Tuesday, November 25, 2008

ဘ၀ခရီး၏ ကြည်နူးပျော်ရွှင်မှု မှတ်တိုင်လေးတစ်ခု

အခုတလော အရမ်းအလုပ်များပြီး ပင်ပန်းနေတာနဲ့ ဘလော့ခ်လေးလည်း ဖုန်တက်နေခဲ့ပါပြီ။ စာရေးဖို့ စိတ်ကူးလေးတောင် ဘာတစ်ခုမှမရဘဲ ကိစ္စတွေကြား လုံးလည်ချာလည်လိုက်နေခဲ့တယ်။ နိုဝင်ဘာ (၁၈)ရက်နေ့မှာ မင်္ဂလာအကြိုဓာတ်ပုံရိုက်ဖြစ်ခဲ့ပါတယ်။ ခင်မင်ဖွယ်ကောင်းသော ဓာတ်ပုံပညာရှင်နှင့် ရိုက်ကူးခဲ့ရတာလည်း ပျော်ရွှင်မိပါတယ်။ အကြိုဓာတ်ပုံမရိုက်ခင် လိုအပ်သော ပစ္စည်းလေးတွေကို လိုက်ဝယ်ခြမ်းရတာလည်း ၁၈ရက်မတိုင်ခင် အရမ်းအလုပ်များနေခဲ့တယ်။ ကိစ္စတစ်ခုကို ပြီးမြောက်အောင်မြင်စေရန် လုပ်ရတာ အသေးအမွှားလိုအပ်ချက်လေးတွေက သိပ်များတာမို့ မလွယ်ပါဘူး။ Bridal Package ကို Sophia Wedding Collection ကပဲ ယူဖြစ်ခဲ့တယ်။ အကြိုဓာတ်ပုံရိုက်ပေးတာက Romantic Life က Mr.Eagle Sue ။

မင်္ဂလာအကြိုဓာတ်ပုံတွေကို မနက်ဖြန်မှာ လိုချင်သလောက်ပုံတွေ သွားရွေးချယ်ရမှာမို့ စိတ်ထဲမှာ ပျော်ရွှင်နေမိတယ်။ ကျွန်မက ဓာတ်ပုံရိုက်ခံရတာ အရမ်းဝါသနာကြီးသူ။ ကံကောင်းစွာနဲ့ အကြိုဓာတ်ပုံရိုက်ကူးခဲ့သောနေ့က ရာသီဥတုက တစ်နေလုံးကြည်လင်လှပနေခဲ့တယ်။ မင်္ဂလာအကြိုဓာတ်ပုံရိုက်ကူးပြီးချိန် နောက်ရက်မှာတော့ စိတ်ကြိုက်ရွေးချယ်ခဲ့သော အိမ်ကလေးကို နောက်ဆုံးအဆင့် စာရွက်စာတမ်းတွေအားလုံး ရှင်းလင်းပြီးချိန် အိမ်ကလေးအတွက် အလှဆင်အလုပ်များနေခဲ့ကြတယ်။ နှစ်ယောက်လုံး စိတ်ကြိုက် အချိန်ယူပြီး ရှာဖွေရွေးချယ်ခဲ့သော အိမ်ကလေးမို့ ဒီအိမ်ကလေးအတွက် မမောမပန်း အလှဆင် နေရာချနေရတာကလည်း ကျေနပ်ဖွယ်အလုပ်တစ်ခု။


လောလောဆယ်ထိ အိမ်ကလေးကို အလှဆင်နေရာချနေတာ မပြီးသေးပါဘူး။ ဒီတပတ်လုံး အိမ်ကလေးနဲ့ပဲ အလုပ်များနေတော့မယ်။ ငြိမ်သက်တိတ်ဆိတ်နေသော ဥယျာဉ်ခြံလေးအတွင်းက ဒီအိမ်ကလေးမှာ ဘ၀ရဲ့တိုးတက်မှုတွေ လုပ်ဆောင်နိုင်မယ်လို့ ယုံကြည်မှုတွေ ဖြစ်ပေါ်နေမိတယ်။ မှန်အပြည့် ပြတင်းပေါက်ခပ်ကြီးကြီးပါသော အိမ်ကလေးတွေကို သဘောကျသော ကျွန်မအတွက် မိဘနှင့် ချစ်သူ နှစ်ဖက်လုံးက နှစ်ဖက်လုံးနေထိုင်သော အိမ်တွေကို ကျွန်မစိတ်ကြိုက်ရွေးချယ်ခွင့်ပေးခဲ့တာ ကျေးဇူးတင်မိပါတယ်။

