Friday, October 17, 2008

Jurong Medical Centre


ဒီနေ့မနက်စောစော Jurong Medical Centre ရှိ Dental Clinic ကို ကျွန်မရောက်သွားခဲ့တယ်။ မင်္ဂလာပွဲနှင့်အကြိုဓါတ်ပုံရိုက်ကူးခြင်းအတွက် အလုပ်တွေက ပိုများရင်း တစ်ချို့လုပ်နေကျ ကိစ္စတွေမှာ ခဏဝေးသွားတာကို နားလည်ခွင့်လွှတ်ပေးရန် ကျွန်မတောင်းဆိုလိုပါတယ်။ လတ်တလောမှာ ကျန်းမာရေးနှင့် အလှပကို ဂရုစိုက်ဖို့ အချိန်ပိုပေးလုပ်ဆောင်ရင်း သွားများပိုမိုလှပ၀င်းလက်စေရန် ကျွန်မသဘောကျသော Jurong Medical Centre ကိုပဲ ရွေးချယ်လိုက်ပါတယ်။

NUH ( National University of Singapore) ဆေးရုံက ပိုမိုကြီးမားစုံလင်ပေမယ့် ကျွန်မ သဘောမကျပါဘူး။ ရှုပ်ထွေးလှသော လူတွေ ၊ အချိန်ကြာကြာစောင့်ဆိုင်းရမှုတွေအပြင် ကျွန်မအိမ်နှင့်လည်း အနည်းငယ်ဝေးတာကြောင့် Jurong Medical Centre က ကျွန်မသဘောကျသော ဆေးကုသရာနေရာ ဖြစ်လာခဲ့တယ်။ ကျွန်မ အမေ ခါးနာစဉ်ကလည်း Jurong Medical Centre မှာပဲ သေချာပြသကောင်းမွန်သွားခဲ့ပါတယ်။

ဆက်ဆံရေးပြေပြစ်မှု ၊ ဆရာဝန်များသဘောကောင်းမှုကြောင့် ကျန်းမာရေးစစ်ဆေးရမည့်ကိစ္စတိုင်း ကျွန်မတို့မိသားစု ပထမဆုံး ရွေးချယ်ရာနေရာက Jurong Medical Centre ပါပဲ။ သွားဘက်ဆိုင်ရာနေရာမှာ စောင့်ဆိုင်းနေရင်း သန့်ရှင်းပြီး လူတော်တော်ရှင်းတာကို ကျွန်မ ပိုမိုသဘောကျနေမိပါတယ်။ ဆေးရုံတွေသွားတိုင်း လူတွေမျက်လုံးနောက်လောက်အောင် ရှုပ်နေရင် ကျွန်မ တော်တော်စိတ်ညစ်ရလေ့ရှိတယ်။ NUH မှာ ဆရာဝန်ညွှန်းဆိုမှုကြောင့် Emergency သွားပြတာတောင်မှ အနည်းဆုံး ၃နာရီလောက်စောင့်ဆိုင်းရပြီး ပြသစစ်ဆေးချိန်နှင့် ပေါင်းလိုက်ရင် နေ့တစ်ဝက်လောက် အချိန်ကုန်သွားတတ်ပါတယ်။ ထိုအချက်တွေကြောင့် NUH ကို မလိုအပ်ဘဲ ကျွန်မသွားချင်စိတ်မရှိ။



အတွေးများဖြင့် စောင့်ဆိုင်းနေရင်း ကျွန်မနာမည်ခေါ်သံကြားမှ ခပ်မြန်မြန်လေးလိုက်သွားခဲ့ပါတယ်။ ကျွန်မနာမည်က အိုင်စီထဲမှာ မြန်မာအသုံးအနှုန်း `မ´ဆိုတာကြီး ပါနေတာကြောင့် ကျွန်မနာမည်ကို ရုံးတွေ ၊ ဆေးခန်းတွေကခေါ်တိုင်း ကျွန်မကိုယ်ကျွန်မ စိတ်အနှောင့်အယှက်အနည်းငယ်ဖြစ်ရပါတယ်။ နာမည်ပြင်ဆင်ရန် သိပ်မလွယ်ကူတာကြောင့် လက်မှိုင်ချထားရပေမယ့် ကျွန်မနာမည်ရှေ့က `မ´ဆိုတာကြီးကို ဖြုတ်ပစ်ချင်နေပါတယ်။

