးတစ်ဦးကလေးငယ်တစ်ယောက်

မိခင်ပျောက်သကဲ့သု့ရှိုက်ကြီးတငင်ငိုနေဆဲ.. ဘးတွင်ဝိုင်းထိုင်နေကြသောတပ်ခွဲမှုးများနှင့်တပ်ရင်းမှုး၏မျက်နှာသည်လဲမိခင်သေဆုံးသည့်ကလေးငယ်များကဲ့သို့..

အားလုံးကျနော့်ကိုမော့ကြည့်လိုက်ပြီးတပ်ရင်းမှုးက..စကားဝိုင်းကိုစလိုက်၏

]ကဲ..ဝေးလဲရောက်လာပြီ..တပ်ခွဲမှုးတွေအားလုံးစုံပြီကျနော်တို့ဆွေးနွေးပွဲစမယ်..

အခုဒီဆွေးနွေးပွဲပြီးတာနဲ့..ှစ်နာရီအတွင်းကျနော်တို့ခရီးထွက်မယ်..ဖြစ်ပုံကတော့အခုလာတဲ့ကျေးကတော့ရွာက..

ဦးမြားနိုပဲရှင်းပြပါ..အလုံးစုံကို..ပြီးတော့ကျနော်တို့ဘယ်လိုတုန့်ပြန်ကြမယ်ဆိုတာကိုတေျာ့နော်တို့တပ်မှုးတွေဆက်ဆွေးနွေးပါ့မယ်..}။

အိုဟောင်းသေဆုံးနေသောသစ်ခြောက်ပင်လေတိုးသံကဲ့သို့သောအသံဖြင့်ဦးမြားနိုငိုယိုတိုင်ကြားလာသည်ကား

]ရဲဘော်တို့ရယ်..ကျုပ်က..တောင်ငူသွားဈေးဝယ်တယ်..ဖာလာလေးတွေရောင်းချပြီး..ဟိုမှာနှစ်ရက်ကြာတယ်လေ..ပြီးတော့ကျနော်ရွာပြန်လာတော့တစ်ရွာလုံးတိတ်ဆိတ်နေတယ်..

ကျနော်လဲမသင်္ကာတာနဲ့ရွာထဲကိုတိုက်ရိုက်မ၀င်ရဲပဲရွာကိုပတ်ပြီးချောင်းကြည့်မိတယ်..

ဘုရားရှိခိုးကျောင်းနောက်ဖက်လျှိုကနေကျနော်ပတ်ချောင်းတော့.........

]ပြောပြီးဆက်လက်မပြောနိုင်ပဲဦးမြားနိုမှာကလေးငယ်တစ်ဦးသဖွယ်ဆက်လက်ရှိုက်ငင်ငိုကြွေးပြန်ပါတော့သည်..။

ကျနော်က}ဦးလေး..မငိုပါနဲ့ဗျာဆက်သာပြောပါ..ကျနော်တို့ဘာလုပ်ရမယ်..ဆိုတာဦးလေးရဲ့ရွာမှာဘာဖြစ်တယ်ဆိုတာသိမှပေါ့နော

်ဦးလေးဆက်ပြောပါဗျာ..၊}ဦးမြားနိုကကျနော်နှင့်တပ်ရင်းမှုးမျက်နှာကိုတလှည့်စီကြည့်ရင်း

}ကျနော်ပတ်ချောင်းတော့..ကျနော့်သမီးလေးဗျာ..၁၄နှစ်ပြည့်ယုံလေးပါဗျာ..အဲဒီကျနော့်သမီးလေးကိုသေနတ်နဲ့ချိန်ပြီး

ဘုရားရှိခိုးကျောင်းထဲကိုသွင်းလိုက်တာတွေ့တယ်..ပြီးတော့ကျနော့်သမီးလေးငိုသံကိုကြားတာပါပဲ...။

ကျနော့်ခေါင်းကိုမိုးကြိုးပစ်သလိုပါငါ့တူတို့ရယ်.........တစ်ရွာလုံးလဲတိတ်ဆိတ်ပြီးကျနော့်သမီးလေးအော်သံကလွဲလို့ဘာမှမကြားရဘူး..