ဒီတပတ်ထဲမှာ မင်္ဂလာဖိတ်စာတွေကို အပြီးပို့ပေးရင်း လက်စသပ်ရန် ကျန်နေသော ကိစ္စလေးတွေကို အပြီးစီစဉ်ရမှာမို့ ကျွန်မ အလုပ်များနေမှာဖြစ်တဲ့အတွက် အခြားအသိဘလော့ခ်များအားလုံးကို မလည်ပတ်နိုင်သေးခဲ့ရင် နားလည်ပေးပါရန် တောင်းဆိုပါတယ်ရှင်။
ဒီဇင်ဘာ (၁၃)ရက်နေ့မှာ ကျရောက်မယ့် ကျွန်မရဲ့ အသက်(၂၀)နှစ်မြောက် မွေးနေ့အတွက်လည်း ပျော်ရွှင်မိပါတယ်။ ဒီနှစ်ထဲမှာ အမှတ်တရတွေအားလုံး စုပြုံနေခဲ့တာ ထူးခြားမှုတစ်ခုပါပဲ။


ဒီဇင်ဘာ(၂၁)ရက်နေ့ Mandarin Oriental Hotel မှာ ကျင်းပမည့် မင်္ဂလာအခမ်းအနားအတွက် အရာအားလုံးက စီစဉ်ပြီးစီးနေခဲ့ပါပြီ။ အလှပလေး ဆက်လက်ထိန်းသိမ်း ဂရုစိုက်ဖို့ပဲ လိုပါတော့တယ်။ တိုက်တိုက်ဆိုင်ဆိုင် ကျွန်မ လက်ထပ်သောအချိန်ရောက်မှ ကမ္ဘာ့စီးပွားရေးပြဿနာက ပေါ်ပေါက်လာခဲ့တယ်။ ဒီပြဿနာကြောင့် ကြိုတင်ကာကွယ်မှုအနေနဲ့ ဟန်းနီးမွန်းကို ဝေးလံသော ဥရောပခရီးစဉ်ကနေ အာရှခရီးကိုပဲ ပြောင်းလဲလိုက်ရတယ်။ ပျော်ရွှင်မှုတွေအားလုံး ၀န်းရံခစားနိုင်ဖို့ လွယ်လွယ်ကူကူမဟုတ်ဘဲ နှစ်ယောက်ကြားမှာရော ၊ နှစ်ဖက်အသိုင်းဝိုင်းအတွက်ရော အများကြီး ကြိုးစားလုပ်ဆောင်ခဲ့ရပါတယ်။ ဒီအတွက်လည်း ခိုင်မြဲသထက် ခိုင်မြဲလာတဲ့ သံယောဇဉ်နှောင်ကြိုး တွယ်တာမှုများကို ကြည့်ရင်း ကျေနပ်မိတယ်။

`အခက်ခဲတွေလည်း
ဖြတ်သင့်သလောက်
တော်တော်များများ အတူဖြတ်ကျော်ခဲ့ပြီးပြီ .. ။

ပြင်းထန်သော စိတ်ခံစားမှုတွေလည်း
အတ္တတွေကြိုးစားမြုပ်နှံလို့
အေးချမ်းမြတ်နိုးချစ်ခင်ခြင်းတွေအဖြစ်
ကြိုးစားပြောင်းလဲခဲ့ပြီးပြီ .. ။

လိုချင်တာနဲ့ပေးနိုင်တာကြား
လိုချင်မှုတွေထိန်းသိမ်းလို့
ပေးနိုင်တာတွေအားလုံးပဲ
အကောင်းဆုံးကြိုးစားနေခဲ့ကြပြီ .. ။

ကံတရားရေ …
ချိုမြိန်လှပသော အနာဂတ်လေးအတွက်
သင်းပျံ့လှပသောပန်းပွင့်လေးများသီကုံးလို့
အေးချမ်းရင်ခုန်ပျော်ရွှင်ကြည်နူးဖွယ်ကောင်းတဲ့
ကံကောင်းခြင်းလက်ဆောင်တွေကိုပဲ
အမြတ်တနိုး သယ်ဆောင်လာပေးလှည့်ပါတော့ကွယ် … ။ ´

ဒီကဗျာလေးကို ဘာရယ်မဟုတ် စိတ်ထဲရှိသလို ချရေးလိုက်ရင်း လတ်တလော အကြိုက်ဆုံးသီချင်း A Moment Like This ကို ခပ်တိုးတိုးလေး သီဆိုနေမိတယ် .. ။ ကျေနပ်ပျော်ရွှင်မှုတွေကို ဘလော့ခ်လာသူများအားလုံးနှင့် ဝေမျှလိုက်ပါတယ်။ အားလုံးပျော်ရွှင်ချမ်းမြေ့ကြပါစေ :)




Lyrics | Kelly Clarkson lyrics - A Moment Like This lyrics

51 comments:

ဆောင်းယွန်းလ said...

