အဆိုတော် ခင်မောင်တိုးသီချင်းတွေထဲ အကြိုက်ဆုံးသီချင်းများထဲမှာ “ချစ်သူသိစေ”သီချင်းလည်း ပါတယ်။ မဟာဆန်သူ ၊ ရတနာသူ ၊ ဝေးခဲ့ပြီပန်းခရမ်းပြာ ၊ ပန်းချစ်သူ ၊ ဒွိဟစိတ်နဲ့သုညမှာ ၊ ရိုးရိုးလေး ၊ အို ၊ တိတ်တခိုး အစရှိတဲ့ သီချင်းတွေကို သိပ်ကြိုက်ပါတယ်။ ဒီဇင်ဘာ (၇)ရက် အမှတ်တရနေ့အတွက် နူးညံ့သိမ်မွေ့ကဗျာဆန်သော ဒီသီချင်းကို သိပ်နှစ်သက်သော “သူ”အတွက် စာသားလေးတွေပါ နားထောင်ရင်း ရေးဖွဲ့သီကုံးပေးလိုက်ပါတယ်။
ချစ်သူသိစေ
ပန်းပွင့်ရှိမှ ရနံ့ရတာမဟုတ်ဘူး ~~
ဖူးသည့်တစ်ငုံ ထုံသည့်တစ်ပွင့် ~
နမ်းခွင့်တစ်ရှိုက်ရခိုက်မှာ ထာဝရအမြဲတည် ~~
နှလုံးသားမှာ စွဲမြဲစွာထုံရစ် ~ ဆွတ်ပျံ့နေ ချစ်သူသိစေ ~
တွေ့ခွင့်ရမှ မင်းမျက်နှာလ၀န်း ~
ကြည့်ခွင့်တစ်ခါ မြင်ခွင့်တစ်လှည့် ~ မင်းမရှိလည်းစွဲမြဲစွာ
~ ဘယ်လောက်ဝေးနေ ~ မော့ကြည့်ရင် မိုးကောင်းကင်လိုရှိ ~
တွေ့လို့နေ ချစ်သူသိလေ ~
~ ဘယ်လောက်ဝေးဝေး ဘယ်မှာဖြစ်ဖြစ် ~
~ တွယ်နှောင်ရစ်ငင်အိပ်မက်မှာအစဉ်အမြဲရှိ ~~
~ နေရာချင်းလွဲလွဲ ဒေသချင်းကွဲကွဲ ~
~ မြင်ယောင်စိတ်အစဉ် အိပ်မက်မှာရှိ ~
ဖွင့်ဟပြောမှ ကြားတတ်တာမဟုတ်ဘူး ~ စီးဆင်းတဲ့စိမ့်စမ်းရေ ~
ကျေးငှက်တို့တီးတိုးသံ ~~ ချိုစွာကြားရင် မင်းစကားသံ စွဲမြဲစွာကျန်ရစ်
~ ကြားလို့နေ ချစ်သူသိလေ ~~
~ တွေ့ခွင့်ရမှ မင်းမျက်နှာလ၀န်း ~
~ ကြည့်ခွင့်တစ်ခါ မြင်ခွင့်တစ်လှည့် ~
~ မင်းမရှိလည်းစွဲမြဲစွာ ~ ဘယ်လောက်ဝေးနေ
~ မော့ကြည့်ရင် မိုးကောင်းကင်လိုရှိ ~
~ တွေ့လို့နေ ချစ်သူသိလေ ~ ဘယ်လောက်ဝေးဝေး
~ ဘယ်မှာဖြစ်ဖြစ် ~ တွယ်နှောင်ရစ်ငင် ~ အိပ်မက်မှာ အစဉ်အမြဲရှိ ~
~ နေရာချင်းလွဲလွဲ ဒေသချင်းကွဲကွဲ ~ မြင်ယောင်စိတ်အစဉ် အိပ်မက်မှာရှိ ~
~ ဖွင့်ဟပြောမှ ကြားတတ်တာမဟုတ်ဘူး ~ စီးဆင်းတဲ့စိမ့်စမ်းရေ ~
~ ကျေးငှက်တို့ တီးတိုးသံ ~ ချိုစွာကြားရင် ~
~~ မင်းစကားသံ စွဲမြဲစွာကျန်ရစ် ကြားလို့နေ ချစ်သူသိလေ ~~
Photo Credit to http://screensaver.pe.kr/view/data/category_love/love_wallpaper_111.jpg

10 comments:
အင်း...