ကျနော်လဲအဲဒါမြင်တာနဲ့တခါတည်းရဲဘော်တို့ရှိမယ့်နေရာရွာတွေမှာမေးစမ်းပြီးမနားတမ်းပြေးလာခေါ်တာပါ...၊] ဦးမြားနိုစကားဆုံးသည်နှင့်..ကျနော်တို့ဆက်လက်၍ရန်သူတပ်ရင်းနံပါတ်လူအင်အားနှင့်

ရန်သူ့အရာရှိစာရင်းအားကြားဖြတ်ဆက်သွယ်ရေးသမားထံမှရယူကာတိုက်ပွဲစီမံကိန်းနှင့်နည်းဗျူဟာချမှတ်ကာတာဝန်ခွဲပါတော့သည်..။

၆။

ကျနော်လဲဆွေးနွေးပွဲပြီးဆုံးသည်နှင့်ကျနော့်ဖိနပ်ကလေးကိုလဲကမန်းကတန်းချုပ်ချိန်လေးအတွင်းချုပ်ရိုးကျဲကျဲဖြင့်

အပြီးချုပ်ပြီ့း်ကျနော့်တပ်ခွဲအားလူခေါ်တန်းစီကာပစ္စည်းပြင်ပါတော့သည်..။

ရဲဘော်ဇော်အောင့်ဖိနပ်လေးကိုကျနော်ချုပ်မပေးလိုက်ရတော့..။

၇။

ကျနော်တို့တပ်ရင်း...ဦးမြားနိုနှင့်အတူကျေးကတော့ရွာသို့ချီတက်လာရာလမ်းတစ်လျှောက်ကျနော့်တပ်ခွဲသည်ပွိုင့်တပ်ခွဲ...

ရဲဘော်ကျော်မိုးနိုင်တပ်စိတ်မှပွိုင့်တပ်စိတ်..ကျနော်က.ပွိုင့်တပ်စိတ်နှင့်အတူ..။

လေးနာရီခန့်ချီတက်ပြီး..ကျနော်တို့..တပ်ခွဲတောင်ကုန်းတစ်ခုပေါ်အရောက်၌ကျနော်ကတပ်ရင်းမှုးအား

နားခွင့်တောင်းလိုက်ပြီးခေတ္တနားလိုက်ကြ၏။ကျော်မိုးနိုင်နှင့်ရဲဘော်နှစ်ယောက်က.ပွိုင့်ကင်းထိုးကာအနားယူနေကြစဉ်..လူတစ်ယောက်တောင်ကုန်းလေး၏အခြားတက်ဖက်မျက်နှာချင်းဆိုင်မှတက်လာကြောင်းကျနော့်အားသတင်းပို့၏။

မကြာခင်ပင်..ရဲဘော်တစ်ယောက်နှင့်အတူထိုရွာသားကျနော့်ထံရောက်လာတော့သည်.။

ကျနော်တို့တပ်နှင့်ရင်းနှီးသောကျေးကတော့ရွာသား..ကျနော်တို့နှင့်အမြဲဘောလုံးကန်ဘော်လီပေါပုတ်သော..

ဇာကမိုဆိုသောသူ..။ကျနော့်ကိုမြင်လျှင်မြင်ချင်းဝမ်းသာဝမ်းနည်းခြင်းတို့လျှပ်တပြက်..သုတ်ဖြူးသွားသောမျက်နှာဖြင့်

]ကိုဝေးရေ..ကယ်ကြပါဦးဗျာ..ကယ်ကြပါဦး..ကျနော်တို့တစ်ရွာလုံးကို..စစ်တပ်က.မုဒိန်းကျင့်လိုက်ပြီဗျ...

မုဒိန်းကျင့်လိုက်ပြီ..ကျနော်လဲအတင်းလစ်တာနဲ့ထွက်ပြေးလာတာ..ကျနော့်ကိုလဲသေနတ်နဲ့လိုက်ပစ်သေးတယ်ဗျ.၊}

စကားဆုံးသည်နှင့်ကျနော့်ကို..မိခင်သေဆုံးသည်ကိုအသက်မမှီပဲခရီးလွန်နေသောညီတစ်ယောက်ကိုတွေ့သည့်

အကိုတစ်ဦးကဲ့သို့ဖက်ကာငိုပါတော့သည်..။

ရဲဘော်ဇော်အောင်ကကျနော်နှင့်ကိုဇာကမိုနားတိုးလာကာသွေးမရှိတော့သောမျက်နှာလေးနှင့်...ကိုဇာကမိုအား

]အကို..အကို...တစ်ယောက်မကျန်မုဒိန်းကျင့်ခံရတာလားဗျာ..ဟိုဟို..လားချယ်ရီလေးရောပါသွားလားဟင်.