သွားဆရာဝန်မေးမြန်းမှုကို သေချာဖြေဆိုပေးရင်း ပိုမိုသန့်စင်ဝင်းလက်လှပစေဖို့ ကျွန်မ လာခဲ့တာပါလို့ ကျွန်မဖြေလိုက်တော့ သဘောကောင်းသော ဆရာဝန်က စိတ်ချပါလို့ သေချာပြောဆိုရင်း ကျွန်မသွားတွေကို စတင်စစ်ဆေးပါတော့တယ်။ သွားစစ်ဆေးတိုင်း ပါးစပ်ကိုဟပြီး ထွက်ပေါ်လာသော မီးအလင်းရောင်တွေကိုတော့ ကျွန်မနည်းနည်းလန့်တတ်ပါတယ်။ ပစ္စည်းကိရိယာတွေတစ်ခုပြီးတစ်ခု ပါးစပ်ထဲဝင်လာတိုင်း စိတ်ထဲမှာတော့ ကျလိကျလိဖြစ်နေမိပါတယ်။ `ဘုရား ဘုရား မဆိုင်တဲ့နေရာတွေသွားထိရင်တော့ ငါတော့သွားပါပြီ´ဟု ကျွန်မအကျင့်အတိုင်း တွေးမိသေးသည်။ စစ်ဆေးမေးမြန်းမှုများ ပြုလုပ်ပြီးချိန် လိုအပ်သောအရာတွေ ပြုလုပ်ဖို့ စတင်ချိန်မှာ ဆရာဝန်က ကျွန်မကို ထုံဆေးသုံးမလား မေးပါတယ်။ ကျွန်မက သွားနှင့်ပတ်သတ် အတွေ့အကြုံမရှိတာကြောင့် `အရမ်းနာမှာလား´လို့ ဆရာဝန်ကိုမေးပါတယ်။ ဆရာဝန်က `နာကျင်ခြင်းရှိမည်´တဲ့။ သူရဲကောင်းသွေးမပါသောကျွန်မ နာကျင်ခြင်းဆိုသောအဖြေကြားရချိန် ကျောရိုးထဲ တစ်ချက်တော့ တွန့်သွားပါတယ်။

`ငါတော့တစ်ယောက်တည်းလာမိတာ မှားပြီလားမသိ´ဆိုပြီး တွေးလိုက်မိပါသေးတယ်။ အဖော်ပါရင် တိုင်ပင်ရန်ပိုကောင်းမည်ဟု တွေးလိုက်မိရင်း ကျွန်မ ဘယ်သွားသွား အနားမှာ အမြဲလိုက်ပါလေ့ရှိသော `သူ´မရှိသည့်အတွက်လည်း စိတ်ထဲမှာ တစ်မျိုးဖြစ်လျက်။ စိတ်ကိုအားတင်းပြီး `ဘယ်လောက်နာမှာလည်း ဒေါက်တာ´လို့ မေးလိုက်တော့ ဆရာဝန်က `ဘယ်လောက်နာမှာလည်းဆိုတာ မင်းအပေါ်မှာပဲ မူတည်တယ်´တဲ့။ အဲဒါမှ ဒုက္ခ .. ။ ဘယ်လောက်နာမှာလည်းမသိတော့ ကျွန်မ အပြေးအလွှားစဉ်းစားနေရပါတယ်။ တခြားနေရာတွေနာမှာကို ကျွန်မ သိပ်မကြောက်ပေမယ့် မျက်စိ ၊ နား ၊ ပါးစပ်နှင့် အတွင်းအင်္ဂါတစ်စုံတစ်ခု ဘာမှမဖြစ်ဖူး၍ ကုသခြင်းမရှိခဲ့ဖူးသော ကျွန်မ `သွားကုသနာကျင်ခြင်း´ ကို ခန့်မှန်း၍မရခဲ့ .. ။

ဆရာဝန်က ကျွန်မစဉ်းစားနေပုံကို သဘောပေါက်သွား၍လားမသိ။ အနီးမှ ကူညီပေးနေသည့် အမျိုးသမီးတစ်ယောက်အား ဆေးထိုးအပ်တောင်းလိုက်သည်။ ဆေးထိုးအပ်အရှည်ကိုကြည့်၍ ကျွန်မပိုစိတ်ညစ်သွားသည်။ `အပ်ကြီးကလည်း အရှည်ကြီး´ဟု ကျွန်မပါးစပ်မှ လွှတ်ခနဲထွက်သွားသည်။ `ကိုကိုရေ ကျွန်မတော့ နေမကောင်းရင်တောင် ဆေးမထိုးချင်တာ ၊ အခုတော့ ပိုလှချင်တာ ပါးစပ်ထဲဆေးထိုးခံရတော့မယ်´ဟု စိတ်ထဲမှ တလိုက်မိသည်။

