Saturday, December 13, 2008

(၂၀)နှစ်မြောက် မွေးနေ့နှင့် ရက်မြတ်မင်္ဂလာ


Photo Credit : http://i220.photobucket.com/albums/dd228/ila64/happy-birthday.jpg

လှပအေးချမ်းသော နှင်းမှုန်များကြားက ဒီဇင်ဘာ(၁၃)ရက်နေ့ဟာ ဆိုက်ဆိုက်မြိုက်မြိုက် ရောက်ရှိလာခဲ့ပြီ။ ၂၀၀၈ခုနှစ် ဒီဇင်ဘာဟာ ကျွန်မကို အသက်(၂၀)နှစ်မြောက်တိတိ ကူးပြောင်းပေးလိုက်သော အချိန်ကာလနှစ်တစ်ခု။

အသက်(၂၀)နှစ်မြောက်မွေးနေ့အတွက် လွန်ခဲ့သော သုံးပတ်ကျော်ကျော်လောက်ကမှ နှစ်ယောက်အိမ်ကလေးမှာ အမှတ်တရလေး ကျင်းပဖို့ စိတ်ကူးလေးအတူ ရခဲ့ကြတယ်။ အစက (၂၁)ရက်နေ့ မင်္ဂလာဧည့်ခံပွဲနဲ့ မင်္ဂလာလက်မှတ်ရေးထိုးခြင်းကို တပေါင်းတည်း ကျင်းပမလို့ပါပဲ။ စိတ်ကူးအိုင်ဒီယာလေး ချက်ချင်းပြောင်းသွားပြီး နှစ်ယောက်လုံး မွေးနေ့ပွဲနှင့် မင်္ဂလာလက်မှတ်ရေးထိုးခြင်းကို တပြိုင်နက်တည်း ပြုလုပ်ကျင်းပဖို့ အမြန်ပြန်လည်စီစဉ်ဖြစ်ခဲ့ကြတယ်။ အဲဒီအတွက် ကျွန်မ နေ့စဉ် မနက်မှ ညအထိ တကုပ်ကုပ်အလုပ်ရှုပ်နေရင်း အားလုံး စနစ်တကျဖြစ်ဖို့ နှစ်ယောက်လုံးအတူ စီစဉ်ခဲ့ရတယ်။

ကျွန်မတို့ရဲ့ အစီစဉ်ပြောင်းလဲမှုတွေကို စိတ်သဘောထားဖြူစင်ကောင်းမွန်စွာဖြင့် သဘောတူညီပေးခဲ့သော Jalan Basar GRC မှ Solemniser, Mr.Koh Kok Weng ကို ကျေးဇူးအထူးတင်ရှိမိပါတယ်။ မွေးနေ့အတွက် အလှဆင်ယင်ဖို့ ကျွန်မတို့နှစ်ယောက်လုံးစိတ်ကူးလေးတွေပေါင်းပြီး Part & Gifts Shops တွေကို ဈေးဝယ်ထွက်ဖြစ်ခဲ့ကြတယ်။ ဒီမွေးနေ့ပွဲအတွက် အရေးကြီးဆုံးအရာတွေကို သေသေချာချာ မေတ္တာဖြင့် စီစဉ်ပေးခဲ့သော ချစ်သူကို ကျေးဇူးတင်တယ်လို့ မသုံးချင်ဘဲ ပိုမိုချစ်မြတ်နိုးလာတယ်လို့ ပြောချင်ပါတယ်။

နေ၀င်ဆည်းဆာအလှနှင့်အတူ ညနေ(၆)နာရီတိတိမှာ Single မှ Married လို့ ကူးပြောင်းရမယ့် ဒီနှစ် ဒီဇင်ဘာ(၁၃)ရက် မွေးနေ့ကတော့ အမှတ်ရဆုံးအချိန်ပါပဲ။ အမြန်စီစဉ်ဖြစ်ခဲ့သော ဒီမွေးနေ့ပွဲလေးအတွက် အနီးနားဝန်းကျင်က မိတ်ဆွေအနည်းငယ်လောက်နဲ့ပဲ ကျင်းပဖို့ စီစဉ်ထားခဲ့ရတယ်။ ဘလော့ခ်လာလည်သူ မိတ်ဆွေများအားလုံးအတွက် အစားအသောက်တွေကို နောက်တရက်မှပဲ ဖော်ပြပေးပါတော့မယ်ရှင် :P ။