အချစ်နတ်ဖမ်းစားခံရရင် ပို့စ်ကောင်းလေးတွေ ထွက်တတ်တယ်ဆိုပဲ..
မလင်းလက်တစ်ယောက် ဘာတွေဖမ်းစားနေလဲဗျ.
:)
You are in love....
Keep it up........
အားကျလယ်..
Y.
ခင်မောင်တိုးသီချင်းတွေကတော့ အမြဲလိုမဟုတ်တောင် အခါတလေ အရမ်းနားထောင်လို့ သီချင်းတွေပါ။
ရိုးရိုးလေးနဲ့ ဖွဲ့ထားတဲ့စာသားတွေကိုက စွဲလန်းစရာပါပဲ
အဲဒီသီချင်းကို ကျွန်တော်လည်း ကြိုက်တယ်ခင်ဗျ။ စာသားတွေက အနက်အဓိပ္ပါယ် အပြည့်ရှိတယ်လေ။
ပန်းပွင့်ရှိမှ ရနံ့ရတာမဟုတ်ဘူး ဆိုတဲ့စာသားကို အကြိုက်ဆုံးပဲ။
ဒီသီချင်းလေကခုချိန်မှာတော့ကျနော်အတွက်တော့တော်တော်လေကိုတိုက်ဆိုင်မူ
ရှိတဲ့သီချင်းလေဖြစ်တဲ့အတွက်ခုလိုနာထောင်ရတာကျေးဇူးတင်ပါတယ်နော်။
ညီမလေးရေ...သီချင်းလေးကြိုက်လို့ ယူသွားပြီနော်..ကျေးဇူး
အချစ်တွေနဲ့ ပျော်ရွှင်ပါစေ...
It is a poem. I think the poet is mg sein win (ba tee gone)
very nice mentioned of Ko Khin Maung Toe's songs Linlet !
Thanks for sharing.
Best,
ko myoe.
God Bless u
သူတို့ လင်းလက်ကို မနာလိုလို့အဲလိုရေးတာဖြစ်တယ်. တင်ပြတာရှိရင်တင်ပြပါ. ကဲ့ရဲ့တဲ့လူတွေပဲရှက်ရမှာဖြစ်တယ် သူတို့ပဲအပြစ်ရှိတယ်
hi sister, visiting u r blog, nice to read, listen music, ..
Post a Comment
အကြံပြု comment ၀င်ရေးပေးတဲ့အတွက် လှိုက်လှဲစွာ ကျေးဇူးတင်ရှိပါတယ်ရှင် ။ မဖွယ်မရာ စကားများ ၊ ဆဲဆိုခြင်းများ ၊ ပေါကြောင်ကြောင်စကားများ ၊ တစ်စုံတစ်ဦး၏ ကိုယ်ကျင့်တရားသိက္ခာကို ထိခိုက်စေသော စကားများ ဖြစ်ပါက ထို comment များကို လက်ခံမည်မဟုတ်ကြောင်း လေးစားစွာ အသိပေးအပ်ပါတယ်ရှင် ။ အလည်လာရောက် အကြံပြုရေးသားခြင်းများအတွက် ကျေးဇူးတင်ပါတယ် ။ စာများ ရှင်းလင်းစွာ မြင်ရဖို့အတွက် Space များ ထည့်ရိုက်ပေးကြပါရှင်။