အကိုဖြေပါဗျာ....၊}ကိုဇာကမိုမှာစကားမပြောနိုင်ပဲမျက်ရည်များရစ်ဝဲနေသောမျက်လုံးများဖြင့်

ခေါင်းကိုသာတဆတ်ဆတ်ငြိမ့်အဖြေပေးရင်းမေးဖျားများတုန်ယင်နေပါတော့သည်..။

ကျနော်လဲလမ်းလျှောက်စကားပြောစက်ကိုဖွင့်ကာတပ်ရင်းမှုးထံသတင်းပို့ပြီးကိုဇာကမိုအားရဲဘော်ဇော်အောင် ကိုတပ်ရင်းရုံးသို့လိုက်ပို့ခိုင်းလိုက်ကာသစ်ရွက်တို့ကြားမှမပေါ့်တပေါ်ပြာလွင်ကြည်စင်နေသောကောင်းကင်ကြီးကို ဖြေသာဖွယ်ရာများရှိလိုရှိငြားငေးမောခေါင်းမော့ကြည့်ရင်း..။

အော်..ရက်စက်လိုက်ကြတာ..သူတို့သားပျိုသမီးပျိုလေးတွေကျတော့..အိုးမကွာအိမ်မကွာ..ယင်ဖိုတောင်မသမ်းစေပဲ..

ကျွေးမွေးပြုစုစောင့်ရှောက်ကြပြီးသူများသားပျိုသမီးပျိုလေးတွေကိုတော့မညှာမတာ

ရက်စက်ယုတ်မာစွာအုပ်စုလိုက်လက်နက်နဲ့ဖမ်းဆီးအနိုင်ကျင့်သားမယားပြုရက်လိုက်ကြတာ..

ဒါလားတိုင်းပြည်ကိုကာကွယ်တဲ့ဗိုလ်ချုပ်အောင်ဆန်းတည်ထောင်ခဲ့တဲ့တပ်မတော်ဆိုတာ..........။

ကျနော့်ရင်ထဲကမေးခွန်းကတော့ရင်ထဲမှာတင်ပဲ့တင်ထပ်လျှက်..။

လားချယ်ရီ..၁၇နှစ်သာသာ..လှပချောမောသောကလေးမလေး..

ထိုကလေးမလေးနှင့်ကျနော့်ရဲဘော်လေးဇော်အောင် တို့ချစ်ကြိုက်နေကြသည်ကိုကျနော်သိသည်..။

ကျနော့်ကိုတောင်းရမ်းပေးရန်လဲပူဆာဖူးသည်..ဇော်အောင့်အတွက်တပ်ရင်းမှုးနှင့်တိုင်ပင်ထားကာ..

ကျနော်တို့တပ်နောက်တန်းပြန်မည့်အချိန်..ကလေးမလေးမိဘကလဲထည့်လိုက်မည်ဆိုလျှင်

်ကျနော်တို့ပေးစားဖို့အတွက်လဲဆုံးဖြတ်ချက်ကျပြီးပြီဖြစ်သည်..။

အော်..ကံဆိုးလိုက်တာကလေးမရယ်..ကံဆိုးလိုက်တာငါ့ညီရယ်...ရင်ထဲမှာမဖြေသာတော့.......။

ဇော်အောင်ကျနော့်အနားကိုပြန်ရောက်လာတော့မျက်နှာသေလေးနှင့်မျက်နှာတစ်ခုလုံးနီရဲနေကာ..

အံကြိတ်ရင်းမျက်ရည်တို့သူ့မျက်နှာလေးပေါ်တွင်စီးဆင်းနေ၏..ကျနော်မမြင်ချင်ယောင်မဆောင်ရက်ပါ..။

ကျနော်က..]ညီလေး..တို့ပြန်ပြီးသွေးကြွေးဆပ်ရတော့မှာပါ..မပူနဲ့နော်သိလားစိတ်အေးအေးထား..မခံစားနဲ့ခနမေ့ထားသိလား..

အလုပ်ကိုအလုပ်နဲ့တူအောင်လုပ်ကြမယ်သိလား..စိတ်မလှုပ်ရှားစေနဲ့နော်ညီလေး..ကဲဒို့စစ်ကြောင်းခရီးပြန်ဆက်မမယ်..ဟုတ်လား..}

သူ့ကိုပြောပြီးတပ်ရင်းမှုးကိုလမ်းလျှောက်စကားပြောစက်ဖြင့်ခရီးစထွက်ပြီဖြစ်ကြောင်းသတင်းပို့ပြီးပွိုင့်တပ်စိတ်ကိုအမိန့်ပေးလိုက်၏..။