ရက်မြတ်မင်္ဂလာ

~ မနက်မိုးသောက် ~~~ ရောင်နီလင်းပြီ ~
~ မြူမှုန်လွှမ်းခြုံ ~ မြက်ခင်းစိမ်းပေါ်တွင် ~
~ သံသာဟစ်ကြွေး ငှက်ကျေးငယ်ပေါင်းစုံ ~
~ မင်္ဂလာနှင့်အပြည့် ~ ဤနေ့ရက်ပေတည်း ~

~ စုံဖက် လက်ထပ်မင်္ဂလာကျူးကို ~~
~ အလွန်ရွှင်လန်းစွာ ကျူးရင့်ကြပါပြီ ~
~ ရိုသေစွာ ၀ပ်တွား ~ ကိုယ်တော်ခြေရင်းတွင် ~
~~ အကြင်လူသားနှစ်ဦး ~ စုံဖက်အကြောင်းပါပြီ ~

~ ယနေ့မှ စ၍ ကြင်သူနှစ်ဦးပေါ်တွင် ~
~ ဘုရားရှင် ကောင်းချီးပေးပါစေ ~
~ ယနေ့မှ စ၍ ကြင်သူနှစ်ဦးပေါ်တွင် ~
~ ဘုရားရှင် ကောင်းချီးပေးပါစေ ~

~ မနက်မိုးသောက် ~~~ ရောင်နီလင်းပြီ ~
~ မြူမှုန်လွှမ်းခြုံ ~ မြက်ခင်းစိမ်းပေါ်တွင် ~
~ သံသာဟစ်ကြွေး ငှက်ကျေးငယ်ပေါင်းစုံ ~
~ မင်္ဂလာနှင့်အပြည့် ~ ဤနေ့ရက်ပေတည်း ~

~ စုံဖက် လက်ထပ်မင်္ဂလာကျူးကို ~~
~ အလွန်ရွှင်လန်းစွာ ကျူးရင့်ကြပါပြီ ~
~ ရိုသေစွာ ၀ပ်တွား ~ ကိုယ်တော်ခြေရင်းတွင် ~
~~ အကြင်လူသားနှစ်ဦး ~ စုံဖက်အကြောင်းပါပြီ ~

~ ယနေ့မှ စ၍ ကြင်သူနှစ်ဦးပေါ်တွင် ~
~ ဘုရားရှင် ကောင်းချီးပေးပါစေ ~
~ ယနေ့မှ စ၍ ကြင်သူနှစ်ဦးပေါ်တွင် ~
~ ဘုရားရှင် ကောင်းချီးပေးပါစေ ~


31 comments:

Anonymous said...

ံHappy Birthday:;;;;;;;;;;;;;;;;;;;

Nge Naing said...

Happy Birthday,
Happy Wedding,
Merry Christmas and
Happy New Year to you
မင်္ဂလာအပေါင်းနှင့် ပြည့်စုံသော အခါသမယတွေမှာ စုဆုံကျရောက်တဲ့ လင်းလက်ရဲ့ မွေးနေ့ မင်္ဂလာပွဲနှင့် လက်ထပ်မင်္ဂလာပွဲလေးကနေ ရာသက်ပန် မင်္ဂလာအပေါင်းနှင့် ပြည့်စုံပြီး ဒီလင်ဒီမယား အသက်ထက်ဆုံး ချစ်ချစ်ခင်ခင်၊ ကြင်ကြင်နာနာ နားလည်မှုရှိရှိနှင့် ရိုးမြေတကျ အိုအောင်မင်းအောင် ပေါင်းသင်းနိုင်ကြပါစေ။

Nge Naing said...