ပျော်ရွှင်ဖွယ်ရာဘဝနှစ်ခုပေါင်းစပ်နိုင်ကြပါစေလို့ဆုတောင်းပေးပါတယ်ညီမရေ

NBWISAM said...

Congratulations!!!

Moe Cho Thinn said...

ညီမလေး လင်းလက် စိတ်ပျော်ရွှင် ချမ်းမြေ့ပြီး ငြိမ်းချမ်းသာယာတဲ့ ဘ၀ခရီးကို နားလည်မှုများနဲ့ ဖန်တီး တည်ဆောက်နိုင်ပါစေ။

shin said...

Congratulation to you!

shin said...

Congratulation! to you!

s said...

အားကျလိုက်တာ။ :) ကိုယ့်ချစ်သူနဲ့ ဘ၀ခရီးလမ်းကို ရှေ့ဆက်ရမှာဆိုတော့ဘယ်လောက်ပျော်စရာကောင်းလိုက်မလည်းနော်။
ပျော်ရွှင်ပါစေရှင်။

Anonymous said...

Congratulation par Nyi Ma Thay Thay Lay!
Sar Myarr Sax Yay par!

May Moe said...

ညီမလေး လင်းလက် စိတ်ပျော်ရွှင် ချမ်းမြေ့ပြီး ငြိမ်းချမ်းသာယာအောင်မြင်တဲ့ ဘ၀လေးကို ထာဝရပိုင်ဆိုင်နိုင်ပါစေ။ :)

Sonata Cantata said...

ကြယ်စင်လေးတွေ
မိုး နဲ့ မြေ အပြိုင်
လင်းလက်တောက်ပနေကြတယ်
မယုံရင်
မျက်ဝန်းလေးတွေထဲကြည့်လိုက်...

Sonata Cantata said...

ကြယ်စင်လေးတွေ
မိုး နဲ့ မြေ အပြိုင်
လင်းလက် တောက်ပနေကြတယ်
မယုံရင်
မျက်ဝန်းလေးတွေထဲ ကြည့်လိုက်...

:P said...

ပျော်ရွှင်ပါစေ.. ဘိုးဘိုး၊ ဘွားဘွားဖြစ်တဲ့ထိ ထာဝရပျော်ရွှင်ခိုင်မြဲပါစေ..
ဆုတောင်းပေးချင်တယ်။ စကားလုံးလှလှလေးက ရှာမတတ်တော့ဘူး :)

တက်တူ said...

Congratulation!
ဟိုလေ ခေတ်မှီသူတိုင်း ကျောပိုးကြသည်တဲ့။ သတို့သားက သတို့သမီး ကျောပိုးတဲ့ပုံကော ရိုက်ဖြစ်သေးလား.... :D

phyozin said...

May you 2 live happily.

sincerely,
kael

phyozin said...

May You 2 Live Happily.

Sincerely,
Kael

Anonymous said...

ဝမ်းသာစရာပဲ မလင်းလက်ရေ။ ပျော်ရွှင်ပါစေလို့ ဆုတောင်းပေးပါတယ်နော်။ :)

thonn thonn said...

ရေးထားတာလေးတွေဖတ်ရင်း စာရေးသူအပျော်က ရင်ဘတ်ထဲကူးစက်လာတယ်။ ကြည်နူးမိတယ်။ :)

A Linn Nyi said...

Happy Marriage and Happy Honey Moon ဖြစ်ပါစေ ညီမလေးရေ :-)

Anonymous said...

sister.... waiting for new post naw...

Anonymous said...

sister waiting for new post naw

s0wha1 said...

ညီမလေးရေ... Congratulations... ပျော်ရွှင်ပါစေ။ :)

pyithu said...

မြန်မာဘလော့ကာများ အကြွားများလျှော့ ပကတိအတိုင်း ပြောတတ်စေရေး ။

သတိထားပီးလည်း ကြွား ဦး

အောက်စဖို့မမလို ဖြစ်နေဦးမယ်

Anonymous said...