ကျနော်လဲကျနော့်သေနတ်ကိုပိုက်လျှက်..ကျနော်တို့စစ်ကြောင်းခပ်ကျဲကျဲဖြင့်တစ်လှမ်းချင်းကျေးကတော့ရွာအနီးမှ တောင်တန်းပြာကြီးပေါ်သို့ချည်းကပ်လာခဲ့တော့၏..။

၈။

ရန်သူပြန်ထွက်မည့်လမ်းခုလတ်တောင်ကြောတစ်ခုလုံးကိုကျနော်တို့တပ်ရင်းနေရာယူထားကာစိုးမိုးကုန်းပေါ်တွင်လက်နက်ကြီးတပ်ခွဲနေရာယူထားတော့၏၊

ကျနော့်တပ်ခွဲကတော့ရန်သူနှင့်ထိပ်တိုက်ရင်ဆိုင်ရမည့်နေရာချေမှုန်းရေးတပ်ခွဲ..။

ကျနော်တို့ရန်သူကိုစောင့်နေသည်..မှာနှစ်ညရှိပြီ..ရန်သူတပ်သည်လဲသူတို့အပြစ်ကိုသူတို့သိသည်..။

သူတို့တပ်များရက်စက်ယုတ်မာမှုကြီးများကျူးလွန်တိုင်းနှင့်...၈၈၈၈နှစ်ပါတ်လည်နေ့ဘုန်းမော်နှစ်ပါတ်လည်နေ့၊

ဆဲဗင်းဂျူလိုင်နှစ်ပါတ်လည်နေ့နှင့်အခြားနှစ်ပါတ်လည်နေ့များတွင်ကျနော်တို့တွေ့မရှောင်တွယ်တတ်သည်ကိုသူတို့သိကြသည်..။

ကျနော့်လက်မှနာရီလေးကိုပြန်ကြည့်လိုက်တော့..၁၆၂၀နာရီ...ကျနော့်အတွေးမျှင်တန်းလဲပြတ်တောက်သွားကာ..

ဆေးလိပ်သောက်ချင်စိတ်ကိုမြိုသိပ်နေရင်းအသက်ကိုဖွဖွလေးရှုလျှက်..

ကျနော့်သေနတ်မောင်းကွင်းထဲ၌ရှိသောခလုတ်အားလက်ညိုးနှင့်ပွတ်သပ်ကစားရင်းလမ်းလျှောက်စကားပြောစက်မှအသံအားနားစွင့်နေ၏၊

ဟော..ရန်သူတက်လာပြီ...ကျနော်တို့စောင့်သောလမ်းအတိုင်း..တွေ့ပြီ..ပွဲကြီးပွဲကောင်း..။

ကျနော်တို့..ရှေ့တွင်ဖြတ်သွားနေသောရန်သူပွိုင့်တပ်ခွဲအားပေးဖြတ်နေ၏၊ကျနော်တို့အသက်တောင်ရှုမိသလားမသိတော့..။

ရန်သူသည်...သူတို့မုဒိန်းကျင့်သောအမျိုးသမီးများအားလုံးကိုဖမ်းကာပေါ်တာအထမ်းသမားအဖြစ်ပါခေါ်ဆောင်လာသည်ကိုတွေ့လိုက်ရ၏၊

တော်တော်ယုတ်မာကောက်ကျစ်သောရန်သူအရာရှိများပါလား..။

ကျနော်တို့တပ်ခွဲနေရာယူထားရာနေရာသို့..ရန်သူ့တပ်ရင်းရုံးအဖွဲ့ရောက်သည်နှင့်ကျနော်လည်း..သေနတ်မောင်းခလုတ်ကိုစတင်ဖြုတ်ကာ..

တိုက်ပွဲစတင်လိုက်ပါတော့သည်..။

ကျနော်ကပစ်ရင်း..မုဒိန်းကျင့်ခံရကာပေါ်တာအဖြစ်အဖမ်းခံလာရသောရွာသူမိန်းကလေးများနှင့်အဖွားကြီးများအား..