`ဆေးထိုးရမှာဆိုတော့ ဒါလည်းနာမှာနော်´ဟု ဆရာဝန်က ကျွန်မကိုလှည့်ပြောတော့ ကျွန်မ ဒုတိယံမိ ဘုရားတမိသည်။ မျက်လုံးပိုပြူးသွားသလား ၊ ကျွန်မမျက်နှာ ဘာဖြစ်သွားသလဲတော့ ကျွန်မ မသိ။ ဆရာဝန်နှင့် ဘေးမှအမျိုးသမီးက ကျွန်မကို ပြုံးကြည့်ရင်း `မင်းက အတွေ့အကြုံမရှိတော့ ဟိုတွေး ဒီတွေးဖြစ်နေတာပါ။ ငါအကောင်းဆုံးအကြံပေးချင်တာက ပထမဆုံး ငါတို့မင်းကို အစိမ်းသက်သက် စတင်စမ်းသပ်ကြည့်မယ်။ မင်းတအားနာရင်လက်တစ်ဖက်ကို မြှောက်ပြလိုက်။ ခြေထောက်တွေဘာတွေလည်း မြှောက်ပြလို့ရတယ်။ ငါတို့ အဲဒီအခါကျမှ ဆေးထိုးအပ်ကိုသုံးတာပေါ့´ဟု ခပ်ပြုံးပြုံးဖြင့် အကြံပေးသည်။ ဆရာဝန်အကြံပေးချက်က သင့်လျော်သည့်အတွက် ကျွန်မခေါင်းညိတ်ပြလိုက်သည်။

ထိုင်ခုံပေါ်မှာ ခပ်ပြေပြေလှဲရင်း မျက်နှာပေါ်မိုးကျလာသော မီးအလင်းရောင်ကို မခံရပ်နိုင်စွာ မျက်လုံးများကို မှိတ်ထားလိုက်သည်။ ပါးစပ်ကို ခပ်ကျယ်ကျယ်ဖွင့်ထားပေးလိုက်ရင်း ရောက်လာသော ကိရိယာအားလုံးကို စိတ်လှုပ်ရှားစွာဖြင့် ငြိမ်သက်စွာနေပေးလိုက်သည်။ တကယ်တမ်း သွားများကို ထိတွေ့ပြင်ဆင်ပေးချိန်မှာ ကျဉ်သောခံစားမှုအနည်းငယ်သာရှိပြီး နာကျင်ခြင်းလုံးဝမရှိတာကို ကျွန်မအံ့သြစွာ သတိထားမိသည်။ ၅မိနစ်ကျော်ကျော်လောက်မှာ ခဏရပ်ပြီး ရေခဏဆေးခိုင်းတာကို ပုံမှန်ပဲကျွန်မလှုပ်ရှားချိန် `မင်းကခံနိုင်ရည်ရှိပါတယ်။ ငါတော့ အော်သံတွေ ညည်းသံတွေကြားရမလား ထင်နေတာ´ဟု ဆရာဝန်က ရီ၍ပြောသည်။

၂၅မိနစ်ခန့်ကြာမြင့်သော ကုသမှုအတွက် စိတ်အေးလက်အေးဖြစ်သွားပြီး နာကျင်ခြင်းမရှိသည့်အတွက် ထုံဆေးမထိုးခဲ့ခြင်းကိုပဲ ကျွန်မကိုယ်ကျွန်မ ကျေနပ်နေမိသည်။ စိတ်ရှည်သဘောကောင်းသော ဆရာဝန်နှင့် အကူညီပေးသည့်အမျိုးသမီးအား ကျေးဇူးတင်စကားပြောဆိုရင်း ကုသမှုအချိန်တိုလေးတစ်ခု အောင်မြင်စွာ ပြီးဆုံးသွားခဲ့သည်။ `ငါတို့ကိုသဘောကျတယ်ဆိုရင် မင်းသူငယ်ချင်းတွေကိုလည်း ဒီဆေးခန်းအကြောင်း ပြောပေးပါ´ဟု အကူညီပေးသည့်အမျိုးသမီးက ပြုံး၍ပြောသည်။ `Jurong Medical Centre မှာပဲ ငါတို့မိသားစုက အမြဲပြလေ့ရှိတယ်။ အခြားအသိတွေကိုလည်း ပြောပြပေးပါ့မယ်´ဟု နှုတ်ဆက်ပြောဆိုရင်း သွားအလှဆက်လက်ထိန်းသိမ်းရန် နောက်ထပ်(၆)လအတွက် Appointment တစ်ခု ထပ်ယူခဲ့ကာ ကျေးငှက်ကလေးများ လှပသီဆိုအေးချမ်းနေသော မနက်ခင်းတစ်ခုမှာ ကျွန်မစိတ်ကျေနပ်မှုတစ်ခု တိုးသွားခဲ့ပါသည်။

11 comments:

Anonymous said...