သမီး ?င်းလ?်
??ျာ်ရွှင??ကည်နူးဖ?ယ် ?ဝ?တွ ပို?်ဆိုင?န?ငိ?ါစေ? ???်?န်ရ??းစားစွ? အေ???မြ?်?ှုမ?ား ?ပါစေ

လင်းလက်ကြယ်စင် said...

အားလုံး အလည်လာရောက် ပျော်ရွှင်မှု မျှဝေခံစားပေးသူများ ကျေးဇူးပါရှင်။

ကိုတက်တူ >>> ဓာတ်ပုံဆရာက ချီခိုင်းပါတယ်။ ကျွန်မက ကြောက်နေလို့ ခဏလေးပဲ ရိုက်ဖြစ်ပါတယ် :P ။

pyithu >> မတူတာကို တူအောင် မပြောမိပါစေနဲ့ရှင်။ ကျွန်မမှာ ကြွားစရာ ဘာမှမရှိ။ လက်ရှိအနေအထား ပျော်ရွှင်မှုတွေကို အနည်းငယ်လောက် မျှဝေပေးတာလောက်ပဲ ရှိပါတယ်။ မကျေနပ်ရင် Oriental Hotel မှာ ၂၁ရက်နေ့ တစ်နေကုန် လာထိုင်စောင့်ကြည့်နေလိုက်ရင်း စုံထောက်များအား ကျွန်မအဖြစ်မှန်များကို စုံစမ်းထောက်လှမ်းနိုင်ပါတယ်:)

Anonymous said...

တလောက လုံးက အကောင်းဆုံး ဆုတောင်းတွေ အားလုံးနဲ့ ဆုတောင်း ပေးလိုက် တယ်နော်.. ၂ယောက် တဘ၀လေး အမြဲ အေးချမ်း ပျော်ရွှင်နိုင် ပါစေ
:)

Anonymous said...

ဟိုလေ ခေတ်မှီသူတိုင်း ကျောပိုးကြသည်တဲ့။ သတို့သားက သတို့သမီး ကျောပိုးတဲ့ပုံကော ရိုက်ဖြစ်သေးလား...

ဓာတ်ပုံဆရာက ချီခိုင်းပါတယ်။ ကျွန်မက ကြောက်နေလို့ ခဏလေးပဲ ရိုက်ဖြစ်ပါတယ် :P ။

အရူးဘုံမြှောက် ဆိုတာဒါမျိုးပဲကိုး:P

mabaydar said...

မကွယ်မဝှက်ပြောရရင် အားကျတယ်ဟေ့.. အဟေးဟေး..
သတို့သမီးအရံလေးများလိုက်လုပ်လို့မရဘူးလား.. ဒါပေမဲ့ သတို့သားအရံက ချောမှနော်...
မင်္ဂလာမှတ်တမ်းလာတင်ပေးရမလား.. ဒီက ဒါရိုက်တာရူးနော်..
စကာင်္ပူက ဘလော့ဂါ သူငယ်ချင်းတွေတွက်ရော.. သီးသန့်အစီအစဉ်လေးများရှိဝူးလား.. ဟဲ.. ဟဲ (စတာ)..
ဘာဆုတောင်းပေးရမှန်းမသိဘူး.. လိုချင်တဲ့ဆု အားလုံးပြည့်ပါစေနော်...

M.Y. said...

ညီမလင်းလက်..
ဘ၀တစ်သက်တာပျော်ရွှင်သောခရီးလမ်းဖြစ်ပါစေ..
ဆုမွန်ကောင်းများဖြင့်..

pandora said...

ညီမ လင်းလက်ရေ ချစ်သူနှစ်ဦး ပျော်ရွှင်အေးချမ်းစွာ ဘ၀တလျှောက်လုံး လက်တွဲနိုင်ကြပါစေ။

pandora said...

ညီမလင်းလက်တို့ ချစ်သူနှစ်ဦး ပျော်ရွှင်အေးချမ်းစွာနဲ့ ဘ၀တလျှောက်လုံး လက်တွဲသွားနိုင်ကြပါစေ

GreenGirl said...

ညီမလေးရေ...အမှတ်တရတွေ တစ်စုတစ်ဝေးနဲ့ တစ်သက်တာအတွက် ပျော်ရွှင်မှုတွေ၊ ပြည့်စုံမှုတွေ အားလုံးကို ပိုင်ဆိုင်နိုင်ပါစေနော်... :)

ZMT said...