Happy Birthday,
Happy Wedding,
Merry Christmas and
Happy New Year to you
မင်္ဂလာအပေါင်းနှင့် ပြည့်စုံသော အခါသမယတွေမှာ စုဆုံကျရောက်တဲ့ လင်းလက်ရဲ့ မွေးနေ့ မင်္ဂလာပွဲနှင့် လက်ထပ်မင်္ဂလာပွဲလေးကနေ ရာသက်ပန် မင်္ဂလာအပေါင်းနှင့် ပြည့်စုံပြီး ဒီလင်ဒီမယား အသက်ထက်ဆုံး ချစ်ချစ်ခင်ခင်၊ ကြင်ကြင်နာနာ နားလည်မှုရှိရှိနှင့် ရိုးမြေတကျ အိုအောင်မင်းအောင် ပေါင်းသင်းနိုင်ကြပါစေ။

Anonymous said...

မွေးနေ့မှသည် နှစ်ပေါင်းများစွာ သာယာ၊ ချမ်းမြေ့ခြင်းနှင့် ပြီးပြည့်စုံသော ဘ၀တစ်ခုကို ပိုင်ဆိုင်နိုင်ပါစေလို့ ဆုမွန်ကောင်းတောင်းလိုက်ပါတယ်

Steve Evergreen said...

Congratulation! Very pleased to hear that.

MANORHARY said...

ပျော်စရာမွေးနေ့နဲ့မင်္ဂလာနေ့လေးဖြစ်ပါစေလို့...

Unknown said...

Happy Birthday and Congratulation ပါ ညီမလေး.. ၂၀ နှစ်မြောက်မွေးနေ့ နှင့် ရက်မြတ်မင်္ဂလာမှသည် သာယာပျော်ရွင်ဖွယ် အိမ်ထောင်တစ်ခုကို အေးချမ်းပျော်ရွင်စွာတည်ဆောက်နိုင်ပါစေ..

Anonymous said...

ညီမလေး လင်းလက်ရေ
နှစ်ကိုယ်တူ ဘ၀သစ်ကို စပြီလေ။
မွေးနေ့မှာ တကယ့်ကို အမှတ်တရ ကိုယ်ချစ်တဲ့သူနဲ့ ပျော်ရွှင်စွာ ဘ၀ဆက်တိုင်း နားလည်ချစ်ကြည်နူးမှုများနဲ့ သာယာချမ်းမြေ့ပါစေနော်။
ခင်မင်သော
အမ မိုးချိုသင်း

Anonymous said...

lin let, happy 20th birthday & many congrats 4 ur wedding! may u hv a happy life ahead! :) wif luv, the reader!

သုခုမလေဒီ said...

မင်္ဂလာရှိသောမွေးနေ့ နဲ့ လေးဖြစ်ပါစေ။ လာလည်သွားပါတယ်။ :)

ဗေဒါရီ said...

မလင်းလက် ... မင်္ဂလာရှိသော မွေးနေ့ဖြစ်ပါစေ ...

s0wha1 said...

ပျော်ရွှင်စရာမွေးနေ့ပွဲနဲ့ မင်္ဂလာပွဲလေးဖြစ်ပါစေကြောင်း ညီမလေးရေ။

GreenGirl said...

ပျော်စရာ မွေးနေ့ပါ ညီမလေး...
၂၀နှစ်မြောက် မွေးနေ့ကစလို့ ကျန်းမာ ပျော်ရွှင်စွာနဲ့ အောင်မြင်မှုတွေ အားလုံးကို ပိုင်ဆိုင်နိုင်သူ ဖြစ်ပါစေ...

Anonymous said...

မင်္ဂလာပေါင်းစုံညီပေါ့ဗျာ... အလုံးစုံသော ကောင်းခြင်းများနဲ့ ပြည့်စုံပါစေဗျာ :)

တက်တူ said...