}အမေတို့ညီမတို့..မြေကြီးပေါ်မှာဝပ်နေကြ.........လုံးဝမထပါနဲ့လုံးဝမထပါနဲ့..}ကျနော်အော်ဟစ်လိုက်သောအသံသည်

သေနတ်သံများကြားမှဟိန်းကာထွက်လာပြီး..ကျနော်တို့ကျည်ဆံများသည်.မိုးသီးမိုးပေါက်များသဖွယ်ရန်သူစစ်ကြောင်းပေါ်တွင်..။

စိုးမိုးကုန်းပေါ်မှလက်နက်ကြီးတပ်ခွဲမှလက်နက်ကြီးများဖြင့်ရန်သူ့စစ်ကြောင်းအမြီးနေရာနှင့်..ခေါင်းနေရာကိုပစ်ခြေနေတော့သည်..။

ကျနော့်တပ်ခွဲအားကျနော်လှံစွပ်တပ်ရန်အမိန့်ပေးပြီး...ခရာမှုတ်ကာ..}ကျား.....................ကျား...........ကျား..........ကျား........}

မိုးလုံးဟိန်းမျှကျနော်တို့ချေမှုန်းရေးတပ်ခွဲ၏ကျားထိုးသံနှင့်အတူ...တစ်တောလုံးအနှံ့တိုက်ပွဲကတော့.......၁၀မိနစ်ခန့်အကြာတွင်

ရန်သူ့ဆုတ်မိန့်ပေးသံနှင့်အတူသေနတ်သံများကြဲသွားတော့ကာနောက်ဆုံးလက်နက်ကြီးတစ်လုံးကျနော့်အနားကျကွဲသံကြားရပြီး..

ကျနော်လဲ...ခြေထောက်တစ်ဖက်လှုပ်မရတော့.........။ကျနော့်ညာဘက်ခြေထောက်တစ်ခုလုံးပူနေသလိုခံစားရပြီး...

ခနအကြာတွင်ကျနော့်တစ်ကိုယ်လုံးအေးစက်လာကာ..မှောင်အတိကျသွားပါတော့သည်..။

ကျနော်သတိပြန်လည်လာတော့...ရေဆာသည်နှင့်တကွ..ခြေထောက်မှကိုက်ခဲနာကျင်သည်ကိုခံစားရတော့၏..။

၉။

ကျနော့်ခြေထောက်ကိုကျနော်စိုးရိမ်ကြီးစွာကမန်းကတန်းကြိုးစားထပြီးကြည့်မယ်ကြံတော့..ရဲဘော်ကျော်မိုးနိုင်က

]သူငယ်ချင်း..သူငယ်ချင်းမစိုးရိမ်ပါနဲ့..မင်းခြေထောက်မဖြတ်ရပါဘူးကွာ..ဆေးမှုးပြောတယ်သိလား..မစိုးရိမ်နဲ့နော်..။}

ကျနော့်ကိုပြုံးပြပြီး..သက်ပြင်းချလိုက်သည်ကိုကျနော်သိလိုက်သည်..။}ကျော်မိုး..ဘယ်မှာလဲကွ..ဇော်အောင်}

ငါမှောက်နေတာကိုဒီကောင်လေးထမ်းလာတာလားကွ..}

ကျနော့်စကားဆုံးတော့..ကျော်မိုးကမျက်နှာကိုမော့ကာပြုံးရင်းမျက်လုံးကိုပုတ်ခတ်ပုတ်ခတ်လုပ်ကာ

}သူငယ်ချင်း..ဇော်အောင်လေး..တိုက်ပွဲကျသွားပြီ...အဲဒီလက်နက်ကြီးတစ်လုံးနဲ့တင်..

မင်းရောဇော်အောင်ရေ..နောက်တော့ကွာ...သူ့ကောင်မလေးရော..အကုန်ထိတာ..

သူ့ကောင်မလေးကိုရန်သူတပ်ရင်းရုံးကပေါ်တာထမ်းခိုင်းလာတာကွအခုတော့သူတို့နှစ်ယောက်လုံးမရှိတော့ဘူး.

}ပြောရင်းမျက်နှာကိုလက်ဝါးနှင့်အုပ်ကာ..ကျော်မိုးနိုင်ငိုပါတော့သည်..။ကျနော်ကတော့ဘာမှဆက်မပြောနိုင်တော့ပဲ...

ကျနော့်အနီးရောက်လာသောတပ်ရင်းမှုးအား

}သူငယ်ချင်းရန်သူဘယ်နှစ်ယောက်ကျလဲသေနတ်ဘယ်နှစ်လက်ရလဲငါတို့ဘက်ကဘယ်နှစ်ယောက်ကျလဲ

ဒဏ်ရာရတာဘယ်နှစ်ယောက်လဲ..}

ကျနော့်အမေးဆုံးတော့..သူက}ငါတို့ဘက်က..ဇော်အောင်တစ်ယောက်နဲ့ရွာသူတစ်ယောက်ကျတယ်.