ဟုတ်တယ်ဗျ အားကျလိုက်တာ ... :) မလင်းလက် တို့ ပျော်ရွှင်နေတာကြည့်ပြီး ကျွန်တော်တို့ပါ အပျော်တွေကူးစက်လာတယ်ဗျ။ အဝေးရောက် သူငယ်ချင်းတွေ အတွက်ကော အစီစဉ်ရှိဘူးလား :)

Anonymous said...

ဗမာပြည်သား.. အဝေးရောက်အတွက်မရှိဘူး.. ဟီး.. လာချင်ရင် စကာင်္ပူလာခဲ့.. ငှဲ.. ငှဲ.. စလုံးကဘလော့ဂါတွေအတွက်ပဲ ရှိတယ်..
ဟုတ်တယ်ဟုတ်??? ဟုတ်လိုက်နော်နော်..

Anonymous said...

congrat... b happy wif the ones u luv! :)

ကိုပေါ said...

မလင်းလက်
ထာဝရ ပျော်ရွှင်ချမ်းမြေ့ပါစေ…

ကိုပေါ said...

မလင်းလက်
ထာဝရ ပျော်ရွှင်ချမ်းမြေ့ပါစေ…

Thinzar said...

A heartful congrat to လင်းလက်!! :)

Nge Naing said...

လင်းလက်ရေ ဘ၀လက်တွဲဖေါ်နဲ့ အအေးတူ ပူအမျှ ဘ၀တလျှောက်လုံး ချစ်ခင်ကြင်နာစွာ ပေါင်းသင်းရပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

Kyaw Nyo Thway said...

လာလည်သွားပါတယ် အစ်မ
ပျော်ရွှင်ပါစေ...နောက်လည်းလာပါဦးမယ်

မေငြိမ်း said...

သမီး လင်းလက်ကလေးနဲ့ ချစ်သောကိုကိုတို့ ပျော်ရွှင်ချမ်းမြေ့အတိနဲ့ ပြီးပြည့်စုံပါစေ..။

Anonymous said...

ငါ့ညီမလေးတို့လင်မယားကြည်ကြည်နူးနူးနဲ့ သာယာအဆင်ပြေကျန်းမာကြံ့ခိုင်တဲ့
အိမ်ထောင်ရေးလေးတစ်ခုကိုတစ်သက်ပတ်လုံး ပျော်ရွှင်စွာဆင်နွဲသွားနိုင်ပါစေ..
မွေးလာမယ့်ကလေးတွေလည်းဗိုလ်ချုပ်အောင်ဆန်းလို သူရဲကောင်းလေးတွေ
ဖြစ်နိုင်ပါစေလို့ဆုတောင်းပေးပါတယ်...
နွေးထွေးစွာဖြင့်
ကိုတေ

Yan said...

အားပါးပါး...

နောက်ကားလေးတွေတောင် ကျော်တက်ကုန်ပြီတဲ့..

အားကျတယ်ဗျာ. ကျွန်တော့်ကားကတော့ အခုမှ စက်ရုံမှာ ဘော်ဒီထုနေတုန်းပဲ. အသည်းကွဲရုံတင်မကဘူး. ဘော်ဒီပါကွဲသွားလို့လေ. :)

ပျော်ရွှင်ချမ်းမြေ့ဖွယ်ရာ အိမ်ထောင်လေးတစ်ခုကို ပိုင်ဆိုင်နိုင်ပြီး ရိုးမြေကျ ချစ်ခင်နှစ်သက်စွာ ပေါင်းသင်းနိုင်၊ ပါရမီဖြည့်နိုင်ကြပါစေဗျားးးး

ခင်မင်လေးစားလျက်

ရန်အောင်

Kaung Kin Ko said...

ညီမလေးတို့ ချစ်သူနှစ်ဦး ပျော်ရွှင် ချမ်းမြေ့ကြပါစေး-)

Salmah said...

ညီမလေးရေ ...
သာယာချမ်းမြေ့သော အိမ်ထောင်ရေးလေးတစ်ခုကို ပိုင်ဆိုင်နိုင်ပါစေ ...
ဘ၀ခရီးလမ်းတစ်လျှောက်အောင်မြင်မှုများစွာ ... စိတ်ချမ်းသာမှုများစွာ ... ဆထက်တပိုး တိုးပြီးရရှိကြပါစေလို့ ... ဆုတောင်းပေးလိုက်ပါတယ်ကွယ် ...

Anonymous said...

wat time is ur wedding? nvr invite me?
buffet or course dinner? i wanna eat.. :D

ဗေဒါရီ said...