ဒီနှစ် ဒီလဟာ ညီမတွက် မင်္ဂလာ အရှိဆုံးလပဲ....
ပျော်ရွှင်စရာမွေးနေ့ပွဲနဲ့ မင်္ဂလာပွဲကို ဆင်နွှဲနိုင်ပါစေ...

ZMT said...

Happy Birthday ပါမလင်းလက် မွေးနေ့ မှာ အရမ်းကိုပျော်မှာပဲနော်။ ကြင်စဥိး ဇနီးမောင်နှံ ကို ဘုရားသခင်ကောင်းချီးပေးပါစေ။ :)

Anonymous said...

မင်္ဂလာပေါင်းစုံညီပေါ့ဗျာ... အလုံးစုံသော ကောင်းခြင်းများနဲ့ ပြည့်စုံပါစေဗျာ
မင်္ဂလာအပေါင်းနှင့် ပြည့်စုံသော အခါသမယတွေမှာ စုဆုံကျရောက်တဲ့ လင်းလက်ရဲ့ မွေးနေ့ မင်္ဂလာပွဲနှင့် လက်ထပ်မင်္ဂလာပွဲလေးကနေ ရာသက်ပန် မင်္ဂလာအပေါင်းနှင့်လင်တရုးမပြည့်စုံပြီး ဒီလင်ဒီမယား အသက်ထက်ဆုံး ချစ်ချစ်ခင်ခင်၊ ကြင်ကြင်နာနာ နားလည်မှုရှိရှိနှင့် ရိုးမြေတကျ အိုအောင်မင်းအောင် ပေါင်းသင်းနိုင်ကြပါစေ။

ပျော်ရွှင်စရာမွေးနေ့ပွဲနဲ့ မင်္ဂလာပွဲကို ဆင်နွှဲနိုင်ပါစေ...

မေငြိမ်း said...

သမီးလေးးး နောက်ကျဆုတောင်းပေမဲ့ မေတ္တာအတိနဲ့ ဆုတောင်းပေးလိုက်ပါတယ်နော်.. အသက် ၂၀ပြည့်မွေးနေ့ကစလို့ နောက် နှစ်ပေါင်းများစွာတိုင်.. ချစ်သောသူများနဲ့ အတူတကွ နေရ.. ပျော်ရ.. မော်ရ ပါစေ....
အန်တီငြိမ်း

ကလိုစေးထူး said...

အရင်နှစ်တွေတုန်းကဆို ငါ့ညီမမွေးနေ့တွေကို အကို သတိရနေကျပါပဲ။ ဒီနှစ်တော့ တချက် သတိလစ်သွားတာနဲ့ အခုမှပဲ ၀င်ဆုတောင်းပေးရတယ်။ စိတ်မဆိုးနဲ့လို့ အရင်တောင်းပန်ချင်သလို ညီမလေး လင်းလက်တယောက် ဘ၀တလျှောက် ပျော်ရွှင်မှုတွေ ပိုင်ဆိုင်နိုင်ပါစေလို့ ဆုတောင်းပေးပါတယ်။

Kaung Kin Ko said...

ညီမလေးတို့ နှစ်ယောက် ပျော်ရွှင် အောင်မြင်သော မိသားစုလေး တည်ဆောက်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

hana san said...

Congratulations !
little sis.
Happy Birthday !

hana san said...

Congratulations !
little sis.

Happy Birthday!

Anonymous said...

Congratulations! Nyimalay :)

Chan Mya Soe said...

မင်္ဂလာရှိသော မွေးနေ့နှင့် ရက်မြတ်မင်္ဂလာဖြစ်ပါစေ ညီမရေ
ဆုတောင်းနောက်ကျသွားတာ ခွင့်လွှတ်ပါနော် :)

Unknown said...