ဒဏ်ရာရတာကတော့မင်းတစ်ယောက်ပဲရန်သူဖက်က..ခြောက်ဆယ်ကျော်သူ့အရာရှိသုံးယောက်အပါအ၀င်ကျတယ်..ကွာ}

သူ့စကားဆုံးတော့ဝမ်းနည်းရိပ်သန်းသောသူ့မျက်နှာအားသူ့ဆေးလိပ်ကိုဖွာရှိုက်လိုက်သောမီးအလင်းရောင်နီရဲရဲကြားမှကျနော်

မြင်လိုက်ရ၏..။}တကယ်တော့ကျနော်တို့တစ်ယောက်ကျသည်ဆိုလျှင်ပင်ကျနော်တို့ရှုံးခဲ့ပြီဖြစ်သည်..။

တော်လှန်ရေးသမားဆိုတာကြေးစားမဟုတ်..

တိုင်းပြည်ကိုချစ်လွန်းသည့်အတွက်သာအသက်ကိုစွန့်ပြီးတိုက်ခိုက်ခုခံခြင်းဖြစ်၏။

တပေါင်းည၏သစ်ရွက်ကြွေတို့နှင့်အတူ..ဟိုးခပ်ဝေးဝေးတောင်တန်းကြီးပေါ်မှာတောမီးများလောင်နေလျှက်..

မီးစောင်းတန်းကြီးဖြစ်နေသည့်အလင်းရောင်များယိမ်းထိုးနေကြသည်..။

ကျနော့်ရင်ထဲတွင်မေးခွန်းများစွာ..နာကျင်မှုများစွာ..နှင့်..လိမ့်ဆင်းလာလုမျက်ရည်ဥတို့အား..

အံကြိတ်ကာထိမ်းရင်း..။လေတိုးလိုက်တိုင်းဘယ်ညာယိမ်းထိုးနေသောသစ်ပင်သစ်ခက်တို့အား

ပက်လက်မော့ကြည့်နေလျှက်မျက်လုံးထဲမှာတော့ဘာမှမမြင်..။

နာကျင်သောရင်နှင့်အတူကျနော့်..ဘယ်ဘက်ဘေးမှလင်းထိန်နေသောဖယောင်းတိုင်မီးရောင်များကိုသတိထားမိတော့.........

စောင်ပါးအစိမ်းလေးခြေဆုံးခေါင်းဆုံးအုပ်ထားသော..ခန္ဓာကိုယ်လေးနှစ်ခုကိုတွေ့လိုက်ရပါတော့သည်..။

တစ်ခုသောခန္ဓာကိုယ်လေးမှစောင်အပြင်ထွက်နေသောသွေးများစွန်းပေနေသည့်စစ်ဖိနပ်အပြဲလေးတစ်ရံကို

ကျနော့်အကြည့်ရောက်သွားတော့......။

ဝေး


Read More...

Friday, October 06, 2006

လွမ်းမောဖွယ်သီတင်းကျွတ်မီးထွန်းပွဲတော်


လက်ထဲက ဖယောင်းတိုင်ထုတ်လေးကိုကြည့်ပြီး တချက်တောင်ရီချင်သေးတယ်.. ညကျလို့ အိမ်ရှေ့မှာများ ဖယောင်းတိုင်သွားထွန်းမိ၇င် ရဲလာပြောမလား ဘေးကအိမ်တွေကပဲ ၀ိုင်းကြည့်မလား မသိဘူး.. ရောင်စုံဖယောင်းတိုင်လေးတွေတော့ ၀ယ်ထားမိတယ်.. မနက်မိုးလင်းလင်းချင်းတော့ တအိမ်လုံး ဘုရားကို ဆွမ်းသေချာကပ် ၊ ပန်းမန်အမွှေးနံ့သာတွေနဲ့ပူဇော်ပြီးချိန်မှာ တစ်ချိန်တုန်းက ရန်ကုန်မှာ ဆင်နွှဲခဲ့တဲ့အချိန်တွေကို သတိရမိသေးတယ်... အခုတော့ စားသုတ်သုတ် လာသုတ်သုတ်နဲ့ ဘယ်ပွဲတော်ကိုမှ ကောင်းကောင်းမဆင်နွှဲခဲ့ရတာကြာပြီပေါ့.. ရေပြင်ကို ဖယောင်းတိုင်မီးလေးတွေ မျှောခဲ့တုန်းက အနောက်က တိုက်တဲ့လေပြေတွေကြား တစ်နေ့ ကျမဒီလိုစိတ်ဓါတ်အပြည့်နဲ့ ပြင်းထန်လာမယ်လို့ မမျှော်လင့်ခဲ့ဖူးဘူး.. ဘိုးဘိုးဘွားဘွားတို့ကို အရင်တုန်းက ကန်တော့ခဲ့တုန်းက သူတို့ရဲ့အပြုံးတွေ ၊ မုန့်ဖိုးပေးတော့ ဟေးခနဲ အော်ခဲ့တဲ့အသံတွေ ၊ လမ်းထိပ်က ရွှေဘုန်းပွင့်ဘုရား ဆီမီးတစ်ထောင်ပူဇော်ပွဲမှာ ဆီမီးတွေဝိုင်းထွန်းရင်း ကောင်းကင်က မီးပုံပျံကြီးကို အပူပင်ကင်းမဲ့စွာကြည့်ခဲ့တုန်းက ရင်ထဲအေးချမ်းခဲ့လို့ပေါ့... ဒါတွေနဲ့ ဘယ်တော့ထိ ကင်းကွာနေရအုန်းမှာလည်း... ၃နှစ်တာကာလပဲ ခွဲခွာရချိန်မှာ လွမ်းနေတဲ့ အလွမ်းတွေကို စဉ်းစားမိတိုင်း နှစ်ပေါင်းများစွာ ၁၈နှစ်လောက် ခွဲနေရတဲ့လူတွေကို ကိုယ်ချင်းစာမိပါတယ်..

