Wednesday, November 05, 2008

America's first black president

အမေရိက၏ (၄၄)ဦးမြောက် သမ္မတအဖြစ် Barack Obama ရွေးချယ်ခံရလိုက်ပါပြီ။ အစကတည်းက သူပဲရွေးချယ်ခံရမယ်လို့ ထင်ထားခဲ့ပါတယ်။ အမေရိကန်လူမျိုးတွေသမိုင်းမှာ ပထမဆုံးသော ထူးခြားမှုအပြောင်းအလဲ ဖြစ်ရပ်တစ်ခုပါပဲ။ အမေရိကန်လူမျိုးတွေ ရွေးချယ်သော အစိုးရဟာ သူတို့တကယ်ယုံကြည်လိုလားသော အစိုးရဖြစ်တာမို့ ဘယ်သူပဲနိုင်နိုင် စစ်မှန်သောရွေးချယ်မှုပဲ ဖြစ်မှာပါ .. ။ အမေရိကန်သမ္မတအဖြစ် Obama ကို သဘောကျပေမယ့် First Lady နေရာမှာ ကျွန်မသဘောကျခဲ့တာက John McCain အမျိုးသမီးကိုပါ :D ။ စိတ်ထားကြင်နာတတ်သလို အပြင်အဆင်မှာလည်း လှပချောမွေ့နုနယ်သော အမျိုးသမီးတွေကို ကျွန်မသဘောကျတတ်လို့ပါ။ အမေရိကရဲ့ လွတ်လပ်စွာ မဲပေးမှု ၊ ရွေးချယ်မှုတွေကို ကြည့်ရင်း စိတ်ထဲမြင်ယောင်နေမိတာက .. တံခါးပိတ်လုပ်ချင်ရာလုပ်နေခဲ့ကြပြီး ဆန္ဒမဲပေးဖို့တောင် အမှန်စင်စစ် ခွင့်မပြုခဲ့ကြသော ခပ်လှမ်းလှမ်းက အမှောင်အတိနိုင်ငံတစ်ခု။

Watch the video "Obama makes victory speech"

ဘားရက် အိုဘားမားနှင့် မြန်မာ့အရေး သူ့သဘောထား

5 comments:

thonn thonn said...

ကိုယ်တွေလည်း အိုဘားမားဘက်ကမို့ ဘာမဆိုင်ညာမဆိုင် ဝမ်းသာနေပါသေးတယ်။ တစ်ဆက်တည်းမှာလည်း အော်...ငါတို့ဆီမှာတော့ လို့ တွေးမိတယ်။ :(

ဒါနဲ့ စကားမစပ် Black လို့ သုံးထားတယ်နော်။ မသွန်းအနေနဲ့ဆိုရင်တော့ the first African president လို့ သုံးမယ်။ ကုလားကို ကုလားလို့ပြောရင် မရိုင်းပေမဲ့ နားဝင်ချိုအောင် Indian လို့ သုံးသလိုပေါ့။ :)

လင်းလက်ကြယ်စင် said...

မသွန်းရေ .. သတင်းတွေဖတ်ပြီး သတင်းတွေထဲက အတိုင်း ဘာရယ်မဟုတ် လင်းလက်သုံးလိုက်မိတယ် ထင်ပါရဲ့။ ရိုင်းရိုင်း ပြောလို၍တော့ မဟုတ်။ ဘယ်သူမဆို ဖြစ်နိုင်တယ်ဆိုသော သိသာထင်ရှားစေလိုတဲ့ ရည်ရွယ်ချက်လေးတစ်ခုပါပဲ။ ထောက်ပြပေးတာ ကျေးဇူးနော် :)

thonn thonn said...

:)

ZMT said...

ဒီနှစ်အမေရိကန် ရွေးကောက်ပွဲကို ကျွန်တော်လည်း တော်တော်စိတ်လှုပ်ရှားခဲ့တယ်ဗျ။ ဂျွန်မက်ကိန်းကို ရစေချင်တာ သူမရတော့ စိတ်တောင်မကောင်းဘူး။ အမေရိကန်တွေ သူတို့ရဲ့ ခေါင်းဆောင်ကို သူတို့စိတ်ကြိုက် လွတ်လွတ်လပ်လပ်နဲ့ ရွေးချယ်နိုင်ခဲ့ကြတယ်။ ကျွန်တော်တို့ရဲ့ 2010 ရွေးကောက်ပွဲကတော့ ဒီလောက်စိတ်လှုပ်ရှားစရာကောင်းမယ်မထင်ဘူးဗျ။ အဖြေကြိုသိပြီးသား မို့လို့နဲ့တူတယ်ဗျ :P

Unknown said...

“ဘားရက် အိုဘားမားနှင့် မြန်မာ့အရေး သူ့သဘောထား ” တဲ့ .......
Link လုပ်ထားတဲ့  သတင်းလေး ဖတ်ဖြစ်ပါတယ်...ကျေးဇူးပါ.......
ရေနစ်နေသူတွေ အတွက်တော့  “အား” တစ်ခုပါပဲ.....
ဝါးကူထိုးမယ့်  သူတစ်ယောက် မဖြစ်ပါစေနဲ့ လို့ ...........

Post a Comment

အကြံပြု comment ၀င်ရေးပေးတဲ့အတွက် လှိုက်လှဲစွာ ကျေးဇူးတင်ရှိပါတယ်ရှင် ။ မဖွယ်မရာ စကားများ ၊ ဆဲဆိုခြင်းများ ၊ ပေါကြောင်ကြောင်စကားများ ၊ တစ်စုံတစ်ဦး၏ ကိုယ်ကျင့်တရားသိက္ခာကို ထိခိုက်စေသော စကားများ ဖြစ်ပါက ထို comment များကို လက်ခံမည်မဟုတ်ကြောင်း လေးစားစွာ အသိပေးအပ်ပါတယ်ရှင် ။ အလည်လာရောက် အကြံပြုရေးသားခြင်းများအတွက် ကျေးဇူးတင်ပါတယ် ။ စာများ ရှင်းလင်းစွာ မြင်ရဖို့အတွက် Space များ ထည့်ရိုက်ပေးကြပါရှင်။