Monday, March 17, 2008

သစ်ပင်နှင့်တူသောမိန်းမ


အခုတစ်လော စာတွေလည်း သိပ်မရေးဖြစ်ဘူး .. ။ စာရေးဖို့ထက် စာဖတ်နေတာပဲများနေတယ် .. ။ စိတ်ကူးထဲမှာတော့ ရေးနေတဲ့စာတွေက အများကြီးပဲ . ။ လက်ကတော့ ဘာစာမှ မရိုက်ဖြစ်သေးဘူး .. ။ စာဖတ်သူတွေကိုလည်း အားနာသလို တာဝန်တွေပိနေတဲ့ နေ့စဉ်ဝတ္တရားတွေကြားမှာလည်း တစ်ခါတစ်လေတော့ ပြေးထွက်ချင်သား ... ။ (၇)ရက်နေ့တွေတိုင်း အမှတ်တရ၀တ္ထုတိုတစ်ခုခု တင်ပေးလေ့ရှိတဲ့ ကျွန်မ အခုလတွေမှာ အကြောင်းအမျိုးမျိုးကြောင့် ဘာဝတ္ထုတိုတစ်ခုမှ မတင်ပေးနိုင်ခဲ့ဘူး .. ။ အဲဒီဝတ္ထုတိုလေးတွေကို တောင်းဆိုလေ့ရှိတဲ့ မိတ်ဆွေအချို့အတွက် လက်ရှိအဆင်သင့်စာစီထားတဲ့ ၀တ္ထုတိုတစ်ခုကိုပဲ မျှဝေပေးလိုက်ပါတယ်။ အမှတ်တရ(၇)ရက်နေ့အကြွေးတွေအားလုံးအဖြစ် ဒီတစ်ခုတည်းနဲ့ပဲ ပြန်ဆပ်လိုက်ပါတယ်။

သစ်ပင်နှင့်တူသောမိန်းမ
(ဂျူး)

`သူမ၏အသုဘကို ကျွန်တော်လိုက်ပါပို့ဆောင်ခဲ့သည့်အတွက် မည်သူမျှ မအံ့သြပါ။ ထို့ပြင် မည်သူမျှလည်း ကျွန်တော့်ကို ထူးခြားပြီး သတိမထားပါ။ သူမ၏အသုဘသည် ကျွန်တော်တို့မြို့တွင်တော့ အစည်ကားဆုံး အသုဘဖြစ်ပါသည်။ သူမ မသေဆုံးမီ ညနေခင်းကမှ ကျွန်တော် သူမကို နောက်ဆုံးမြင်တွေ့ခဲ့ရသေးသည်။ အမြစ်တွယ်နေသော သစ်ပင်တစ်ခုကဲ့သို့ အမြဲတမ်းလိုလို ပြတင်းပေါက်အနီး စားပွဲမှာ ထိုင်ထိုင်နေတတ်သည့် သူမ ထိုညနေကတော့ ခြံထဲဆင်း၍ မတ်တပ်ရပ်လျက်ရှိခဲ့သည်။

သူမ၏ဆံပင်များမှာ အညိုရောင်လှိုင်းများအဖြစ် ဝေ့ဖွာလျက် နောက်ကျောဆီတွင် ကျနေ၏။ ကျွန်တော်ရှိရာ ခြံဝင်းအပြင်ဘက်သို့ လှမ်းကြည့်လိုက်သော မျက်လုံးများမှာ ယခင်ကလို လောကအပေါ် စူးစမ်းမှု ၊ စိတ်ဝင်စားမှု ၊ အံ့သြမှုများလုံးဝမပါဝင်တော့ပါ။ သူမမျက်ဝန်းများ၏ နက်ရှိုင်းသော အဓိပ္ပါယ်တို့ကို တစ်စုံတစ်ရာက ဖျက်ဆီးပစ်လိုက်ပြီ။ ထိုတစ်စုံတစ်ရာသည် ကျွန်တော်တို့မြို့လေးလား ၊ သူမ၏ခင်ပွန်းသည်လား ၊ သူမသာလျှင် သိနိုင်ပေလိမ့်မည်။´

အပြည့်အစုံဖတ်ရှုရန် Download Here


4 comments:

Anonymous said...

ဒီမိုကရေစီသတင်းစားတွေဟာ Kofi Annan, Clinton နဲ့ Bill Gates တို့လို လူတွေတောင် အင်တာဗျူးအတုလုပ် ကြပြီး သတင်းလိမ်တွေလည်း ထုတ်လွှင့်နေကြောင်း တင်ပြထားပါတယ် http://lightofmyanmar.blogspot.com/

မြန်မာပြည်ကိုလွမ်းတယ် said...

လင်းလက်ရေ..ဂျူးဝတ္ထုလေးလာဖတ်သွားပါတယ်

ထွန်း said...

ညီမရေ စီပုံးမတွေ့ လို့  ဖိတ်ခဲ့တယ်။
....
လာပြီနော် ရင်တွင်းဖြစ် ခံစားချက် စစ်စစ်

puluque said...

ဂျူ ၀တ္ထုတော်တော်များများဖတ်ဖူးပေမဲ ဒီဝတ္တုလေးမဖတ် ဖူးသေးပါဘူး။ ကျေးဇူးတင်ပါတယ်

Post a Comment

အကြံပြု comment ၀င်ရေးပေးတဲ့အတွက် လှိုက်လှဲစွာ ကျေးဇူးတင်ရှိပါတယ်ရှင် ။ မဖွယ်မရာ စကားများ ၊ ဆဲဆိုခြင်းများ ၊ ပေါကြောင်ကြောင်စကားများ ၊ တစ်စုံတစ်ဦး၏ ကိုယ်ကျင့်တရားသိက္ခာကို ထိခိုက်စေသော စကားများ ဖြစ်ပါက ထို comment များကို လက်ခံမည်မဟုတ်ကြောင်း လေးစားစွာ အသိပေးအပ်ပါတယ်ရှင် ။ အလည်လာရောက် အကြံပြုရေးသားခြင်းများအတွက် ကျေးဇူးတင်ပါတယ် ။ စာများ ရှင်းလင်းစွာ မြင်ရဖို့အတွက် Space များ ထည့်ရိုက်ပေးကြပါရှင်။