လမ်းထဲက အိမ်တွေဖယောင်းတိုင်မီးတွေကို လိုက်ကြည့်ရင်း ပျော်ရွှင်စွာ ကစားချိန်မှာ ဘုရားပွဲမှာ တရားသွားနာဖို့ တက်ကြွစွာသွားခဲ့တဲ့နေ့ရက်တွေ အတိတ်မှာကျန်ခဲ့ပြီပေါ့.. အလှူဒါနတွေကို အားတက်သရော တက်ကြွစွာကျင်းပခဲ့တာတွေ ၊ ဘုန်းကြီးကျောင်း ခရေပင်ကွင်းထဲမှာ လွတ်လပ်စွာပြေးကစားခဲ့တာတွေက သီတင်းကျွတ်ညရဲ့ အတိတ်တစ်ညလေ... အရှေ့ဘက်ကမ်း မီးမျှောပွဲကို နှစ်စဉ်မပျက်မကွက် တက်ရောက်ခဲ့ပေမယ့် အခုတော့ ၃နှစ်မြောက်ပျက်ကွက်ခြင်းပေါ့.. ခြံထဲသစ်ပင်တွေပါမကျန် ဖယောင်းတိုင်မီးတွေထွန်းရင်း ဘွားဘွားပြောတဲ့မြတ်စွာဘုရား ကျေးဇူးဆပ်သော အကြောင်းနားထောင်တုန်းက ကလေးတွေအားလုံး စိတ်နှလုံးသားက ကောင်းကင်က ငွေကြယ်ပွင့်လေးလို ဖြူစင်ရှင်းသန့်နေခဲ့ကြတယ်... မီးအိမ်လေးကို ကြည့်ပြီး လွတ်လပ်စွာ ပြေးနေခဲ့တုန်းက ရင်ထဲမှာ အနာတွေလည်းမရှိခဲ့ဘူး.. ခံယူချက်တွေလည်း မရောက်လာသေးဘူး... လွင့်မျောနေတဲ့ ဆံပင်တွေကြားမှာ မီးရောင်တွေနဲ့အပြိုင် ကစားခဲ့တာ လွမ်းမောဖွယ်ပေါ့... တိတ်ဆိတ်ပြိုလဲတော့မယ့် တစ်နေရာမှာ ဘယ်တော့များမှ မီးဖယောင်းတိုင်တစ်တိုင်လို ပြန်လည်ထွန်းလင်းလာမှာပါလိမ့်......

Read More...