မလင်းလက်ရေ .. ချစ်သူနဲ့ လက်တွဲပြီး ပျော်ရွှင် ကြည်နူးဖွယ် ဘ၀လေးတခု တည်ဆောက်ရင်း အများအကျိုးပြု အလုပ်လေးတွေ ဆထက်တံပိုး ဆောင်ရွက်နိုင်ပါစေ ... လို့ ဆုတောင်းလိုက်ပါတယ်။

WWKM said...

မင်္ဂလာပါ ညီမရေ..
ပထမဦးဆုံးအကြိမ်အဖြစ်လာရောက်လည်ပတ်သွားပါတယ်နော်.
သာယာချမ်းမြေ့ပျော်ရွှင်ဖွယ်ကောင်းသော အိမ်ထောင်လေးတစ်ခုကို
ပိုင်ဆိုင်နိုင်ပါစေ.

ကလိုစေးထူး said...

ညီမလင်းလက်ရေ...
အခုမှပဲ ရောက်လာရကောင်းလားဆိုပြီး စိတ်တော့ မဆိုးနဲ့ကွ။ အကို အခုရက်ပိုင်းတွေ ဘယ်မှာမှကို စာလိုက်မဖတ်ဖြစ်သလို ဖြစ်နေတော့ ညီမ မင်္ဂလာ အကြိုကိုလဲ မရောက်ဖြစ်ခဲ့တာ။ ဘာပဲဖြစ်ဖြစ် ခင်မင်ရတဲ့ ညီမတယောက်ရဲ့ မင်္ဂလာသတင်းကို ကြားရတာ မင်္ဂလာတပါးပဲမို့ ငါ့ညီမတယောက် ချစ်ရတဲ့သူနဲ့အတူ ဘ၀တလျှောက် ပျော်ပျော်ရွှင်ရွှင်နဲ့ သာယာတဲ့ အသိုက်အမြုံတခုကို ဖန်တီးနိုင်ပါစေလို့ အကို ဆုတောင်းပေးပါတယ်။

ဇင်ယော် said...

ညီမလင်းလက်ရေ
သာယာပျော်ရွှင်ချမ်းမြေ့တဲ့ မိသားစုလေးတစ်ခုကို တည်ထောင်နိုင်ပါစေဗျာ။ ဘ၀လမ်းခရီးမှာ ချစ်သူနှစ်ဦး ကြည်ကြည်နူးနူးနဲ့  လက်တွေခိုင်ခိုင်မြဲလို့  ရဲရဲကြီး လျှောက်လှမ်းနိုင်ပါစေဗျာ။

Anonymous said...

I think you wanna boast abt ur wedding n honeymoon...may b cuz of ur age..neway i wish u guys got a happy life

Anonymous said...

အပျော်တွေကူးစက်လာပါတယ်။

Anonymous said...

ကိုယ်ချစ်တဲ့သူနဲ.အတူနေရခြင်းဆိုတာ
လူတိုင်းမရတဲ့ကံပါ
ညီမလေးတို.ချစ်သူနှစ်ဦး
အိုအောင်မင်းအောင် ပေါင်းသင်းနိုင်ကြပါစေလို.
စုတောင်းပေးပါတယ်
အဆင့်အတန်းမရှိ အောက်တန်းကျတဲ့အကောင်တွေရဲ.
မနာလိုမှုတွေကို လမင်းကိုခွေးဟောင်တယ်ပဲ သဘောထားလိုက်

Post a Comment

အကြံပြု comment ၀င်ရေးပေးတဲ့အတွက် လှိုက်လှဲစွာ ကျေးဇူးတင်ရှိပါတယ်ရှင် ။ မဖွယ်မရာ စကားများ ၊ ဆဲဆိုခြင်းများ ၊ ပေါကြောင်ကြောင်စကားများ ၊ တစ်စုံတစ်ဦး၏ ကိုယ်ကျင့်တရားသိက္ခာကို ထိခိုက်စေသော စကားများ ဖြစ်ပါက ထို comment များကို လက်ခံမည်မဟုတ်ကြောင်း လေးစားစွာ အသိပေးအပ်ပါတယ်ရှင် ။ အလည်လာရောက် အကြံပြုရေးသားခြင်းများအတွက် ကျေးဇူးတင်ပါတယ် ။ စာများ ရှင်းလင်းစွာ မြင်ရဖို့အတွက် Space များ ထည့်ရိုက်ပေးကြပါရှင်။