အင်းစိန်မှာလဲလုပ်လို့ရပါတယ်။
အင်းစိန်ကြီးကရင်ဘတ်ကြီးနဲ့စောင့်နေပါပြီ်၊ပြန်လာပါ လင်းလက်ရယ်။
ISN

s0wha1 said...

ညီမရေ... တူတူပဲ... အမလည်း မ ကို ဖြုတ်ချင်နေတာ။ လျှာရှည်ပြီး ထည့်မိပြီးမှ ခုတော့ နောင်တရနေတယ်။

တက်တူ said...

ဟုတ်ပ အဲဒီ ဦး ဒေါ် ကို မ တွေက တော်တော်အာရုံနောက်ဖို့ကောင်းတယ်

Anonymous said...

s. paw ma

Anonymous said...

လင်ဒါရူးမ !!!!!!

လင်းလက်ကြယ်စင် said...

ဟားဟား ငါ့ဘ၀ရဲ့ သာယာအေးချမ်းပျော်ရွှင်မှုတွေကို မနာလိုနေဖြစ်နေကြတယ်ထင်ပါရဲ့။ နာမည်အရင်းနဲ့တောင် မပြောရဲဘဲ နာမည်ဝှက်တွေနဲ့။ တော်တော်ပေါကြ ရူးကြ မနာလိုဖြစ်တတ်ကြပါလား Anonymous တို့ရယ်။ ဟိုတစ်ယောက်ကလည်း မြန်မာစာတောင် မှန်အောင် မရေးတတ်ဘဲ ငါ့ကို ပေါက်ကရ လာပြောချင်သေးတယ်။ `ဒါ´မဟုတ်ဘူးကွဲ့။ `တ´လို့ရေးရတယ်။ စာမတတ်ဘဲ ၊ အရှက်သိက္ခာမရှိဘဲ ဒီဘလော့ခ်ကို မလာကြပါနဲ့ကွယ်။ မနေနိုင် မထိုင်နိုင် လာဖတ်ပြီး မနာလိုစိတ်တွေပွားနေရင်တော့ မတတ်နိုင်တော့ဘူးကွယ် :)

Anonymous said...

ငါ့ ညီမလေးက အသက် ၂၀တာင် မပြည့်သေးတဲ့ သာမာန်မိန်းကလေးတယောက် ဆိုတာ မမေ့ကြနဲ့
သူက လူပီသတယ် ဖြစ်တတ်တဲ့ သဘာဝကိုဟန်လုပ်ဖုံးမနေဘူး..

Anonymous said...

မလင်းလက်ရေ
တော်တော်စိတ်မကောင်းစရာပါပဲ
စိတ်ဆိုးမနေပါနဲ့
ဘယ်သူဘယ်လိုအဆင့်ဆိုတာကို ကျွန်တော်တို့သိပြီးသားပါ
ုမြန်မာလူမျိုးဖြစ်ရတာ ဘာသာရေးအတွက်ပဲ ဂုဏ်ယူရမလို ဖြစ်နေပြီ
ကျန်တာတွေအားလုံး zero ဖြစ်နေပြီနော်
မေတ္တာ ၊ စေတနာတွေပဲထားလိုက်ပါတော့
အားလုံး စိတ်ထားကောင်းမွန်ကြပါစေ

Anonymous said...

lolz.. haha.. of coz u know ur name better than anyone else :)
thx for the reply thou & da spelling check.. i'm juz not good enough in writing bullshit with burmese language like u.
anyway.. good luck on ur marriage kid ;)

Anonymous said...

Lin Let when you back in Myanmar you going to make another Wedding in Insein?

Anonymous said...

There is a way to omit burmese initials from the name. Check with ICA about deed poll.

Post a Comment

အကြံပြု comment ၀င်ရေးပေးတဲ့အတွက် လှိုက်လှဲစွာ ကျေးဇူးတင်ရှိပါတယ်ရှင် ။ မဖွယ်မရာ စကားများ ၊ ဆဲဆိုခြင်းများ ၊ ပေါကြောင်ကြောင်စကားများ ၊ တစ်စုံတစ်ဦး၏ ကိုယ်ကျင့်တရားသိက္ခာကို ထိခိုက်စေသော စကားများ ဖြစ်ပါက ထို comment များကို လက်ခံမည်မဟုတ်ကြောင်း လေးစားစွာ အသိပေးအပ်ပါတယ်ရှင် ။ အလည်လာရောက် အကြံပြုရေးသားခြင်းများအတွက် ကျေးဇူးတင်ပါတယ် ။ စာများ ရှင်းလင်းစွာ မြင်ရဖို့အတွက် Space များ ထည့်ရိုက်ပေးကြပါရှင်။