မင်္ဂလာရှိသောသီတင်းကျွတ်လပြည့်နေ့


မင်္ဂလာရှိသော သီတင်းကျွတ်လပြည့်နေ့ပါရှင်
မင်္ဂလာရှိသော လပြည့်နေ့မှာ ဘယ်သူနဲ့မှ စကားတစ်လုံးမများအောင် သတိထားနေပါတယ် ဟိး… သီတင်းကျွတ်လပြည့်နေ့က မြန်မာလူမျိုးများအတွက် အထွတ်အမြတ်ထားရသော နေ့တစ်ရက်ပါ.. ဟိုဘက်အိမ်ကလည်း မီးပုံးလှလှလေးတွေအပြည့် ၊ အိမ်ခြံဝင်းထဲပါမကျန် ဖယောင်းတိုင်မီးလေးတွေ အစီအရီထွန်း ၊ ဒီဘက်အိမ်ကလည်း မီးထိန်ထိန်ထွန်းပြီး ကျင်းပရတဲ့ ချစ်ဖို့ကောင်းသော ပွဲတော်တစ်ခုပါ.. မိခင်ရဲ့ နို့ဖိုးကို ဘုရားလောင်းက ကျေးဇူးဆပ်တရားဟောသော အထွတ်အမြတ်နေ့တစ်ရက်ပါ.. ဘာသာတရား ကိုင်းရှိုင်းပြီး ရိုးရာယဉ်ကျေးမှုတွေနဲ့ပြည့်စုံနေသော ကျမတို့မြန်မာနိုင်ငံက တကယ်တော့ ချစ်မြတ်နိုးဖို့ သိပ်ကောင်းလှပါတယ်… ဘုရားလောင်းတော်မြတ် တာဝတိသာနတ်ပြည်ကနေ လူ့ပြည်ကိုဆင်းပြီး တရားဟောကြားတဲ့အတွက် အားလုံးက အမွှေးနံ့သာ ဆီမီးတွေနဲ့ပူဇော်ရှိခိုးကြသော နေ့ရက်မှာ အကုသိုလ်တစ်စက်မှမပွားချင်တဲ့အတွက် ကျေးဇူးရှင်တို့အကြောင်းတစ်လုံးမှမရေးပါ..
ဆွမ်းတော်ကြီးများကျင်းပခြင်း ၊ အလှူဒါနများ ပြုလုပ်ကြပြီး တစ်ချိန်တုန်းက သီတင်းကျွတ်ပွဲတော်က သိပ်စည်ကားခဲ့ပါတယ်… ကလေးများကလည်း လမ်းထိပ်များ အိမ်ရှေ့များမှာ ကစားကြပြီး လူကြီးတွေအတွက်ကလည်း လရောင်အောက်မှာ စကားလက်ဆုံပြောကြရင်း ပျော်ရွှင်ရတဲ့နေ့ပါ. မနက်စောစောမှာ ဘုရားကိုဆွမ်းကပ် ၊ ဘုန်းကြီးကျောင်းမှာ ဆွမ်းအုပ်ပို့ တတ်နိုင်သမျှနဲ့ ဒါနပြုရင်း ညခင်းဘက်မှာတော့ အမွှေးနံ့သာတစ်ထောင် ဆီမီးတစ်ထောင့်ဖြင့် အတုမရှိမြတ်စွာဘုရားကို ရှီခိုးပူဇော်ကြပါတယ်.. မီးမျှောပွဲတွေလည်း တစ်ချို့မြို့နယ်မှာကျင်းပပါတယ်.. ရေကန်ထဲကို ငှက်ပျောရိုးများကို ခွဲပြီး ၀ါးခြမ်းပုံစံဖြစ်အောင်လုပ် ၊ အဲဒီပေါ်ကို ဖယောင်းတိုင်ထွန်းပြီး ရေကန်ထဲတွေပါမကျန် မီးလင်းထိန်အောင် ပူဇော်ကျင်းပကြတာပါ… တရားဟောပွဲများတက်ရောက်ပြီး ကုသိုလ်ယူ တရားနာချိန်ကလည်း တကယ်ကို ၇င်ထဲ ကြည်လင်အေးမြရပါတယ်.. ဘာသာတရားကို မလုပ်ဖြစ်သူများတောင် ဒီလိုနေ့ထူးနေ့မြတ်တွေမှာ ဘာသာရေးကို စိတ်ကြည်လင်စွာ ရှိခိုးနိုင်တော့ ကောင်းကင်တစ်ခွင် ကြည်လင်အေးချမ်းသလို အရာအားလုံး ချမ်းမြေ့နေသော ရက်တစ်ရက်ပါပဲ…
အလှူအတန်းများဖြင့် စည်ကားသိုက်မြိုက်သော ၊ စိတ်စေတနာထက်သန်စွာဖြင့် အချင်းချင်း ရင်းနှီးချစ်ခင်ကြသော မြန်မာလူမျိုးများအားလုံး အ၇င်လို ဘာသာတရားဘက်မှာလည်း ပိုမိုကိုင်းရှိုင်းပြီး အေးချမ်းနိုင်ပါစေလို့ဆုတောင်းမိပါတယ်…

Read More...

Sunday, October 01, 2006

နှလုံးသားကလာတဲ့စကားပြည်သူတို့ကြားစေသား


Read More...