Friday, November 07, 2008

ပင်စင်ရောဂါ

ဆရာကြီး မြသန်းတင့်ရေးသားသော `ပင်စင်ရောဂါ´၀တ္ထုတိုလေးကို ဖတ်ကြည့်ပြီးချိန်မှာ အဓိက ဇာတ်ကောင် ၂ဦးလုံးကို အပြစ်တင်ရက်ခြင်း မရှိလောက်အောင် အခြေအနေများကို စာနာမိပါတယ်။ ဒီဝတ္ထုထဲမှာ သရုပ်ဖော်ထားသော ဆရာဝန်ကို သူ့လုပ်ရပ်အတွက် စာဖတ်သူများ အပြစ်တင်ကြမှာလား ကျွန်မသိချင်မိပါတယ်။

ပင်စင်ရောဂါ

ဒီနေ့ညအဖို့ ပထမဦးဆုံးရောက်လာတဲ့ လူနာပဲ။ လူနာက အမျိုးသမီး ၊ အသက်သုံးဆယ်ကျော် လေးဆယ်တွင်းလောက်မှာပဲ ရှိဦးမယ်ထင်တယ်။ အသားဖြူဖြူ ခပ်၀၀ရယ် ၊ သိပ်အ၀ကြီးတော့ မဟုတ်ဘူးပေါ့လေ။ ခပ်ဖိုင့်ဖိုင့်လို့ ပြောရမှာပေါ့။ အရပ်
ကလည်း မနိမ့်မမြင့် ၊ မျက်လုံးမျက်ခုံးကောင်းကောင်းနဲ့။ အဲ .. နှာယောင်ကတော့ နည်းနည်းပြားတယ်လို့ ခေါ်ရမယ်ထင်တယ်။ နှာတံပေါ်တယ်လို့ မပြောနိုင်ဘူး။ သူ့လက်ထဲမှာ ဆွဲခြင်းကလေးတစ်ခု ဆွဲလာတယ်။ ခေါက်ထီးကလေးတစ်လက်လည်း ပါလာတယ်။

ပြီးတော့ လက်သုတ်ပ၀ါနဲ့ ပတ်ထားတဲ့ ထမင်းဘူးရယ်။ ဓာတ်ဗူးသေးသေးသလေး တစ်လုံးရယ်ပေါ့။ ကော်ဖီတို့ ဘာတို့ ထည့်မှာပေါ့။ ဒါကိုကြည့်ပြီး အမျိုးသမီးဟာ စနစ်တကျ ချွေချွေတာတာ ၊ စည်းကမ်းရှိရှိနဲ့ နေတတ်စားတတ်တဲ့ အမျိုးသမီးတစ်ယောက်လို့ ကျွန်တော်တွက်လိုက်တယ်။ အ၀တ်အစားကလည်း သန့်သန့်ပြန့်ပြန့်ပါပဲ။ ဆံပင်ကို နောက်တွဲကလေးရိုးရိုးထုံးထားပြီး အင်္ကျီလက်ရှည်အဖြူနဲ့ အကောင်းစားပါတိတ်တစ်ထည်ကို ၀တ်ထားတယ်။ သူ့ကိုကြည့်ရတာ လူနာတစ်ယောက်နဲ့ မတူဘူး။ ပကတိကျန်းမာနေတဲ့ ရုပ်မျိုးပဲ။ နှုတ်ခမ်းတွေက ရဲလို့။ အသားအရေကလည်း ကြည်လို့။

`ဆို ဘာဖြစ်တာလဲ´

ကျွန်တော်က ဆရာဝန်တွေ ဆေးခန်းဝမှာ နှုတ်ဆက်လေ့ရှိတဲ့ စကားနဲ့နှုတ်ဆက်လိုက်တယ်။

`ဘာမှတော့ မဖြစ်ပါဘူး ဆရာ။ အင်ဗေလစ်ပင်စင် တင်ချင်လို့ ဆရာ့ဆီက ထောက်ခံချက်ကလေး လာတောင်းတာပါ´

ကျွန်တော် မျက်ခုံးကို ပင့်လိုက်မိတယ်။ သူ့အရွယ်က အရွယ်ကောင်းတုန်း။ အလွန်ဆုံးရှိမှ အသက် ၄၀ပေါ့။ ဒီအရွယ်မှာ ဘာဖြစ်လို့ ဆေးပင်စင်ယူချင်ရတာလဲ။ ကျွန်တော့်ဆီကိုလာပြီး ဆေးပင်စင်အတွက် ဆေးလက်မှတ်လာတောင်းတဲ့ သူတွေ အများကြီးရှိပါတယ်။ တချို့က တကယ်အသက်ကြီးလာလို့ ကျန်တဲ့ တစ်နှစ် နှစ်နှစ်ကလေးကို ပင်စင်နဲ့သွားချင်တယ်။