အားပါး..မတွေ့တာကြာတဲ့နောက်ပိုင်း ခြေလှမ်းတွေသွက်တယ်ဟေ့...။ အမေရေ...။ နောက်ကားတွေ ကျော်တက်ခံရပြီဗျ...။ Congratulation ညီမရေ...။ သာယာဖြောင့်ဖြူးသောဘ၀လမ်းကို..။ ချစ်သူနဲ့အတူ အသက် ၂၀ ပြည့်မွေးနေ့က စလို့ ပျော်ရွှင်စွာ လျှောက်လှမ်းနိုင်ပါစေဗျား... :)

mabaydar said...

လင်းလက်ရေ.. ခုပဲ လင်းလက်တို့ပွဲကို ချီးမြှောက်ပြီး ပြန်လာပြီ.. ဘယ်လိုဆုတောင်းပေးရမှန်းမသိဘူး.. ခု စိတ်ထဲမှာ လင်းလက် wedding dress လေးနဲ့ပုံကိုပေါ်ပြီး ဆုတောင်းပေးချင်လာတာလေးကတော့ ကာတွန်းကားတွေထဲကလို..Happily ever after from today onwards ပါနော်... သတို့သမီး အရမ်းလှတယ်ဗျို့.. အားကျပင်မဲ့ လုပ်ဖို့အဖော်ကိုတောင် ရှာပုံတော်ဖွင့်တုန်းမို့ ဖိတ်စာက တစ်ခြမ်းပဲရှိသေးတယ် ညီမရေ...

:P said...

မင်္ဂလာအပေါင်း ခညောင်းနိုင်ပါစေ....အမြဲတမ်းပျော်ရွှင်နိုင်ပါစေ

MELODYMAUNG said...

ရည်မှန်းချက်တူညီ ပြည့်စုံပျော်ရွှင်ပြီး အိုအောင်မင်းအောင် ပေါင်းရပါစေဏော်လို့ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်။

khin oo may said...

ပျော်ရွင်ချမ်းမြေ့ပါစေ

Anonymous said...

Happy Birthday Kyal Sin!!!!
Congratulation!!!!
Merry Christmas!!!!!
ဒီနေ့ ဒီရက်မှာ ကျရောက်တဲ့ ကြယ်စင်ရဲ့ မွေးနေ့နဲ့ မင်္ဂလာရက်မြတ်မှသည်
နောင်နှစ်ပေါင်းများစွာတိုင် စိတ်၏ ချမ်းသာခြင်း၊ ကိုယ်၏ ကျန်းမာခြင်းနှင့်
ပြီးပြည့်စုံပြီး ပျော်ရွှင် သာယာချမ်းမြေ့သော မိသားစုဘ၀လေးကို
ထာဝရပိုင်ဆိုင်နိုင်ပါစေလို့ ဆုမွန်ကောင်း တောင်းလိုက်ပါတယ်...
ဒီလင် ဒီမယား အိုအောင် မင်းအောင် ပေါင်းရပါစေ... :D (လူကြီး ၀င်လုပ်တာ)
ကြယ်စင်ရေ အရမ်းလှတယ်...

Anonymous said...

ဂုဏ်ယူပါတယ်ဗျာ ။ အဆင်ပြေပါစေ...

Post a Comment

အကြံပြု comment ၀င်ရေးပေးတဲ့အတွက် လှိုက်လှဲစွာ ကျေးဇူးတင်ရှိပါတယ်ရှင် ။ မဖွယ်မရာ စကားများ ၊ ဆဲဆိုခြင်းများ ၊ ပေါကြောင်ကြောင်စကားများ ၊ တစ်စုံတစ်ဦး၏ ကိုယ်ကျင့်တရားသိက္ခာကို ထိခိုက်စေသော စကားများ ဖြစ်ပါက ထို comment များကို လက်ခံမည်မဟုတ်ကြောင်း လေးစားစွာ အသိပေးအပ်ပါတယ်ရှင် ။ အလည်လာရောက် အကြံပြုရေးသားခြင်းများအတွက် ကျေးဇူးတင်ပါတယ် ။ စာများ ရှင်းလင်းစွာ မြင်ရဖို့အတွက် Space များ ထည့်ရိုက်ပေးကြပါရှင်။