တချို့က အသက်ငယ်ပေမယ့် တကယ့်ကိုနေထိုင်မကောင်းဖြစ်လို့ ပင်စင်ယူချင်တာ။ ဥပမာ တချို့အမျိုးသမီးတွေဆိုရင် အသက်သိပ်မကြီးသော်လည်း မီးယပ်စတဲ့ အမျိုးသမီးရောဂါတို့ ၊ သားအိမ်တို့ ၊ ရင်သားကင်ဆာတို့ဘာတို့ ဖြစ်လို့ ကောင်းကောင်းမကျန်းမာတော့တာနဲ့ပဲ ပင်စင်ယူချင်ကြတာ။ တချို့ကျတော့လည်း ၀န်ထမ်းအလုပ်ထက်ပိုပြီး ၀င်ငွေကောင်းတဲ့ အရောင်းအ၀ယ်လုပ်ငန်းတို့ ဘာတို့ကို လုပ်ချင်လို့ ဆေးပင်စင်လျှောက်ကြတာ။ နည်းနည်းပါးပါးလည်း ရောဂါလေး ဘာလေးတော့ ရှိတာပေါ့လေ။ ရောဂါမရှိဘဲနဲ့ ဆရာဝန်က ဘယ့်နှယ်လုပ်ပြီး ဆေးထောက်ခံချက်ပေးနိုင်ပါ့မလဲ။

Download Full Story From Mediafire

Download Full Story in Scribd


8 comments:

Unknown said...

ကျွန်တော့် အနေနဲ့  ဆရာဝန်ကို အပြစ်မတင်ပါဘူး......
ဒီလိုလုပ်ကိုင်ရနိုင်အောင် ပြုလုပ်ထားတဲ့  “စနစ်” တစ်ခုကိုသာ.........

MrDBA said...

စာအုပ်လေးတွေ မျှလို့ ကျေးဇူးပါခင်ဗျာ

pandora said...

လာဖတ်သွားတယ် ညီမလေး အစစ အဆင်ပြေပါစေ

PAUK said...

လင်းလက်လေးရေ...ကြားရတာ..စိတ်မကောင်းပါဘူး..အမကမသိလို့မေးလိုက်မိတာ..လင်းလက်လေး လာလည်တာတွေ့တော့..၀မ်းလည်းသာ...သတိလည်းရတော့လေ..
မင်္ဂလာပွဲ အဆင်ပြေပါစေနော်..

အမှန်က စီဘောက်စ်မှာရေးတာ..ရီဂျစ်စတာမလုပ်ရသေးလို့..ဒီမှာပဲတင်လိုက်ပါတယ်

Anonymous said...

ကျေးဇူးပါ လင်းလက်ကြယ်စင်ရေ။ ဆရာမြသန်းတင့် ရဲ့ ပင်စင်ရောဂါလိုမျိုး အရှင်တို့ နိုင်ငံမှာလည် ဟိုမှာ သည်မှာမကြာမကြာတွေ့မြင်နေရတာပဲ။ ပင်စင်ယူသင့်ရဲ့မယူ .မယူသင့်ဘဲယူနေတာတွေကြောင့် ရွှေပြည်ကြီးဟာ ရွှံနွံထဲက မထွက်နိုင်ရှာကြသေးဘူးမဟုတ်လား။

Su said...

HI,

i just wanna send a msg around burmese community.
my parents losts their passports yesterday around 5pm at peninsula plaza.
i'm a bit hestitat to use the word " LOST" because it wasn't lost. it was stolen :(
pickpocket took it from my mom's bag.

if anyone find them please contact to the following number. 82514209.
thanks

Anonymous said...

ညီမလေးရေ ရောက်တယ်

Chaos said...

ညီမလေးရေ စာအုပ်လေးက အစလေးပေးထားကတည်းက စိတ်ဝင်စားလို့
ဒေါင်းလု ဆွဲသွားလိုက်မယ်။ ကျေးဇူးပဲ။ ဘာတွေလုပ်။ အဆင်ပြေနေလား။

Post a Comment

အကြံပြု comment ၀င်ရေးပေးတဲ့အတွက် လှိုက်လှဲစွာ ကျေးဇူးတင်ရှိပါတယ်ရှင် ။ မဖွယ်မရာ စကားများ ၊ ဆဲဆိုခြင်းများ ၊ ပေါကြောင်ကြောင်စကားများ ၊ တစ်စုံတစ်ဦး၏ ကိုယ်ကျင့်တရားသိက္ခာကို ထိခိုက်စေသော စကားများ ဖြစ်ပါက ထို comment များကို လက်ခံမည်မဟုတ်ကြောင်း လေးစားစွာ အသိပေးအပ်ပါတယ်ရှင် ။ အလည်လာရောက် အကြံပြုရေးသားခြင်းများအတွက် ကျေးဇူးတင်ပါတယ် ။ စာများ ရှင်းလင်းစွာ မြင်ရဖို့အတွက် Space များ ထည့်ရိုက်ပေးကြပါရှင်။